Zawgyi

သင့္လက္မ ပုံစံက ေျပာျပေနတဲ့ သင့္စိတ္ေနစိတ္ထားနဲ႔ ကိုယ္ရည္ကိုယ္ေသြး

ကြၽန္ေတာ္တို႔ရဲ႕ လက္ပုံစံက ကြၽန္ေတာ္တို႔ရဲ႕ အေၾကာင္းကို အမ်ားႀကီး ေျပာျပႏိုင္ပါတယ္။ သင့္လက္ေခ်ာင္းပုံစံေတြကို ၾကည့္ၿပီး

မႈခင္းဆိုင္ရာ ကိစရပ္ေတြ ကိုေတာင္ အေျဖရွာ ႏိုင္ပါတယ္ ။ အထူးသျဖင့္ လက္မမွာ လက္ဆစ္ႏွစ္ဆစ္သာ ရွိတဲ့ အတြက္ ပိုမို ထူးျခား ပါတယ္ ။

ထိုလက္မေၾကာင့္ပဲ ကြၽန္ေတာ္တို႔ကို အျခား တိရစာန္ေတြနဲ႔ ကြဲျပားေစတာ ျဖစ္ပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ေတာင္မွ လက္မပုံစံခ်င္း မတူညီၾက ပါဘူး။

ထိုသို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ကြဲျပားတဲ့ လက္မပုံစံကို ၾကည့္ၿပီး ထိုလူရဲ႕ စိတ္ေန စိတ္ထားနဲ႔ ကိုယ္ရည္ ကိုယ္ေသြးကို အကဲျဖတ္ ႏိုင္ပါတယ္။

(၁) A အမ်ိဴးအစား ႏွင့္ တူေသာ လက္မ

သင့္လက္မရွိ လက္ဆစ္ႏွစ္ခု လုံးက တူညီေနတယ္ ဆိုပါက သင္ဟာ ေပ်ာ္႐ြင္မႈနဲ႔ ၿငိမ္းခ်မ္းမႈကို ႏွစ္သက္တဲ့ ေအးေအး ခ်မ္းခ်မ္း သမား ျဖစ္ပါတယ္။

ဒီလို လက္မပုံစံ ရွိသူေတြဟာ မ်ားေသာ အားျဖင့္ ေအးခ်မ္းၿပီး စကားေျပာဆိုျခင္းနဲ႔ စာသင္ျခင္း အတတ္ပညာေတြမွာ ဆရာ က်ပါတယ္ ။

သင့္မွာ ဘဝနဲ႔ ခ်ီတဲ့ ဗဟုသုတေတြ ျပည့္ဝေနသူပါ။ သင္ဟာ ကိုယ္ခ်င္းစာနာစိတ္ ျပည့္ဝတဲ့သူ ျဖစ္လို႔ ကိစၥတစ္ခု ျဖစ္တိုင္း

သင့္ကို ရင္ဖြင့္ တိုင္ပင္ခ်င္တဲ့ မိသားစု ဝင္ေတြ သူငယ္ခ်င္းေတြ သင့္အနားမွာ အၿမဲ ရွိေနတတ္ ပါတယ္။

(၂) B နဲ႔ တူေသာ လက္မ အမ်ိဴးအစား

သင့္လက္မရဲ႕ ပထမအဆစ္ဟာ ဒုတိယအဆစ္ထက္ ပိုရွည္ေနပါက သင္ဟာ ၿပီးျပည့္စုံ ေကာင္းမြန္မႈကို အလြန္ျမတ္ႏိုးသူ တနည္းအားျဖင့္ perfect ျဖစ္မွ

ႀကိဳက္တဲ့ perfectionist တစ္ေယာက္ပဲ ျဖစ္ပါတယ္ ။ သင္ဟာ သင့္စိတ္ကူး စိတ္သန္းေတြကို အလြန္တရာ အေလးထား ေဆာင္႐ြက္ၿပီး

ကိစၥတိုင္းကို အေသးစိတ္က အစ တိက်စြာ ေဆာင္႐ြက္တတ္သူ ျဖစ္ပါတယ္။ သင္ဟာ ၿပီးျပည့္စုံ ေအာင္ျမင္မႈကို တန္ဖိုးထားသူ ျဖစ္တာနဲ႔ အညီ

သင့္မွာ ရည္မွန္းခ်က္ တစ္ခုခု အၿမဲ ရွိေနတတ္ ပါတယ္။ တစ္ခါတစ္ရံ မွာေတာ့ သင္ဟာ အေတြးအေခၚေတြကို အေလးထားသူ ျဖစ္တတ္ၿပီး

ေအာင္ျမင္ဖို႔ အတြက္ နည္းလမ္းေကာင္း တစ္ခုကို ရွာေဖြေနသူ ျဖစ္ပါတယ္။ သင္ဟာ ႐ိုးသားသူ ျဖစ္တာမို႔ လူေတြရဲ႕ ေလးစားျခင္းကို ခံရသူလည္း ျဖစ္ပါတယ္။

(၃) C နဲ႔ တူေသာ လက္မအမ်ိဴးအစား

သင့္လက္မရဲ႕ ဒုတိယအဆစ္ဟာ ပထမအဆစ္ထက္ ႀကီးမားေနပါက သင္ဟာ အလုပ္ႀကိဳးစားသူတစ္ေယာက္ ျဖစ္ေၾကာင္း ေဖာ္ျပေနပါတယ္။

သင့္ဘဝမွာ ေအာင္ျမင္မႈကို ဘယ္ေတာ့မွ လြယ္လြယ္နဲ႔ ရခဲ့တာ မဟုတ္ပါဘူး။ ဒါေပမယ့္ သင္ဟာ အခက္အခဲတိုင္းကို ေအာင္ျမင္စြာ

ေက်ာ္ျဖတ္ႏို္င္ခဲ့တာ ခ်ည္း ျဖစ္ပါတယ္။ ဒီလိုလက္မမ်ိဳးရွိသူေတြဟာ စမတ္က်ၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိသူ ျဖစ္ပါတယ္ ။

သင့္စိတ္ကူး စိတ္သန္းေတြဟာ အၿမဲျပတ္သားၿပီး သင္ဟာ ေတြေဝျခင္းမရွိပဲ ဆုံးျဖတ္ခ်က္တိုင္းကို တိက်စြာ ခ်မွတ္တတ္သူ ျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ လုပ္ငန္းခြင္ေတြမွာ ယုံၾကည္ စိတ္ခ်ရသူ တစ္ေယာက္အျဖစ္ သတ္မွတ္ ခံရသူ ျဖစ္တတ္ပါတယ္။

(၄) လြယ္ကူစြာ ေကြးႏိုင္ေသာ လက္မ အမ်ိဴးအစား

သင့္လက္မကို မတ္မတ္ ေထာင္ၾကည့္ပါ။ ထို႔ေနာက္ အျခားလက္ျဖင့္ ထိုလက္မကို ဖိၾကည့္ပါ။ အလြယ္တကူ ေကြးသြားပါက

သင္ဟာ စိတ္ခံစား လြယ္ၿပီး သင့္စိတ္ထဲရွိတဲ့ အတိုင္း ကြယ္ဝွက္ မထားတတ္သူမ်ိဴး ျဖစ္ပါတယ္။ ထိုလက္မ အမ်ိဴးအစားကို ေတာင္တက္သမား

လက္မလို႔ တင္စား ေခၚေဝၚၿပီး ထိုလက္မ ပိုင္ရွင္မ်ား အေနျဖင့္ ပတ္ဝန္းက်င္ အသစ္နဲ႔ အေျပာင္းအလဲ အသစ္တိုင္းကို

လိုက္ေလ်ာညီေထြစြာ ျပဳမူေနထိုင္တတ္သူမ်ားျဖစ္ၾကပါတယ္။ ထို႔ျပင္ အႏုပညာနဲ႔ ပတ္သက္ၿပီး စိတ္ကူး စိတ္သန္းေကာင္း

မ်ားကိုလည္း ပိုင္ဆိုင္တတ္ၾက ပါေသးတယ္။ သင္ဟာ အႏုပညာ သမားျဖစ္ဖို႔ ေမြးဖြားလာတယ္ ဆိုရင္ မမွားပါဘူး။

ထိုလက္မမ်ိဴး ရွိသူေတြဟာ အလြန္ စပ္စုတတ္ၾကၿပီး ပတ္ဝန္းက်င္ကို စိတ္ဝင္စားစြာ ေလ့လာၾက ပါတယ္ ။

ျပႆနာမ်ားကို ေက်ာ္လြားၿပီး ေအာင္ျမင္မႈ ရရွိေအာင္လည္း ႀကိဳးစားတတ္ ၾကသူမ်ား ျဖစ္ပါတယ္။

(၅) ေျဖာင့္တန္းေသာ လက္မ အမ်ိဳးအစား

သင့္လက္မကို မတ္မတ္ ေထာင္ၾကည့္ပါ ။ သင့္လက္မဟာ ေကြးေကာက္ျခင္း မရွိပဲ ေထာင္မတ္ေန ပါက သင္ဟာ ေခါင္းမာ တတ္ၿပီး

လြမ္းမိုးလိုတဲ့ စိတ္ေနသေဘာထား ရွိသူ ျဖစ္ပါတယ္။ သင္ဟာ အေနတည္သူ ျဖစ္တာမို႔ ပတ္ဝန္းက်င္က

ရွိန္တတ္ေပမယ့္ ကတိတည္သူ တစ္ေယာက္ ျဖစ္တဲ့ အတြက္ သင့္ကို ေလးစားၾက ပါတယ္ ။ သင္ဟာ ကိစၥတိုင္းကို

ခ်က္ျခင္း ခြဲျခမ္း စိတ္ျဖာႏိုင္တဲ့ အစြမ္း ရွိၿပီး မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်တတ္သူ ျဖစ္ပါတယ္။

Credit

Unicode

သင့်လက်မ ပုံစံက ပြောပြနေတဲ့ သင့်စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေး

ကျွန်တော်တို့ရဲ့ လက်ပုံစံက ကျွန်တော်တို့ရဲ့ အကြောင်းကို အများကြီး ပြောပြနိုင်ပါတယ်။ သင့်လက်ချောင်းပုံစံတွေကို ကြည့်ပြီး

မှုခင်းဆိုင်ရာ ကိစရပ်တွေ ကိုတောင် အဖြေရှာ နိုင်ပါတယ် ။ အထူးသဖြင့် လက်မမှာ လက်ဆစ်နှစ်ဆစ်သာ ရှိတဲ့ အတွက် ပိုမို ထူးခြား ပါတယ် ။

ထိုလက်မကြောင့်ပဲ ကျွန်တော်တို့ကို အခြား တိရစာန်တွေနဲ့ ကွဲပြားစေတာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်တောင်မှ လက်မပုံစံချင်း မတူညီကြ ပါဘူး။

ထိုသို့ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားတဲ့ လက်မပုံစံကို ကြည့်ပြီး ထိုလူရဲ့ စိတ်နေ စိတ်ထားနဲ့ ကိုယ်ရည် ကိုယ်သွေးကို အကဲဖြတ် နိုင်ပါတယ်။

(၁) A အမျိူးအစား နှင့် တူသော လက်မ

သင့်လက်မရှိ လက်ဆစ်နှစ်ခု လုံးက တူညီနေတယ် ဆိုပါက သင်ဟာ ပျော်ရွင်မှုနဲ့ ငြိမ်းချမ်းမှုကို နှစ်သက်တဲ့ အေးအေး ချမ်းချမ်း သမား ဖြစ်ပါတယ်။

ဒီလို လက်မပုံစံ ရှိသူတွေဟာ များသော အားဖြင့် အေးချမ်းပြီး စကားပြောဆိုခြင်းနဲ့ စာသင်ခြင်း အတတ်ပညာတွေမှာ ဆရာ ကျပါတယ် ။

သင့်မှာ ဘဝနဲ့ ချီတဲ့ ဗဟုသုတတွေ ပြည့်ဝနေသူပါ။ သင်ဟာ ကိုယ်ချင်းစာနာစိတ် ပြည့်ဝတဲ့သူ ဖြစ်လို့ ကိစ္စတစ်ခု ဖြစ်တိုင်း

သင့်ကို ရင်ဖွင့် တိုင်ပင်ချင်တဲ့ မိသားစု ဝင်တွေ သူငယ်ချင်းတွေ သင့်အနားမှာ အမြဲ ရှိနေတတ် ပါတယ်။

(၂) B နဲ့ တူသော လက်မ အမျိူးအစား

သင့်လက်မရဲ့ ပထမအဆစ်ဟာ ဒုတိယအဆစ်ထက် ပိုရှည်နေပါက သင်ဟာ ပြီးပြည့်စုံ ကောင်းမွန်မှုကို အလွန်မြတ်နိုးသူ တနည်းအားဖြင့် perfect ဖြစ်မှ

ကြိုက်တဲ့ perfectionist တစ်ယောက်ပဲ ဖြစ်ပါတယ် ။ သင်ဟာ သင့်စိတ်ကူး စိတ်သန်းတွေကို အလွန်တရာ အလေးထား ဆောင်ရွက်ပြီး

ကိစ္စတိုင်းကို အသေးစိတ်က အစ တိကျစွာ ဆောင်ရွက်တတ်သူ ဖြစ်ပါတယ်။ သင်ဟာ ပြီးပြည့်စုံ အောင်မြင်မှုကို တန်ဖိုးထားသူ ဖြစ်တာနဲ့ အညီ

သင့်မှာ ရည်မှန်းချက် တစ်ခုခု အမြဲ ရှိနေတတ် ပါတယ်။ တစ်ခါတစ်ရံ မှာတော့ သင်ဟာ အတွေးအခေါ်တွေကို အလေးထားသူ ဖြစ်တတ်ပြီး

အောင်မြင်ဖို့ အတွက် နည်းလမ်းကောင်း တစ်ခုကို ရှာဖွေနေသူ ဖြစ်ပါတယ်။ သင်ဟာ ရိုးသားသူ ဖြစ်တာမို့ လူတွေရဲ့ လေးစားခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။

(၃) C နဲ့ တူသော လက်မအမျိူးအစား

သင့်လက်မရဲ့ ဒုတိယအဆစ်ဟာ ပထမအဆစ်ထက် ကြီးမားနေပါက သင်ဟာ အလုပ်ကြိုးစားသူတစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေပါတယ်။

သင့်ဘဝမှာ အောင်မြင်မှုကို ဘယ်တော့မှ လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်ဟာ အခက်အခဲတိုင်းကို အောင်မြင်စွာ

ကျော်ဖြတ်နို်င်ခဲ့တာ ချည်း ဖြစ်ပါတယ်။ ဒီလိုလက်မမျိုးရှိသူတွေဟာ စမတ်ကျပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသူ ဖြစ်ပါတယ် ။

သင့်စိတ်ကူး စိတ်သန်းတွေဟာ အမြဲပြတ်သားပြီး သင်ဟာ တွေဝေခြင်းမရှိပဲ ဆုံးဖြတ်ချက်တိုင်းကို တိကျစွာ ချမှတ်တတ်သူ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ လုပ်ငန်းခွင်တွေမှာ ယုံကြည် စိတ်ချရသူ တစ်ယောက်အဖြစ် သတ်မှတ် ခံရသူ ဖြစ်တတ်ပါတယ်။

(၄) လွယ်ကူစွာ ကွေးနိုင်သော လက်မ အမျိူးအစား

သင့်လက်မကို မတ်မတ် ထောင်ကြည့်ပါ။ ထို့နောက် အခြားလက်ဖြင့် ထိုလက်မကို ဖိကြည့်ပါ။ အလွယ်တကူ ကွေးသွားပါက

သင်ဟာ စိတ်ခံစား လွယ်ပြီး သင့်စိတ်ထဲရှိတဲ့ အတိုင်း ကွယ်ဝှက် မထားတတ်သူမျိူး ဖြစ်ပါတယ်။ ထိုလက်မ အမျိူးအစားကို တောင်တက်သမား

လက်မလို့ တင်စား ခေါ်ဝေါ်ပြီး ထိုလက်မ ပိုင်ရှင်များ အနေဖြင့် ပတ်ဝန်းကျင် အသစ်နဲ့ အပြောင်းအလဲ အသစ်တိုင်းကို

လိုက်လျောညီထွေစွာ ပြုမူနေထိုင်တတ်သူများဖြစ်ကြပါတယ်။ ထို့ပြင် အနုပညာနဲ့ ပတ်သက်ပြီး စိတ်ကူး စိတ်သန်းကောင်း

များကိုလည်း ပိုင်ဆိုင်တတ်ကြ ပါသေးတယ်။ သင်ဟာ အနုပညာ သမားဖြစ်ဖို့ မွေးဖွားလာတယ် ဆိုရင် မမှားပါဘူး။

ထိုလက်မမျိူး ရှိသူတွေဟာ အလွန် စပ်စုတတ်ကြပြီး ပတ်ဝန်းကျင်ကို စိတ်ဝင်စားစွာ လေ့လာကြ ပါတယ် ။

ပြဿနာများကို ကျော်လွားပြီး အောင်မြင်မှု ရရှိအောင်လည်း ကြိုးစားတတ် ကြသူများ ဖြစ်ပါတယ်။

(၅) ဖြောင့်တန်းသော လက်မ အမျိုးအစား

သင့်လက်မကို မတ်မတ် ထောင်ကြည့်ပါ ။ သင့်လက်မဟာ ကွေးကောက်ခြင်း မရှိပဲ ထောင်မတ်နေ ပါက သင်ဟာ ခေါင်းမာ တတ်ပြီး

လွမ်းမိုးလိုတဲ့ စိတ်နေသဘောထား ရှိသူ ဖြစ်ပါတယ်။ သင်ဟာ အနေတည်သူ ဖြစ်တာမို့ ပတ်ဝန်းကျင်က

ရှိန်တတ်ပေမယ့် ကတိတည်သူ တစ်ယောက် ဖြစ်တဲ့ အတွက် သင့်ကို လေးစားကြ ပါတယ် ။ သင်ဟာ ကိစ္စတိုင်းကို

ချက်ခြင်း ခွဲခြမ်း စိတ်ဖြာနိုင်တဲ့ အစွမ်း ရှိပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချတတ်သူ ဖြစ်ပါတယ်။

Credit