Zawgyi

ေခတ္ကတိုးတက္လာၿပီး လူသားအရင္းအျမစ္ကမ်ားျပားလာတဲ့အခ်ိန္မွာ သန႔္စင္တဲ့ေလထုကလည္း ရွားသထက္ရွားပါးလာပါတယ္။

ဒီေတာ့ လူသားေတြရဲ႕အဆုတ္ကို ပိုပိုၿပီး ထိခိုက္လာေစပါတယ္။ အဆုတ္ထိခိုက္ပ်က္စီးေနတဲ့ထဲမွာ သင္ပါေနၿပီဆိုတာကိုေတာ့ ဒီအခ်က္ေတြကိုၾကည့္ၿပီးသိႏိုင္ပါတယ္။

ဒါေတြျဖစ္လာရင္ မေပါ့ဆဘဲ ေဆးစစ္ကုသမႈခံယူၿပီး အဆုတ္ကိုေသခ်ာဂ႐ုစိုက္သင့္ပါတယ္။ပခုံးနဲ႔ေနာက္ေက်ာနာက်င္ကိုက္ခဲျခင္း –

ေနာက္ေက်ာ၊ ပခုံးနဲ႔ ရင္ဘတ္ေနရာေတြမွာ တစ္ခ်က္တစ္ခ်က္စူးၿပီးနာတာမ်ိဳး ဆက္တိုက္ျဖစ္ေနရင္ အဆုတ္ကင္ဆာအစျပဳျခင္းလို႔ ယူဆႏိုင္ပါတယ္။

ဒီလိုနာက်င္ကိုက္ခဲတာေတြက အဆုတ္ကင္ဆာေၾကာင့္လို႔ တစ္ထစ္ခ်ေျပာလို႔မရေပမယ့္ ပုံမွန္က်န္းမာေရး

ေကာင္းေနတဲ့လကၡဏာေတာ့မဟုတ္တာေၾကာင့္ ဆရာဝန္နဲ႔ျပၿပီးစစ္ေဆးၾကည့္တာ ပိုေကာင္းပါလိမ့္မယ္။

အဆက္မျပတ္ေခ်ာင္းဆိုးျခင္း – ေခ်ာင္းဆိုးတာက အေအးမိလို႔လည္းျဖစ္ႏိုင္ေပမယ့္ အဆက္မျပတ္ေခ်ာင္းဆိုးမယ္၊ ခြၽဲက်ပ္မယ္၊

ခြၽဲအေရာင္ကပုံမွန္မဟုတ္တဲ့အေရာင္မ်ိဳးျဖစ္မယ္၊ အနံ႔အသက္ဆိုးေတြထြက္ေနမယ္ ဆိုရင္ေတာ့ ဒါေတြဟာ အဆုတ္မွာေရာဂါတစ္ခုခုျဖစ္ေနတဲ့လကၡဏာပါ။

ေခ်ာင္းဆိုးတဲ့အခ်ိန္ ေသြးပါတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ခ်က္ခ်င္းျပဖို႔လိုေနတဲ့ အေရးေပၚအေျခအေနမ်ိဳးျဖစ္ေနပါၿပီ။

အသက္ရႉရတိုေတာင္းျခင္း – အသက္ရႉသြင္းတဲ့အခါ အဆုတ္ထဲအထိရႉသြင္းလို႔မရဘဲ ေလကျပန္ထြက္သြားၿပီး ရႉထုတ္လိုက္တဲ့အခါမွာလည္း

ခႏၶာကိုယ္ထဲကထြက္လာတဲ့ေလကုန္သည္အထိရႉထုတ္လို႔မရဘဲ ျဖစ္ေနရင္ ဒါကို အသက္ရႉရတိုေတာင္းတယ္လို႔ေျပာလို႔ရပါတယ္။

အဲ့ဒီလိုျဖစ္ေနတဲ့အခါ အဆုတ္ထဲကို ေအာ္စီဂ်င္ေရာက္ရွိမႈနည္းလာၿပီး ေမာဟိုက္ေနေစပါတယ္။ ဒါကလည္း အဆုတ္မေကာင္းတဲ့ လကၡဏာတစ္ရပ္ပါပဲ။

အသားနဲ႔မ်က္လုံးဝါေနျခင္း – အသားအေရာင္နဲ႔ မ်က္လုံးအေရာင္က ပုံမွန္မဟုတ္ဘဲ အနည္းငယ္ဝါေနတာမ်ိဳးကို

အဆုတ္မေကာင္းတဲ့လကၡဏာလို႔ သိတဲ့သူနည္းပါတယ္။ အသားဝါ၊ မ်က္လုံးဝါရင္ အသည္းေၾကာင့္လို႔ပဲထင္ၾကတာပါ။

တကယ္ေတာ့ ဒါဟာ အဆုတ္ကင္ဆာရဲ႕လကၡဏာတစ္ခုပါ။ အေပၚမွာေျပာခဲ့တဲ့အခ်က္ေတြနဲ႔ အသားဝါ၊မ်က္လုံးဝါတာ

တြဲၿပီးျဖစ္ေနၿပီဆိုရင္ေတာ့ အဆုတ္ကင္ဆာျဖစ္ႏိုင္ေခ်မ်ားေနပါတယ္။ ဒါေၾကာင့္ ဒီလိုေတြျဖစ္ေနရင္ ခ်က္ခ်င္းေဆးစစ္ဖို႔လိုပါတယ္။

အၿမဲလိုလို ေမာပန္းႏြမ္းနယ္ေနျခင္း – အလုပ္လုပ္ရလို႔၊ သြားလာလႈပ္ရွားေနရလို႔ ပင္ပန္းတာက သဘာဝပါပဲ။

ဒီလိုမဟုတ္ဘဲ အိပ္ေရးဝဝအိပ္လည္းပင္ပန္း၊ ဘာမွမလုပ္ဘဲေနလည္းပင္ပန္း၊ ပင္ပန္းေနလို႔အစားစားခ်င္စိတ္ရွိလားဆိုေတာ့လည္းမရွိ၊

ဒါမ်ိဳးေတြျဖစ္ေနတယ္ဆိုရင္ေတာ့ အဆုတ္မွာျပႆနာတစ္ခုခုရွိေနျခင္းေၾကာင့္ျဖစ္ႏိုင္ပါတယ္။

မူရင္းေရးသားသူကိုေလးစားစြာျဖင့္ credit ေပးပါတယ္။

Unicode

ခေတ်ကတိုးတက်လာပြီး လူသားအရင်းအမြစ်ကများပြားလာတဲ့အချိန်မှာ သန့်စင်တဲ့လေထုကလည်း ရှားသထက်ရှားပါးလာပါတယ်။

ဒီတော့ လူသားတွေရဲ့အဆုတ်ကို ပိုပိုပြီး ထိခိုက်လာစေပါတယ်။ အဆုတ်ထိခိုက်ပျက်စီးနေတဲ့ထဲမှာ သင်ပါနေပြီဆိုတာကိုတော့ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။

ဒါတွေဖြစ်လာရင် မပေါ့ဆဘဲ ဆေးစစ်ကုသမှုခံယူပြီး အဆုတ်ကိုသေချာဂရုစိုက်သင့်ပါတယ်။ပခုံးနဲ့နောက်ကျောနာကျင်ကိုက်ခဲခြင်း –

နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်နေရာတွေမှာ တစ်ချက်တစ်ချက်စူးပြီးနာတာမျိုး ဆက်တိုက်ဖြစ်နေရင် အဆုတ်ကင်ဆာအစပြုခြင်းလို့ ယူဆနိုင်ပါတယ်။

ဒီလိုနာကျင်ကိုက်ခဲတာတွေက အဆုတ်ကင်ဆာကြောင့်လို့ တစ်ထစ်ချပြောလို့မရပေမယ့် ပုံမှန်ကျန်းမာရေး

ကောင်းနေတဲ့လက္ခဏာတော့မဟုတ်တာကြောင့် ဆရာဝန်နဲ့ပြပြီးစစ်ဆေးကြည့်တာ ပိုကောင်းပါလိမ့်မယ်။

အဆက်မပြတ်ချောင်းဆိုးခြင်း – ချောင်းဆိုးတာက အအေးမိလို့လည်းဖြစ်နိုင်ပေမယ့် အဆက်မပြတ်ချောင်းဆိုးမယ်၊ ချွဲကျပ်မယ်၊

ချွဲအရောင်ကပုံမှန်မဟုတ်တဲ့အရောင်မျိုးဖြစ်မယ်၊ အနံ့အသက်ဆိုးတွေထွက်နေမယ် ဆိုရင်တော့ ဒါတွေဟာ အဆုတ်မှာရောဂါတစ်ခုခုဖြစ်နေတဲ့လက္ခဏာပါ။

ချောင်းဆိုးတဲ့အချိန် သွေးပါတယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြဖို့လိုနေတဲ့ အရေးပေါ်အခြေအနေမျိုးဖြစ်နေပါပြီ။

အသက်ရှူရတိုတောင်းခြင်း – အသက်ရှူသွင်းတဲ့အခါ အဆုတ်ထဲအထိရှူသွင်းလို့မရဘဲ လေကပြန်ထွက်သွားပြီး ရှူထုတ်လိုက်တဲ့အခါမှာလည်း

ခန္ဓာကိုယ်ထဲကထွက်လာတဲ့လေကုန်သည်အထိရှူထုတ်လို့မရဘဲ ဖြစ်နေရင် ဒါကို အသက်ရှူရတိုတောင်းတယ်လို့ပြောလို့ရပါတယ်။

အဲ့ဒီလိုဖြစ်နေတဲ့အခါ အဆုတ်ထဲကို အော်စီဂျင်ရောက်ရှိမှုနည်းလာပြီး မောဟိုက်နေစေပါတယ်။ ဒါကလည်း အဆုတ်မကောင်းတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

အသားနဲ့မျက်လုံးဝါနေခြင်း – အသားအရောင်နဲ့ မျက်လုံးအရောင်က ပုံမှန်မဟုတ်ဘဲ အနည်းငယ်ဝါနေတာမျိုးကို

အဆုတ်မကောင်းတဲ့လက္ခဏာလို့ သိတဲ့သူနည်းပါတယ်။ အသားဝါ၊ မျက်လုံးဝါရင် အသည်းကြောင့်လို့ပဲထင်ကြတာပါ။

တကယ်တော့ ဒါဟာ အဆုတ်ကင်ဆာရဲ့လက္ခဏာတစ်ခုပါ။ အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့ အသားဝါ၊မျက်လုံးဝါတာ

တွဲပြီးဖြစ်နေပြီဆိုရင်တော့ အဆုတ်ကင်ဆာဖြစ်နိုင်ချေများနေပါတယ်။ ဒါကြောင့် ဒီလိုတွေဖြစ်နေရင် ချက်ချင်းဆေးစစ်ဖို့လိုပါတယ်။

အမြဲလိုလို မောပန်းနွမ်းနယ်နေခြင်း – အလုပ်လုပ်ရလို့၊ သွားလာလှုပ်ရှားနေရလို့ ပင်ပန်းတာက သဘာဝပါပဲ။

ဒီလိုမဟုတ်ဘဲ အိပ်ရေးဝဝအိပ်လည်းပင်ပန်း၊ ဘာမှမလုပ်ဘဲနေလည်းပင်ပန်း၊ ပင်ပန်းနေလို့အစားစားချင်စိတ်ရှိလားဆိုတော့လည်းမရှိ၊

ဒါမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ အဆုတ်မှာပြဿနာတစ်ခုခုရှိနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

မူရင်းရေးသားသူကိုလေးစားစွာဖြင့် credit ပေးပါတယ်။