Tue. Dec 7th, 2021

Zawgyi

ဘုရားရွင္တိုင္းသည္ အဘယ့္ေၾကာင့္ လူပ်ိဳမဟုတ္ပဲ အိမ္ေထာင္ရွိ သူမ်ား ျဖစ္ေနၾကရပါသလဲ

လူပ်ိဳဘုရား ဘာေၾကာင့္ မရွိေကာင္းပါသလဲ

ဒကာ။ ။ “ ေဗာဓိ ကုကၠိဳ ေညာင္ထိုထို လူပ်ိဳဘုရား မရွိျငား”ဟူေသာ ေရွးေပါရာဏ စကားဆို႐ိုးအရ ဗုဒၶဝင္က်မ္းလာ ဘုရားရွင္ျဖစ္စဥ္ကို

ေလွ်ာက္ဖတ္ရာ လူပ်ိဳဘုရားကိုရွာမေတြ႕ဘူး ဆရာေတာ္၊ အဲဒါဘာေၾကာင့္လဲ၊ ရွင္းျပပါဦးဘုရား၊ အတိုဆုံးနည္းနဲ႔ သိလြယ္႐ုံပဲေပါ့။

ဆရာ။ ။ ႀကံႀကံဖန္ဖန္ ရွာရွာေဖြေဖြ ေမးတတ္တဲ့ ဒကာႀကီးေတြပဲကို၊ ဘုရားျဖစ္ဖို႔ရာ လုပ္ငန္းက်င့္စဥ္အဆင့္အတန္း သင္႐ိုးမာတိကာ သုံးဆယ္ထဲမွာ ေနကၡမၼပါရမီဆိုတဲ့

က်င့္စဥ္က သုံးမ်ိဳးပါတယ္၊ ကိုင္း…မွတ္သားထားၾကေပေတာ့။

(၁) ေနကၡမၼ ပါရမီ – အေႏွာင္အဖြဲ႕ အတြယ္အတာ အတားအဆီး ငဲ့စရာေတြ ေျပာပေလာက္ေအာင္မရွိဘဲ ႐ိုး႐ိုးေတာထြက္သြားျခင္းမ်ိဳး။

(၂) ဥပ ေနကၡမၼ ပါရမီ – ကိုယ္အဂၤါအစိတ္အပိုင္းႏွင့္တူေသာ မိဘ ေဆြမ်ိဳးနဲ႔ အိုးအိမ္ တိုက္တာ တိုင္းျပည္ႀကီး

စည္ထီးႏွင့္တကြ ရတနာ ေ႐ႊေငြ အေထြေထြတို႔ကို မငဲ့မညႇာဘဲ စြန႔္ခြာ၍ ေတာထြက္သြားျခင္းမ်ိဳး။

(၃) ပရမတၳ ေနကၡမၼ ပါရမီ – ေလာက၌ မ႐ုန္းႏိုင္ေအာင္ အႀကီးဆုံး အခိုင္ၿမဲဆုံးျဖစ္ေသာ အေႏွာင္အဖြဲ႕ႀကီးကား

မိမိ၏အသက္ႏွင့္တူေသာ ၾကင္ယာ သက္ထား သား မယားပင္ျဖစ္၏တဲ့၊ ေလာကခ်မ္းသာ အျပည့္အစုံခံ စံေနရေသာၾကားထဲမွ

သားမယားကို စြန႔္ပစ္ပယ္ခြာ၍ ယတိျပတ္ ထြက္သြားႏိုင္ဖို႔ကား အလြန္ခဲယဥ္းေသာအလုပ္ျဖစ္၏၊ မိမိအသက္ကို စြန႔္သြားရသည္ႏွင့္ တူ၏ တဲ့။

ဘုရားအေလာင္း တိုင္းသည္ ပရမတၳ ေနကၡမၼ ပါရမီေတာ္ျမတ္ကို ျဖည့္က်င့္ရ႐ိုးဓမၼတာျဖစ္၍ လူပ်ိဳႀကီး တကိုယ္တည္းဘဝနဲ႔ မေနရေခ်၊

ၾကင္ရာအသက္ ပါရမီဖက္ရွိရသည္၊ ယင္း ပရမတၳ ေနကၡမၼ ပါရမီေတာ္အတြက္ ျဖည့္စြက္ႏိုင္ရန္ အေၾကာင္းတရားမ်ားေၾကာင့္ပင္

“ေဗာဓိ ကုကၠိဳ ေညာင္ထိုထို လူပ်ိဳဘုရား မရွိျငား” ဟု ေရွးေပါရာဏစကား ျဖစ္လာသည္ ဟု မွတ္ၾကေပါ့၊

ဒါထက္ပို ၿပီးေတာ့ ရွင္းစရာ မလိုေတာ့ပါဘူး၊ ႀကံႀကံဖန္ဖန္ ေမးလို႔ သာသနာေတာ္နဲ႔ ကိုက္ညီေအာင္ ႀကံႀကံဖန္ဖန္ ေျဖရတာပဲ။

ဒကာ။ ။ သိပါၿပီဆရာေတာ္၊ ပါရမီဆယ္ပါး အျပားသုံးဆယ္ ထဲက ပရမတၳဥပ အတြက္ ေတာထြက္ႏိုင္ရန္ဆိုတာ ခု မွပဲ ရွင္းေတာ့တယ္ ဘုရား။

ဥတၱရအလင္း

Unicode

ဘုရားရှင်တိုင်းသည် အဘယ့်ကြောင့် လူပျိုမဟုတ်ပဲ အိမ်ထောင်ရှိ သူများ ဖြစ်နေကြရပါသလဲ

လူပျိုဘုရား ဘာကြောင့် မရှိကောင်းပါသလဲ

ဒကာ။ ။ “ ဗောဓိ ကုက္ကို ညောင်ထိုထို လူပျိုဘုရား မရှိငြား”ဟူသော ရှေးပေါရာဏ စကားဆိုရိုးအရ ဗုဒ္ဓဝင်ကျမ်းလာ ဘုရားရှင်ဖြစ်စဉ်ကို

လျှောက်ဖတ်ရာ လူပျိုဘုရားကိုရှာမတွေ့ဘူး ဆရာတော်၊ အဲဒါဘာကြောင့်လဲ၊ ရှင်းပြပါဦးဘုရား၊ အတိုဆုံးနည်းနဲ့ သိလွယ်ရုံပဲပေါ့။

ဆရာ။ ။ ကြံကြံဖန်ဖန် ရှာရှာဖွေဖွေ မေးတတ်တဲ့ ဒကာကြီးတွေပဲကို၊ ဘုရားဖြစ်ဖို့ရာ လုပ်ငန်းကျင့်စဉ်အဆင့်အတန်း သင်ရိုးမာတိကာ သုံးဆယ်ထဲမှာ နေက္ခမ္မပါရမီဆိုတဲ့

ကျင့်စဉ်က သုံးမျိုးပါတယ်၊ ကိုင်း…မှတ်သားထားကြပေတော့။

(၁) နေက္ခမ္မ ပါရမီ – အနှောင်အဖွဲ့ အတွယ်အတာ အတားအဆီး ငဲ့စရာတွေ ပြောပလောက်အောင်မရှိဘဲ ရိုးရိုးတောထွက်သွားခြင်းမျိုး။

(၂) ဥပ နေက္ခမ္မ ပါရမီ – ကိုယ်အင်္ဂါအစိတ်အပိုင်းနှင့်တူသော မိဘ ဆွေမျိုးနဲ့ အိုးအိမ် တိုက်တာ တိုင်းပြည်ကြီး

စည်ထီးနှင့်တကွ ရတနာ ရွှေငွေ အထွေထွေတို့ကို မငဲ့မညှာဘဲ စွန့်ခွာ၍ တောထွက်သွားခြင်းမျိုး။

(၃) ပရမတ္ထ နေက္ခမ္မ ပါရမီ – လောက၌ မရုန်းနိုင်အောင် အကြီးဆုံး အခိုင်မြဲဆုံးဖြစ်သော အနှောင်အဖွဲ့ကြီးကား

မိမိ၏အသက်နှင့်တူသော ကြင်ယာ သက်ထား သား မယားပင်ဖြစ်၏တဲ့၊ လောကချမ်းသာ အပြည့်အစုံခံ စံနေရသောကြားထဲမှ

သားမယားကို စွန့်ပစ်ပယ်ခွာ၍ ယတိပြတ် ထွက်သွားနိုင်ဖို့ကား အလွန်ခဲယဉ်းသောအလုပ်ဖြစ်၏၊ မိမိအသက်ကို စွန့်သွားရသည်နှင့် တူ၏ တဲ့။

ဘုရားအလောင်း တိုင်းသည် ပရမတ္ထ နေက္ခမ္မ ပါရမီတော်မြတ်ကို ဖြည့်ကျင့်ရရိုးဓမ္မတာဖြစ်၍ လူပျိုကြီး တကိုယ်တည်းဘဝနဲ့ မနေရချေ၊

ကြင်ရာအသက် ပါရမီဖက်ရှိရသည်၊ ယင်း ပရမတ္ထ နေက္ခမ္မ ပါရမီတော်အတွက် ဖြည့်စွက်နိုင်ရန် အကြောင်းတရားများကြောင့်ပင်

“ဗောဓိ ကုက္ကို ညောင်ထိုထို လူပျိုဘုရား မရှိငြား” ဟု ရှေးပေါရာဏစကား ဖြစ်လာသည် ဟု မှတ်ကြပေါ့၊

ဒါထက်ပို ပြီးတော့ ရှင်းစရာ မလိုတော့ပါဘူး၊ ကြံကြံဖန်ဖန် မေးလို့ သာသနာတော်နဲ့ ကိုက်ညီအောင် ကြံကြံဖန်ဖန် ဖြေရတာပဲ။

ဒကာ။ ။ သိပါပြီဆရာတော်၊ ပါရမီဆယ်ပါး အပြားသုံးဆယ် ထဲက ပရမတ္ထဥပ အတွက် တောထွက်နိုင်ရန်ဆိုတာ ခု မှပဲ ရှင်းတော့တယ် ဘုရား။

ဥတ္တရအလင်း