Sun. Nov 28th, 2021

Zawgyi

အိမ္ ေဆာက္ ေန ရင္ အုတ္ခဲ ေတြ မေပးလိုက္ပါ နဲ႔ ကြၽန္ ေတာ့္ကား ပ်က္သြားလို႔ ကားျပင္ဖို႔ ဝပ္ေရွာ့ ကို ပို႔ထား လိုက္ရ တယ္။

ဒါေၾကာင့္ ၿမိဳ႕ပတ္ရ ထားစီးၿပီး အ လုပ္သြား ဖို႔ အိမ္နဲ႔ သိပ္မ ေဝးတဲ့ ဘူ တာ ႐ုံ ကို လမ္းေလွ်ာက္သြားလိုက္တယ္။

ဘူ တာ ေရာက္ ေတာ့ ရ ထား လာ ဖို႔ ေစာင့္ ေန တုန္း ဘူ တာ ႐ုံပ လက္ေဖါင္းေပၚမွာ ခြက္ေလး တစ္လုံး ေရွ႕ခ်ၿပီး ငုတ္တုပ္ေလး ထိုင္ ေန တဲ့ အ သက္ ၅၀ အ ႐ြယ္ လူႀကီး

တစ္ေယာက္ကို သတိထ ားမိ လိုက္တယ္သူ ဟာ အ ဝတ္အ စား ႏြမ္းႏြမ္း ပါး ပါး ကို ဝတ္ထား တယ္။ သူ႔မ်က္ႏွာမွာ ထ မင္း အလြန္ဆာေနပုံ ေပၚေနတယ္။

ဒါေပမဲ့ သူ႔႐ုပ္ရည္ဟာ သန႔္ျပန႔္လို႔ သူေတာင္းစားတစ္ေယာက္ မဟုတ္ေလာက္ဘူးလို႔ ကြၽန္ေတာ္တြက္မိတယ္ကြၽန္ေတာ္လည္း

သူ႔ကို သနားတာနဲ႔ ဘူတာ႐ုံေဘးက ထမင္းတစ္ထုတ္ဝယ္ၿပီး သူ႔ဆီ သြားေပးလိုက္တယ္။ ဒီအခ်ိန္မွာ ရထားဝင္လာလို႔

သူ႔ကို စကားမေျပာႏိုင္ဘဲ လက္ထဲက ထမင္းထုတ္ကို ေပးၿပီး ရထားေပၚ အျမန္တက္လိုက္တယ္။

ကြၽန္ေတာ္ လွမ္းၾကည့္လိုက္ေတာ့ သူဟာ ကြၽန္ေတာ့္ကို အလြန္ေက်းဇူးတင္တဲ့ မ်က္ႏွာနဲ႔ လွမ္းၾကည့္ေနတာကို ျမင္လိုက္ရတယ္။

ကြၽန္ေတာ္ သူ႔အေၾကာင္းကို စဥ္းစားရင္း ညက ေတာ္ေတာ္နဲ႔ အိပ္မရဘူးဒီလူဟာ သူေတာင္းစား မဟုတ္ႏိုင္ဘူး။

သူ႔႐ုပ္ရည္ၾကည့္ရတာ အရင္က ခ်မ္းသာခဲ့တဲ့ လူတစ္ေယာက္ျဖစ္ႏိုင္တယ္သူ အခု ဘာေၾကာင့္ ေတာင္းစားေနရတာလဲဆိုတာကို

သိခ်င္ေနတယ္။ေနာက္ေန႔မွာ ကြၽန္ေတာ္ဟာ ပုံမွန္အလုပ္သြားခ်ိန္ထက္ေစာၿပီး အိမ္က ထြက္ခဲ့တယ္။

အရင္ေန႔က ေတြ႕ခဲ့တဲ့ အဲဒီလူႀကီးနဲ႔ စကားေျပာခ်င္လို႔ပါသူ႔ကို အရင္ေနရာမွာပဲ ခြက္တစ္လုံးေရွ႕ခ်ၿပီး ထိုင္ေနတာကို ေတြ႕ရျပန္တယ္။

ကြၽန္ေတာ္ အရင္ရက္ကလိုပဲ ထမင္းတစ္ထုတ္ အျမန္ဝယ္ၿပီး သူ႔ဆီသြားလိုက္တယ္။ သူ႔ကို ထမင္းထုတ္ေပးရင္း ကြၽန္ေတာ္သိခ်င္တာကို ေမးျမန္းၾကည့္လိုက္တယ္။

ဦးေလးကို ၾကည့္ရတာ အရင္က ခ်မ္းသာခဲ့တဲ့ လူတစ္ေယာက္ျဖစ္ခဲ့မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ အဲဒါ မွန္ရဲ႕လား

ခင္ဗ်မွန္ပါတယ္ကြယ္ဟင္ ဒါဆို အခု ဘာျဖစ္လို႔ ဆင္းရဲသြားရတာလဲဗ်။ ဦးေလးဟာ ရွိတဲ့ ပစၥည္းေတြကို ေလာင္းကစားလုပ္ၿပီး

ကုန္သြားလို႔လား၊ စီးပြားေရးလုပ္တာ ရႈံးသြားလို႔လား။ သားသမီးေတြ ႏွိပ္စက္လိုက္လို႔လား

မင္း ေျပာတာေတြ တစ္ခုမွ မဟုတ္ပါဘူးကြယ္ဒါဆို ဦးေလး ဘာျဖစ္လို႔ ဒီဘဝေရာက္ေနခဲ့ရတာလဲဗ်ငါ လူေတြကို

စိတ္ခ်မ္းသာေစခ်င္လို႔ ဒီဘဝေရာက္လာရတာပါဗ်ာ၊ လူေတြကို စိတ္ခ်မ္းသာေစခ်င္လို႔ ဒီဘဝေရာက္လာရတယ္ ဟုတ္လား။

ကြၽန္ေတာ္ နားမလည္လို႔ ရွင္းျပေပးပါလားလူႀကီးက ေဆြးေျမ့တဲ့ ေလသံနဲ႔ ခုလို ရွင္းျပပါတယ္။ငါဟာ အရင္က အေတာ္ေလး ခ်မ္းသာခဲ့တယ္။

အိမ္ေထာင္မရွိ လူပ်ိဳႀကီးတစ္ေယာက္ပါ။ ငါ့မွာ ေကာင္းတဲ့ အက်င့္လို႔ ေျပာရမလား၊ မေကာင္းတဲ့ အက်င့္လို႔ ေျပာရမလား မသိဘူး။

ငါဟာ ေငြေၾကးအခက္အခဲျဖစ္ေနတဲ့ လူေတြ ငါ့ဆီလာၿပီး အကူအညီေတာင္းရင္ ငါ ဘယ္ေတာ့မွ မျငင္းဘူး။ သူတို႔လိုသေလာက္

ပိုက္ဆံေတြ ေပးၿပီး ကူညီတယ္။ ငါဟာ အၿမဲကူညီတတ္တယ္ဆိုတာ ၾကားေတာ့ အကူအညီေတာင္းသူေတြလည္း အေတာ္မ်ားလာတယ္။

ငါ ပိုက္ဆံေပးလိုက္လို႔ သူတို႔ေပ်ာ္သြားတာကို ျမင္ရင္ ငါလည္း စိတ္ခ်မ္းသာတယ္။ ဒါေပမဲ့ ငါ့ပိုက္ဆံေတြကလည္း အေပးပဲရွိၿပီး

အရမရွိေတာ့ ေနာက္ဆုံး ကုန္သြားတာေပါ့ကြာ။ ငါလည္း ပိုက္ဆံမရွိေတာ့ ရွိတဲ့ ပစၥည္းေတြနဲ႔ အိမ္ကို ေရာင္းၿပီး စားေသာက္ရတယ္။

ေနာက္ဆုံး စားစရာမရွိေတာ့ ခုလို လမ္းေဘးေရာက္လာတာေပါ့ကြာဦးေလး၊ ခုလို ျဖစ္တဲ့အတြက္ ေနာင္တမရဘူးလားမရပါဘူး။

ဒါေပမဲ့ စိတ္မေကာင္းျဖစ္မိတာ တစ္ခုရွိတယ္ဘာကို စိတ္မေကာင္း ျဖစ္တာလဲ ဦးေလးေအးကြာ၊ ငါ လူေတြကို သနားလို႔ ငါ့ကိုယ္မွာ ဝတ္ထားတဲ့ အက်ႌကို ခြၽတ္ၿပီး ေပးလိုက္တယ္။

ငါ လိုအပ္ေနတဲ့ အခ်ိန္မွာ အက်ႌလက္ေလးတစ္ဖက္ကိုေတာင္ မေပးၾကဘူးကြာ။ ငါ့အေတြ႕အႀကဳံကေန မင္းကို အႀကံတစ္ခု ေပးမယ္ကြာ။

မင္း အိမ္တစ္လုံး ေဆာက္ၿပီး ေနစရာမရွိသူေတြကို လာေနခိုင္းလိုက္ပါ။ ဒါေပမဲ့ မင္းအိမ္ေဆာက္ေနတုန္းမွာ အုတ္ခဲေတြ လာေတာင္းရင္ မေပးလိုက္ပါနဲ႔။

ဘာေၾကာင့္လဲဆိုေတာ့ မင္းမွာ အုတ္ခဲမရွိေတာ့လို႔ အိမ္မေဆာက္ႏိုင္ရင္ မင္းမွာ ေနစရာ မရွိျဖစ္သြားမယ္ကြၽန္ေတာ္လည္း

ရထားဝင္လာလို႔ ရထားေပၚ အျမန္ေျပးတက္လိုက္တယ္။ လူႀကီးရဲ႕ စကားကို နားထဲမွာ ၾကားေယာင္ရင္း ခုလို စဥ္းစားေနမိတယ္။

ဟုတ္ပါတယ္။ အကူအညီလိုအပ္ေနသူေတြကို ကူညီတယ္ဆိုတာ အလြန္မြန္ျမတ္တဲ့ အလုပ္ပါ။ ဒါေပမဲ့ ကူညီရင္း ကူညီရင္းနဲ႔ မိမိကိုယ္တိုင္မြဲသြားရင္လည္း

မဟုတ္ေသးပါဘူးဒါေၾကာင့္ ကူညီရင္းနဲ႔ မမြဲေအာင္ မိမိကိုယ္ကို ျပည့္စုံတဲ့ ႀကီးပြားခ်မ္းသာသူတစ္ေယာက္ အရင္ ျဖစ္ေအာင္ လုပ္သင့္တယ္။

အခု ဘီလ္ဂိတ္၊ မာ့ခ္ဇူကာဘတ္တို႔လို႔ ကမာၻမွာ အခ်မ္းသာဆုံးဘီလ်ံနာသူေဌးႀကီးေတြ ျဖစ္လာၿပီး ေဒၚလာ ဘီလ်ံနာေပါင္းမ်ားစြာကို

လႉတန္းေပးေနသလိုေပါ့။ဒီလိုမွ မဟုတ္ဘဲ ေဝသႏၲရာမင္းႀကီးလို ဆင္ျဖဴေတာ္ပါမခ်န္ စည္းစိမ္ျပဳတ္ လႉတန္းႏိုင္ရင္ေတာ့

အေကာင္းဆုံးေပါ့ဗ်ာ။အင္တာနက္မွာ ဖတ္ရတဲ့ A l i m i t o f y o u r k i nd n e s s ေဆာင္းပါးေလးကို မွီျငမ္းေရးထားတာပါ။S o u r c e ဗန္းေမာ္သိန္းေဖ

Unicode

အိမ် ဆောက် နေ ရင် အုတ်ခဲ တွေ မပေးလိုက်ပါ နဲ့ ကျွန် တော့်ကား ပျက်သွားလို့ ကားပြင်ဖို့ ဝပ်ရှော့ ကို ပို့ထား လိုက်ရ တယ်။

ဒါကြောင့် မြို့ပတ်ရ ထားစီးပြီး အ လုပ်သွား ဖို့ အိမ်နဲ့ သိပ်မ ဝေးတဲ့ ဘူ တာ ရုံ ကို လမ်းလျှောက်သွားလိုက်တယ်။

ဘူ တာ ရောက် တော့ ရ ထား လာ ဖို့ စောင့် နေ တုန်း ဘူ တာ ရုံပ လက်ဖေါင်းပေါ်မှာ ခွက်လေး တစ်လုံး ရှေ့ချပြီး ငုတ်တုပ်လေး ထိုင် နေ တဲ့ အ သက် ၅၀ အ ရွယ် လူကြီး

တစ်ယောက်ကို သတိထ ားမိ လိုက်တယ်သူ ဟာ အ ဝတ်အ စား နွမ်းနွမ်း ပါး ပါး ကို ဝတ်ထား တယ်။ သူ့မျက်နှာမှာ ထ မင်း အလွန်ဆာနေပုံ ပေါ်နေတယ်။

ဒါပေမဲ့ သူ့ရုပ်ရည်ဟာ သန့်ပြန့်လို့ သူတောင်းစားတစ်ယောက် မဟုတ်လောက်ဘူးလို့ ကျွန်တော်တွက်မိတယ်ကျွန်တော်လည်း

သူ့ကို သနားတာနဲ့ ဘူတာရုံဘေးက ထမင်းတစ်ထုတ်ဝယ်ပြီး သူ့ဆီ သွားပေးလိုက်တယ်။ ဒီအချိန်မှာ ရထားဝင်လာလို့

သူ့ကို စကားမပြောနိုင်ဘဲ လက်ထဲက ထမင်းထုတ်ကို ပေးပြီး ရထားပေါ် အမြန်တက်လိုက်တယ်။

ကျွန်တော် လှမ်းကြည့်လိုက်တော့ သူဟာ ကျွန်တော့်ကို အလွန်ကျေးဇူးတင်တဲ့ မျက်နှာနဲ့ လှမ်းကြည့်နေတာကို မြင်လိုက်ရတယ်။

ကျွန်တော် သူ့အကြောင်းကို စဉ်းစားရင်း ညက တော်တော်နဲ့ အိပ်မရဘူးဒီလူဟာ သူတောင်းစား မဟုတ်နိုင်ဘူး။

သူ့ရုပ်ရည်ကြည့်ရတာ အရင်က ချမ်းသာခဲ့တဲ့ လူတစ်ယောက်ဖြစ်နိုင်တယ်သူ အခု ဘာကြောင့် တောင်းစားနေရတာလဲဆိုတာကို

သိချင်နေတယ်။နောက်နေ့မှာ ကျွန်တော်ဟာ ပုံမှန်အလုပ်သွားချိန်ထက်စောပြီး အိမ်က ထွက်ခဲ့တယ်။

အရင်နေ့က တွေ့ခဲ့တဲ့ အဲဒီလူကြီးနဲ့ စကားပြောချင်လို့ပါသူ့ကို အရင်နေရာမှာပဲ ခွက်တစ်လုံးရှေ့ချပြီး ထိုင်နေတာကို တွေ့ရပြန်တယ်။

ကျွန်တော် အရင်ရက်ကလိုပဲ ထမင်းတစ်ထုတ် အမြန်ဝယ်ပြီး သူ့ဆီသွားလိုက်တယ်။ သူ့ကို ထမင်းထုတ်ပေးရင်း ကျွန်တော်သိချင်တာကို မေးမြန်းကြည့်လိုက်တယ်။

ဦးလေးကို ကြည့်ရတာ အရင်က ချမ်းသာခဲ့တဲ့ လူတစ်ယောက်ဖြစ်ခဲ့မယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါ မှန်ရဲ့လား

ခင်ဗျမှန်ပါတယ်ကွယ်ဟင် ဒါဆို အခု ဘာဖြစ်လို့ ဆင်းရဲသွားရတာလဲဗျ။ ဦးလေးဟာ ရှိတဲ့ ပစ္စည်းတွေကို လောင်းကစားလုပ်ပြီး

ကုန်သွားလို့လား၊ စီးပွားရေးလုပ်တာ ရှုံးသွားလို့လား။ သားသမီးတွေ နှိပ်စက်လိုက်လို့လား

မင်း ပြောတာတွေ တစ်ခုမှ မဟုတ်ပါဘူးကွယ်ဒါဆို ဦးလေး ဘာဖြစ်လို့ ဒီဘဝရောက်နေခဲ့ရတာလဲဗျငါ လူတွေကို

စိတ်ချမ်းသာစေချင်လို့ ဒီဘဝရောက်လာရတာပါဗျာ၊ လူတွေကို စိတ်ချမ်းသာစေချင်လို့ ဒီဘဝရောက်လာရတယ် ဟုတ်လား။

ကျွန်တော် နားမလည်လို့ ရှင်းပြပေးပါလားလူကြီးက ဆွေးမြေ့တဲ့ လေသံနဲ့ ခုလို ရှင်းပြပါတယ်။ငါဟာ အရင်က အတော်လေး ချမ်းသာခဲ့တယ်။

အိမ်ထောင်မရှိ လူပျိုကြီးတစ်ယောက်ပါ။ ငါ့မှာ ကောင်းတဲ့ အကျင့်လို့ ပြောရမလား၊ မကောင်းတဲ့ အကျင့်လို့ ပြောရမလား မသိဘူး။

ငါဟာ ငွေကြေးအခက်အခဲဖြစ်နေတဲ့ လူတွေ ငါ့ဆီလာပြီး အကူအညီတောင်းရင် ငါ ဘယ်တော့မှ မငြင်းဘူး။ သူတို့လိုသလောက်

ပိုက်ဆံတွေ ပေးပြီး ကူညီတယ်။ ငါဟာ အမြဲကူညီတတ်တယ်ဆိုတာ ကြားတော့ အကူအညီတောင်းသူတွေလည်း အတော်များလာတယ်။

ငါ ပိုက်ဆံပေးလိုက်လို့ သူတို့ပျော်သွားတာကို မြင်ရင် ငါလည်း စိတ်ချမ်းသာတယ်။ ဒါပေမဲ့ ငါ့ပိုက်ဆံတွေကလည်း အပေးပဲရှိပြီး

အရမရှိတော့ နောက်ဆုံး ကုန်သွားတာပေါ့ကွာ။ ငါလည်း ပိုက်ဆံမရှိတော့ ရှိတဲ့ ပစ္စည်းတွေနဲ့ အိမ်ကို ရောင်းပြီး စားသောက်ရတယ်။

နောက်ဆုံး စားစရာမရှိတော့ ခုလို လမ်းဘေးရောက်လာတာပေါ့ကွာဦးလေး၊ ခုလို ဖြစ်တဲ့အတွက် နောင်တမရဘူးလားမရပါဘူး။

ဒါပေမဲ့ စိတ်မကောင်းဖြစ်မိတာ တစ်ခုရှိတယ်ဘာကို စိတ်မကောင်း ဖြစ်တာလဲ ဦးလေးအေးကွာ၊ ငါ လူတွေကို သနားလို့ ငါ့ကိုယ်မှာ ဝတ်ထားတဲ့ အင်္ကျီကို ချွတ်ပြီး ပေးလိုက်တယ်။

ငါ လိုအပ်နေတဲ့ အချိန်မှာ အင်္ကျီလက်လေးတစ်ဖက်ကိုတောင် မပေးကြဘူးကွာ။ ငါ့အတွေ့အကြုံကနေ မင်းကို အကြံတစ်ခု ပေးမယ်ကွာ။

မင်း အိမ်တစ်လုံး ဆောက်ပြီး နေစရာမရှိသူတွေကို လာနေခိုင်းလိုက်ပါ။ ဒါပေမဲ့ မင်းအိမ်ဆောက်နေတုန်းမှာ အုတ်ခဲတွေ လာတောင်းရင် မပေးလိုက်ပါနဲ့။

ဘာကြောင့်လဲဆိုတော့ မင်းမှာ အုတ်ခဲမရှိတော့လို့ အိမ်မဆောက်နိုင်ရင် မင်းမှာ နေစရာ မရှိဖြစ်သွားမယ်ကျွန်တော်လည်း

ရထားဝင်လာလို့ ရထားပေါ် အမြန်ပြေးတက်လိုက်တယ်။ လူကြီးရဲ့ စကားကို နားထဲမှာ ကြားယောင်ရင်း ခုလို စဉ်းစားနေမိတယ်။

ဟုတ်ပါတယ်။ အကူအညီလိုအပ်နေသူတွေကို ကူညီတယ်ဆိုတာ အလွန်မွန်မြတ်တဲ့ အလုပ်ပါ။ ဒါပေမဲ့ ကူညီရင်း ကူညီရင်းနဲ့ မိမိကိုယ်တိုင်မွဲသွားရင်လည်း

မဟုတ်သေးပါဘူးဒါကြောင့် ကူညီရင်းနဲ့ မမွဲအောင် မိမိကိုယ်ကို ပြည့်စုံတဲ့ ကြီးပွားချမ်းသာသူတစ်ယောက် အရင် ဖြစ်အောင် လုပ်သင့်တယ်။

အခု ဘီလ်ဂိတ်၊ မာ့ခ်ဇူကာဘတ်တို့လို့ ကမ္ဘာမှာ အချမ်းသာဆုံးဘီလျံနာသူဌေးကြီးတွေ ဖြစ်လာပြီး ဒေါ်လာ ဘီလျံနာပေါင်းများစွာကို

လှူတန်းပေးနေသလိုပေါ့။ဒီလိုမှ မဟုတ်ဘဲ ဝေသန္တရာမင်းကြီးလို ဆင်ဖြူတော်ပါမချန် စည်းစိမ်ပြုတ် လှူတန်းနိုင်ရင်တော့

အကောင်းဆုံးပေါ့ဗျာ။အင်တာနက်မှာ ဖတ်ရတဲ့ A l i m i t o f y o u r k i nd n e s s ဆောင်းပါးလေးကို မှီငြမ်းရေးထားတာပါ။S o u r c e ဗန်းမော်သိန်းဖေ