Zawgyi

ဘာေၾကာင့္ေျခသုတ္ေပးရသလဲ

အေမး အလႉအိမ္ေတြမွာ ဘုန္းႀကီးေတြႂကြလာရင္ ဘာလို႔ တံခါးဝမွာေစာင့္ၿပီး ေျခသုတ္ေပးရတာလဲ

ကိုယ့္ဘာသာသုတ္ရင္ေရာမရဘူးလား အားလုံးအျမင္ရွင္းေအာင္ ေျဖၾကားေပးပါဘုရား

အေျဖ ဘုန္းေတာ္မ်ားႀကီးမ်ား အိမ္ႂကြလာရင္ အိမ္ရွင္က ေျခသုတ္ေပးရမယ္လို႔ ပညတ္ခ်က္မရွိသလို ဘုန္းႀကီးမ်ားကလည္း မသုတ္ခိုင္းပါဘူး။

ဒါျဖင့္ ဘာေၾကာင့္ ဒီလိုလုပ္ေနတာလည္းဆိုရင္ ဒကကာမေတြမွာရွိတဲ့ စဈမွန်တဲ့သဒ္ဓါတရားကေန ထြက္ေပၚလာတဲ့ လုပ္ရပ္ေတြပါလို႔ ေျပာခ်င္တယ္။

ဘုရားရွင္က ကုသိုလ္မွန္သမွ် ျပည့္စုံေအာင္လုပ္ၾက လို႔ မိန႔္ေတာ္မူရာမွာ ကုသိုလ္ရႏိုင္တဲ့တရား ဆယ္မ်ိဳးရွိတယ္ ဒါကို ကုသလကမၼပထ

(၁၀)ပါးလို႔လည္း ေခၚတယ္ ထိုကုသိုလ္ ဆယ္မ်ိဳးထဲမွာ ေဝယ်ာေဝစၥကုသိုလ္ဆိုတာ ပါတယ္။

အဓိပ္ပါယ်ကေတာ့ ရတနာသုံးပါးနဲ႔စပ္တဲ့ ေဝယ်ာေဝစၥကုသိုလ္ပါပဲ၊ ဒီေဝယ်ာေဝစၥကုသိုလ္ဆိုတာ သီလကုသိုလ္ထဲမွာ ပါဝင္တယ္။

အခုလို အိမ္ႂကြလာတဲ့ ဘုန္းေတာ္ႀကီးမ်ားကို ေျခသုတ္ေပးတယ္ဆိုတာကလည္း သံဃာေတာ္မ်ားနဲ႔စပ္တဲ့ ေဝယ်ာေဝစၥကုသိုလ္ကို သူတို႔ရယူခ်င္လို႔ပါပဲ။

ဘုန္းေတာ္ႀကီးမ်ားမွာ ဘယ္သူမွ မသုတ္ေပးလဲ စိတ္ညိဳျငင္မႈ မျဖစ္ပါဘူး ေျခသုတ္မေပးရင္ ငါ့ကို သုတ္ေပးစမ္းကြ လို႔လည္း ဘယ္ရဟန္းေတာ္မွ မခိုင္းပါဘူး။

ဒါေပမယ့္ သူတို႔ကို ခိုင္းေနတာေတာ့ ရွိတယ္ အဲဒါက ကုသိုလ္ျဖစ္ေအာင္ ဖန္တီးလႈံ႕ေဆာ္ေပးတဲ့ သူတို႔ရင္ထဲကလာတဲ့ သဒ္ဓါတရားပါပဲ။

မသိတာေလးကို သိခြင့္ရခဲ့ပါသည္ ထိုသိတာေလးကိုမသိေသးသူမ်ားအတြက္ျပန္လည္မွ်ေဝေပးျခင္းျဖစ္ပါသည္။(Credit)

Unicode

ဘာကြောင့်ခြေသုတ်ပေးရသလဲ

အမေး အလှူအိမ်တွေမှာ ဘုန်းကြီးတွေကြွလာရင် ဘာလို့ တံခါးဝမှာစောင့်ပြီး ခြေသုတ်ပေးရတာလဲ

ကိုယ့်ဘာသာသုတ်ရင်ရောမရဘူးလား အားလုံးအမြင်ရှင်းအောင် ဖြေကြားပေးပါဘုရား

အဖြေ ဘုန်းတော်များကြီးများ အိမ်ကြွလာရင် အိမ်ရှင်က ခြေသုတ်ပေးရမယ်လို့ ပညတ်ချက်မရှိသလို ဘုန်းကြီးများကလည်း မသုတ်ခိုင်းပါဘူး။

ဒါဖြင့် ဘာကြောင့် ဒီလိုလုပ်နေတာလည်းဆိုရင် ဒကကာမတွေမှာရှိတဲ့ စဈမှနျတဲ့သဒ်ဓါတရားကနေ ထွက်ပေါ်လာတဲ့ လုပ်ရပ်တွေပါလို့ ပြောချင်တယ်။

ဘုရားရှင်က ကုသိုလ်မှန်သမျှ ပြည့်စုံအောင်လုပ်ကြ လို့ မိန့်တော်မူရာမှာ ကုသိုလ်ရနိုင်တဲ့တရား ဆယ်မျိုးရှိတယ်

ဒါကို ကုသလကမ္မပထ (၁၀)ပါးလို့လည်း ခေါ်တယ် ထိုကုသိုလ် ဆယ်မျိုးထဲမှာ ဝေယျာဝေစ္စကုသိုလ်ဆိုတာ ပါတယ်။

အဓိပ်ပါယျကတော့ ရတနာသုံးပါးနဲ့စပ်တဲ့ ဝေယျာဝေစ္စကုသိုလ်ပါပဲ၊ ဒီဝေယျာဝေစ္စကုသိုလ်ဆိုတာ သီလကုသိုလ်ထဲမှာ ပါဝင်တယ်။

အခုလို အိမ်ကြွလာတဲ့ ဘုန်းတော်ကြီးများကို ခြေသုတ်ပေးတယ်ဆိုတာကလည်း သံဃာတော်များနဲ့စပ်တဲ့ ဝေယျာဝေစ္စကုသိုလ်ကို သူတို့ရယူချင်လို့ပါပဲ။

ဘုန်းတော်ကြီးများမှာ ဘယ်သူမှ မသုတ်ပေးလဲ စိတ်ညိုငြင်မှု မဖြစ်ပါဘူး ခြေသုတ်မပေးရင် ငါ့ကို သုတ်ပေးစမ်းကွ လို့လည်း ဘယ်ရဟန်းတော်မှ မခိုင်းပါဘူး။

ဒါပေမယ့် သူတို့ကို ခိုင်းနေတာတော့ ရှိတယ် အဲဒါက ကုသိုလ်ဖြစ်အောင် ဖန်တီးလှုံ့ဆော်ပေးတဲ့ သူတို့ရင်ထဲကလာတဲ့ သဒ်ဓါတရားပါပဲ။

မသိတာလေးကို သိခွင့်ရခဲ့ပါသည် ထိုသိတာလေးကိုမသိသေးသူများအတွက်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။(Credit)