Sun. Nov 28th, 2021

Zawgyi

စကားေတာင္ မေျပာတတ္ေသး၊ လမ္းေတာင္ သိပ္မေလွ်ာက္တတ္ေသးတဲ့ ကေလးေလးတစ္ေယာက္ဟာ အေၾကာက္အလန႔္မရွိ

ေႁမြႀကီးေတြနဲ႔ လုံးေထြးကစားေနတဲ့ ဗီဒီယိုဖိုင္ကေတာ့ ယခုရက္ပိုင္း အြန္လိုင္းေပၚက လူေတြကို မ်က္လုံးျပဴးသြားေစခဲ့ပါတယ္။

ကေလးေလးကို သူ႔ဖခင္က ဗီဒီယို႐ိုက္ေပးေနတာျဖစ္ၿပီး ကေလးေလးက ေကာ္ေဇာကို လွန္လိုက္ခ်ိန္မွာေတာ့ အေကာင္ေပါင္းမ်ားစြာ

လူးလြန႔္ေနတဲ့ ေႁမြအေခြအပုံလိုက္ႀကီး ထြက္ေပၚလာခဲ့ပါတယ္။ ကေလးငယ္ေလးက ေႁမြသိုက္ႀကီးထဲက ေႁမြေတြကို ဆြဲထုတ္ယူေနခဲ့ခ်ိန္မွာလည္း

သူ႔မိဘေတြက ဝိုင္းအားေပးေနခဲ့ၾကပါတယ္။ ကေလးေလးဟာ ေႁမြေတြကို ဆြဲထုတ္ကာ သူ႔မိဘေတြကို ျပန္ျပေနခဲ့ၿပီး ပါးစပ္ကလည္း စကားေတြကို မသဲမကြဲ ေျပာေနခဲ့ပါေသးတယ္။

မိမိရဲ႕ရင္ေသြး တစ္စုံတစ္ရာ ထိခိုက္သြားမွာ စိုးရိမ္ပုံမရတဲ့ ဖခင္ကလည္း ကေလးေလး လာေပးတဲ့ ေႁမြေတြကို ယူယူၿပီး အိတ္ႀကီးထဲ ထည့္ေနခဲ့ပါတယ္။

ထိုဗီဒီယိုဖိုင္ကေတာ့ တ႐ုတ္ႏိုင္ငံတစ္ေနရာမွာ ႐ိုက္ကူးခဲ့တယ္လို႔ ယူဆရၿပီး ၎တို႔ မိသားစုဟာ ေႁမြေမြးျမဴေရး လုပ္ကိုင္ေနတယ္လို႔ ဆိုၾကပါတယ္။

ဗီဒီယိုၿပီးခါနီးမွာေတာ့ ကေလးမိခင္ဟာ ကေလးကို ေႁမြေတြနဲ႔ ေဆာ့ခ်ိန္ ၿပီးၿပီဆိုတဲ့ ပုံနဲ႔ ကေလးေလးကို ဂိုေဒါင္ထဲကေန ေခၚထုတ္လိုက္ပါတယ္။

ကေလးငယ္ေလးကေတာ့ ေႁမြေတြနဲ႔ ဆက္ေဆာ့ခ်င္ေနေသးလို႔ ဂ်ီက်ေနခဲ့ပါေသးတယ္။Source, mmrenew

Unicode

စကားတောင် မပြောတတ်သေး၊ လမ်းတောင် သိပ်မလျှောက်တတ်သေးတဲ့ ကလေးလေးတစ်ယောက်ဟာ အကြောက်အလန့်မရှိ

မြွေကြီးတွေနဲ့ လုံးထွေးကစားနေတဲ့ ဗီဒီယိုဖိုင်ကတော့ ယခုရက်ပိုင်း အွန်လိုင်းပေါ်က လူတွေကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။

ကလေးလေးကို သူ့ဖခင်က ဗီဒီယိုရိုက်ပေးနေတာဖြစ်ပြီး ကလေးလေးက ကော်ဇောကို လှန်လိုက်ချိန်မှာတော့ အကောင်ပေါင်းများစွာ

လူးလွန့်နေတဲ့ မြွေအခွေအပုံလိုက်ကြီး ထွက်ပေါ်လာခဲ့ပါတယ်။ ကလေးငယ်လေးက မြွေသိုက်ကြီးထဲက မြွေတွေကို ဆွဲထုတ်ယူနေခဲ့ချိန်မှာလည်း

သူ့မိဘတွေက ဝိုင်းအားပေးနေခဲ့ကြပါတယ်။ ကလေးလေးဟာ မြွေတွေကို ဆွဲထုတ်ကာ သူ့မိဘတွေကို ပြန်ပြနေခဲ့ပြီး ပါးစပ်ကလည်း စကားတွေကို မသဲမကွဲ ပြောနေခဲ့ပါသေးတယ်။

မိမိရဲ့ရင်သွေး တစ်စုံတစ်ရာ ထိခိုက်သွားမှာ စိုးရိမ်ပုံမရတဲ့ ဖခင်ကလည်း ကလေးလေး လာပေးတဲ့ မြွေတွေကို ယူယူပြီး အိတ်ကြီးထဲ ထည့်နေခဲ့ပါတယ်။

ထိုဗီဒီယိုဖိုင်ကတော့ တရုတ်နိုင်ငံတစ်နေရာမှာ ရိုက်ကူးခဲ့တယ်လို့ ယူဆရပြီး ၎င်းတို့ မိသားစုဟာ မြွေမွေးမြူရေး လုပ်ကိုင်နေတယ်လို့ ဆိုကြပါတယ်။

ဗီဒီယိုပြီးခါနီးမှာတော့ ကလေးမိခင်ဟာ ကလေးကို မြွေတွေနဲ့ ဆော့ချိန် ပြီးပြီဆိုတဲ့ ပုံနဲ့ ကလေးလေးကို ဂိုဒေါင်ထဲကနေ ခေါ်ထုတ်လိုက်ပါတယ်။

ကလေးငယ်လေးကတော့ မြွေတွေနဲ့ ဆက်ဆော့ချင်နေသေးလို့ ဂျီကျနေခဲ့ပါသေးတယ်။Source, mmrenew