Zawgyi

မိန္းကေလးတိုင္း သိခ်င္ေနၾကတဲ့ ကိုယ့္ခ်စ္သူေကာင္ေလးေတြရဲ႕ ပင္ကိုယ္စ႐ိုက္နဲ႔ စိတ္ေနစိတ္ထား

ပ်ိဳေမတို႔ ကိုယ့္ခ်စ္သူဘယ္လမွာေမြးလဲဆိုတာသိ႐ုံနဲ႔ သူဖြင့္မေျပာတဲ့ စိတ္ေနစိတ္ထားနဲ႔၊ အက်င့္စ႐ိုက္ေတြကို

သိႏိုင္တယ္ေနာ္။ ကဲ ကိုယ့္ခ်စ္သူေမြးလကို ရွာၿပီး ကိုယ္သိခ်င္တဲ့ သူ႔အေၾကာင္းေလးကို ဖတ္လိုက္ရေအာင္။

(၁) ဇန္နဝါရီ

သင့္ခ်စ္သူက ဇန္နဝါရီလဖြားတစ္ေယာက္ဆိုရင္ေတာ့ သင္က ကံအရမ္းေကာင္းတဲ့သူပါ။ ဘာလို႔လဲဆိုေတာ့ ဇန္နဝါရီလဖြားေတြက

အခ်ိန္တိုင္းမွာ ယုံၾကည္အားကိုးရၿပီး၊ အခက္အခဲေတြ ဘယ္ေလာက္ရွိရွိ ခ်စ္သူကို ေထာက္ပံ့ေပးတတ္တဲ့သူမ်ိဳးပါ။

မာနထိခိုက္ေအာင္ မလုပ္မခ်င္း ခြင့္လႊတ္ခ်စ္ေနႏိုင္ေပမယ့္ မာနထိခိုက္လာၿပီဆိုရင္ေတာ့ ခြင့္လႊတ္ဖို႔ ခက္ခဲပါတယ္။

ဒါေၾကာင့္ ဇန္နဝါရီလဖြားတစ္ေယာက္ကို တန္ဖိုးထားခ်စ္ပါ၊ ေစတနာေစာ္ကားတာမ်ိဳး မလုပ္မိပါေစနဲ႔။

(၂) ေဖေဖာ္ဝါရီ

စိတ္ခံစားလြယ္ေပမယ့္ အခက္အခဲေတြကို ေကာင္းေကာင္းေက်ာ္ျဖတ္ႏိုင္ၿပီး ခ်စ္သူအတြက္ အၿမဲေရွ႕က

မားမားမတ္မတ္ရပ္တည္မယ့္သူမ်ိဳးပါ။ ေခါင္းမာလြန္းတဲ့သူေတြမို႔ ခ်စ္သူကေပးတဲ့ အႀကံအတိုင္းမလုပ္တတ္တာ၊

သူမ်ားစကားနားမေထာင္တတ္တာက သူတို႔ရဲ႕ အားနည္းခ်က္လိုျဖစ္ေနပါတယ္။

(၃) မတ္

မတ္လဖြားကိုကို၊ ေမာင္ေမာင္ေတြကေတာ့ မိန္းကေလးေတြနဲ႔ ရင္းႏွီးလြယ္ေပမယ့္ သိကၡာမဲ့တဲ့ လုပ္ရပ္ေတြကိုေတာ့

မလုပ္တတ္တဲ့သူေတြပါ။ ကိုယ့္ရဲ႕ စိတ္ခံစားခ်က္ကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္တဲ့သူေတြျဖစ္ၿပီးေတာ့ ခ်စ္သူမိန္းကေလးနဲ႔ေတာ့

ညႇိယူရတာေတြ သိပ္မ်ားတာေၾကာင့္ အခ်စ္ေရးမွာ အဆင္ေျပေခ်ာေမြ႕တဲ့အခါ သိပ္ရွားပါတယ္။

(၄) ဧၿပီ

ဧၿပီလဖြား ကိုကို၊ ေမာင္ေမာင္ေတြက ခ်စ္သူအတြက္ဆို ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္ အၿမဲအသင့္ျဖစ္ေနၿပီး၊

ခ်စ္ျခင္းေမတၱာအပါအဝင္ အေကာင္းဆုံးေတြကိုပဲ ေပးဖို႔ ႀကိဳးစားတတ္ၾကပါတယ္။ ဒါေၾကာင့္ ဘဝမွာ

သူရဲေကာင္းတစ္ေယာက္ကိုပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ဧၿပီလဖြားကိုသာ ေ႐ြးလိုက္ပါ။

(၅) ေမ

မိသားစုအေပၚ ေႏြးေထြးၿပီး၊ သစၥာရွိတာကေတာ့ ေမလဖြားေတြပါ။ ဒါေပမယ့္ ေမလဖြားေတြက စိတ္ခံစားခ်က္ေတြ

ေရွ႕တန္းတင္တတ္လြန္းတာေၾကာင့္ ျပႆနာေလးေတြ မၾကာခဏျဖတ္တတ္တဲ့သူေတြလို႔ ေျပာရမွာပါ။

အမ်ိဳးသမီးေတြအတြက္ အက်ိဳးေက်းဇူးမ်ားေစတဲ့ ငွက္ေပ်ာဖူးရဲ႕ အံ့မခန္း အစြမ္း
(၆) ဇြန္

မိန္းကေလးေတြရဲ႕ စိတ္ခံစားခ်က္ကို နားလည္ႏိုင္ဆုံးက ဇြန္လမွာေမြးတဲ့ ေကာင္ေလးေတြပါ။ ဒါေၾကာင့္ သူတို႔နဲ႔

ရင္းရင္းႏွီးႏွီးေနတဲ့ သူငယ္ခ်င္းမိန္းကေလးေတြ အမ်ားႀကီးရွိတတ္ပါတယ္။ ဒါေပမယ့္ အဲ့ဒါအတြက္ မနာလိုျဖစ္ဖို႔ မလိုပါဘူး။

သူက မိန္းကေလးေတြရဲ႕စိတ္ကို ေကာင္းေကာင္းနားလည္တဲ့သူဆိုေတာ့ သူ႔ခ်စ္သူကိုဆို ပိုေတာင္နားလည္ဦးမွာပါ။

(၇) ဇူလိုင္

ခ်စ္တဲ့သူနဲ႔အရာအားလုံးကို ေဝမွ်တတ္တဲ့ ဇူလိုင္လဖြားေတြပါ။ ဆိုးအတူ၊ ေကာင္းအတူ ဆိုတဲ့စကားက

သူတို႔အတြက္လို႔ေျပာရေလာက္ေအာင္ ဆင္းရဲဒုကၡျဖစ္ေနခ်ိန္မွာ လက္တြဲခဲ့တဲ့ခ်စ္သူကို ေအာင္ျမင္လာခ်ိန္၊ ေကာင္းစားလာခ်ိန္မွာလည္း

လက္တြဲမျဖဳတ္တတ္ပါဘူး။ ဒါေပမယ့္ အခ်စ္ေရးမွာ အျပည့္အဝ႐ိုးသားမႈ မရွိတာေၾကာင့္ ခ်စ္သူက သံသယဝင္တာကို အၿမဲခံရတတ္ပါတယ္။

(၈) ၾသဂုတ္

ကိုယ့္ကိုယ္ကို ယုံၾကည္မႈအျပည့္ရွိတယ္၊ စဥ္းစားဆင္ျခင္ႏိုင္စြမ္းေကာင္းလြန္းတယ္၊ ဒါေပမယ့္ သူနဲ႔ေျပာဆိုဆက္ဆံရတာ

နည္းနည္းေတာ့ ကသိကေအာက္ျဖစ္ရတာမ်ိဳးေတြ ရွိတတ္တယ္။ ရည္မွန္းခ်က္ႀကီးသူျဖစ္ၿပီး

ဘဝမွာေအာင္ျမင္မႈေတြရေအာင္ ႀကိဳးစားတတ္တဲ့သူမ်ိဳးျဖစ္ပါတယ္။

(၉) စက္တင္ဘာ

ဉာဏ္ရည္ျမင့္မားၿပီး တျခားသူနဲ႔မတူဘဲ အၿမဲတမ္းစတိုင္လ္က်ေနတာေၾကာင့္ ဆြဲေဆာင္မႈရွိတဲ့ ကိုကို၊ ေမာင္ေမာင္ေတြေပါ့။

သေဘာထားမကြဲလြဲမႈေတြေၾကာင့္ တစ္ဖက္သား စိတ္ခုသြားရင္ ခ်က္ခ်င္းေတာင္းပန္ဖို႔ ဝန္မေလးတတ္တာကေတာ့ သူတို႔ရဲ႕ အက်င့္ေကာင္းေလးေပါ့။

(၁၀) ေအာက္တိုဘာ

ကိုယ္က်င့္တရားေကာင္းတဲ့သူေတြျဖစ္ၿပီး ေဘာင္ခတ္တာကိုေတာ့ လုံးဝမႀကိဳက္တဲ့သူေတြျဖစ္ပါတယ္။

အခ်စ္ေရးမွာ အေျပာင္းအလဲလုပ္ရတာကို လုံးဝမႀကိဳက္တာေၾကာင့္ သစၥာရွိတဲ့ ခ်စ္သူတစ္ေယာက္ျဖစ္ပါတယ္။

(၁၁) ႏိုဝင္ဘာ

လူတစ္ေယာက္ခ်င္းစီရဲ႕ စိတ္ေနစိတ္ထားကို အလြယ္ေလးခန႔္မွန္းႏိုင္တဲ့ အစြမ္းရွိၿပီး အဆင္ေျပေအာင္

ေပါင္းသင္းႏိုင္စြမ္းရွိတဲ့သူျဖစ္ပါတယ္။ အခ်ိန္ၾကာလာေလ တစ္ေယာက္တည္း ေနခ်င္လာေလျဖစ္ၿပီး

သူတို႔ကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္လုပ္တဲ့သူေတြကို ကသိကေအာက္ျဖစ္ေအာင္ျပန္ၿပီး ေထ့ေငါ့တတ္ပါတယ္။

(၁၂) ဒီဇင္ဘာ

အလုပ္ႀကိဳးစားၿပီး အလုပ္ခြင္မွာလည္း ေတာ္တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ အျပင္ထြက္ရတဲ့ အေၾကာင္းေတြ

တစ္ခုၿပီးတစ္ခုရွိေနတာေၾကာင့္ သူ႔ကို အိမ္မွာေတြ႕ရတဲ့အခ်ိန္ဆိုတာ ရွားမွရွားပါပဲ။ အလုပ္ႀကိဳးစားတာေၾကာင့္ ခ်စ္သူကို

ဂ႐ုမစိုက္မိတာမ်ိဳးေတြရွိၿပီး အဲ့ဒီအေၾကာင္းရင္းေၾကာင့္ပဲ ခ်စ္သူေကာင္မေလးရဲ႕စိတ္ေကာက္တာကို အၿမဲခံေနရတာပါ။

Unicode

မိန်းကလေးတိုင်း သိချင်နေကြတဲ့ ကိုယ့်ချစ်သူကောင်လေးတွေရဲ့ ပင်ကိုယ်စရိုက်နဲ့ စိတ်နေစိတ်ထား

ပျိုမေတို့ ကိုယ့်ချစ်သူဘယ်လမှာမွေးလဲဆိုတာသိရုံနဲ့ သူဖွင့်မပြောတဲ့ စိတ်နေစိတ်ထားနဲ့၊ အကျင့်စရိုက်တွေကို

သိနိုင်တယ်နော်။ ကဲ ကိုယ့်ချစ်သူမွေးလကို ရှာပြီး ကိုယ်သိချင်တဲ့ သူ့အကြောင်းလေးကို ဖတ်လိုက်ရအောင်။

(၁) ဇန်နဝါရီ

သင့်ချစ်သူက ဇန်နဝါရီလဖွားတစ်ယောက်ဆိုရင်တော့ သင်က ကံအရမ်းကောင်းတဲ့သူပါ။ ဘာလို့လဲဆိုတော့ ဇန်နဝါရီလဖွားတွေက

အချိန်တိုင်းမှာ ယုံကြည်အားကိုးရပြီး၊ အခက်အခဲတွေ ဘယ်လောက်ရှိရှိ ချစ်သူကို ထောက်ပံ့ပေးတတ်တဲ့သူမျိုးပါ။

မာနထိခိုက်အောင် မလုပ်မချင်း ခွင့်လွှတ်ချစ်နေနိုင်ပေမယ့် မာနထိခိုက်လာပြီဆိုရင်တော့ ခွင့်လွှတ်ဖို့ ခက်ခဲပါတယ်။

ဒါကြောင့် ဇန်နဝါရီလဖွားတစ်ယောက်ကို တန်ဖိုးထားချစ်ပါ၊ စေတနာစော်ကားတာမျိုး မလုပ်မိပါစေနဲ့။

(၂) ဖေဖော်ဝါရီ

စိတ်ခံစားလွယ်ပေမယ့် အခက်အခဲတွေကို ကောင်းကောင်းကျော်ဖြတ်နိုင်ပြီး ချစ်သူအတွက် အမြဲရှေ့က

မားမားမတ်မတ်ရပ်တည်မယ့်သူမျိုးပါ။ ခေါင်းမာလွန်းတဲ့သူတွေမို့ ချစ်သူကပေးတဲ့ အကြံအတိုင်းမလုပ်တတ်တာ၊

သူများစကားနားမထောင်တတ်တာက သူတို့ရဲ့ အားနည်းချက်လိုဖြစ်နေပါတယ်။

(၃) မတ်

မတ်လဖွားကိုကို၊ မောင်မောင်တွေကတော့ မိန်းကလေးတွေနဲ့ ရင်းနှီးလွယ်ပေမယ့် သိက္ခာမဲ့တဲ့ လုပ်ရပ်တွေကိုတော့

မလုပ်တတ်တဲ့သူတွေပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့သူတွေဖြစ်ပြီးတော့ ချစ်သူမိန်းကလေးနဲ့တော့

ညှိယူရတာတွေ သိပ်များတာကြောင့် အချစ်ရေးမှာ အဆင်ပြေချောမွေ့တဲ့အခါ သိပ်ရှားပါတယ်။

(၄) ဧပြီ

ဧပြီလဖွား ကိုကို၊ မောင်မောင်တွေက ချစ်သူအတွက်ဆို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အမြဲအသင့်ဖြစ်နေပြီး၊

ချစ်ခြင်းမေတ္တာအပါအဝင် အကောင်းဆုံးတွေကိုပဲ ပေးဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါကြောင့် ဘဝမှာ

သူရဲကောင်းတစ်ယောက်ကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဧပြီလဖွားကိုသာ ရွေးလိုက်ပါ။

(၅) မေ

မိသားစုအပေါ် နွေးထွေးပြီး၊ သစ္စာရှိတာကတော့ မေလဖွားတွေပါ။ ဒါပေမယ့် မေလဖွားတွေက စိတ်ခံစားချက်တွေ

ရှေ့တန်းတင်တတ်လွန်းတာကြောင့် ပြဿနာလေးတွေ မကြာခဏဖြတ်တတ်တဲ့သူတွေလို့ ပြောရမှာပါ။

အမျိုးသမီးတွေအတွက် အကျိုးကျေးဇူးများစေတဲ့ ငှက်ပျောဖူးရဲ့ အံ့မခန်း အစွမ်း
(၆) ဇွန်

မိန်းကလေးတွေရဲ့ စိတ်ခံစားချက်ကို နားလည်နိုင်ဆုံးက ဇွန်လမှာမွေးတဲ့ ကောင်လေးတွေပါ။ ဒါကြောင့် သူတို့နဲ့

ရင်းရင်းနှီးနှီးနေတဲ့ သူငယ်ချင်းမိန်းကလေးတွေ အများကြီးရှိတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒါအတွက် မနာလိုဖြစ်ဖို့ မလိုပါဘူး။

သူက မိန်းကလေးတွေရဲ့စိတ်ကို ကောင်းကောင်းနားလည်တဲ့သူဆိုတော့ သူ့ချစ်သူကိုဆို ပိုတောင်နားလည်ဦးမှာပါ။

(၇) ဇူလိုင်

ချစ်တဲ့သူနဲ့အရာအားလုံးကို ဝေမျှတတ်တဲ့ ဇူလိုင်လဖွားတွေပါ။ ဆိုးအတူ၊ ကောင်းအတူ ဆိုတဲ့စကားက

သူတို့အတွက်လို့ပြောရလောက်အောင် ဆင်းရဲဒုက္ခဖြစ်နေချိန်မှာ လက်တွဲခဲ့တဲ့ချစ်သူကို အောင်မြင်လာချိန်၊ ကောင်းစားလာချိန်မှာလည်း

လက်တွဲမဖြုတ်တတ်ပါဘူး။ ဒါပေမယ့် အချစ်ရေးမှာ အပြည့်အဝရိုးသားမှု မရှိတာကြောင့် ချစ်သူက သံသယဝင်တာကို အမြဲခံရတတ်ပါတယ်။

(၈) သြဂုတ်

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်းကောင်းလွန်းတယ်၊ ဒါပေမယ့် သူနဲ့ပြောဆိုဆက်ဆံရတာ

နည်းနည်းတော့ ကသိကအောက်ဖြစ်ရတာမျိုးတွေ ရှိတတ်တယ်။ ရည်မှန်းချက်ကြီးသူဖြစ်ပြီး

ဘဝမှာအောင်မြင်မှုတွေရအောင် ကြိုးစားတတ်တဲ့သူမျိုးဖြစ်ပါတယ်။

(၉) စက်တင်ဘာ

ဉာဏ်ရည်မြင့်မားပြီး တခြားသူနဲ့မတူဘဲ အမြဲတမ်းစတိုင်လ်ကျနေတာကြောင့် ဆွဲဆောင်မှုရှိတဲ့ ကိုကို၊ မောင်မောင်တွေပေါ့။

သဘောထားမကွဲလွဲမှုတွေကြောင့် တစ်ဖက်သား စိတ်ခုသွားရင် ချက်ချင်းတောင်းပန်ဖို့ ဝန်မလေးတတ်တာကတော့ သူတို့ရဲ့ အကျင့်ကောင်းလေးပေါ့။

(၁၀) အောက်တိုဘာ

ကိုယ်ကျင့်တရားကောင်းတဲ့သူတွေဖြစ်ပြီး ဘောင်ခတ်တာကိုတော့ လုံးဝမကြိုက်တဲ့သူတွေဖြစ်ပါတယ်။

အချစ်ရေးမှာ အပြောင်းအလဲလုပ်ရတာကို လုံးဝမကြိုက်တာကြောင့် သစ္စာရှိတဲ့ ချစ်သူတစ်ယောက်ဖြစ်ပါတယ်။

(၁၁) နိုဝင်ဘာ

လူတစ်ယောက်ချင်းစီရဲ့ စိတ်နေစိတ်ထားကို အလွယ်လေးခန့်မှန်းနိုင်တဲ့ အစွမ်းရှိပြီး အဆင်ပြေအောင်

ပေါင်းသင်းနိုင်စွမ်းရှိတဲ့သူဖြစ်ပါတယ်။ အချိန်ကြာလာလေ တစ်ယောက်တည်း နေချင်လာလေဖြစ်ပြီး

သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တဲ့သူတွေကို ကသိကအောက်ဖြစ်အောင်ပြန်ပြီး ထေ့ငေါ့တတ်ပါတယ်။

(၁၂) ဒီဇင်ဘာ

အလုပ်ကြိုးစားပြီး အလုပ်ခွင်မှာလည်း တော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အပြင်ထွက်ရတဲ့ အကြောင်းတွေ

တစ်ခုပြီးတစ်ခုရှိနေတာကြောင့် သူ့ကို အိမ်မှာတွေ့ရတဲ့အချိန်ဆိုတာ ရှားမှရှားပါပဲ။ အလုပ်ကြိုးစားတာကြောင့် ချစ်သူကို

ဂရုမစိုက်မိတာမျိုးတွေရှိပြီး အဲ့ဒီအကြောင်းရင်းကြောင့်ပဲ ချစ်သူကောင်မလေးရဲ့စိတ်ကောက်တာကို အမြဲခံနေရတာပါ။