Mon. Nov 29th, 2021

Zawgyi

ျမန္မာႏိုင္ငံမွာ အသုံးျပဳေနတဲ့ ျမန္မာျပကၡဒိန္ေပၚေပါက္လာရတဲ့ သမိုင္းေၾကာင္းကို မိတ္ေဆြမ်ားအတြက္ မွ်ေဝလိုက္ပါတယ္။

ေျပာရမယ္ဆိုရင္ေတာ့ ဟိုးေရွးေရွးတုန္းကလို႔ပဲ ဆိုရမွာပါ။ လြန္ခဲ့တဲ့ႏွစ္ေပါင္း၂၅ဝဝတုန္းက ဗုဒၶျပကၡဒိန္ဆိုၿပီး

ပထမသဂၤါရတနာတင္ပြဲအၿပီးမွာ စတင္ဖန္တီးခဲ့တာျဖစ္ပါတယ္။ ျမတ္စြာဘုရားရွင္ ပရိနိဗၺာန္စံေတာ္မႈၿပီး မဟာသကၠရာဇ္သက္တမ္း

၁၄၈ ႏွစ္မွာသာသနာေတာ္ႏွစ္ ၅ဝဝဝကိုထားခဲ့တဲ့အတြက္ အဲဒီအခ်ိန္ကစတင္ၿပီး သာသနာေတာ္ႏွစ္ကို စတင္ခဲ့တာျဖစ္ပါတယ္။

ျမန္မာ့နကၡတ္ပညာရဲ႕ အစဟာ သူရိယသိႏၶႏၲျဖစ္ပါတယ္။ အဲ့ဒီက်မ္းမွာ ခရစ္ႏွစ္ ၆၂၈ ခုႏွစ္က ျဗဟၼရပၸတိ အမည္ရတဲ့ ပညာရွိႀကီးေရးသားခဲ့သည္ကို

ခရစ္ႏွစ္ ၁၀၉၁ မွာဘရဘတၱ အမည္ရွိ ပညာရွိႀကီးထံမွ ဝါရဟမိဟိရက ကူးယူခဲ့ေၾကာင္း ၁၈၆၀ ျပည့္ႏွစ္မွာ

အဂၤလိပ္လိုဘာသာျပန္ခဲ့တဲ့ အီးဘားဂ်က္က ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီျပကၡဒိန္မွာဆိုရင္ေတာ့ သူရိယသိဒၶႏၲ နကၡနဲ႔ဆိုင္တဲ့စည္းမ်ဥ္းေတြ

ကိုအေျခခံၿပီးဖန္တီးခဲ့တာျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာေတာ့ ေကာဇာသကၠရာဇ္နဲ႔ သာသနာႏွစ္မွာကြဲျပားေနတာကို ေတြ႕ရပါတယ္။

ေကာဇာသကၠရာဇ္မွာ ၁၃ဝဝေက်ာ္ရွိေသးေပမယ့္ သာသနာႏွစ္ကေတာ့ ၂၅ဝဝေက်ာ္ေနၿပီျဖစ္ပါတယ္။

ဒီလိုကြဲျပားရတာက ဘုရင္းရွင္ ပရိနိဗၺာန္စံၿပီး ဘုရင္ျဖစ္လာတဲ့အဇာတသတ္နဲ႔ အရွင္မဟာကႆပတို႔က တိုင္ပင္ၿပီး

ပထမသဂၤါယနာတင္တဲ့ႏွစ္ကို ပထမမူလဗုဒၶသာသနာႏွစ္ (၁)ဆိုၿပီး သတ္မွတ္ခဲ့တာျဖစ္ပါတယ္။ သာသနာသကၠရာဇ္ ၆၂၄ခုေရာက္တဲ့အခါ

ႏွစ္ရွည္သကၠရာဇ္ၿဖိဳကိန္းနဲ႔ ႀကဳံႀကိဳက္တဲ့အတြက္ ၆၂၄ခုကေန၆၂၂ကိုၿဖိဳၿပီး အႂကြင္း ၂ -ႏွစ္ကိုထားၿပီးသုံးစြဲခဲ့တာေၾကာင့္

ေကာဇာသကၠရာဇ္နဲ႔ သာသနာႏွစ္ဆိုၿပီး ႏွစ္မ်ိဳးကြဲလာတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ေကာဇာသကၠရာဇ္ကို အၿမဲသုံးစြဲၿပီးသာသနာႏွစ္ကိုေတာ့

အသိအမွတ္ျပဳတဲ့အေနနဲ႔ပဲ သုံးစြဲခဲ့တာျဖစ္ပါတယ္။ ယေန႔အသုံးမ်ားေသာ ခုႏွစ္မွာ ခရစ္ႏွစ္ျဖစ္သည္။ သို႔ေသာ္ ျမန္မာတို႔ျပဳလုပ္ေသာ

ပြဲေတာ္မ်ား ၊ ပြဲလမ္းသဘင္မ်ားကိုမႈ ျမန္မာသကၠရာဇ္ေန႔စြဲမ်ားအရ က်င္းပၾကသည္။ ျမန္မာသကၠရာဇ္ေန႔စြဲမ်ားပါေသာ ျမန္မာ့ျပကၡဒိန္ကို ဘယ္သူထြင္ခဲ့ပါသနည္း။

ယေန႔ထိတိုင္ သုံးစြဲေနဆဲျဖစ္သည့္ ျမန္မာ့႐ိုးရာျပကၡဒိန္ကို တီထြင္ခဲ့သူမွာ ပုဂံမင္းဆက္ ၂၀ ဆက္ေျမာက္ ပုပၸါးေစာရဟန္းမင္းပင္ျဖစ္သည္။

အသက္ ၆၆ ႏွစ္အ႐ြယ္ အိုမင္းေသာအခ်ိန္မွ ထီးနန္းရေသာမင္းျဖစ္၍ အသက္အႀကီးမွထီးနန္းရသူ အျဖစ္စံခ်ိန္တင္သည္။

မင္းစည္းစိမ္ကို ၂၇ ႏွစ္ၾကာခံစားၿပီး သက္ေတာ္ ၉၃ႏွစ္ အ႐ြယ္တြင္ ကံေတာ္ကုန္ေလ၏။ ပုပၸါးေစာရဟန္းမင္းသည္ တနဂၤေႏြေန႔တြင္ဖြားျမင္၍

“ပါမစုတ္သား မင္းတရား” ဟုလည္း အမည္တြင္သည္။ ထို႔ျပင္ သဃၤရာဇ္မင္း ၊ သဃၤရာဇာ ၊ သထုံရာဇာ ဟူေသာအမည္မ်ားကိုလည္း ပိုင္ဆိုင္သည္။

တကယ္ေတာ့ ပုပၸါးေစာရဟန္းမင္းသည္ မင္းမ်ိဳးမင္းႏြယ္မဟုတ္ ၊ သဃၤရာဇ္မိဖုရားက မိမိဆရာျဖစ္သူ ေစာရဟန္းမင္းကို

မင္းျပဳေစတာေၾကာင့္မင္းအျဖစ္ကို ရရွိခဲ့ျခင္းျဖစ္သည္။ သမိုင္းတေလွ်ာက္မင္းမ်ားအနက္ ေလာကီအတတ္ပညာတို႔တြင္

အကြၽမ္းက်င္ဆုံးမင္းအျဖစ္ ရာဇဝင္မွတ္တမ္းမ်ားက ဆိုသည္။ ပုပၸါးေစာရဟန္းမင္းလက္ထက္တြင္ ပုဂံျပည္သည္ အလြန္စည္ပင္၍

ေအးခ်မ္းသည္ဟု ဆို၏။ ဤတြင္ သမိုင္းတြင္ေလာက္ေသာ လုပ္ရပ္ျဖစ္သည့္ ျမန္မာ့ျပကၡဒိန္ကို စတင္တီထြင္ခဲ့သည္။

ကမာၻအရပ္ရပ္ လူမ်ိဳးအသီးသီးသည္ ျပကၡဒိန္အမ်ိဳးမ်ိဳးကို တီထြင္အသုံးျပဳၾကသည္။ ျပကၡဒိန္ေၾကာင့္ ၾကာျမင့္လွသည့္ ႏွစ္ကာလ ၊

ရာသီ ၊ လ ၊ ေန႔ရက္တို႔ကို သိရွိႏိုင္ၾကသည္။ ျမန္မာက ‘သကၠရာဇ္’ ဟူ၍ သုံးစြဲသလို အေနာက္ႏိုင္ငံမ်ားကလည္း

(ခရစ္ေတာ္ေမြးဖြားျခင္းကို အစြဲျပဳ၍ ‘ခရစ္ႏွစ္’ ဟု သုံးစြဲၾကသည္။ ၎လက္ထက္တြင္ သာသနာသကၠရာဇ္က တစ္မ်ိဳး ၊ သေရေခတၱရာ

ေနာက္ဆုံးမင္းဆက္ ‘သုပညာ နဂသိႏၵိ’ သကၠရာဇ္ၿဖိဳရာ၌သုံးေသာ ျပကၡဒိန္က တစ္မ်ိဳး ၊ မဟာသကၤျဝါဒက တစ္ဖုံ အမ်ိဳးမ်ိဳးကြဲျပားေနၾကသည္။

ထိုအခါ ပုပၸါးေစာရဟန္းမင္းက အနယ္နယ္အရပ္ရပ္မွ ေဗဒင္နကၡတ္ပညာရွင္မ်ားကို ပင့္ဖိတ္ေခၚယူကာ သင့္ေလွ်ာ္သည့္ျပကၡဒိန္ကို ညႇိႏႈိင္းတြက္စစ္ခဲ့သည္။

ထို႔ေနာက္ ‘သၾကၤန္က်ခ်ိန္ ၊ အတာတက္ခ်ိန္ ၊ ဝါဆိုလျပည့္ ၊ ဝါထပ္ရက္ စသည္တို႔ကိုတြက္ခ်က္ၿပီး ၎ကာလတြင္ သုံးေသာ

သကၠရာဇ္ ၅၆၀ ကို ၿဖိဳ၍ အႂကြင္း ၂ ထားကာ သကၠရာဇ္အသစ္ကို စတင္ခဲ့သည္။ ထိုသကၠရာဇ္ကို အေျချပဳ၍ ျပကၡဒိန္ကိုျပဳစုကာ

ျမန္မာျပည္အဝွမ္း၌ သုံးစြဲေစခဲ့သည္။ ပုပၸါးေစာရဟန္းမင္း တီထြင္သုံးစြဲေစခဲ့ေသာ ျမန္မာျပကၡဒိန္ကား ယေန႔ထိတိုင္ ျမန္မာလူမ်ိဳးတို႔ သုံ

းစြဲေနရေသာ ျပကၡဒိန္ပင္ ျဖစ္ေလေတာ့သည္။ ေဝါဟာရ၌ ေနလုံးတစ္ျခမ္းထြက္ခ်ိန္မွ ေနလုံးတစ္ျခမ္းဝင္ခ်ိန္အထိေသာ

ကာလကို ေန႔ဟုေခၚသည္။ ထို႔ေနာက္ ေနလုံးတစ္ျခမ္းဝင္ခ်ိန္မွ ေနာက္တစ္ႀကိမ္ ေနလုံးတစ္ျခမ္းထြက္ခ်ိန္အထိေသာ ကာလကို ညဟု ေခၚသည္။

ဤေန႔ႏွင့္ည ႏွစ္ရပ္ေပါင္းေသာ္ ရက္ကို ရသည္။ ျမန္မာတို႔သည္ ဤအစဥ္ကိုလိုက္၍ ေန႔ရက္ သတ္မွတ္ၾကစၿမဲျဖစ္ျဖစ္သည္။

အထူးသျဖင့္ ေလာကုတၱရာအေရးႏွင့္ဆိုင္ေသာ ကိစၥတို႔၌ ပထမအႀကိမ္ေနထြက္အထိေသာ ကာလကို တစ္ရက္ဟု ယူသည္။

သို႔ရာတြင္ ကမာၻ႔ထုံးစံမွာကား ပထမအႀကိမ္ ညသန္းေခါင္အခ်ိန္မွ စ၍ ေနာက္တစ္ႀကိမ္ ညသန္းေခါင္အခ်ိန္အထိေသာ

ကာလကို တစ္ရက္ဟု ယူသည္။ ထို႔ေၾကာင့္ တနဂၤေႏြေန႔ သန္းေခါင္ယံအခ်ိန္သည္ စက္နာရီအားျဖင့္ သုညနာရီျဖစ္သည္။

ထိုနာရီမွ တစ္နာရီ၊ ႏွစ္နာရီ စသျဖင့္ ေရတြက္ခဲ့ရာ ၁၂ နာရီ မြန္းတည့္သို႔ ေရာက္ေသာ္ ယင္းပထမပိုင္းကာလကို နံနက္ပိုင္းဟုေခၚသည္။

အဂၤလိပ္ဘာသာ စကား၌ ယင္းနံနက္ပိုင္းႏွင့္ ဆိုင္ေသာ တစ္ဆယ့္ႏွစ္နာရီ၏ အစိတ္အပိုင္းကို a.m ဟူေသာ သေကၤတျဖင့္ မွတ္သားရသည္။

စကားအရွည္မွာ ante-meridian ျဖစ္သည္။ မြန္းလြဲအခ်ိန္မွစ၍ ယင္းနာရီ အသီးသီးတို႔ကို p.m ဟူေသာ သေကၤတျဖင့္ မွတ္သားရသည္။

စကားအရွည္မွာ post-mederian ျဖစ္သည္။ ထို႔ေၾကာင့္ အဂၤလိပ္လို 12 midnight ဟုေရးေသာ္ ညဥ့္သန္းေခါင္ဟု သိရာသည္။

12 Noon ဟု ေရးေသာ္ မြန္းတည့္ခ်ိန္ဟု နားလည္ရာသည္။ တိတိက်က်ႏွင့္ အမ်ားနားလည္ေအာင္ သုံးစြဲေသာအခါ၌မူ သန္းေခါင္ ၁၂

နာရီဟူ၍လည္းေကာင္း၊ မြန္းတည့္ ၁၂ နာရီဟူ၍လည္းေကာင္း သုံးစြဲသည္။ အၾကမ္းအားျဖင့္ ေျပာရေသာ္ ျမန္မာႏိုင္ငံတြင္ စက္နာရီေပၚေသာ

ေခတ္မွစ၍ ဤနာရီအသုံးအႏႈန္းကိုလိုက္ၿပီးလွ်င္ လုပ္ငန္းေဆာင္တာကိစၥ၊ ႐ုံးပင္ ကႏၷားကိစၥဟူေသာ ေလာကီကိစၥေရးရာတို႔၌

ကမာၻအသိအမွတ္ျပဳေသာ သန္းေခါင္ယံတစ္ခုမွ သန္းေခါင္ယံတစ္ခုသို႔ ကူးေျပာင္းေသာ ရက္ကိုပင္လွ်င္ အသုံးျပဳလွ်က္ ရွိသည္။

ေရွးျမန္မာမင္းတို႔သည္ ေရနာရီကို သုံးသည္။ ေရနာရီျပဳလုပ္ပုံမွာ ဤသို႔ျဖစ္သည္။ ရတနာအတိ စီျခယ္ထားေသာ အင္တုံထဲတြင္

ေရအျပည့္ထည့္၍ ေရမ်က္ႏွာျပင္ေပၚတြင္ ေၾကးဖလားကို အေပါက္ေဖာ္က၍ တင္ရသည္။ ယင္းေၾကးဖလား ေရစိမ္၍ ႏွစ္ျမဳပ္ေသာအခါ

ယင္းနစ္ျမဳပ္ခ်ိန္ကို တစ္နာရီဟု သတ္မွတ္သည္။ ေၾကးဖလားသည္ ေၾကးနီအခ်ိန္ တစ္ဆယ့္ေျခာက္က်ပ္သား ေလး၍ အေစာက္ ခုႏွစ္လက္သစ္၊

မ်က္ႏွာဝ ေထာင့္ျဖတ္ကိုးလက္သစ္ ရွိသည္။ ဖလားေအာက္ေျခ၌ မိန္းမပ်ိဳတစ္ဦး၏ ဆံျခည္မွ်င္ တစ္ဆယ့္ေျခာက္မွ်င္ ဝင္႐ုံမွ်

အေပါက္ေဖာက္ထားသည္။ဖလားတစ္ခါနစ္လွ်င္ ေငြေမာင္းတီးရသည္။ ဤသည္ကို ရည္၍ တစ္နာရီကို တစ္ေမာင္းဟု မွတ္ရသည္။

စက္နာရီႏွင့္ ႏႈိင္းေသာ္ တစ္ေမာင္းေခၚ ျမန္မာနာရီသည္ ၂၄ မိနစ္အဓြန႔္ရွည္သည္။ ၄ ပါဒ္လွ်င္ တစ္ေမာင္းဟူ၍ လည္း အႏုစိတ္ထားသည္။

ျမန္မာမင္းမ်ား လက္ထက္၌ ေနထြက္(စက္နာရီ ၆ နာရီ)မွ အစျပဳ၍ ဗဟိုရ္နာရီျဖင့္ ေန႔ဗဟိုရ္နာရီ ေလးခ်က္၊ ညဗဟိုရ္နာရီ ေလးခ်က္၊

ေပါင္း ဗဟိုရ္နာရီ ရွစ္ခ်က္ျဖင့္ တစ္ရက္ဟု သသတ္မွတ္သည္။ ဤ ဗဟိုရ္နာရီစနစ္ကို စက္နာရီျဖင့္ ယွဥ္ေသာ္ ေအာက္ပါအတိုင္း ျဖစ္သည္။

ျမန္မာ့ဗဟုသုတ ၁ဝဝ-နႏၵာမိုးၾကယ္။

Unicode

မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ မြန်မာပြက္ခဒိန်ပေါ်ပေါက်လာရတဲ့ သမိုင်းကြောင်းကို မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။

ပြောရမယ်ဆိုရင်တော့ ဟိုးရှေးရှေးတုန်းကလို့ပဲ ဆိုရမှာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၅ဝဝတုန်းက ဗုဒ္ဓပြက္ခဒိန်ဆိုပြီး

ပထမသင်္ဂါရတနာတင်ပွဲအပြီးမှာ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မှုပြီး မဟာသက္ကရာဇ်သက်တမ်း

၁၄၈ နှစ်မှာသာသနာတော်နှစ် ၅ဝဝဝကိုထားခဲ့တဲ့အတွက် အဲဒီအချိန်ကစတင်ပြီး သာသနာတော်နှစ်ကို စတင်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့နက္ခတ်ပညာရဲ့ အစဟာ သူရိယသိန္ဓန္တဖြစ်ပါတယ်။ အဲ့ဒီကျမ်းမှာ ခရစ်နှစ် ၆၂၈ ခုနှစ်က ဗြဟ္မရပ္ပတိ အမည်ရတဲ့ ပညာရှိကြီးရေးသားခဲ့သည်ကို

ခရစ်နှစ် ၁၀၉၁ မှာဘရဘတ္တ အမည်ရှိ ပညာရှိကြီးထံမှ ဝါရဟမိဟိရက ကူးယူခဲ့ကြောင်း ၁၈၆၀ ပြည့်နှစ်မှာ

အင်္ဂလိပ်လိုဘာသာပြန်ခဲ့တဲ့ အီးဘားဂျက်က ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီပြက္ခဒိန်မှာဆိုရင်တော့ သူရိယသိဒ္ဓန္တ နက္ခနဲ့ဆိုင်တဲ့စည်းမျဉ်းတွေ

ကိုအခြေခံပြီးဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကောဇာသက္ကရာဇ်နဲ့ သာသနာနှစ်မှာကွဲပြားနေတာကို တွေ့ရပါတယ်။

ကောဇာသက္ကရာဇ်မှာ ၁၃ဝဝကျော်ရှိသေးပေမယ့် သာသနာနှစ်ကတော့ ၂၅ဝဝကျော်နေပြီဖြစ်ပါတယ်။

ဒီလိုကွဲပြားရတာက ဘုရင်းရှင် ပရိနိဗ္ဗာန်စံပြီး ဘုရင်ဖြစ်လာတဲ့အဇာတသတ်နဲ့ အရှင်မဟာကဿပတို့က တိုင်ပင်ပြီး

ပထမသင်္ဂါယနာတင်တဲ့နှစ်ကို ပထမမူလဗုဒ္ဓသာသနာနှစ် (၁)ဆိုပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ သာသနာသက္ကရာဇ် ၆၂၄ခုရောက်တဲ့အခါ

နှစ်ရှည်သက္ကရာဇ်ဖြိုကိန်းနဲ့ ကြုံကြိုက်တဲ့အတွက် ၆၂၄ခုကနေ၆၂၂ကိုဖြိုပြီး အကြွင်း ၂ -နှစ်ကိုထားပြီးသုံးစွဲခဲ့တာကြောင့်

ကောဇာသက္ကရာဇ်နဲ့ သာသနာနှစ်ဆိုပြီး နှစ်မျိုးကွဲလာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကောဇာသက္ကရာဇ်ကို အမြဲသုံးစွဲပြီးသာသနာနှစ်ကိုတော့

အသိအမှတ်ပြုတဲ့အနေနဲ့ပဲ သုံးစွဲခဲ့တာဖြစ်ပါတယ်။ ယနေ့အသုံးများသော ခုနှစ်မှာ ခရစ်နှစ်ဖြစ်သည်။ သို့သော် မြန်မာတို့ပြုလုပ်သော

ပွဲတော်များ ၊ ပွဲလမ်းသဘင်များကိုမှု မြန်မာသက္ကရာဇ်နေ့စွဲများအရ ကျင်းပကြသည်။ မြန်မာသက္ကရာဇ်နေ့စွဲများပါသော မြန်မာ့ပြက္ခဒိန်ကို ဘယ်သူထွင်ခဲ့ပါသနည်း။

ယနေ့ထိတိုင် သုံးစွဲနေဆဲဖြစ်သည့် မြန်မာ့ရိုးရာပြက္ခဒိန်ကို တီထွင်ခဲ့သူမှာ ပုဂံမင်းဆက် ၂၀ ဆက်မြောက် ပုပ္ပါးစောရဟန်းမင်းပင်ဖြစ်သည်။

အသက် ၆၆ နှစ်အရွယ် အိုမင်းသောအချိန်မှ ထီးနန်းရသောမင်းဖြစ်၍ အသက်အကြီးမှထီးနန်းရသူ အဖြစ်စံချိန်တင်သည်။

မင်းစည်းစိမ်ကို ၂၇ နှစ်ကြာခံစားပြီး သက်တော် ၉၃နှစ် အရွယ်တွင် ကံတော်ကုန်လေ၏။ ပုပ္ပါးစောရဟန်းမင်းသည် တနင်္ဂနွေနေ့တွင်ဖွားမြင်၍

“ပါမစုတ်သား မင်းတရား” ဟုလည်း အမည်တွင်သည်။ ထို့ပြင် သင်္ဃရာဇ်မင်း ၊ သင်္ဃရာဇာ ၊ သထုံရာဇာ ဟူသောအမည်များကိုလည်း ပိုင်ဆိုင်သည်။

တကယ်တော့ ပုပ္ပါးစောရဟန်းမင်းသည် မင်းမျိုးမင်းနွယ်မဟုတ် ၊ သင်္ဃရာဇ်မိဖုရားက မိမိဆရာဖြစ်သူ စောရဟန်းမင်းကို

မင်းပြုစေတာကြောင့်မင်းအဖြစ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ သမိုင်းတလျှောက်မင်းများအနက် လောကီအတတ်ပညာတို့တွင်

အကျွမ်းကျင်ဆုံးမင်းအဖြစ် ရာဇဝင်မှတ်တမ်းများက ဆိုသည်။ ပုပ္ပါးစောရဟန်းမင်းလက်ထက်တွင် ပုဂံပြည်သည် အလွန်စည်ပင်၍

အေးချမ်းသည်ဟု ဆို၏။ ဤတွင် သမိုင်းတွင်လောက်သော လုပ်ရပ်ဖြစ်သည့် မြန်မာ့ပြက္ခဒိန်ကို စတင်တီထွင်ခဲ့သည်။

ကမ္ဘာအရပ်ရပ် လူမျိုးအသီးသီးသည် ပြက္ခဒိန်အမျိုးမျိုးကို တီထွင်အသုံးပြုကြသည်။ ပြက္ခဒိန်ကြောင့် ကြာမြင့်လှသည့် နှစ်ကာလ ၊

ရာသီ ၊ လ ၊ နေ့ရက်တို့ကို သိရှိနိုင်ကြသည်။ မြန်မာက ‘သက္ကရာဇ်’ ဟူ၍ သုံးစွဲသလို အနောက်နိုင်ငံများကလည်း

(ခရစ်တော်မွေးဖွားခြင်းကို အစွဲပြု၍ ‘ခရစ်နှစ်’ ဟု သုံးစွဲကြသည်။ ၎င်းလက်ထက်တွင် သာသနာသက္ကရာဇ်က တစ်မျိုး ၊ သရေခေတ္တရာ

နောက်ဆုံးမင်းဆက် ‘သုပညာ နဂသိန္ဒိ’ သက္ကရာဇ်ဖြိုရာ၌သုံးသော ပြက္ခဒိန်က တစ်မျိုး ၊ မဟာသင်္ကဝြါဒက တစ်ဖုံ အမျိုးမျိုးကွဲပြားနေကြသည်။

ထိုအခါ ပုပ္ပါးစောရဟန်းမင်းက အနယ်နယ်အရပ်ရပ်မှ ဗေဒင်နက္ခတ်ပညာရှင်များကို ပင့်ဖိတ်ခေါ်ယူကာ သင့်လျှော်သည့်ပြက္ခဒိန်ကို ညှိနှိုင်းတွက်စစ်ခဲ့သည်။

ထို့နောက် ‘သင်္ကြန်ကျချိန် ၊ အတာတက်ချိန် ၊ ဝါဆိုလပြည့် ၊ ဝါထပ်ရက် စသည်တို့ကိုတွက်ချက်ပြီး ၎င်းကာလတွင် သုံးသော

သက္ကရာဇ် ၅၆၀ ကို ဖြို၍ အကြွင်း ၂ ထားကာ သက္ကရာဇ်အသစ်ကို စတင်ခဲ့သည်။ ထိုသက္ကရာဇ်ကို အခြေပြု၍ ပြက္ခဒိန်ကိုပြုစုကာ

မြန်မာပြည်အဝှမ်း၌ သုံးစွဲစေခဲ့သည်။ ပုပ္ပါးစောရဟန်းမင်း တီထွင်သုံးစွဲစေခဲ့သော မြန်မာပြက္ခဒိန်ကား ယနေ့ထိတိုင် မြန်မာလူမျိုးတို့ သုံ

းစွဲနေရသော ပြက္ခဒိန်ပင် ဖြစ်လေတော့သည်။ ဝေါဟာရ၌ နေလုံးတစ်ခြမ်းထွက်ချိန်မှ နေလုံးတစ်ခြမ်းဝင်ချိန်အထိသော

ကာလကို နေ့ဟုခေါ်သည်။ ထို့နောက် နေလုံးတစ်ခြမ်းဝင်ချိန်မှ နောက်တစ်ကြိမ် နေလုံးတစ်ခြမ်းထွက်ချိန်အထိသော ကာလကို ညဟု ခေါ်သည်။

ဤနေ့နှင့်ည နှစ်ရပ်ပေါင်းသော် ရက်ကို ရသည်။ မြန်မာတို့သည် ဤအစဉ်ကိုလိုက်၍ နေ့ရက် သတ်မှတ်ကြစမြဲဖြစ်ဖြစ်သည်။

အထူးသဖြင့် လောကုတ္တရာအရေးနှင့်ဆိုင်သော ကိစ္စတို့၌ ပထမအကြိမ်နေထွက်အထိသော ကာလကို တစ်ရက်ဟု ယူသည်။

သို့ရာတွင် ကမ္ဘာ့ထုံးစံမှာကား ပထမအကြိမ် ညသန်းခေါင်အချိန်မှ စ၍ နောက်တစ်ကြိမ် ညသန်းခေါင်အချိန်အထိသော

ကာလကို တစ်ရက်ဟု ယူသည်။ ထို့ကြောင့် တနင်္ဂနွေနေ့ သန်းခေါင်ယံအချိန်သည် စက်နာရီအားဖြင့် သုညနာရီဖြစ်သည်။

ထိုနာရီမှ တစ်နာရီ၊ နှစ်နာရီ စသဖြင့် ရေတွက်ခဲ့ရာ ၁၂ နာရီ မွန်းတည့်သို့ ရောက်သော် ယင်းပထမပိုင်းကာလကို နံနက်ပိုင်းဟုခေါ်သည်။

အင်္ဂလိပ်ဘာသာ စကား၌ ယင်းနံနက်ပိုင်းနှင့် ဆိုင်သော တစ်ဆယ့်နှစ်နာရီ၏ အစိတ်အပိုင်းကို a.m ဟူသော သင်္ကေတဖြင့် မှတ်သားရသည်။

စကားအရှည်မှာ ante-meridian ဖြစ်သည်။ မွန်းလွဲအချိန်မှစ၍ ယင်းနာရီ အသီးသီးတို့ကို p.m ဟူသော သင်္ကေတဖြင့် မှတ်သားရသည်။

စကားအရှည်မှာ post-mederian ဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်လို 12 midnight ဟုရေးသော် ညဉ့်သန်းခေါင်ဟု သိရာသည်။

12 Noon ဟု ရေးသော် မွန်းတည့်ချိန်ဟု နားလည်ရာသည်။ တိတိကျကျနှင့် အများနားလည်အောင် သုံးစွဲသောအခါ၌မူ သန်းခေါင် ၁၂

နာရီဟူ၍လည်းကောင်း၊ မွန်းတည့် ၁၂ နာရီဟူ၍လည်းကောင်း သုံးစွဲသည်။ အကြမ်းအားဖြင့် ပြောရသော် မြန်မာနိုင်ငံတွင် စက်နာရီပေါ်သော

ခေတ်မှစ၍ ဤနာရီအသုံးအနှုန်းကိုလိုက်ပြီးလျှင် လုပ်ငန်းဆောင်တာကိစ္စ၊ ရုံးပင် ကန္နားကိစ္စဟူသော လောကီကိစ္စရေးရာတို့၌

ကမ္ဘာအသိအမှတ်ပြုသော သန်းခေါင်ယံတစ်ခုမှ သန်းခေါင်ယံတစ်ခုသို့ ကူးပြောင်းသော ရက်ကိုပင်လျှင် အသုံးပြုလျှက် ရှိသည်။

ရှေးမြန်မာမင်းတို့သည် ရေနာရီကို သုံးသည်။ ရေနာရီပြုလုပ်ပုံမှာ ဤသို့ဖြစ်သည်။ ရတနာအတိ စီခြယ်ထားသော အင်တုံထဲတွင်

ရေအပြည့်ထည့်၍ ရေမျက်နှာပြင်ပေါ်တွင် ကြေးဖလားကို အပေါက်ဖော်က၍ တင်ရသည်။ ယင်းကြေးဖလား ရေစိမ်၍ နှစ်မြုပ်သောအခါ

ယင်းနစ်မြုပ်ချိန်ကို တစ်နာရီဟု သတ်မှတ်သည်။ ကြေးဖလားသည် ကြေးနီအချိန် တစ်ဆယ့်ခြောက်ကျပ်သား လေး၍ အစောက် ခုနှစ်လက်သစ်၊

မျက်နှာဝ ထောင့်ဖြတ်ကိုးလက်သစ် ရှိသည်။ ဖလားအောက်ခြေ၌ မိန်းမပျိုတစ်ဦး၏ ဆံခြည်မျှင် တစ်ဆယ့်ခြောက်မျှင် ဝင်ရုံမျှ

အပေါက်ဖောက်ထားသည်။ဖလားတစ်ခါနစ်လျှင် ငွေမောင်းတီးရသည်။ ဤသည်ကို ရည်၍ တစ်နာရီကို တစ်မောင်းဟု မှတ်ရသည်။

စက်နာရီနှင့် နှိုင်းသော် တစ်မောင်းခေါ် မြန်မာနာရီသည် ၂၄ မိနစ်အဓွန့်ရှည်သည်။ ၄ ပါဒ်လျှင် တစ်မောင်းဟူ၍ လည်း အနုစိတ်ထားသည်။

မြန်မာမင်းများ လက်ထက်၌ နေထွက်(စက်နာရီ ၆ နာရီ)မှ အစပြု၍ ဗဟိုရ်နာရီဖြင့် နေ့ဗဟိုရ်နာရီ လေးချက်၊ ညဗဟိုရ်နာရီ လေးချက်၊

ပေါင်း ဗဟိုရ်နာရီ ရှစ်ချက်ဖြင့် တစ်ရက်ဟု သသတ်မှတ်သည်။ ဤ ဗဟိုရ်နာရီစနစ်ကို စက်နာရီဖြင့် ယှဉ်သော် အောက်ပါအတိုင်း ဖြစ်သည်။

မြန်မာ့ဗဟုသုတ ၁ဝဝ-နန္ဒာမိုးကြယ်။