Zawgyi

၈၈ အေရးအခင္းႀကီး မျဖစ္မွီ ၂ႏွစ္အလိုကေႏြရာသီ တစ္ရက္ေပါ့။ ရန္ကုန္ အင္းစိန္မွာရွိေသာ စက္မႈ

လက္မႈ သိပၸံေက်ာင္း တစ္ျဖစ္လဲ Government Engineering School ေက်ာင္းႀကီးရဲ႕ တစ္ေနရာမွာလက္ေထာက္ကထိက

ဆရာတစ္ေယာက္ နဲ႔တပည့္တစ္စု အလုပ္ရႈပ္ေနပါတယ္။ဂ်ပန္ႏိုင္ငံ ဟြန္ဒါ ကုမၸဏီက သူရဲ႕ပထမဆုံး ႐ိုေဘာ့ P1 ကို

ထုတ္ လုပ္ႏိုင္ဖို႔ ၇ ႏွစ္အလိုကာလက ျမန္မာ ျပည္ စက္မႈ လက္မႈသိပၸံ ေက်ာင္းက ဆရာႀကီး ဦးၾကည္ နဲ႔

တပည့္တစ္စုက ကားေဆးမႈတ္လုပ္ငန္းမွာ အသုံးျပဳႏိုင္မယ့္ Robot စက္႐ုပ္ တစ္ခုကို အသည္းအသန္ တီထြင္ ေနၾကတာပါ။

ေမာ္ေတာ္ကား ေဆးမႈတ္တဲ့လုပ္ငန္းဟာ လူေတြရဲ႕က်န္းမာေရးကို ထိခိုက္ေစတဲ့အတြက္ေၾကာင့္စက္႐ုပ္

ေတြနဲ႔ အစားထိုးႏိုင္ဖို႔ ဆရာႀကီးဦးၾကည္ တို႔က ရည္႐ြယ္ခဲ့ၾကတာပါ။ ဆရာ တပည့္တစ္စုဟာ စက္မႈပစၥည္း

ရွားပါးလွတဲ့ မဆလေခတ္ႀကီးထဲမွာ ရရာပစၥည္းေတြ လိုက္စုၿပီး တီထြင္ခဲ့ၾကပါတယ္ေနာ္။ ရည္႐ြယ္သလိုလဲ

ေျခာက္လအၾကာမွာဘဲေအာင္ျမင္ခဲ့ပါတယ္ေနာ္။၁၉၈၆ ခုႏွစ္ ျပည္ေထာင္စုျပပြဲမွာ ဦးၾကည္တို႔ရဲ႕ စက္႐ုပ္ဟာ

ေကာင္းေကာင္း အလုပ္ လုပ္ျပႏိုင္ခဲ့ပါတယ္ေနာ္။ ဆရာႀကီးဟာ လူရဲ႕ အမိန႔္စကားသံအတိုင္း နာခံတဲ့ စ

က္ ႐ုပ္ နဲ႔စကားျပန္လည္ ေျပာႏိုင္တဲ့စက္႐ုပ္ေတြ တီထြင္ဖို႔ ႀကိဳးစားခဲ့တဲ့အခါမွာ ဦးေနဝင္းရဲ႕ မဆလအစိုးရထံက အကူအညီ

ေတာင္းခံခဲ့တဲ့အခါ အစိုးရက ျငင္းခဲ့ပါတယ္။ ပထမဆုံးတီထြင္ႏိုင္တဲ့ ေဆးမႈတ္ စက္႐ုပ္ကိုေတာ့ ျပပြဲေတြမွ

ာပဲ ျပသခြင့္ျပဳခဲ့ၿပီးေတာ့ ေနာက္ထပ္ အမ်ားႀကီးထုတ္လုပ္ခြင့္ကို အစိုးရက ခြင့္မျပဳခဲ့ပါဘူးတဲ့။ဒီလိုနဲ႔၈၈ အေရးအခင္းႀကီးျဖစ္။

စက္မႈေက်ာင္း ေတြလည္း ပိတ္။ ဆရာႀကီးကို ဂ်ပန္ အပါအဝင္ ႏိုင္ငံျခား ကုမၸဏီ ေတြက သူတို႔ဆီ လာ

ေရာက္လုပ္ကိုင္ဖို႔ ဖိတ္ေခၚခဲ့ေပမယ့္လည္း ဆရာႀကီး ကေတာ့ ေက်ာင္းဆရာအျဖစ္ပဲ ျပည္တြင္းမွာ ေနထိုင္ခဲ့တာပါ။

ဆရာႀကီး ပညာဆည္းပူးခဲ့တဲ့ အင္းစိန္က စက္မႈလက္မႈ သိပၸံေက်ာင္ းႀကီးဟာ ဒီလို ခြၽန္တဲ့ ထက္တဲ့ ျမန္မာ

ေက်ာင္းသားေတြ၊ ပညာရွင္ေတြကို ေမြးထုတ္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီေက်ာင္းႀကီးမွာ စင္ကာပူ၊ လာအို နဲ႔ ကေမာၻဒီးယားက

ေက်ာင္းသားေတြကပညာလာသင္ယူခဲ့ၾကပါတယ္။စက္မႈ လက္မႈ သိပၸံေက်ာင္းႀကီးရဲ႕ ပုံစံ ၊ သင္ၾကားမႈ နည္

းစနစ္ နမူနာကို ယူၿပီး စင္ကာပူႏိုင္ငံက ေက်ာင္းတစ္ေက်ာင္း စတည္ေထာင္ခဲ့ပါတယ္ေနာ္။ ဒါေပမယ့္လည္း ႏွစ္ေပါင္းႏွစ္

ဆယ္နီးပါး ၾကာလာတဲ့ အခါမွာေတာ့သယံဇာတေတြ ေပါမ်ားၿပီး ေတာ့ ေ႐ႊေရာင္လႊမ္းတဲ့ ျမန္မာျပည္ႀကီးက

ေက်ာင္းသားေတြဟာ စင္ကာပူက ပိုလီတကၠနစ္ ဆိုတာႀကီးကို ေငြေၾကးကုန္က်ခံၿပီး သြားတက္ေနရပါေတာ့တယ္။

အေသးစိတ္ဖတ္ခ်င္ရင္ေတာ့ ဆရာတင္ႏိုင္တိုး ရဲ႕ ပုဂၢိူလ္ထူးတို႔၏ဘဝတေကြ႕ စာအုပ္မွာ ရွာဖတ္ႏိုင္ပါတယ္ဗ်ာ။

ႏိုင္ငံေရး တိုက္ခိုက္ရန္ လုံးဝလုံးဝ မရည္႐ြယ္ပါ ။ မသိေသးသူမ်ား ဗဟုသုတ ရရန္ႏွင့္ ဂုဏ္ယူႏိုင္ရန္သာ ရည္႐ြယ္၍ ေဖာ္ျပျခင္း ျဖစ္ပါတယ္။

Credit ; Shwe Myanmar

Unicode

၈၈ အရေးအခင်းကြီး မဖြစ်မှီ ၂နှစ်အလိုကနွေရာသီ တစ်ရက်ပေါ့။ ရန်ကုန် အင်းစိန်မှာရှိသော စက်မှု

လက်မှု သိပ္ပံကျောင်း တစ်ဖြစ်လဲ Government Engineering School ကျောင်းကြီးရဲ့ တစ်နေရာမှာလက်ထောက်ကထိက

ဆရာတစ်ယောက် နဲ့တပည့်တစ်စု အလုပ်ရှုပ်နေပါတယ်။ဂျပန်နိုင်ငံ ဟွန်ဒါ ကုမ္ပဏီက သူရဲ့ပထမဆုံး ရိုဘော့ P1 ကို

ထုတ် လုပ်နိုင်ဖို့ ၇ နှစ်အလိုကာလက မြန်မာ ပြည် စက်မှု လက်မှုသိပ္ပံ ကျောင်းက ဆရာကြီး ဦးကြည် နဲ့

တပည့်တစ်စုက ကားဆေးမှုတ်လုပ်ငန်းမှာ အသုံးပြုနိုင်မယ့် Robot စက်ရုပ် တစ်ခုကို အသည်းအသန် တီထွင် နေကြတာပါ။

မော်တော်ကား ဆေးမှုတ်တဲ့လုပ်ငန်းဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက်ကြောင့်စက်ရုပ်

တွေနဲ့ အစားထိုးနိုင်ဖို့ ဆရာကြီးဦးကြည် တို့က ရည်ရွယ်ခဲ့ကြတာပါ။ ဆရာ တပည့်တစ်စုဟာ စက်မှုပစ္စည်း

ရှားပါးလှတဲ့ မဆလခေတ်ကြီးထဲမှာ ရရာပစ္စည်းတွေ လိုက်စုပြီး တီထွင်ခဲ့ကြပါတယ်နော်။ ရည်ရွယ်သလိုလဲ

ခြောက်လအကြာမှာဘဲအောင်မြင်ခဲ့ပါတယ်နော်။၁၉၈၆ ခုနှစ် ပြည်ထောင်စုပြပွဲမှာ ဦးကြည်တို့ရဲ့ စက်ရုပ်ဟာ

ကောင်းကောင်း အလုပ် လုပ်ပြနိုင်ခဲ့ပါတယ်နော်။ ဆရာကြီးဟာ လူရဲ့ အမိန့်စကားသံအတိုင်း နာခံတဲ့ စ

က် ရုပ် နဲ့စကားပြန်လည် ပြောနိုင်တဲ့စက်ရုပ်တွေ တီထွင်ဖို့ ကြိုးစားခဲ့တဲ့အခါမှာ ဦးနေဝင်းရဲ့ မဆလအစိုးရထံက အကူအညီ

တောင်းခံခဲ့တဲ့အခါ အစိုးရက ငြင်းခဲ့ပါတယ်။ ပထမဆုံးတီထွင်နိုင်တဲ့ ဆေးမှုတ် စက်ရုပ်ကိုတော့ ပြပွဲတွေမှ

ာပဲ ပြသခွင့်ပြုခဲ့ပြီးတော့ နောက်ထပ် အများကြီးထုတ်လုပ်ခွင့်ကို အစိုးရက ခွင့်မပြုခဲ့ပါဘူးတဲ့။ဒီလိုနဲ့၈၈ အရေးအခင်းကြီးဖြစ်။

စက်မှုကျောင်း တွေလည်း ပိတ်။ ဆရာကြီးကို ဂျပန် အပါအဝင် နိုင်ငံခြား ကုမ္ပဏီ တွေက သူတို့ဆီ လာ

ရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့်လည်း ဆရာကြီး ကတော့ ကျောင်းဆရာအဖြစ်ပဲ ပြည်တွင်းမှာ နေထိုင်ခဲ့တာပါ။

ဆရာကြီး ပညာဆည်းပူးခဲ့တဲ့ အင်းစိန်က စက်မှုလက်မှု သိပ္ပံကျောင် းကြီးဟာ ဒီလို ချွန်တဲ့ ထက်တဲ့ မြန်မာ

ကျောင်းသားတွေ၊ ပညာရှင်တွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီကျောင်းကြီးမှာ စင်ကာပူ၊ လာအို နဲ့ ကမ္ဘောဒီးယားက

ကျောင်းသားတွေကပညာလာသင်ယူခဲ့ကြပါတယ်။စက်မှု လက်မှု သိပ္ပံကျောင်းကြီးရဲ့ ပုံစံ ၊ သင်ကြားမှု နည်

းစနစ် နမူနာကို ယူပြီး စင်ကာပူနိုင်ငံက ကျောင်းတစ်ကျောင်း စတည်ထောင်ခဲ့ပါတယ်နော်။ ဒါပေမယ့်လည်း နှစ်ပေါင်းနှစ်

ဆယ်နီးပါး ကြာလာတဲ့ အခါမှာတော့သယံဇာတတွေ ပေါများပြီး တော့ ရွှေရောင်လွှမ်းတဲ့ မြန်မာပြည်ကြီးက

ကျောင်းသားတွေဟာ စင်ကာပူက ပိုလီတက္ကနစ် ဆိုတာကြီးကို ငွေကြေးကုန်ကျခံပြီး သွားတက်နေရပါတော့တယ်။

အသေးစိတ်ဖတ်ချင်ရင်တော့ ဆရာတင်နိုင်တိုး ရဲ့ ပုဂ္ဂိူလ်ထူးတို့၏ဘဝတကွေ့ စာအုပ်မှာ ရှာဖတ်နိုင်ပါတယ်ဗျာ။

နိုင်ငံရေး တိုက်ခိုက်ရန် လုံးဝလုံးဝ မရည်ရွယ်ပါ ။ မသိသေးသူများ ဗဟုသုတ ရရန်နှင့် ဂုဏ်ယူနိုင်ရန်သာ ရည်ရွယ်၍ ဖော်ပြခြင်း ဖြစ်ပါတယ်။

Credit ; Shwe Myanmar