Zawgyi

ဘုတ္ဆုံမ င႐ုတ္သီးမႈန္႔အပါအဝင္ ျမန္မာႏိုင္ငံမွ င႐ုတ္သီးမႈန္႔မ်ားအား လန္ဒန္ဓါတ္ခြဲခန္းတြင္ စမ္းသပ္ရာအားလုံးတြင္

င႐ုတ္သီးမႈန္႔ မဟုတ္ေသာ အမႈန္႔မ်ား ၆၀ ရာခိုင္ႏူန္းခန္႔ ပါဝင္ေနၿပီး၊ အသည္းကင္ဆာ ျဖစ္ေစႏိုင္သည့္

အဖာေတာက္ဆင္မႈိမ်ား ျပည့္လွ်ံေနသည္ဟု သိရသည္။ သတိထားစားသုံးၾကပါ။င႐ုတ္သီးမႈန္႔ လုပ္ရတဲ့

process ႀကီးတစ္ခုလုံးကိုျမင္ရင္ ပိုနားလည္ႏိုင္ပါလိမ့္မယ္။

င႐ုတ္ပင္က ဆြတ္လာတဲ့ င႐ုတ္သီးေတြကို င႐ုတ္ဝယ္လက္၊ ဒိုင္ဆီမွာ သြင္းလိုက္ပါတယ္။အဲဒီင႐ုတ္ေတြကို ေရေႏြးေဖ်ာပါတယ္။

ၿပီးမွ ေနလွမ္းပါတယ္။ အဲဒီလိုနည္းက သဘာဝအတိုင္း ေနေရာင္မွာလွမ္းတဲ့နည္းထက္ အပုပ္သက္သာၿပီး ျမန္ျမန္ေျခာက္လို႔လည္း

ျဖစ္လို႔ပါ။င႐ုတ္ေျခာက္ေတြကို ပို႔ဖို႔အတြက္ အိတ္ေတြထဲ ထည့္ပါတယ္။ တကယ့္ကို အိပ္ပါးေလးေတြပါ။င႐ုတ္ကို အဲဒီအတိုင္းသာ

အိတ္ထဲထည့္ ပို႔လို႔ကေတာ့ အညႇာကြၽတ္မယ္။ ကြဲထြက္ကုန္မယ္။ အေစ့ေတြ ထြက္က်ကုန္မယ္။ င႐ုတ္ေျခာက္ရဲ႕

အေလးခ်ိန္ကလည္း အသားထက္ အေစ့နဲ႔အညႇာအေပၚ မူတည္ေနတာကိုး။

အဲဒီေတာ့ င႐ုတ္အိတ္ကို ေရဖ်န္းရပါတယ္။ အသီးမကြဲ အေစ့မထြက္ဘဲ ျပားသြားေတာ့ သယ္ရ ထပ္ရတာလည္းအဆင္ေျပ၊

အေလးခ်ိန္လည္း ပိုတိုးေပါ့ေလ။ျပႆနာက အဲဒီမွာပါပဲ။ ပူလိုက္အိုက္လိုက္ စိုစိုစြတ္စြတ္ျဖစ္လိုက္ဟာ မႈိေတြပြားဖို႔

လက္ယပ္ေခၚေနသလိုပါပဲ။ Aflatoxin အဆိပ္ထုတ္တဲ့မႈိေတြ ပြားၿပီး အဆိပ္ေတြ င႐ုတ္မွာ ကပ္က်န္ခဲ့ပါၿပီ။

( ဖုန္နဲ႔တျခား အညစ္အေၾကးေတြကိုေတာ့ ထည့္မေျပာေတာ့ပါဘူး)အဲသလိုင႐ုတ္ကို ႀကိဳက္သလို အေျခာက္လွမ္းလွမ္း၊

ႀကိတ္ႀကိတ္၊ ေၾကာ္ေၾကာ္၊ ေလွာ္ေလွာ္ ႀကိဳက္ရာလုပ္။ အဆိပ္က ပါေနမယ္၊ ဓာတ္ျပယ္တယ္လို႔ မရွိ။

မ်ားလာ စုလာတဲ့အခါ အသည္းဟာ ျပႆနာတက္ေတာ့တာပါပဲ။ ဘီပိုး၊ စီပိုး အခံရွိသူေတြကေတာ့

ပိုဆိုးေပမေပါ့။အဲဒီျဖစ္စဥ္ႀကီးတစ္ခုလုံးကို နားလည္မွ ျပႆနာကိုင္တြယ္ေျဖရွင္းရတာ အဆင္ေျပပါလိမ့္မယ္။

အိုဘယ့္ FDA အသည္းေတြကို ကယ္တင္ပါေလာ့။အိုဘယ့္ျပည္သူေတြ အစပ္မပါ မေနသာရင္ င႐ုတ္အစိမ္းကိုသာ

ခ်က္လိုခ်က္၊ မီးဖုတ္ေထာင္းလိုေထာင္း။ အေျခာက္မွ အေျခာက္ တန္းလန္းစြဲေတြကေတာ့ ကိုယ့္ဟာကို အေျခာက္ခံၿပီး

င႐ုတ္ဆုံမွာသာ ထည့္ေထာင္းေပေရာ့။

Credit : Chit Ko Ko

Unicode

ဘုတ်ဆုံမ ငရုတ်သီးမှုန့်အပါအဝင် မြန်မာနိုင်ငံမှ ငရုတ်သီးမှုန့်များအား လန်ဒန်ဓါတ်ခွဲခန်းတွင် စမ်းသပ်ရာအားလုံးတွင်

ငရုတ်သီးမှုန့် မဟုတ်သော အမှုန့်များ ၆၀ ရာခိုင်နူန်းခန့် ပါဝင်နေပြီး၊ အသည်းကင်ဆာ ဖြစ်စေနိုင်သည့်

အဖာတောက်ဆင်မှိုများ ပြည့်လျှံနေသည်ဟု သိရသည်။ သတိထားစားသုံးကြပါ။ငရုတ်သီးမှုန့် လုပ်ရတဲ့

process ကြီးတစ်ခုလုံးကိုမြင်ရင် ပိုနားလည်နိုင်ပါလိမ့်မယ်။

ငရုတ်ပင်က ဆွတ်လာတဲ့ ငရုတ်သီးတွေကို ငရုတ်ဝယ်လက်၊ ဒိုင်ဆီမှာ သွင်းလိုက်ပါတယ်။အဲဒီငရုတ်တွေကို ရေနွေးဖျောပါတယ်။

ပြီးမှ နေလှမ်းပါတယ်။ အဲဒီလိုနည်းက သဘာဝအတိုင်း နေရောင်မှာလှမ်းတဲ့နည်းထက် အပုပ်သက်သာပြီး မြန်မြန်ခြောက်လို့လည်း

ဖြစ်လို့ပါ။ငရုတ်ခြောက်တွေကို ပို့ဖို့အတွက် အိတ်တွေထဲ ထည့်ပါတယ်။ တကယ့်ကို အိပ်ပါးလေးတွေပါ။ငရုတ်ကို အဲဒီအတိုင်းသာ

အိတ်ထဲထည့် ပို့လို့ကတော့ အညှာကျွတ်မယ်။ ကွဲထွက်ကုန်မယ်။ အစေ့တွေ ထွက်ကျကုန်မယ်။ ငရုတ်ခြောက်ရဲ့

အလေးချိန်ကလည်း အသားထက် အစေ့နဲ့အညှာအပေါ် မူတည်နေတာကိုး။

အဲဒီတော့ ငရုတ်အိတ်ကို ရေဖျန်းရပါတယ်။ အသီးမကွဲ အစေ့မထွက်ဘဲ ပြားသွားတော့ သယ်ရ ထပ်ရတာလည်းအဆင်ပြေ၊

အလေးချိန်လည်း ပိုတိုးပေါ့လေ။ပြဿနာက အဲဒီမှာပါပဲ။ ပူလိုက်အိုက်လိုက် စိုစိုစွတ်စွတ်ဖြစ်လိုက်ဟာ မှိုတွေပွားဖို့

လက်ယပ်ခေါ်နေသလိုပါပဲ။ Aflatoxin အဆိပ်ထုတ်တဲ့မှိုတွေ ပွားပြီး အဆိပ်တွေ ငရုတ်မှာ ကပ်ကျန်ခဲ့ပါပြီ။

( ဖုန်နဲ့တခြား အညစ်အကြေးတွေကိုတော့ ထည့်မပြောတော့ပါဘူး)အဲသလိုငရုတ်ကို ကြိုက်သလို အခြောက်လှမ်းလှမ်း၊

ကြိတ်ကြိတ်၊ ကြော်ကြော်၊ လှော်လှော် ကြိုက်ရာလုပ်။ အဆိပ်က ပါနေမယ်၊ ဓာတ်ပြယ်တယ်လို့ မရှိ။

များလာ စုလာတဲ့အခါ အသည်းဟာ ပြဿနာတက်တော့တာပါပဲ။ ဘီပိုး၊ စီပိုး အခံရှိသူတွေကတော့

ပိုဆိုးပေမပေါ့။အဲဒီဖြစ်စဉ်ကြီးတစ်ခုလုံးကို နားလည်မှ ပြဿနာကိုင်တွယ်ဖြေရှင်းရတာ အဆင်ပြေပါလိမ့်မယ်။

အိုဘယ့် FDA အသည်းတွေကို ကယ်တင်ပါလော့။အိုဘယ့်ပြည်သူတွေ အစပ်မပါ မနေသာရင် ငရုတ်အစိမ်းကိုသာ

ချက်လိုချက်၊ မီးဖုတ်ထောင်းလိုထောင်း။ အခြောက်မှ အခြောက် တန်းလန်းစွဲတွေကတော့ ကိုယ့်ဟာကို အခြောက်ခံပြီး

ငရုတ်ဆုံမှာသာ ထည့်ထောင်းပေရော့။

Credit : Chit Ko Ko