Zawgyi

ဒီေျမေအာက္ၿမိဳ႕ေတာ္ဟာ တူရကီႏိုင္ငံ Nevşehirနယ္ ဒါရင္ကူယူ ခ႐ိုင္မွာ တည္ရွိတာေၾကာင့္ ဒါရင္ကူယူေျမေအာက္ၿမိဳ႕ေတာ္လို႔ ေခၚပါတယ္။

ဒီၿမိဳ႕ေတာ္ကို ၁၉၆၃ခုႏွစ္က Nevşehir မွာေနတဲ့လူတစ္ေယာက္က ေတြ႕ရွိခဲ့တာပါ။ သူ႔ရဲ႕အိမ္နံရံကိုေခါက္ရင္း လႈိဏ္သံၾကားရတဲ့အတြက္

မသကၤာလို႔ တူးၾကည့္ရာကေန လႈိဏ္ေခါင္းလမ္းေၾကာင္းေတြ အခန္းေတြနဲ႔အေသအခ်ာတည္ေဆာက္ထားတဲ့

ဒီၿမိဳ႕ေတာ္ကိုေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ဒါဟာေပ်ာက္ကြယ္ေနတဲ့ ေရွးေဟာင္းေျမေအာက္ၿမိဳ႕ေတာ္ Derinkuyu ကိုေတြ႕ရွိျခင္းအစ ျဖစ္ပါတယ္။

ဒီေျမေအာက္ၿမိဳ႕ေတာ္ထဲကို ဝင္ၾကည့္တဲ့အခါမွာေတာ့ လ်ိဳ႕ဝွက္ထားတဲ့ဝင္ေပါက္ေတြ ၊ ေလဝင္ေလထြက္ေကာင္းမြန္ေအာင္ဖန္တီးထားတဲ့အေပါက္ေတြ ၊

ေရတြင္းေတြ နဲ႔ လႈိဏ္ေခါင္းတစ္ခုကေန တစ္ခုကို လြယ္ကူစြာသြားလာႏိုင္တဲ့ လမ္းေၾကာင္းေတြကိုပါေတြ႕ရွိခဲ့ရပါတယ္။

ပညာရွင္မ်ား ေလ့လာမႈအရ ဒီၿမိဳ႕ေတာ္ဟာ တူရကီႏိုင္ငံမွာရွိတဲ့ ေရွးေျမေအာက္ၿမိဳ႕ေတာ္ေတြထဲက တစ္ခုျဖစ္ၿပီး ေပ်ာက္ကြယ္ေနခဲ့တာ

ရာစုႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီလို႔သိရပါတယ္။ Derinkuyu ေျမေအာက္ၿမိဳ႕ေတာ္ဟာ အႀကီးဆုံးေျမေအာက္ၿမိဳ႕ေတာ္မဟုတ္ေပမယ့္

အထပ္ေပါင္း ၁၈ထပ္ရွိတာေၾကာင့္ အနက္ဆုံးေျမေအာက္ၿမိဳ႕လို႔ဆိုႏိုင္ပါတယ္။ အာရပ္မြတ္စလင္ေတြနဲ႔ျဖစ္တဲ့ အာရပ္-ဘိုင္ဇင္တိုင္စစ္ပြဲေတြၾကား

ႀကီးမားတဲ့စစ္ပြဲေတြျဖစ္ေနတဲ့အခ်ိန္ ေအဒီ ၇၈၀- ၁၁၈၀ အတြင္းမွာ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ စစ္ပြဲကေန ေရွာင္ရွားဖို႔နဲ႔

ကပ္ေရာဂါဆိုးေတြကို ကာကြယ္ဖို႔ ေဆာက္ထားခဲ့တယ္လို႔ သိရပါတယ္။ အဲဒီေနာက္ေတာ့ ၁၄ရာစုမွာ ခရစ္ယာန္ေတြဟာ

မြန္ဂိုေတြရဲ႕ရန္ေၾကာင့္ ဒီၿမိဳ႕ေတာ္မွာေရွာင္တိမ္းေနထိုင္ခဲ့ၾကပါေသးတယ္။ အဲဒီေနာက္ေတာ့တျဖည္းျဖည္းေနထိုင္သူနည္းပါးသြားၿပီး တစ္စစနဲ႔ေပ်ာက္ကြယ္သြားခဲ့ရတာပါ။

ေျမေအာက္ အနက္ေပ ၂၀၀ ဝန္းက်င္ခန႔္ထိနက္တဲ့ ၿမိဳ႕ျဖစ္ပါတယ္။ ဒီၿမိဳ႕ေတာ္မွာ လူ ၂၀၀၀၀ အတူတကြေနႏိုင္တဲ့ ေနရာေတြနဲ႔

သူတို႔အတြက္စားနပ္ရိကၡာေတြ ထားတဲ့အခန္းေတြ ပါရွိသလို ေက်ာက္တံခါးမႀကီးေတြလည္း တပ္ဆင္ထားပါတယ္။

ေလဝင္ေလထြက္ေကာင္းေစတဲ့ အေပါက္ေပါင္း ၁၅၀၀၀ခန႔္လည္းပါရွိတာေၾကာင့္ ပုံမွန္အတိုင္း သက္ေတာင့္သက္သာစြာေနႏိုင္ပါတယ္။

ေရတြင္းေတြကိုေတာ့ ျပင္ပကေန အဆိပ္ခတ္တာေတြမလုပ္ႏိုင္ေအာင္ အထူးကာကြယ္ထားပါတယ္။ အဲဒီမွာ ေဈးဆိုင္ေတြ ၊ ဂူေတြ ၊

တိရစာၦန္ေမြးျမဴေရးခန္းေတြ ၊ သီးျခားစီဖြဲ႕ထားတဲ့အခန္းစုေတြ ၊ လက္နက္ခဲယမ္းတိုက္ေတြ ၊ စုေပါင္းခန္းမေတြ နဲ႔ အေရးေပၚထြက္ေျပးဖို႔လမ္းေၾကာင္းေတြကိုပါ

တည္ေဆာက္ထားတာကို အံၾသဖြယ္ေတြ႕ရွိခဲ့ရပါတယ္။ ဒါအျပင္ စာသင္ခန္းမတစ္ခုပါတဲ့ ေက်ာင္းတစ္ေက်ာင္းကိုလည္းေတြ႕ရပါေသးတယ္။

တူရကီရဲ႕ ဒီေရွးေဟာင္းၿမိဳ႕ေတာ္ကို ၁၉၆၉ခုႏွစ္မွာ လာေရာက္လည္ပတ္ႏိုင္ဖို႔ ဖြင့္လွစ္ေပးခဲ့ၿပီး ယခုအခ်ိန္ထိ သြားေရာက္လည္ပတ္ႏိုင္ပါေသးတယ္။

ဒီေျမေအာက္ၿမိဳ႕ေတာ္ကို အထူးထိမ္းသိမ္းထားၿပီး လည္ပတ္သူေတြကေတာ့ ၿမိဳ႕ေတာ္ ၈ထပ္အထိ လည္ပတ္ခြင့္ရမွာျဖစ္ပါတယ္။

တူရကီရဲ႕နာမည္ေက်ာ္ Cappadocia ေရွးေဟာင္းနယ္ေျမထဲမွာ Derinkuyu ေျမေအာက္ၿမိဳ႕အျပင္ အျခားေျမေအာက္ၿမိဳ႕ေပါင္းမ်ားစြာလည္း တည္ရွိေနပါေသးတယ္။

Unicode

ဒီမြေအောက်မြို့တော်ဟာ တူရကီနိုင်ငံ Nevşehirနယ် ဒါရင်ကူယူ ခရိုင်မှာ တည်ရှိတာကြောင့် ဒါရင်ကူယူမြေအောက်မြို့တော်လို့ ခေါ်ပါတယ်။

ဒီမြို့တော်ကို ၁၉၆၃ခုနှစ်က Nevşehir မှာနေတဲ့လူတစ်ယောက်က တွေ့ရှိခဲ့တာပါ။ သူ့ရဲ့အိမ်နံရံကိုခေါက်ရင်း လှိုဏ်သံကြားရတဲ့အတွက်

မသင်္ကာလို့ တူးကြည့်ရာကနေ လှိုဏ်ခေါင်းလမ်းကြောင်းတွေ အခန်းတွေနဲ့အသေအချာတည်ဆောက်ထားတဲ့

ဒီမြို့တော်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာပျောက်ကွယ်နေတဲ့ ရှေးဟောင်းမြေအောက်မြို့တော် Derinkuyu ကိုတွေ့ရှိခြင်းအစ ဖြစ်ပါတယ်။

ဒီမြေအောက်မြို့တော်ထဲကို ဝင်ကြည့်တဲ့အခါမှာတော့ လျို့ဝှက်ထားတဲ့ဝင်ပေါက်တွေ ၊ လေဝင်လေထွက်ကောင်းမွန်အောင်ဖန်တီးထားတဲ့အပေါက်တွေ ၊

ရေတွင်းတွေ နဲ့ လှိုဏ်ခေါင်းတစ်ခုကနေ တစ်ခုကို လွယ်ကူစွာသွားလာနိုင်တဲ့ လမ်းကြောင်းတွေကိုပါတွေ့ရှိခဲ့ရပါတယ်။

ပညာရှင်များ လေ့လာမှုအရ ဒီမြို့တော်ဟာ တူရကီနိုင်ငံမှာရှိတဲ့ ရှေးမြေအောက်မြို့တော်တွေထဲက တစ်ခုဖြစ်ပြီး ပျောက်ကွယ်နေခဲ့တာ

ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီလို့သိရပါတယ်။ Derinkuyu မြေအောက်မြို့တော်ဟာ အကြီးဆုံးမြေအောက်မြို့တော်မဟုတ်ပေမယ့်

အထပ်ပေါင်း ၁၈ထပ်ရှိတာကြောင့် အနက်ဆုံးမြေအောက်မြို့လို့ဆိုနိုင်ပါတယ်။ အာရပ်မွတ်စလင်တွေနဲ့ဖြစ်တဲ့ အာရပ်-ဘိုင်ဇင်တိုင်စစ်ပွဲတွေကြား

ကြီးမားတဲ့စစ်ပွဲတွေဖြစ်နေတဲ့အချိန် အေဒီ ၇၈၀- ၁၁၈၀ အတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စစ်ပွဲကနေ ရှောင်ရှားဖို့နဲ့

ကပ်ရောဂါဆိုးတွေကို ကာကွယ်ဖို့ ဆောက်ထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်တော့ ၁၄ရာစုမှာ ခရစ်ယာန်တွေဟာ

မွန်ဂိုတွေရဲ့ရန်ကြောင့် ဒီမြို့တော်မှာရှောင်တိမ်းနေထိုင်ခဲ့ကြပါသေးတယ်။ အဲဒီနောက်တော့တဖြည်းဖြည်းနေထိုင်သူနည်းပါးသွားပြီး တစ်စစနဲ့ပျောက်ကွယ်သွားခဲ့ရတာပါ။

မြေအောက် အနက်ပေ ၂၀၀ ဝန်းကျင်ခန့်ထိနက်တဲ့ မြို့ဖြစ်ပါတယ်။ ဒီမြို့တော်မှာ လူ ၂၀၀၀၀ အတူတကွနေနိုင်တဲ့ နေရာတွေနဲ့

သူတို့အတွက်စားနပ်ရိက္ခာတွေ ထားတဲ့အခန်းတွေ ပါရှိသလို ကျောက်တံခါးမကြီးတွေလည်း တပ်ဆင်ထားပါတယ်။

လေဝင်လေထွက်ကောင်းစေတဲ့ အပေါက်ပေါင်း ၁၅၀၀၀ခန့်လည်းပါရှိတာကြောင့် ပုံမှန်အတိုင်း သက်တောင့်သက်သာစွာနေနိုင်ပါတယ်။

ရေတွင်းတွေကိုတော့ ပြင်ပကနေ အဆိပ်ခတ်တာတွေမလုပ်နိုင်အောင် အထူးကာကွယ်ထားပါတယ်။ အဲဒီမှာ ဈေးဆိုင်တွေ ၊ ဂူတွေ ၊

တိရစ္ဆာန်မွေးမြူရေးခန်းတွေ ၊ သီးခြားစီဖွဲ့ထားတဲ့အခန်းစုတွေ ၊ လက်နက်ခဲယမ်းတိုက်တွေ ၊ စုပေါင်းခန်းမတွေ နဲ့ အရေးပေါ်ထွက်ပြေးဖို့လမ်းကြောင်းတွေကိုပါ

တည်ဆောက်ထားတာကို အံသြဖွယ်တွေ့ရှိခဲ့ရပါတယ်။ ဒါအပြင် စာသင်ခန်းမတစ်ခုပါတဲ့ ကျောင်းတစ်ကျောင်းကိုလည်းတွေ့ရပါသေးတယ်။

တူရကီရဲ့ ဒီရှေးဟောင်းမြို့တော်ကို ၁၉၆၉ခုနှစ်မှာ လာရောက်လည်ပတ်နိုင်ဖို့ ဖွင့်လှစ်ပေးခဲ့ပြီး ယခုအချိန်ထိ သွားရောက်လည်ပတ်နိုင်ပါသေးတယ်။

ဒီမြေအောက်မြို့တော်ကို အထူးထိမ်းသိမ်းထားပြီး လည်ပတ်သူတွေကတော့ မြို့တော် ၈ထပ်အထိ လည်ပတ်ခွင့်ရမှာဖြစ်ပါတယ်။

တူရကီရဲ့နာမည်ကျော် Cappadocia ရှေးဟောင်းနယ်မြေထဲမှာ Derinkuyu မြေအောက်မြို့အပြင် အခြားမြေအောက်မြို့ပေါင်းများစွာလည်း တည်ရှိနေပါသေးတယ်။