Zawgyi

ေ႐ႊတိဂုံဘုရားႀကီးႏွင့္ ဆက္ႏြယ္ေနၿပီး ေက်ာက္႐ုပ္ျဖစ္သြားသည့္ (ေမာင္ကံ)သမိုင္းေၾကာင္း

တစ္ခါက ဒဂုံၿမိဳ႕တြင္ ႐ိုးသားစြာ လယ္ယာလုပ္ကိုင္ေသာ ေမာင္ကံအမည္ရွိ လူငယ္တစ္ဦး ရွိေလ၏။ လြန္စြာသန္မာထြားက်ိဳင္းသည္ ဆို၏။

တစ္ေန႔တြင္ ရေသ့တစ္ပါးက (မူကြဲမ်ားတြင္ ေဇာ္ဂ်ီဟုလည္းဆို) မိမိ၏ ထြက္ရပ္လမ္းအတြက္ လိုအပ္ေသာ

ပုဂၢိဳလ္လိုက္ရွာရာ ေမာင္ကံအား ေတြ႕သျဖင့္ မိမိအား ကူညီပါမည္လားေမးျမန္းရာ ေမာင္ကံလည္း ဝမ္းေျမာက္ဝမ္းသာ လက္ခံေလ၏။

သို႔ရာတြင္ ရေသ့က ေမာင္ကံ၏ သတၱိကိုစမ္းလိုသျဖင့္ ငါခုန္သလို လိုက္ခုန္စမ္းပါလွည့္ ဟုဆိုကာ ကန္တစ္ခုအားခုန္ေက်ာ္ျပေလ၏။

ကန္မွ ာအေတာ္က်ယ္ေသာ္လည္း ရေသ့မွာ ေခ်ာေမာစြာပင္ တစ္ဖက္ကမ္းသို႔ ေရာက္ေလ၏။ ေမာင္ကံလည္း မာန္ကိုသြင္း၍

ခုန္ေသာ္လည္း ရေသ့က တန္ခိုးျပေသာေၾကာင့္ ကမ္းေပၚမေရာက္ဘဲ ေဘာင္ေပၚက်ကာ ကန္ပဲ့သြားေလ၏။ ( ထိုအရပ္ကို ယေန႔တိုင္ ကံဘဲ့ဟု ေခၚေလသည္။)

ထို႔ေနာက္ ရေသ့က ေမာင္ကံအား စည္းတစ္ခု တားေပးကာ ေဆးလုံးသုံးလုံး ေပးေလ၏။ မိမိက ေပါက္ဟုေအာ္လွ်င္ ေဆးတစ္လုံးသာ

ေပါက္ရန္မွာကာ မည္သည့္ရန္သူလာလာ စည္းကို မေက်ာ္ရန္ မွာၾကားေလ၏။ ပထမ တစ္ေခါက္တြင္ ဆင္႐ိုင္းအုပ္ႀကီး သည္လည္းေကာင္း၊

ဒုတိယအေခါက္တြင္ မိုးႀကိဳးမုန္တိုင္းမ်ားက်၍ လည္းေကာင္း၊တတိယအေခါက္တြင္ ဘီလူးသရဲမ်ား ေရာက္၍ေသာ္လည္းေကာင္း

အေႏွာင့္အယွက္မ်ား လာေသာ္လည္း ေမာင္ကံသည္ တည္ၿငိမ္စြာ ရင္ဆိုင္ႏိုင္ခဲ့သည္ ဆို၏။ ရေသ့လည္း ထြက္ရပ္ေပါက္၍

အလိုျပည့္သည့္အခါ ေမာင္ကံကိုေက်းဇူးတင္သျဖင့္ ေျမလွ်ိဳးမိုးပ်ံ ႏိုင္ေသာ လွံရွည္ကို ေပးအပ္ခဲ့ေလ၏။

ေမာင္ကံလည္း ထိုလွံပ်ံ တန္ခိုးျဖင့္ လွည့္လည္သြားလာရင္း ဂႏၶာလရာဇ္တိုင္း(တ႐ုတ္ျပည္)ထိ ေရာက္ကာတ႐ုတ္ဥတည္မင္း၏

သမီးေတာ္ၾကင္စာရီႏွင့္ ေတြ႕ေလ၏။ ၾကင္စာရီမွာလည္း အစြမ္းထက္ေသာ မြန္လူစြမ္းေကာင္းအား ေမတၱာသက္ဝင္

ႏွစ္သက္သြားကာ မ်ားမၾကာမီ ခ်စ္သူမ်ား ျဖစ္သြားၾကေလ၏။ လအနည္းငယ္ အၾကာတြင္

ပဋိသေႏၶခေလ၏။ ထိုအေၾကာင္းကို ဥတည္မင္း သိလွ်င္ ေမာင္ကံအားေခၚ၍ “မြန္လူစြမ္းေကာင္းငယ္၊ သင္တို႔ဟံသာဝတီျပည္မွ

တန္ခိုးႀကီး ဘုရားေ႐ႊတိဂုံတြင္ ျမတ္ဗုဒၶ၏ ဆံေတာ္အစစ္ကို ဌာပနာထားသည္ မဟုတ္တုံေလာ၊ ငါလည္း ကိုးကြယ္ခ်င္ပါ၏။

ငါ့ထံသို႔ ဆံေတာ္မ်ား ေဆာင္က်ဥ္းေပးၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ သင့္အား သမီးေတာ္ႏွင့္ ထိမ္းျမားကာ အိမ္ေရွ႕အရာေပးအံ့”

ေမာင္ကံလည္း ခ်စ္ရသူႏွင့္ ေဝးမည္စိုးသျဖင့္ ခ်က္ခ်င္းပင္ ေဆာင္ယူမည္ျဖစ္ေၾကာင္း ကတိေပးကာ လွံရွည္အားခြလ်က္ ေမြးရပ္ေျမသို႔ ပ်ံထြက္ခဲ့ေလ၏။

ၾကာျမင့္စြာ ပ်ံသန္း၍ တစ္ေနရာသို႔အေရာက္တြင္ ေမာၿပီဟုဆိုကာ လွံကို ေထာက္လ်က္နားေလ၏။ (ထိုအရပ္ကို ေမွာ္ဘီဟု ယေန႔တိုင္တြင္ေလ၏)

အေမာေျပ၍ ဆက္လက္ပ်ံသန္းရင္း စမ္းေခ်ာင္းတစ္ခုကိုေတြ႕၍ ေရဆင္းေသာက္ခဲ့ေသးသည္ဆို၏။ (ထိုအရပ္ကို စမ္းေခ်ာင္းဟု ယေန႔တိုင္ တြင္ေလ၏။)

ထို႔ေနာက္ ဆက္လက္ပ်ံသန္းခဲ့ရာ ေ႐ႊတိဂုံေစတီေတာ္ကို ၾကည့္လွ်င္ ျမင္ႏိုင္သည့္ ေနရာသို႔ေရာက္ေလ၏။ (ထိုအရပ္မွာ ယေန႔ ၾကည့္ျမင္တိုင္ ဟုေခၚေသာအရပ္ပင္ ျဖစ္သည္။)

တစ္ေနရာတြင္မူ ေမာင္ကံသည္ ရပ္၍စဥ္းစား၏။ “ဘုရားဆံေတာ္ကို ခိုးယူျခင္းမွာ အကုသိုလ္ ႀကီးမားေပမည္။ အို မျဖစ္ေခ်ပါဘူး။

ဆံေတာ္မပါလွ်င္ ၾကင္စာရီ ႏွင့္ေဝးရခ်ည့္။ မည္သို႔ပင္ျဖစ္ေစ ေ႐ႊတိဂုံတိုင္ေအာင္ သြားေတာ့မည္။” ( ထိုအရပ္ကို ေ႐ႊဂုံတိုင္ဟု ယေန႔တိုင္ တြင္ေလ၏)

ဘုရားကို ျမင္ရေသာ္လည္း အကုသိုလ္ အလုပ္လုပ္မည့္ေမာင္ကံသည္ လမ္းလည္လ်က္ ေနေလ၏။ တစ္ေနရာတြင္ ႀကီးမားေသာ ေႁမြႀကီးတစ္ေကာင္က ေမာင္ကံအား တားေလ၏။

သို႔ေသာ္ ထိုေႁမြႀကီးမွာ ေမာင္ကံလက္ခ်က္ျဖင့္ဇီဝိန္ခ်ဳပ္ေလသည္။ (ထိုအရပ္ကို တားေႁမြဟုေခၚရာမွ ယေန႔ တာေမြ ျဖစ္လာေလသည္။)

ေနာက္ဆုံး ေ႐ႊတိဂုံေစတီေတာ္သို႔ ေမာင္ကံေရာက္ရွိကာ ဆံေတာ္တြင္းသို႔ လွံကိုစိုက္ခ်ကာ ဝင္ေလ၏။ ဓားစက္၊လွံစက္မ်ားကို

လွံရွည္တန္ခိုးျဖင့္ ျဖတ္ေက်ာ္ကာ ဆံေတာ္တည္ရွိရာ ေနရာအနီးသို႔ေရာက္ေလ၏။ ထိုအခ်ိန္တြင္ ႐ုတ္တရက္

ငလ်င္ေတာ္လည္းကာ ေမာင္ကံ၏ ေျခအစုံသည္ လႈပ္၍မရေတာ့ေပ။ ထိုအျဖစ္ကို ရေသ့လည္း

ဒိဗၺစကၡဳျဖင့္ျမင္၍ တပည့္၏ အျဖစ္ကို သနားကာ ခ်က္ခ်င္းပင္ ဆံေတာ္တြင္းသို႔ လိုက္သြားေလ၏။ ေမာင္ကံက ၾကင္စာရီႏွင့္

ေတြ႕ခ်င္သည္ဆိုသျဖင့္ ရေသ့က တန္ခိုးျဖင့္ ေဆာင္ယူေပးေလ၏။ ၾကင္စာရီေရာက္လွ်င္ ေမာင္ကံမွာ ရင္ဘတ္ထိတိုင္

ေက်ာက္႐ုပ္ျဖစ္၍ ေနၿပီျဖစ္သည္။ ေမာင္ကံလည္း တုန္ရီေသာ ႏႈတ္ခမ္းအစုံျဖင့္ မိမိတို႔၏ ရင္ေသြးေလးကို မည္သည့္အခါတြင္မွ

ျမတ္ဗုဒၶႏွင့္ ရတနာသုံးပါးကို မေစာ္ကားမိေစရန္ ဆုံးမပါဟု မွာကာ မ်ားမၾကာမီ ေက်ာက္႐ုပ္ ျဖစ္ေလသတည္း။

Unicode

ရွှေတိဂုံဘုရားကြီးနှင့် ဆက်နွယ်နေပြီး ကျောက်ရုပ်ဖြစ်သွားသည့် (မောင်ကံ)သမိုင်းကြောင်း

တစ်ခါက ဒဂုံမြို့တွင် ရိုးသားစွာ လယ်ယာလုပ်ကိုင်သော မောင်ကံအမည်ရှိ လူငယ်တစ်ဦး ရှိလေ၏။ လွန်စွာသန်မာထွားကျိုင်းသည် ဆို၏။

တစ်နေ့တွင် ရသေ့တစ်ပါးက (မူကွဲများတွင် ဇော်ဂျီဟုလည်းဆို) မိမိ၏ ထွက်ရပ်လမ်းအတွက် လိုအပ်သော

ပုဂ္ဂိုလ်လိုက်ရှာရာ မောင်ကံအား တွေ့သဖြင့် မိမိအား ကူညီပါမည်လားမေးမြန်းရာ မောင်ကံလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလေ၏။

သို့ရာတွင် ရသေ့က မောင်ကံ၏ သတ္တိကိုစမ်းလိုသဖြင့် ငါခုန်သလို လိုက်ခုန်စမ်းပါလှည့် ဟုဆိုကာ ကန်တစ်ခုအားခုန်ကျော်ပြလေ၏။

ကန်မှ ာအတော်ကျယ်သော်လည်း ရသေ့မှာ ချောမောစွာပင် တစ်ဖက်ကမ်းသို့ ရောက်လေ၏။ မောင်ကံလည်း မာန်ကိုသွင်း၍

ခုန်သော်လည်း ရသေ့က တန်ခိုးပြသောကြောင့် ကမ်းပေါ်မရောက်ဘဲ ဘောင်ပေါ်ကျကာ ကန်ပဲ့သွားလေ၏။ ( ထိုအရပ်ကို ယနေ့တိုင် ကံဘဲ့ဟု ခေါ်လေသည်။)

ထို့နောက် ရသေ့က မောင်ကံအား စည်းတစ်ခု တားပေးကာ ဆေးလုံးသုံးလုံး ပေးလေ၏။ မိမိက ပေါက်ဟုအော်လျှင် ဆေးတစ်လုံးသာ

ပေါက်ရန်မှာကာ မည်သည့်ရန်သူလာလာ စည်းကို မကျော်ရန် မှာကြားလေ၏။ ပထမ တစ်ခေါက်တွင် ဆင်ရိုင်းအုပ်ကြီး သည်လည်းကောင်း၊

ဒုတိယအခေါက်တွင် မိုးကြိုးမုန်တိုင်းများကျ၍ လည်းကောင်း၊တတိယအခေါက်တွင် ဘီလူးသရဲများ ရောက်၍သော်လည်းကောင်း

အနှောင့်အယှက်များ လာသော်လည်း မောင်ကံသည် တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခဲ့သည် ဆို၏။ ရသေ့လည်း ထွက်ရပ်ပေါက်၍

အလိုပြည့်သည့်အခါ မောင်ကံကိုကျေးဇူးတင်သဖြင့် မြေလျှိုးမိုးပျံ နိုင်သော လှံရှည်ကို ပေးအပ်ခဲ့လေ၏။

မောင်ကံလည်း ထိုလှံပျံ တန်ခိုးဖြင့် လှည့်လည်သွားလာရင်း ဂန္ဓာလရာဇ်တိုင်း(တရုတ်ပြည်)ထိ ရောက်ကာတရုတ်ဥတည်မင်း၏

သမီးတော်ကြင်စာရီနှင့် တွေ့လေ၏။ ကြင်စာရီမှာလည်း အစွမ်းထက်သော မွန်လူစွမ်းကောင်းအား မေတ္တာသက်ဝင်

နှစ်သက်သွားကာ များမကြာမီ ချစ်သူများ ဖြစ်သွားကြလေ၏။ လအနည်းငယ် အကြာတွင်

ပဋိသန္ဓေခလေ၏။ ထိုအကြောင်းကို ဥတည်မင်း သိလျှင် မောင်ကံအားခေါ်၍ “မွန်လူစွမ်းကောင်းငယ်၊ သင်တို့ဟံသာဝတီပြည်မှ

တန်ခိုးကြီး ဘုရားရွှေတိဂုံတွင် မြတ်ဗုဒ္ဓ၏ ဆံတော်အစစ်ကို ဌာပနာထားသည် မဟုတ်တုံလော၊ ငါလည်း ကိုးကွယ်ချင်ပါ၏။

ငါ့ထံသို့ ဆံတော်များ ဆောင်ကျဉ်းပေးပြီးသည်နှင့်တစ်ပြိုင်နက် သင့်အား သမီးတော်နှင့် ထိမ်းမြားကာ အိမ်ရှေ့အရာပေးအံ့”

မောင်ကံလည်း ချစ်ရသူနှင့် ဝေးမည်စိုးသဖြင့် ချက်ချင်းပင် ဆောင်ယူမည်ဖြစ်ကြောင်း ကတိပေးကာ လှံရှည်အားခွလျက် မွေးရပ်မြေသို့ ပျံထွက်ခဲ့လေ၏။

ကြာမြင့်စွာ ပျံသန်း၍ တစ်နေရာသို့အရောက်တွင် မောပြီဟုဆိုကာ လှံကို ထောက်လျက်နားလေ၏။ (ထိုအရပ်ကို မှော်ဘီဟု ယနေ့တိုင်တွင်လေ၏)

အမောပြေ၍ ဆက်လက်ပျံသန်းရင်း စမ်းချောင်းတစ်ခုကိုတွေ့၍ ရေဆင်းသောက်ခဲ့သေးသည်ဆို၏။ (ထိုအရပ်ကို စမ်းချောင်းဟု ယနေ့တိုင် တွင်လေ၏။)

ထို့နောက် ဆက်လက်ပျံသန်းခဲ့ရာ ရွှေတိဂုံစေတီတော်ကို ကြည့်လျှင် မြင်နိုင်သည့် နေရာသို့ရောက်လေ၏။ (ထိုအရပ်မှာ ယနေ့ ကြည့်မြင်တိုင် ဟုခေါ်သောအရပ်ပင် ဖြစ်သည်။)

တစ်နေရာတွင်မူ မောင်ကံသည် ရပ်၍စဉ်းစား၏။ “ဘုရားဆံတော်ကို ခိုးယူခြင်းမှာ အကုသိုလ် ကြီးမားပေမည်။ အို မဖြစ်ချေပါဘူး။

ဆံတော်မပါလျှင် ကြင်စာရီ နှင့်ဝေးရချည့်။ မည်သို့ပင်ဖြစ်စေ ရွှေတိဂုံတိုင်အောင် သွားတော့မည်။” ( ထိုအရပ်ကို ရွှေဂုံတိုင်ဟု ယနေ့တိုင် တွင်လေ၏)

ဘုရားကို မြင်ရသော်လည်း အကုသိုလ် အလုပ်လုပ်မည့်မောင်ကံသည် လမ်းလည်လျက် နေလေ၏။ တစ်နေရာတွင် ကြီးမားသော မြွေကြီးတစ်ကောင်က မောင်ကံအား တားလေ၏။

သို့သော် ထိုမြွေကြီးမှာ မောင်ကံလက်ချက်ဖြင့်ဇီဝိန်ချုပ်လေသည်။ (ထိုအရပ်ကို တားမြွေဟုခေါ်ရာမှ ယနေ့ တာမွေ ဖြစ်လာလေသည်။)

နောက်ဆုံး ရွှေတိဂုံစေတီတော်သို့ မောင်ကံရောက်ရှိကာ ဆံတော်တွင်းသို့ လှံကိုစိုက်ချကာ ဝင်လေ၏။ ဓားစက်၊လှံစက်များကို

လှံရှည်တန်ခိုးဖြင့် ဖြတ်ကျော်ကာ ဆံတော်တည်ရှိရာ နေရာအနီးသို့ရောက်လေ၏။ ထိုအချိန်တွင် ရုတ်တရက်

ငလျင်တော်လည်းကာ မောင်ကံ၏ ခြေအစုံသည် လှုပ်၍မရတော့ပေ။ ထိုအဖြစ်ကို ရသေ့လည်း

ဒိဗ္ဗစက္ခုဖြင့်မြင်၍ တပည့်၏ အဖြစ်ကို သနားကာ ချက်ချင်းပင် ဆံတော်တွင်းသို့ လိုက်သွားလေ၏။ မောင်ကံက ကြင်စာရီနှင့်

တွေ့ချင်သည်ဆိုသဖြင့် ရသေ့က တန်ခိုးဖြင့် ဆောင်ယူပေးလေ၏။ ကြင်စာရီရောက်လျှင် မောင်ကံမှာ ရင်ဘတ်ထိတိုင်

ကျောက်ရုပ်ဖြစ်၍ နေပြီဖြစ်သည်။ မောင်ကံလည်း တုန်ရီသော နှုတ်ခမ်းအစုံဖြင့် မိမိတို့၏ ရင်သွေးလေးကို မည်သည့်အခါတွင်မှ

မြတ်ဗုဒ္ဓနှင့် ရတနာသုံးပါးကို မစော်ကားမိစေရန် ဆုံးမပါဟု မှာကာ များမကြာမီ ကျောက်ရုပ် ဖြစ်လေသတည်း။