Zawgyi










Unicode

အခုခေတ္တနောက်ပိုင်း လူတော်တော်များများမှာတွေ့ရလာတက်ကြပါတယ် တချို့သောလူတွေရဲ့လောဘစိက်တွေကအတောမသက်နိုင်ကြပါဘူး။

ကျနောတို့ ဘက် မှာ လဲ ငယ်ငယ်ကထဲတွေခဲ့ရပါတယ် တချို့လူတွေကလမ်းတွေပေါ်ကို မသိမသာကနေသိသိသာသာလေးခြံစည်းရိုးတွေတိုးလာကြတယ်။

လယ်ကသင်း နောက်ဘက်လမ်းဒါတွေပါသူတို့မြေအဖြစ်တဖြေးဖြေးဝါးမျိုလာကြတယ်လောဘစိက်ကြောင့်

တစ်ထွာ တစ်တောင် တစ်လန် ဒါလောက်ရကြတယ် ဒါ တွေကိုသူတို့တွေကအကျေနပ်ကြီးကျေနပ်နေကြတယ်။

ငယ်ငယ်အမေပြောပြဖူးတယ် မြေကြီးခိုးတဲ့သူဟာသေလွန်သွားပြီးနောက်မှာပိတ္တာဘဝနဲ့သူ လူဘဝတုန်းကခိုးထား

ခဲ့တဲ့မြေကြီးကိုအမြဲထမ်းပိုးထားရတယ်တဲ့ ဒါနဲ့ တင် မကသေးဘူး သူမှာစားစရာမရှိတဲ့အတွက်မြေကြီးကိုသာစားရတယ်။

အဲ့ဒီဒုက္ခကြီးကိုခံ ပြီးတော့ ကိုကခိုးခဲ့ပင်မဲ့ကောင်းစားတော့ကျန်နေခဲ့တဲ့သူတွေသာကောင်းစားတယ်။ကျန်နေခဲ့တဲ့သူတွေကလဲ

သိတက်လို့ ရေစက်ချအမျှဝေတာ တောင်သင့်ဝဋ်ကြွေးမကုန်မချင်းသင်ဘယ်တော့မှ သာဓု ခေါ်နိုင်မှာမဟုက်ပါဘူး။

မြေကြီးရဲ့တန်ဖိုးနဲ့အမျှသင်ဝဋ်ကြွေးကိုပေးဆက်နေရမှာပဲ ကြောက်စရာကောင်းတဲ့လောဘတခုကိုတော့ ဘယ်တော့မှလောဘမတက်မိကြပါစေနဲ့လို့ပြောပါရစေ။