ထူးထူးဆန်းဆန်း လေးထောင့်ပုံပင်စည်ရှိတဲ့ သစ်ပင်များပေါက်ရာနေရာ

Zawgyi

ပနားမားတူးေျမာင္းရဲ႕ မိုင္အနည္းငယ္အကြာအေဝးမွာရွိတဲ့ El Valle de Anton ဆိုတဲ့ၿမိဳ႕ငယ္ေလးနားက ေတာအုပ္တစ္ခုမွာ

ကမာၻလွည့္ခရီးသြားေတြကို ဆြဲေဆာင္တဲ့ေနရာတစ္ခုရွိပါတယ္။ အဲဒါကေတာ့ အဲဒီေနရာက သစ္ပင္အေတာ္မ်ားမ်ားရဲ႕ ပင္စည္ေတြဟာ

သာမန္အဝိုင္းပုံမျဖစ္ပဲ ေလးေထာင့္ပုံျဖစ္ေနတဲ့ေတာအုပ္တစ္ခုျဖစ္ပါတယ္။ အဲဒီအနားမွာ El Valle de Anton ဆိုတဲ့ႀကီးမားတဲ့

မီးေတာင္ရွင္တစ္ခုရွိၿပီး ဒီမီးေတာင္ဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၀၀၀၀ ခန႔္က ေပါက္ကြဲခဲ့ဖူးပါတယ္။ ေလ့ေထာင့္ပုံပင္စည္ရွိတဲ့သစ္ပင္ဟာ

မီးေတာင္ေပါက္ကြဲမႈကျဖစ္လာတဲ့ ေခ်ာ္ရည္ေျမဆီလႊာေပၚမွာ ေပါက္ေရာက္ေနတာပဲျဖစ္ပါတယ္။ အခ်ိန္မေ႐ြးေပါက္ကြဲႏိုင္တာေၾကာင့္

အၿမဲေနထိုင္ရဲသူမရွိပဲ ေလ့လာတဲ့သိပၸံပညာရွင္ေတြနဲ႔ ခရီးသြားေတြသာလာတတ္တဲ့ေနရာျဖစ္ပါတယ္။ ဒီသစ္ပင္ေတြဟာ cottonwood

မ်ိဳးႏြယ္ထဲက ရွားပါးမ်ိဳးႏြယ္ျဖစ္ပါတယ္။ ပင္စည္ပုံစံက ေလးေထာင့္ျဖစ္႐ုံမကပါဘူး အတြင္းသားကိုျဖတ္လိုက္လို႔ေပၚလာတဲ့အရစ္အကြင္းေတြကလည္း

ေလးေထာင့္ေတြသာျဖစ္ပါတယ္။ ဒါေပမယ့္ အပင္ေတြကို အျပင္မွာ ဒီအတိုင္းအေဝးက ၾကည့္မယ္ဆိုရင္ေတာ့ ပုံမွန္အပင္ေတြလိုပဲ

ထင္ရမွာျဖစ္ၿပီး အနီးကပ္တိုင္းၾကည့္မွသာ ေလးေထာင့္ပုံစံျဖစ္မွန္းသိရမွာပါ။ ဘာေၾကာင့္ ပင္စည္ေတြဟာ ေလးေထာင့္ျဖစ္ေနရသလဲ

ဆိုတာကို တိတိက်က်အေျဖမရွာႏိုင္ၾကေသးပါဘူး။ ေသခ်ာတာကေတာ့ ပင္စည္ေတြဒီလို ထူးထူးဆန္းဆန္းပုံသ႑ာန္ျဖစ္ေနတာဟာ

ေပါက္ေရာက္ရာေဒသနဲ႔ တိုက္႐ိုက္သက္ဆိုင္ေနတယ္လို႔ သိရပါတယ္။ ဖေလာ္ရီဒါက သဘာဝကြၽမ္းက်င္ပညာရွင္ေတြဟာ ဒီသစ္ပင္ေတြရဲ႕

မ်ိဳးေစ့ေတြကိုယူၿပီး အျခားေဒသမွာစိုက္ၾကည့္တဲ့အခါမွာ ပုံမွန္အဝိုင္းပုံေတြသာေပါက္ခဲ့ပါတယ္။ ဒီအပင္ေတြကို ဘရာဇီး၊ ကိုလံဘီယာ၊

ကို႔စတာရီကာ၊ အီေကြေဒါ၊ ပနားမား၊ ပီ႐ူး၊ ဗင္နီဇြဲလားစတဲ့ ႏိုင္ငံေတြမွာေတြ႕ရတတ္ေပမယ့္အလြန္ရွားပါးၿပီး ပနားမားက ဒီေနရာမွာသာ အမ်ားဆုံးေတြ႕ႏိုင္တာပဲျဖစ္ပါတယ္။

Credit

Unicode

ပနားမားတူးမြောင်းရဲ့ မိုင်အနည်းငယ်အကွာအဝေးမှာရှိတဲ့ El Valle de Anton ဆိုတဲ့မြို့ငယ်လေးနားက တောအုပ်တစ်ခုမှာ

ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာတစ်ခုရှိပါတယ်။ အဲဒါကတော့ အဲဒီနေရာက သစ်ပင်အတော်များများရဲ့ ပင်စည်တွေဟာ

သာမန်အဝိုင်းပုံမဖြစ်ပဲ လေးထောင့်ပုံဖြစ်နေတဲ့တောအုပ်တစ်ခုဖြစ်ပါတယ်။ အဲဒီအနားမှာ El Valle de Anton ဆိုတဲ့ကြီးမားတဲ့

မီးတောင်ရှင်တစ်ခုရှိပြီး ဒီမီးတောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀ ခန့်က ပေါက်ကွဲခဲ့ဖူးပါတယ်။ လေ့ထောင့်ပုံပင်စည်ရှိတဲ့သစ်ပင်ဟာ

မီးတောင်ပေါက်ကွဲမှုကဖြစ်လာတဲ့ ချော်ရည်မြေဆီလွှာပေါ်မှာ ပေါက်ရောက်နေတာပဲဖြစ်ပါတယ်။ အချိန်မရွေးပေါက်ကွဲနိုင်တာကြောင့်

အမြဲနေထိုင်ရဲသူမရှိပဲ လေ့လာတဲ့သိပ္ပံပညာရှင်တွေနဲ့ ခရီးသွားတွေသာလာတတ်တဲ့နေရာဖြစ်ပါတယ်။ ဒီသစ်ပင်တွေဟာ cottonwood

မျိုးနွယ်ထဲက ရှားပါးမျိုးနွယ်ဖြစ်ပါတယ်။ ပင်စည်ပုံစံက လေးထောင့်ဖြစ်ရုံမကပါဘူး အတွင်းသားကိုဖြတ်လိုက်လို့ပေါ်လာတဲ့အရစ်အကွင်းတွေကလည်း

လေးထောင့်တွေသာဖြစ်ပါတယ်။ ဒါပေမယ့် အပင်တွေကို အပြင်မှာ ဒီအတိုင်းအဝေးက ကြည့်မယ်ဆိုရင်တော့ ပုံမှန်အပင်တွေလိုပဲ

ထင်ရမှာဖြစ်ပြီး အနီးကပ်တိုင်းကြည့်မှသာ လေးထောင့်ပုံစံဖြစ်မှန်းသိရမှာပါ။ ဘာကြောင့် ပင်စည်တွေဟာ လေးထောင့်ဖြစ်နေရသလဲ

ဆိုတာကို တိတိကျကျအဖြေမရှာနိုင်ကြသေးပါဘူး။ သေချာတာကတော့ ပင်စည်တွေဒီလို ထူးထူးဆန်းဆန်းပုံသဏ္ဍာန်ဖြစ်နေတာဟာ

ပေါက်ရောက်ရာဒေသနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ သိရပါတယ်။ ဖလော်ရီဒါက သဘာဝကျွမ်းကျင်ပညာရှင်တွေဟာ ဒီသစ်ပင်တွေရဲ့

မျိုးစေ့တွေကိုယူပြီး အခြားဒေသမှာစိုက်ကြည့်တဲ့အခါမှာ ပုံမှန်အဝိုင်းပုံတွေသာပေါက်ခဲ့ပါတယ်။ ဒီအပင်တွေကို ဘရာဇီး၊ ကိုလံဘီယာ၊

ကို့စတာရီကာ၊ အီကွေဒေါ၊ ပနားမား၊ ပီရူး၊ ဗင်နီဇွဲလားစတဲ့ နိုင်ငံတွေမှာတွေ့ရတတ်ပေမယ့်အလွန်ရှားပါးပြီး ပနားမားက ဒီနေရာမှာသာ အများဆုံးတွေ့နိုင်တာပဲဖြစ်ပါတယ်။

Credit