Zawgyi

မိန္းမကိုယ္မႈိေရာဂါျဖစ္ေနမွန္း သိႏိုင္မယ့္ လကၡဏာမ်ားနဲ႔ ေဆာင္ရန္ေရွာင္ရန္အခ်က္မ်ား

မိန္းမကိုယ္မႈိေရာဂါဆိုတာ

မိန္းမကိုယ္ယားယံတာ၊ မအီမသာျဖစ္တာ နဲ႔ မိန္းမကိုယ္တစ္ဝိုက္ အလြန္ယားယံျခင္းေတြ ျဖစ္တာမ်ိဳးပါ။

အမ်ိဳးသမီး ၄ေယာက္မွာ ၃ေယာက္ေလာက္က တစ္ႀကိမ္မက ဒီလိုျဖစ္တတ္ၾကပါတယ္။ အကာအကြယ္မပါပဲလိင္ဆက္ဆံျခင္း

ကေနလည္း ျဖစ္တတ္ပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ မိန္းမကိုယ္မႈိေရာဂါျဖစ္ေစတတ္တဲ့ အေၾကာင္းရင္းေတြနဲ႔ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြပဲျဖစ္ပါတယ္။

လကၡဏာမ်ား

မိန္းမကိုယ္မႈိေရာဂါရဲ႕လကၡဏာေတြကေတာ့ ေအာက္ပါအတိုင္းပဲျဖစ္ပါတယ္။

မိန္းမကိုယ္နဲ႔ မိန္းမကိုယ္တစ္ဝိုက္ယားယံျခင္း

မိန္းမကိုယ္ပူေလာင္ျခင္း အထူးသျဖင့္ ဆီးသြားတဲ့အခါမ်ိဳးမွာပါ

မိန္းမကိုယ္တစ္ဝိုက္ နီရဲေရာင္ရမ္းျခင္း

မိန္းမကိုယ္နာက်င္ျခင္း၊ မအီမသာျဖစ္ျခင္း

မိန္းမကိုယ္အဖုအပိန႔္ထြက္ျခင္း

ပ်စ္ခြၽဲၿပီး ႏို႔ႏွစ္ေရာင္ သို႔ အျဖဴေရာင္ အရည္ထြက္ျခင္း

အရည္ၾကည္မ်ားထြက္ျခင္း တို႔ပဲျဖစ္ပါတယ္။

အေၾကာင္းရင္းမ်ား

ပဋိဇီဝေဆးမ်ားေၾကာင့္လည္း ျဖစ္တတ္ပါတယ္။

ပဋိဇီဝေဆးေတြဟာ ဘက္တီးရီးယားေတြကို ေသေစႏိုင္တဲ့အတြက္ မိန္းမကိုယ္ထဲက ေကာင္းမြန္တဲ့ ဘက္တီးရီးယားေတြကိုလည္း ဖ်က္ဆီးပစ္လိုက္တာေၾကာင့္ပါ။

အက္ထ႐ိုဂ်င္ပမာဏမ်ားလာလို႔လည္း ျဖစ္တတ္ပါတယ္။

ဒီမႈိေရာဂါဟာ ကိုယ္ဝန္ေဆာင္သို႔မဟုတ္ တားေဆးသုံးစြဲေနတဲ့ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားပါတယ္။

ဆီးခ်ိဳေရာဂါေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။

အေၾကာင္းကေတာ့ ေသြးတြင္းသၾကားဓာတ္ေတြ မ်ားျပားလာတဲ့အခါ မိန္းမကိုယ္မႈိေရာဂါျဖစ္တတ္ပါတယ္။

ခုခံအားနည္းလို႔လည္း ျဖစ္တတ္ပါတယ္။ ခုခံအားက်ဆင္းမႈကူးစက္ေရာဂါ (HIV) နဲ႔ တျခားျပင္းထန္တဲ့ ေဆးဝါးကုသမႈ ခံယူေနတဲ့ အမ်ိဳးသမီးေတြမွာလည္း ဒီေရာဂါအျဖစ္မ်ားပါတယ္။

ႀကိဳတင္ကာကြယ္ျခင္း

က်ပ္လြန္းတဲ့ အတြင္းခံေဘာင္းဘီေတြမဝတ္ပါနဲ႔။

ေရပိုက္နဲ႔မိန္းမကိုယ္ေဆးေက်ာျခင္းကို အတတ္ႏိုင္ဆုံးေရွာင္ၾကည္ပါ။ ေကာင္းမြန္တဲ့ ဘက္တီးရီးယားေတြကို ဖယ္ရွားပစ္ႏိုင္လို႔ပါ။

မိန္းမကိုယ္ အေမႊးအႀကိဳင္ေတြ၊ အေမႊးနံ႔ပါတဲ့ သန႔္စင္ေဆးေတြ၊ လစဥ္သုံးဂြမ္းထုတ္ေတြကို ေရွာင္ပါ။

ေရပူ၊ အလြန္ပူတဲ့ေရေတြနဲ႔ မေဆးေၾကာပါနဲ႔။

မလိုအပ္ပဲ ေဆးေတြမေသာက္ပါနဲ႔။

ေကာင္းမြန္စြာမေျခာက္တဲ့ အဝတ္ေတြ မဝတ္ပါနဲ႔။

ဒီေလာက္ဆိုရင္ေတာ့ မိန္းမကိုယ္မႈိေရာဂါနဲ႔ပတ္သက္ၿပီး ေဆာင္ရန္၊ ေရွာင္ရန္ေလးေတြကို နားလည္ၾကလိမ့္မယ္ထင္ပါတယ္ေနာ္။

Unicode

မိန်းမကိုယ်မှိုရောဂါဖြစ်နေမှန်း သိနိုင်မယ့် လက္ခဏာများနဲ့ ဆောင်ရန်ရှောင်ရန်အချက်များ

မိန်းမကိုယ်မှိုရောဂါဆိုတာ

မိန်းမကိုယ်ယားယံတာ၊ မအီမသာဖြစ်တာ နဲ့ မိန်းမကိုယ်တစ်ဝိုက် အလွန်ယားယံခြင်းတွေ ဖြစ်တာမျိုးပါ။

အမျိုးသမီး ၄ယောက်မှာ ၃ယောက်လောက်က တစ်ကြိမ်မက ဒီလိုဖြစ်တတ်ကြပါတယ်။ အကာအကွယ်မပါပဲလိင်ဆက်ဆံခြင်း

ကနေလည်း ဖြစ်တတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ မိန်းမကိုယ်မှိုရောဂါဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေနဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေပဲဖြစ်ပါတယ်။

လက္ခဏာများ

မိန်းမကိုယ်မှိုရောဂါရဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

မိန်းမကိုယ်နဲ့ မိန်းမကိုယ်တစ်ဝိုက်ယားယံခြင်း

မိန်းမကိုယ်ပူလောင်ခြင်း အထူးသဖြင့် ဆီးသွားတဲ့အခါမျိုးမှာပါ

မိန်းမကိုယ်တစ်ဝိုက် နီရဲရောင်ရမ်းခြင်း

မိန်းမကိုယ်နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း

မိန်းမကိုယ်အဖုအပိန့်ထွက်ခြင်း

ပျစ်ချွဲပြီး နို့နှစ်ရောင် သို့ အဖြူရောင် အရည်ထွက်ခြင်း

အရည်ကြည်များထွက်ခြင်း တို့ပဲဖြစ်ပါတယ်။

အကြောင်းရင်းများ

ပဋိဇီဝဆေးများကြောင့်လည်း ဖြစ်တတ်ပါတယ်။

ပဋိဇီဝဆေးတွေဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အတွက် မိန်းမကိုယ်ထဲက ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကိုလည်း ဖျက်ဆီးပစ်လိုက်တာကြောင့်ပါ။

အက်ထရိုဂျင်ပမာဏများလာလို့လည်း ဖြစ်တတ်ပါတယ်။

ဒီမှိုရောဂါဟာ ကိုယ်ဝန်ဆောင်သို့မဟုတ် တားဆေးသုံးစွဲနေတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

ဆီးချိုရောဂါကြောင့်လည်းဖြစ်နိုင်ပါတယ်။

အကြောင်းကတော့ သွေးတွင်းသကြားဓာတ်တွေ များပြားလာတဲ့အခါ မိန်းမကိုယ်မှိုရောဂါဖြစ်တတ်ပါတယ်။

ခုခံအားနည်းလို့လည်း ဖြစ်တတ်ပါတယ်။ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (HIV) နဲ့ တခြားပြင်းထန်တဲ့ ဆေးဝါးကုသမှု ခံယူနေတဲ့ အမျိုးသမီးတွေမှာလည်း ဒီရောဂါအဖြစ်များပါတယ်။

ကြိုတင်ကာကွယ်ခြင်း

ကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီတွေမဝတ်ပါနဲ့။

ရေပိုက်နဲ့မိန်းမကိုယ်ဆေးကျောခြင်းကို အတတ်နိုင်ဆုံးရှောင်ကြည်ပါ။ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်နိုင်လို့ပါ။

မိန်းမကိုယ် အမွှေးအကြိုင်တွေ၊ အမွှေးနံ့ပါတဲ့ သန့်စင်ဆေးတွေ၊ လစဉ်သုံးဂွမ်းထုတ်တွေကို ရှောင်ပါ။

ရေပူ၊ အလွန်ပူတဲ့ရေတွေနဲ့ မဆေးကြောပါနဲ့။

မလိုအပ်ပဲ ဆေးတွေမသောက်ပါနဲ့။

ကောင်းမွန်စွာမခြောက်တဲ့ အဝတ်တွေ မဝတ်ပါနဲ့။

ဒီလောက်ဆိုရင်တော့ မိန်းမကိုယ်မှိုရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်လေးတွေကို နားလည်ကြလိမ့်မယ်ထင်ပါတယ်နော်။