Sun. Nov 28th, 2021

Zawgyi

ျမန္မာႏိုင္ငံတြင္သာ ထြက္သည့္ ကမာၻ႔အရွားပါးဆုံး ျမန္မာ့ေက်ာက္မ်က္မွာ ပိန္းႏိုက္ (Painite) ျဖစ္ပါသည္။

ပိန္းႏိုက္ေက်ာက္မ်ားကို ရွာေဖြစုေဆာင္း စီးပြားျဖစ္လာခဲ့ေသာ မစၥတာလာဆင္ (Bill Larson)၏ မွတ္တမ္းကို တင္ျပပါမည္။

၁၉၇၀ ျပည့္ႏွစ္က ကြၽန္ေတာ္ ၿဗိတိသွ် သဘာဝသမိုင္းျပတိုက္သို႔ ပထမဦးဆုံးအႀကိမ္ ဝင္ေရာက္ခဲ့သည္။ တာဝန္က်အရာရွိ

ေဒါက္တာ ပီတာ (Dr. Peter Embrey) က မစၥတာပိန္း (A. C. D Pain) စုေဆာင္းထားေသာ ျမန္မာ့ပတၱျမား

အပါအဝင္ ၁ ဒသမ ၇ ဂရမ္ ႏွင့္ ၂ ဒသမ ၁ ဂရမ္သာရွိေသာ အနီရင့္ေရာင္ရွိ ေက်ာက္အ႐ိုင္းႏွစ္ခုကို ျပၿပီး ပိန္းႏိုက္ေက်ာက္ဟု

ေခၚေၾကာင္း၊ ကမာၻတြင္ ႏွစ္ပြင့္သာ ေတြ႕ရေသးေၾကာင္း ေျပာခဲ့ပါသည္။ ၁၉၅၄ ခုႏွစ္မွ စတင္ ေတြ႕ရွိခဲ့ေသာ

မစၥတာပိန္း (မိုးကုတ္အေခၚ ဗိုလ္ပိန္း)ကို ဂုဏ္ျပဳမွည့္ေခၚထားျခင္း ျဖစ္ေၾကာင္း ရွင္းျပခဲ့ပါသည္။

၁၉၉၃ ခုႏွစ္တြင္ ေဒါက္တာဂူဗလင္ (Dr. E. Giibelin)က ရတနာေျမ မိုးကုတ္သို႔ အတူသြားရန္ ဖိတ္ၾကားခဲ့ပါသည္။

ထိုအခ်ိန္တြင္ တတိယေက်ာက္တစ္ပြင့္ကို အေမရိကန္ ေက်ာက္မ်က္အတတ္ပညာဌာန G.I.A – Gemological Institute of America

ကို ၁၉၇၉ ခုႏွစ္တြင္ မစၥတာစြဘိုဒါ (Ed. Swoboda)က လႉဒါန္းၿပီးျဖစ္၍ ကမာၻတြင္ ပိန္းႏိုက္ေက်ာက္ သုံးပြင့္ ရွိလာေသာ ကာလ ျဖစ္ပါသည္။

၁၉၉၅ ခုႏွစ္တြင္ ကြၽန္ေတာ္ မိုးကုတ္သို႔ ဒုတိယအႀကိမ္ သြားခဲ့ပါသည္။ ကြၽန္ေတာ္ လိုက္ရွာေနေသာ ပိန္းႏိုက္ေက်ာက္ကို

ဓာတ္ပုံ႐ိုက္ကာ မိုးအမာႏႈန္း ၈ ေလာက္ရွိသည္ကို ႐ြာသားမ်ားအား ရွင္းျပခဲ့သည္။ မစၥတာပိန္း စတင္ေတြ႕ရွိေသာ

အုံးကိုင္းေက်း႐ြာအနီး၌ အထူးသျဖင့္ ရွာေဖြေစခဲ့သည္။ ၁၀ ႏွစ္အတြင္း ကြၽန္ေတာ္ မိုးကုတ္သို႔ အေခါက္ ၂၀ ခန႔္ သြားေသာ္လည္း ပိန္းႏိုက္ေက်ာက္ တစ္ပြင့္မွ် မရရွိခဲ့ပါ။

၂၀၀၁ ခုႏွစ္တြင္ ပိန္းႏိုက္ေက်ာက္ဟု ဆိုေသာ ၅၅ ဂရမ္ရွိ ေက်ာက္အ႐ိုင္း တစ္ပြင့္ ကြၽန္ေတာ့္ထံ ေရာက္လာသည္။

ျပင္ပအသြင္အျပင္ ၾကည့္ရသည္မွာ ပိန္းႏိုက္ေက်ာက္ႏွင့္ တူသျဖင့္ ဝယ္ခဲ့သည္။ ႏွစ္ ၃၀ ခန႔္ မိတ္ေဆြျဖစ္ေသာ

ပညာရွင္ ေဒါက္တာ႐ိုစမင္ (Dr. G. Rossmen)ထံ ေပးပို႔ခဲ့ရာတြင္ “ခင္ဗ်ားရဲ႕ ေက်ာက္ထဲမွာ ကယ္လ္ဆီယမ္၊ ဇာလြန္နီယမ္ႏွင့္

ဘိုဂြန္ဓာတ္ေတြ ေတြ႕ရတယ္”ဟု ပညာရွင္ဆန္ဆန္ ေျပာခဲ့သည္။ ကြၽန္ေတာ္၏ ေက်ာက္သည္ ကြၽန္ေတာ္ရွာေနေသာ ပိန္းႏိုက္ေက်ာက္ပင္ ျဖစ္ေနေလသည္။

ႏွစ္ ၃၀ ေက်ာ္ ၾကာခဲ့ၿပီး ေငြမ်ားစြာ အကုန္အက်ခံ ရွာေဖြၿပီးေနာက္ ကမာၻ႔စတုတၳေျမာက္ ေက်ာက္ကို ကြၽန္ေတာ္ ရရွိခဲ့ၿပီျဖစ္သည္။

ထိုႏွစ္၌ပင္ မိတ္ေဆြႀကီး ေဒါက္တာ႐ိုးစမင္၊ အေမရိကန္ သဘာဝသမိုင္းျပတိုက္မွ ေဒါက္တာဟာ႐ို (Dr. G. Harlow)

တို႔ႏွင့္အတူ မိုးကုတ္ကိုသြားရန္ စီစဥ္ခဲ့ၾကသည္။ သို႔ေသာ္ ကြၽန္ေတာ္တို႔ကို သြားခြင့္မျပဳခဲ့ပါ။

ေဒါက္တာ႐ိုစမင္ကမူ ပညာရွိပီပီ ေက်ာက္အျဖဳန္း တစ္ထုပ္ေလာက္ ရေအာင္ဝယ္ခဲ့သည္။ ၿပီးေနာက္ အေမရိကန္သို႔ ျပန္လာၿပီး

စမ္းၾကည့္လိုက္ေတာ့မွ အထဲမွ ႏွစ္ပြင့္မွာ ပိန္းႏိုက္ေက်ာက္မ်ား ျဖစ္ေနသည္ကို ေတြ႕ရသည္။ ၎မွာ မူလေက်ာက္ကို

စတင္ေတြ႕ရွိခဲ့ရာ ေဒသမွ မိုင္ရာခ်ီ ေဝးကြာသည့္ ေဒသတြင္ ပထမဦးစြာ ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။ ျမန္မာတစ္ဦးကို

ထိုေဒသသို႔ ထပ္မံေစလႊတ္ၿပီး စုေဆာင္းေစရာ ပိန္းႏိုက္ေက်ာက္ အပိုင္းအစငယ္မ်ားကို ထပ္မံေတြ႕ရွိရျပန္ပါသည္။

၂၀၀၅ ခုႏွစ္တြင္ ပိန္းႏိုက္ေက်ာက္ ျဖစ္ပြားေစခဲ့ေသာ ဘူမိျဖစ္စဥ္ကို သုေတသီတို႔ သိရွိလာသည္။ ျမန္မာလူငယ္အခ်ိဳ႕၏

ကူညီမႈေၾကာင့္ မိုးကုတ္ၿမိဳ႕ အေနာက္ဘက္ ၁၀ မိုင္ခန႔္ကြာေသာ ဝက္လူးေဒသႏွင့္ သူရိယေတာင္ ေဒသမ်ားမွာလည္း ထပ္မံေတြ႕ရွိလာျပန္ပါသည္။

ကမာၻ႔အရွားပါးဆုံး ေက်ာက္မ်က္ကို အမ်ားဆုံး ပိုင္ဆိုင္သူမွာ ကြၽန္ေတာ္ ျဖစ္လာပါသည္။ ရသမွ်မ်ားကို စိတ္ဝင္စားေသာ

လူမ်ားထံ (အထူးသျဖင့္) စမစ္ဆိုနီယမ္ႏွင့္ အေမရိကန္ျပတိုက္သို႔ ေရာင္းခ်ခဲ့ပါသည္။

Unicode

မြန်မာနိုင်ငံတွင်သာ ထွက်သည့် ကမ္ဘာ့အရှားပါးဆုံး မြန်မာ့ကျောက်မျက်မှာ ပိန်းနိုက် (Painite) ဖြစ်ပါသည်။

ပိန်းနိုက်ကျောက်များကို ရှာဖွေစုဆောင်း စီးပွားဖြစ်လာခဲ့သော မစ္စတာလာဆင် (Bill Larson)၏ မှတ်တမ်းကို တင်ပြပါမည်။

၁၉၇၀ ပြည့်နှစ်က ကျွန်တော် ဗြိတိသျှ သဘာဝသမိုင်းပြတိုက်သို့ ပထမဦးဆုံးအကြိမ် ဝင်ရောက်ခဲ့သည်။ တာဝန်ကျအရာရှိ

ဒေါက်တာ ပီတာ (Dr. Peter Embrey) က မစ္စတာပိန်း (A. C. D Pain) စုဆောင်းထားသော မြန်မာ့ပတ္တမြား

အပါအဝင် ၁ ဒသမ ၇ ဂရမ် နှင့် ၂ ဒသမ ၁ ဂရမ်သာရှိသော အနီရင့်ရောင်ရှိ ကျောက်အရိုင်းနှစ်ခုကို ပြပြီး ပိန်းနိုက်ကျောက်ဟု

ခေါ်ကြောင်း၊ ကမ္ဘာတွင် နှစ်ပွင့်သာ တွေ့ရသေးကြောင်း ပြောခဲ့ပါသည်။ ၁၉၅၄ ခုနှစ်မှ စတင် တွေ့ရှိခဲ့သော

မစ္စတာပိန်း (မိုးကုတ်အခေါ် ဗိုလ်ပိန်း)ကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။

၁၉၉၃ ခုနှစ်တွင် ဒေါက်တာဂူဗလင် (Dr. E. Giibelin)က ရတနာမြေ မိုးကုတ်သို့ အတူသွားရန် ဖိတ်ကြားခဲ့ပါသည်။

ထိုအချိန်တွင် တတိယကျောက်တစ်ပွင့်ကို အမေရိကန် ကျောက်မျက်အတတ်ပညာဌာန G.I.A – Gemological Institute of America

ကို ၁၉၇၉ ခုနှစ်တွင် မစ္စတာစွဘိုဒါ (Ed. Swoboda)က လှူဒါန်းပြီးဖြစ်၍ ကမ္ဘာတွင် ပိန်းနိုက်ကျောက် သုံးပွင့် ရှိလာသော ကာလ ဖြစ်ပါသည်။

၁၉၉၅ ခုနှစ်တွင် ကျွန်တော် မိုးကုတ်သို့ ဒုတိယအကြိမ် သွားခဲ့ပါသည်။ ကျွန်တော် လိုက်ရှာနေသော ပိန်းနိုက်ကျောက်ကို

ဓာတ်ပုံရိုက်ကာ မိုးအမာနှုန်း ၈ လောက်ရှိသည်ကို ရွာသားများအား ရှင်းပြခဲ့သည်။ မစ္စတာပိန်း စတင်တွေ့ရှိသော

အုံးကိုင်းကျေးရွာအနီး၌ အထူးသဖြင့် ရှာဖွေစေခဲ့သည်။ ၁၀ နှစ်အတွင်း ကျွန်တော် မိုးကုတ်သို့ အခေါက် ၂၀ ခန့် သွားသော်လည်း ပိန်းနိုက်ကျောက် တစ်ပွင့်မျှ မရရှိခဲ့ပါ။

၂၀၀၁ ခုနှစ်တွင် ပိန်းနိုက်ကျောက်ဟု ဆိုသော ၅၅ ဂရမ်ရှိ ကျောက်အရိုင်း တစ်ပွင့် ကျွန်တော့်ထံ ရောက်လာသည်။

ပြင်ပအသွင်အပြင် ကြည့်ရသည်မှာ ပိန်းနိုက်ကျောက်နှင့် တူသဖြင့် ဝယ်ခဲ့သည်။ နှစ် ၃၀ ခန့် မိတ်ဆွေဖြစ်သော

ပညာရှင် ဒေါက်တာရိုစမင် (Dr. G. Rossmen)ထံ ပေးပို့ခဲ့ရာတွင် “ခင်ဗျားရဲ့ ကျောက်ထဲမှာ ကယ်လ်ဆီယမ်၊ ဇာလွန်နီယမ်နှင့်

ဘိုဂွန်ဓာတ်တွေ တွေ့ရတယ်”ဟု ပညာရှင်ဆန်ဆန် ပြောခဲ့သည်။ ကျွန်တော်၏ ကျောက်သည် ကျွန်တော်ရှာနေသော ပိန်းနိုက်ကျောက်ပင် ဖြစ်နေလေသည်။

နှစ် ၃၀ ကျော် ကြာခဲ့ပြီး ငွေများစွာ အကုန်အကျခံ ရှာဖွေပြီးနောက် ကမ္ဘာ့စတုတ္ထမြောက် ကျောက်ကို ကျွန်တော် ရရှိခဲ့ပြီဖြစ်သည်။

ထိုနှစ်၌ပင် မိတ်ဆွေကြီး ဒေါက်တာရိုးစမင်၊ အမေရိကန် သဘာဝသမိုင်းပြတိုက်မှ ဒေါက်တာဟာရို (Dr. G. Harlow)

တို့နှင့်အတူ မိုးကုတ်ကိုသွားရန် စီစဉ်ခဲ့ကြသည်။ သို့သော် ကျွန်တော်တို့ကို သွားခွင့်မပြုခဲ့ပါ။

ဒေါက်တာရိုစမင်ကမူ ပညာရှိပီပီ ကျောက်အဖြုန်း တစ်ထုပ်လောက် ရအောင်ဝယ်ခဲ့သည်။ ပြီးနောက် အမေရိကန်သို့ ပြန်လာပြီး

စမ်းကြည့်လိုက်တော့မှ အထဲမှ နှစ်ပွင့်မှာ ပိန်းနိုက်ကျောက်များ ဖြစ်နေသည်ကို တွေ့ရသည်။ ၎င်းမှာ မူလကျောက်ကို

စတင်တွေ့ရှိခဲ့ရာ ဒေသမှ မိုင်ရာချီ ဝေးကွာသည့် ဒေသတွင် ပထမဦးစွာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာတစ်ဦးကို

ထိုဒေသသို့ ထပ်မံစေလွှတ်ပြီး စုဆောင်းစေရာ ပိန်းနိုက်ကျောက် အပိုင်းအစငယ်များကို ထပ်မံတွေ့ရှိရပြန်ပါသည်။

၂၀၀၅ ခုနှစ်တွင် ပိန်းနိုက်ကျောက် ဖြစ်ပွားစေခဲ့သော ဘူမိဖြစ်စဉ်ကို သုတေသီတို့ သိရှိလာသည်။ မြန်မာလူငယ်အချို့၏

ကူညီမှုကြောင့် မိုးကုတ်မြို့ အနောက်ဘက် ၁၀ မိုင်ခန့်ကွာသော ဝက်လူးဒေသနှင့် သူရိယတောင် ဒေသများမှာလည်း ထပ်မံတွေ့ရှိလာပြန်ပါသည်။

ကမ္ဘာ့အရှားပါးဆုံး ကျောက်မျက်ကို အများဆုံး ပိုင်ဆိုင်သူမှာ ကျွန်တော် ဖြစ်လာပါသည်။ ရသမျှများကို စိတ်ဝင်စားသော

လူများထံ (အထူးသဖြင့်) စမစ်ဆိုနီယမ်နှင့် အမေရိကန်ပြတိုက်သို့ ရောင်းချခဲ့ပါသည်။