Zawgyi
(1) ကြေးချွတ်ပါ။
(2) အစိုဓာတ်ဖြည့်ပေးပါ။
(4) သံလွင်ဆီ အသုံးပြုပါ။
Credit
Unicode
အတိုအပြတ်တွေဝတ်တဲ့အခါ လှပတဲ့ခြေထောက်လေးတွေပိုင်ဆိုင်စေဖို့ နည်းလမ်းကောင်း
အတိုအပြတ်လေးတွေ ဝတ်တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့အတွက် ခြေထောက်လေးတွေ ဖြူဖွေးလှပနေစေမယ့်
နည်းလမ်းလေးတွေကို ပျိုမေတို့အတွက် မျှဝေပေးလိုက်ပါတယ်။
လှပတဲ့ ခြေထောက်လေးတွေက သင့်ကို ပိုဆွဲဆောင်မှုရှိစေမှာပဲ ဖြစ်ပါတယ်နော်။
(1) ကြေးချွတ်ပါ။
မျက်နှာတွေ၊ လက်တွေကိုလောက်ပဲ ဂရုစိုက်မနေပဲ ခြေထောက်လေးတွေကိုပါ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
ဒီတော့ ခြေထောက်လေး ဖြူဖွေးနေစေဖို့ ပုံမှန် ကြေးချွတ်ပေးဖို့တော့ လိုအပ်ပါတယ်။
ကြေးချွတ်ခြင်းက အသားအရေခြောက်သွေ့မှုနဲ့ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။
ဒီတော့ အလွယ်တကူပဲ ကော်ဖီ၊ သကြားတို့ကို ရောနှောပြီး ကြေးချွတ်ပေးလို့ ရ ပါတယ်။
(2) အစိုဓာတ်ဖြည့်ပေးပါ။
ခြေထောက် အသားအရေလေးတွေ စိုပြေနေစေဖို့အတွက် အစိုဓာတ်ဖြည့်ပေးလို့ လိုအပ်ပါတယ်။ အထူးသဖြင့်
ကြေးချွတ်ပြီးစ အချိန်မျိုးမှာ အစိုဓာတ်ဖြည့်ပေးမယ့် lotion တွေကို လိမ်းပေးသင့်ပါတယ်။
အသားအရေလေး စိုပြေနေဖို့ဆိုရင် ရေချိုးပြီးတိုင်း ခြေထောက်ကို အစိုဓာတ် ပြန်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။
(3) မှန်ကန်တဲ့ အမွှေးရိတ်နည်းကို သုံးပါ။
ခြေထောက်ရဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားတဲ့အခါ waxing လုပ်တာ ဒါမှမဟုတ် အလွယ်တကူပဲ အမွှေးရိတ်စက်ကို အသုံးပြုလို့ ရပါတယ်။
ခြေထောက်အမွှေးရိတ်တဲ့အခါ မှန်ကန်တဲ့ ပုံစံနဲ့ ရိတ်တတ်ဖို့ အရေးကြီးပြီး
တစ်ချို့အမွှေးရိတ်စက်တွေက အသားရေကို ထိခိုက်စေတာမျိုးလည်းရှိတတ်လို့ သတိထားဖို့တော့ လိုပါတယ်။
(4) သံလွင်ဆီ အသုံးပြုပါ။
သံလွင်ဆီက အသားအရေကို ချောမွေ့စေပြီး အစိုဓာတ်ပြည့်ဝစေတာဖြစ်လို့ ခြေထောက်အသားအရေ လှပဖို့အတွက် သုံးပေးလို့ရပါတယ်။
ခြေထောက် အမွှေးအမျှင်တွေ ဖယ်ရှားပြီးချိန်မှာ သံလွင်ဆီလေးကို သုံးပြီး
ခြေထောက်လေးကို နှိပ်နှယ်ပေးတာက အသားအရေကို ချောမွေ့လှပ စေနိုင်ပါတယ်နော်။ ။
Credit