Zawgyi

ဂ်ပန္ႏိုင္ငံ၏ ေလ့လာခ်က္စစ္တမ္းမ်ားအရ ငွက္ေပ်ာသီးမွည့္ဟာ ကင္ဆာတိုက္ဖ်က္ေပးႏိုင္တယ္လို႔ သိရပါတယ္။

ငွက္ေပ်ာသီးကို ကေလး၊ လူႀကီး လူတိုင္းႏွစ္သက္ၾကပါတယ္။ ဒါေပမယ့္ စားသင့္တဲ့အခ်ိန္မွာေရာစားျဖစ္ရဲ႕လား?

ကိုယ္စားတဲ့အခ်ိန္ဟာ အမွည့္လိုေသးတဲ့အခ်ိန္နဲ႔ အမွည့္လြန္ေနတဲ့အခ်ိန္ျဖစ္ေနသလား?

အမည္းစက္ျဖစ္ေနတဲ့ငွက္ေပ်ာသီးကို စားဖို႔ အမ်ားစုက ေနာက္တြန္႔တတ္ပါတယ္။ တကယ္ေတာ့အစက္အေျပာက္ျဖစ္ေနတဲ့

ငွက္ေပ်ာသီးကို စားျခင္းဟာ မမွည့္ေသးတဲ့ (အစိမ္းေရာင္မေပ်ာက္ေသးေသာ) အသီးကို စားျခင္းထက္ က်န္းမာေရးအက်ိဳးေက်းဇူး မ်ားစြာရရွိေစပါတယ္။

အမဲေရာင္အစက္အေျပာက္ဟာ ငွက္ေပ်ာသီးတစ္ခုလုံး အညိဳေရာင္ေျပာင္းမသြားခင္မွာ ေတြ႕ႏိုင္ပါတယ္။

ငွက္ေပ်ာသီးဟာပိုမွည့္ေလ ကင္ဆာျဖစ္ႏိုင္ျခင္းကို ပိုၿပီးကာကြယ္ေပးႏိုင္ပါတယ္။ ငွက္ေပ်ာသီးကို မွည့္တဲ့အခ်ိန္မွ စားသုံးျခင္းဟာ

-လိုအပ္ေသာဗီတာမင္ သတၱဳဓာတ္မ်ားရရွိေစျခင္း၊

-အစာေျခစနစ္အတြက္ေကာင္းမြန္စြာအေထာက္အကူေပးျခင္း၊

-စိတ္ခံစားမႈေကာင္းမြန္ေစျခင္း၊

-အ႐ိုးသန္မာေစျခင္း၊

– ေသြးဖိအားေကာင္းမြန္ေစျခင္း စေသာ ေကာင္းက်ိဳးမ်ားကို ရရွိေစပါသည္။

မမွည့္တမွည့္မာေနသာအခ်ိန္ (အခြံစိမ္းေသာအခ်ိန္)တြင္ စားသုံးပါက

-စားခ်င့္ျပန္ျခင္း(ရင္ပူျခင္း)၊

-ေလပြျခင္း၊

-အစာမေၾကျခင္းမ်ားျဖစ္တတ္ပါသည္။

ဂ်ပန္ႏိုင္ငံ၏ ေလ့လာခ်က္စစ္တမ္းမ်ားအရ ငွက္ေပ်ာသီးမွည့္ဟာ ကင္ဆာတိုက္ဖ်က္ေပးႏိုင္တယ္လို႔ သိရပါတယ္။

အစက္အေပ်ာက္ျဖစ္ေနတဲ့ငွက္ေပ်ာသီးဟာ (TNF- Tumor Necrosis Factor)လို႔ေခၚတဲ့ ကင္ဆာတိုက္ဖ်က္ေပးႏိုင္ေသာ

အျမင့္ဆုံး အခ်ိန္ကို ရည္ၫႊန္းတယ္လို႔ဆိုပါတယ္။ (TNF- Tumor Necrosis Factor) ရဲ႕လုပ္ဆာင္မႈက ခႏၶာကိုယ္ခုခံအားအတြက္ေကာင္းမြန္ေသာ

ေသြးျဖဴဥမ်ားဖြံ႕ၿဖိဳးျခင္းအတြက္ အားေပးၿပီး မေကာင္းေသာ ကင္ဆာျဖစ္ေစသာ ဆဲလ္မ်ားႀကီးထြားမႈအား ေလ်ာ့ခ်ေပးျခင္း ျဖစ္ပါတယ္။

ဒါဆို ငွက္ေပ်ာသီးအခြံအညိဳေရာင္ေျပာင္းသြားတဲ့အခ်ိန္မွာေကာ စားဖို႔သင့္ေတာ္ရဲ႕လား? စားလို႔ေတာ့ ရပါတယ္။

တခ်ိဳ႕ကေတာ့ smoothi လုပ္လိုက္တာတို႔၊ ေၾကာ္စားတာတို႔ ျပဳလုပ္ၾကပါတယ္။ အညိဳေရာင္စေျပာင္းတဲ့အခ်ိန္မွာ

စားသုံးျခင္းျဖင့္ ပုံမွန္ရရွိႏိုင္မည့္ က်န္းမာေရးအက်ိဳးေက်းဇူး အျပည့္အ၀မရႏိုင္ေတာ့ပါဘူး။အထူးသျဖင့္ အမွည့္လြန္သြားၿပီဆိုရင္ မည္သည့္အသီးမဆို မစားသင့္ေတာ့ပါဘူး။

သူငယ္ခ်င္းေတြအတြက္ ဒီပိုစ့္ေလးကို Like & Share လုပ္ေပးဖို႔မေမ့ပါနဲ႔ေနာ္….

Credit to Original uploader

Unicode

ဂျပန်နိုင်ငံ၏ လေ့လာချက်စစ်တမ်းများအရ ငှက်ပျောသီးမှည့်ဟာ ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။

ငှက်ပျောသီးကို ကလေး၊ လူကြီး လူတိုင်းနှစ်သက်ကြပါတယ်။ ဒါပေမယ့် စားသင့်တဲ့အချိန်မှာရောစားဖြစ်ရဲ့လား?

ကိုယ်စားတဲ့အချိန်ဟာ အမှည့်လိုသေးတဲ့အချိန်နဲ့ အမှည့်လွန်နေတဲ့အချိန်ဖြစ်နေသလား?

အမည်းစက်ဖြစ်နေတဲ့ငှက်ပျောသီးကို စားဖို့ အများစုက နောက်တွန့်တတ်ပါတယ်။ တကယ်တော့အစက်အပြောက်ဖြစ်နေတဲ့

ငှက်ပျောသီးကို စားခြင်းဟာ မမှည့်သေးတဲ့ (အစိမ်းရောင်မပျောက်သေးသော) အသီးကို စားခြင်းထက် ကျန်းမာရေးအကျိုးကျေးဇူး များစွာရရှိစေပါတယ်။

အမဲရောင်အစက်အပြောက်ဟာ ငှက်ပျောသီးတစ်ခုလုံး အညိုရောင်ပြောင်းမသွားခင်မှာ တွေ့နိုင်ပါတယ်။

ငှက်ပျောသီးဟာပိုမှည့်လေ ကင်ဆာဖြစ်နိုင်ခြင်းကို ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။ ငှက်ပျောသီးကို မှည့်တဲ့အချိန်မှ စားသုံးခြင်းဟာ

-လိုအပ်သောဗီတာမင် သတ္တုဓာတ်များရရှိစေခြင်း၊

-အစာခြေစနစ်အတွက်ကောင်းမွန်စွာအထောက်အကူပေးခြင်း၊

-စိတ်ခံစားမှုကောင်းမွန်စေခြင်း၊

-အရိုးသန်မာစေခြင်း၊

– သွေးဖိအားကောင်းမွန်စေခြင်း စသော ကောင်းကျိုးများကို ရရှိစေပါသည်။

မမှည့်တမှည့်မာနေသာအချိန် (အခွံစိမ်းသောအချိန်)တွင် စားသုံးပါက

-စားချင့်ပြန်ခြင်း(ရင်ပူခြင်း)၊

-လေပွခြင်း၊

-အစာမကြေခြင်းများဖြစ်တတ်ပါသည်။

ဂျပန်နိုင်ငံ၏ လေ့လာချက်စစ်တမ်းများအရ ငှက်ပျောသီးမှည့်ဟာ ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။

အစက်အပျောက်ဖြစ်နေတဲ့ငှက်ပျောသီးဟာ (TNF- Tumor Necrosis Factor)လို့ခေါ်တဲ့ ကင်ဆာတိုက်ဖျက်ပေးနိုင်သော

အမြင့်ဆုံး အချိန်ကို ရည်ညွှန်းတယ်လို့ဆိုပါတယ်။ (TNF- Tumor Necrosis Factor) ရဲ့လုပ်ဆာင်မှုက ခန္ဓာကိုယ်ခုခံအားအတွက်ကောင်းမွန်သော

သွေးဖြူဥများဖွံ့ဖြိုးခြင်းအတွက် အားပေးပြီး မကောင်းသော ကင်ဆာဖြစ်စေသာ ဆဲလ်များကြီးထွားမှုအား လျော့ချပေးခြင်း ဖြစ်ပါတယ်။

ဒါဆို ငှက်ပျောသီးအခွံအညိုရောင်ပြောင်းသွားတဲ့အချိန်မှာကော စားဖို့သင့်တော်ရဲ့လား? စားလို့တော့ ရပါတယ်။

တချို့ကတော့ smoothi လုပ်လိုက်တာတို့၊ ကြော်စားတာတို့ ပြုလုပ်ကြပါတယ်။ အညိုရောင်စပြောင်းတဲ့အချိန်မှာ

စားသုံးခြင်းဖြင့် ပုံမှန်ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူး အပြည့်အ၀မရနိုင်တော့ပါဘူး။အထူးသဖြင့် အမှည့်လွန်သွားပြီဆိုရင် မည်သည့်အသီးမဆို မစားသင့်တော့ပါဘူး။

သူငယ်ချင်းတွေအတွက် ဒီပိုစ့်လေးကို Like & Share လုပ်ပေးဖို့မမေ့ပါနဲ့နော်….

Credit to Original uploader