Zawgyi

အီတလီဓာတ္ပုံဆရာတစ္ဦးျဖစ္တဲ့ Gabriele Galimberti ဆိုသူဟာ ၂ႏွစ္တာကာလအတြင္း ခရီးသြားရင္း

ကမာၻတစ္ဝွမ္းရွိ အျပစ္ကင္းၿပီးခ်စ္စရာေကာင္းေနၾကတဲ့ကေလးငယ္ေလးေတြနဲ႔ သူတို႔သေဘာက်ႀကိဳက္ႏွစ္သက္တဲ့

အဖိုးတန္အ႐ုပ္ေလးေတြရဲ႕ဓာတ္ပုံေတြကိုပါ လိုက္လံရွာေဖြ႐ိုက္ကူးခဲ့ပါတယ္။တကၠဆက္ႏိုင္ငံကေန အိႏၵိယ၊မာလာဝီကေနတ႐ုတ္၊

အိုက္စလန္၊ေမာ႐ိုကိုနဲ႔ဖီဂ်ီႏိုင္ငံေတြအထိ Galimbertiဟာ မတူညီကြဲျပားတဲ့ ေနာက္ခံဘဝအေျခအေနေလးေတြရွိေနေပမဲ့

ကေလးငယ္ေလးေတြကို အလိုအေလ်ာက္စည္းလုံးေစၿပီး သဘာဝက်က်ေပ်ာ္႐ႊင္ေစတဲ့အရာတခ်ိဳ႕ကို မွတ္တမ္းတင္ခဲ့ပါတယ္။

ကေလးငယ္ေလးေတြဟာ ေသးငယ္တဲ့ကား႐ုပ္ေလးကိုဘဲပိုင္ဆိုင္ရသည္ျဖစ္ေစ၊တစ္ခုတည္းဘဲရွိတဲ့ေမ်ာက္႐ုပ္ေလးကိုဘဲ

ပိုင္ဆိုင္ရသည္ျဖစ္ေစ သူတို႔ပိုင္ဆိုင္ထားတဲ့အ႐ုပ္ေလးေတြအေပၚ ထားတဲ့ သေဘာက်ျခင္း၊စိတ္လႈပ္ရွားျခင္းနဲ႔တျခားလူကို

မေပးခ်င္တဲ့ေလာဘစိတ္ေလးေတြ ကိုယ္စီရွိေနၾကပါတယ္။ဒါေၾကာင့္ ခ်စ္စရာေကာင္းၿပီး အျပစ္ကင္းတဲ့

ကေလးငယ္ေလးေတြနဲ႔ သူတို႔တန္ဖိုးထားရတဲ့အ႐ုပ္ေလးတို႔ရဲ႕ ဓာတ္ပုံတခ်ိဳ႕ကိုပါ ေဖာ္ျပေပးခဲ့လိုက္ပါတယ္။

Unicode

အီတလီဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Gabriele Galimberti ဆိုသူဟာ ၂နှစ်တာကာလအတွင်း ခရီးသွားရင်း

ကမ္ဘာတစ်ဝှမ်းရှိ အပြစ်ကင်းပြီးချစ်စရာကောင်းနေကြတဲ့ကလေးငယ်လေးတွေနဲ့ သူတို့သဘောကျကြိုက်နှစ်သက်တဲ့

အဖိုးတန်အရုပ်လေးတွေရဲ့ဓာတ်ပုံတွေကိုပါ လိုက်လံရှာဖွေရိုက်ကူးခဲ့ပါတယ်။တက္ကဆက်နိုင်ငံကနေ အိန္ဒိယ၊မာလာဝီကနေတရုတ်၊

အိုက်စလန်၊မောရိုကိုနဲ့ဖီဂျီနိုင်ငံတွေအထိ Galimbertiဟာ မတူညီကွဲပြားတဲ့ နောက်ခံဘဝအခြေအနေလေးတွေရှိနေပေမဲ့

ကလေးငယ်လေးတွေကို အလိုအလျောက်စည်းလုံးစေပြီး သဘာဝကျကျပျော်ရွှင်စေတဲ့အရာတချို့ကို မှတ်တမ်းတင်ခဲ့ပါတယ်။

ကလေးငယ်လေးတွေဟာ သေးငယ်တဲ့ကားရုပ်လေးကိုဘဲပိုင်ဆိုင်ရသည်ဖြစ်စေ၊တစ်ခုတည်းဘဲရှိတဲ့မျောက်ရုပ်လေးကိုဘဲ

ပိုင်ဆိုင်ရသည်ဖြစ်စေ သူတို့ပိုင်ဆိုင်ထားတဲ့အရုပ်လေးတွေအပေါ် ထားတဲ့ သဘောကျခြင်း၊စိတ်လှုပ်ရှားခြင်းနဲ့တခြားလူကို

မပေးချင်တဲ့လောဘစိတ်လေးတွေ ကိုယ်စီရှိနေကြပါတယ်။ဒါကြောင့် ချစ်စရာကောင်းပြီး အပြစ်ကင်းတဲ့

ကလေးငယ်လေးတွေနဲ့ သူတို့တန်ဖိုးထားရတဲ့အရုပ်လေးတို့ရဲ့ ဓာတ်ပုံတချို့ကိုပါ ဖော်ပြပေးခဲ့လိုက်ပါတယ်။