Zawgyi













Unicode

ဆား နဲ့ သကြားလျှော့စား

အစားအစာများကို ချက်ပြုတ်တဲ့အခါမှာ နဲ့ ပြင်ဆင်တဲ့အခါတွေမှာ ဆား (ဆိုဒီယမ်) ပါဝင်မှုမြင့်မားတဲ့အရာများ

(ဥပမာ – ပဲပိစပ် နှင့် ငါးငံပြာရည်) တို့ကို လျှော့၍ထည့်ပါ။ ဆား နှင့် သကြားဓာတ်များတဲ့ အစားအစာများ

(ဥပမာ – အဆာပြေသားရေစာမုန့်များ) ကိုရှောင်ပါ။ အချိုရည်များ (သို့မဟုတ်) ဆိုဒါ နှင့် သကြားဓာတ် မြင့်မားသော

အခြားအချိုရည်များ (ဥပမာ – သစ်သီးဖျော်ရည်များ၊ သကြားရည်နှင့် အနံသာထည့်ထားသော နို့များ) ကို ကန့်သတ်သောက်ပါ။

ကွတ်ကီး၊ ကိတ်မုန့် နှင့် ချောကလက်စသည့်ချိုသောအစာအစားများ စားမည့်အစား လတ်ဆတ်သည့် သစ်သီးများကိုရွေးချယ်စားပါ။

ဘာကြောင့် လျှော့စားသင့်တာလဲ ?

ဆိုဒီယမ်ဓာတ် (ဆားအပါအဝင်) မြင့်မားစွာ ပါ၀ င်တဲ့ အစားအစာများမှာ သွေးပေါင်ချိန်ကို မြင့်မားစေနိုင်ပါတယ်။

သွေးပေါင်ချိန်မြင့်မားရင် နှလုံးရောဂါ နှင့် လေဖြတ်ခြင်းအန္တရာယ်ကို မြင့်မားစေပါတယ်။

အလားတူပင် သကြားဓာတ်မြင့်မားတဲ့ အစားအစာများမှာ ကိုယ်အလေးချိန်တက်ခြင်း (သို့) အဝလွန်ခြင်း နှင့် သွားပိုးစားခြင်း

ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။ သကြားပမာဏကို လျှော့ချစားတဲ့သူတွေမှာတော့ နှလုံးရောဂါ နှင့်

လေဖြတ်ခြင်းကဲ့သို့သော မကူးစက်တတ်တဲ့ရောဂါများ ဖြစ်ပွားနိုင်ခြေ လျော့နည်းစေနိုင်ပါတယ်။