Zawgyi

ဓာတ္ပုံဆရာတစ္ေယာက္ျဖစ္တဲ့ Pablo Iglesias Maurer ဟာ ၁၉၆၀ခုႏွစ္က ပိုစ့္စကတ္ပုံတစ္ပုံကိုၾကည့္ရင္း စိတ္ကူးတစ္ခုရခဲ့ပါတယ္။

ဒါကေတာ့ အဲဒီေနရာဟာ အခုဘယ္လိုပုံျဖစ္ေနမလဲ ဆိုတာကို သိခ်င္တာပါပဲ။ သူ႔ရဲ႕အဲဒီစိတ္ကူးကေန ေနရာမ်ားရဲ႕ ၁၉၆၀ခုႏွစ္ နဲ႔

ယေန႔အေျခအေနကြာျခားခ်က္ေတြကို ႐ိုက္ကူးထားတဲ့ Abandoned States ဆိုတဲ့ဓာတ္ပုံေတြျဖစ္လာခဲ့ပါတယ္။

ပိုစ့္စကတ္ပုံရဲ႕ေခါင္းစဥ္နာမည္ကေတာ့ How to Run A Successful Golf Course ျဖစ္ေပမယ့္ အဲဒီေနရာကိုေရာက္တဲ့အခါမွာေတာ့ Penn Hills

အပန္းေျဖစခန္းရဲ႕ပိုင္နက္ျဖစ္ေနၿပီး ဓာတ္ပုံထဲကေနရာေတြဟာ စြန႔္ပစ္ေနရာေတြျဖစ္ေနခဲ့ပါၿပီ။ Pablo ဟာ အဲဒီေနရာကို ၁၉၆၀

ခုႏွစ္ ပိုစ့္ကတ္ပုံေတြထဲကအတိုင္းနဲ႔ ထပ္တူနီးပါးျမင္ကြင္းတူေအာင္ အခ်ိန္မ်ားစြာေပးၿပီး ႐ိုက္ယူခဲ့ပါတယ္။ အဲဒီေနာက္ေတာ့

သူဟာ ႏွစ္ေပါင္း ၆၀နီးပါးကြာျခားတဲ့ ေနရာတစ္ခုရဲ႕ ျခားနားခ်က္ကို ယွဥ္ၿပီးျမင္လိုက္ရပါေတာ့တယ္။

အဲဒီေနာက္ေတာ့ သူဟာ ဒီလိုမ်ိဳးကြာျခားတဲ့ ပုံရိပ္ေတြကို ႐ိုက္ခ်င္ေသးတာေၾကာင့္ အြန္လိုင္းအေရာင္းအဝယ္ဝဘ္ဆိုဒ္တစ္ခုျဖစ္တဲ့ Ebay

ကေန ပိုစ့္ကတ္ပုံေပါင္း ၆၀ခန႔္ကို ရွာေဖြဝယ္ယူခဲ့ပါတယ္။ ရလာတဲ့ ပိုစ့္စကတ္ေတြထဲက ေနရာေတြကို အျပင္မွာေရာက္ေအာင္သြားခဲ့ၿပီး

ပိုစ့္စကတ္ထဲက ျမင္ကြင္းအတိုင္းပဲ ဓာတ္ပုံေတြ႐ိုက္ယူႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ Abandoned States ဓာတ္ပုံစီးရီးကို အြန္လိုင္းေပၚ

တင္လိုက္တဲ့အခါမွာေတာ့ လူေပါင္းမ်ားစြာဟာ သူ႔ရဲ႕ဓာတ္ပုံေတြကို စိတ္ဝင္တစားၾကည့္ရႈ႕ခဲ့ၾကပါတယ္။ စိတ္ဝင္စားတဲ့

သုတဇုန္မိတ္ေဆြမ်ား သူ႐ိုက္ကူးထားတဲ့ ဓာတ္ပုံတခ်ိဳ႕ကို ၾကည့္ခ်င္ရင္ ေအာက္မွာၾကည့္ရႈ႕ႏိုင္ပါတယ္။

Unicode

ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ Pablo Iglesias Maurer ဟာ ၁၉၆၀ခုနှစ်က ပိုစ့်စကတ်ပုံတစ်ပုံကိုကြည့်ရင်း စိတ်ကူးတစ်ခုရခဲ့ပါတယ်။

ဒါကတော့ အဲဒီနေရာဟာ အခုဘယ်လိုပုံဖြစ်နေမလဲ ဆိုတာကို သိချင်တာပါပဲ။ သူ့ရဲ့အဲဒီစိတ်ကူးကနေ နေရာများရဲ့ ၁၉၆၀ခုနှစ် နဲ့

ယနေ့အခြေအနေကွာခြားချက်တွေကို ရိုက်ကူးထားတဲ့ Abandoned States ဆိုတဲ့ဓာတ်ပုံတွေဖြစ်လာခဲ့ပါတယ်။

ပိုစ့်စကတ်ပုံရဲ့ခေါင်းစဉ်နာမည်ကတော့ How to Run A Successful Golf Course ဖြစ်ပေမယ့် အဲဒီနေရာကိုရောက်တဲ့အခါမှာတော့ Penn Hills

အပန်းဖြေစခန်းရဲ့ပိုင်နက်ဖြစ်နေပြီး ဓာတ်ပုံထဲကနေရာတွေဟာ စွန့်ပစ်နေရာတွေဖြစ်နေခဲ့ပါပြီ။ Pablo ဟာ အဲဒီနေရာကို ၁၉၆၀

ခုနှစ် ပိုစ့်ကတ်ပုံတွေထဲကအတိုင်းနဲ့ ထပ်တူနီးပါးမြင်ကွင်းတူအောင် အချိန်များစွာပေးပြီး ရိုက်ယူခဲ့ပါတယ်။ အဲဒီနောက်တော့

သူဟာ နှစ်ပေါင်း ၆၀နီးပါးကွာခြားတဲ့ နေရာတစ်ခုရဲ့ ခြားနားချက်ကို ယှဉ်ပြီးမြင်လိုက်ရပါတော့တယ်။

အဲဒီနောက်တော့ သူဟာ ဒီလိုမျိုးကွာခြားတဲ့ ပုံရိပ်တွေကို ရိုက်ချင်သေးတာကြောင့် အွန်လိုင်းအရောင်းအဝယ်ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Ebay

ကနေ ပိုစ့်ကတ်ပုံပေါင်း ၆၀ခန့်ကို ရှာဖွေဝယ်ယူခဲ့ပါတယ်။ ရလာတဲ့ ပိုစ့်စကတ်တွေထဲက နေရာတွေကို အပြင်မှာရောက်အောင်သွားခဲ့ပြီး

ပိုစ့်စကတ်ထဲက မြင်ကွင်းအတိုင်းပဲ ဓာတ်ပုံတွေရိုက်ယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Abandoned States ဓာတ်ပုံစီးရီးကို အွန်လိုင်းပေါ်

တင်လိုက်တဲ့အခါမှာတော့ လူပေါင်းများစွာဟာ သူ့ရဲ့ဓာတ်ပုံတွေကို စိတ်ဝင်တစားကြည့်ရှု့ခဲ့ကြပါတယ်။ စိတ်ဝင်စားတဲ့

သုတဇုန်မိတ်ဆွေများ သူရိုက်ကူးထားတဲ့ ဓာတ်ပုံတချို့ကို ကြည့်ချင်ရင် အောက်မှာကြည့်ရှု့နိုင်ပါတယ်။