Zawgyi
Aသွေးရဲ့ သွေးထွက်အောင်မှန်သောအချက်များ
Aသွေးအကြောင်းဖတ်ချင်သူများတဲ့အတွက် ပြန်တင်ပေးလိုက်ပါတယ်။
၀၁. ချစ်သူအပေါ်မှာ ဆက်ဆံပုံကတစ်မျိုး။ စကားအပြောအဆိုရိုင်းတာက ချစ်လို့ပါ။
၀၂. ကိုယ့်အနားကသူပျောက်သွားမှာကိုတော့ အမြဲစိတ်ပူနေတယ်။
၀၃. ပိုမှန်ထက်ပိုပြီး ကြင်နာတတ်တဲ့အခါမျိုးလဲ ရှိတတ်တယ်။
၀၄. ကိုယ်ကချစ်သလို ဂရုစိုက်သလို သူ့ကိုလည်းအတူတူလုပ်စေချစ်၏။
၀၅. အခန်းက အမြဲညစ်ပစ်နေပါသည်။
၀၆. ပြောချင်တာတွေက အများကြီးပဲ။ဒါပင်မဲ့ ပြောရင်ရန်ဖြစ်မှာဆိုတော့ မပြောတော့ဘူး။အလုပ်ရှုပ်တယ်။
၀၇. ပုံမှန်ဆိုရင် တတ်နိုင်ရင် ဘာမှကို မလုပ်ချင်ပါ။
၀၈. ဒီကိစ္စမှာ ကိုယ်မှမလုပ်ရင်တော့ အခြားသူလုပ်မယ်လို့ရှိမယ်မထင်တဲ့အတွက် ဝင်လုပ်တတ်၏။
၀၉. သူများမသိအောင် အမျိုးမျိုးကူညီတတ်ပင်မဲ့ တကယ်တော့ ကိုယ်လုပ်နေတာတွေကို သတိထားမိစေချင်တယ်။
၁၀. တကယ်တော့ အချိန်ကို သိပ်မလေးပါ။
၁၁. ချစ်သူကို ချုပ်ခြယ်တတ်၏။
၁၂. ရတယ် ကိစ္စမရှိပါဘူးလို့ပြောနေတဲ့အချိန်က တော်တော်ကိုဒုက္ခရောက်နေတတ်၏။
၁၃. အကူအညီတောင်းတာတွေများလာရင် မျက်လုံးကစကားပြောလာတယ်။
၁၄. အကူအညီတောင်းရင် မငြင်းတတ်လို့ ပြီးရင်ကိုယ်ပဲ မရှူနိုင်မကယ်နိုင်။
၁၅. ကိုယ်ကဒီနေရာမှာရှိနေသင့်သလားလို့ တွေးပြီးပူနေတတ်၏။
၁၆. ကျေးဇူးပြုပြီး ငါ့ရဲ့အချိန်ကို လာမလုပါနဲ့။
၁၇. အမြဲတမ်း မရယ်ချင်ပင်မဲ့လည်း ဟန်ဆောင်ရယ်နေတတ်၏။
၁၈. ပုံမှန်ဆိုရင် အရမ်းရိုးသားပြီး ပျော်ရင်လည်းသူပဲ ရိုးသွားရင်လည်း လှည့်ကိုမကြည့်။
၁၉. စကားပြောရင် ပြောနေတဲ့အကြောင်းက ဟိုရောက်ဒီရောက် နားထောင်နေတဲ့သူက အရူးဖြစ်။
၂၀. သန့်ရှင်းရေးလုပ်မယ်ဆိုရင်တော့ လာခဲ့ပဲ။
၂၁. သူငယ်ချင်းတွေထဲမှာ ဝသွေးကအများဆုံး။
၂၂. သွေးဗေဒင်ကိုလည်း အယုံအကြည်မရှိပင်မဲ့ အကုန်လုံးပြီးအောင်ဖတ်တယ်။
၂၃. မသိရင်တော့ မခုတ်တတ်တဲ့ကြောင်လေး။
၂၄. သူများတွေပြောနေတဲ့စကားကိုသေသေချာချာနားထောင်နေပင်မဲ့ နားထောင်နေလားလို့မေးပြန်တော့ မသိသလိုလို။
၂၅. အတင်းကို ရက်ရက်စက်စက်ပြောတတ်ပါသည်။ ဒါဟာလည်း မင်းကို ယုံကြည်လို့ပါ။
၂၆. စိတ်ပူလွန်းအားကြီးလို့ လုပ်ရမဲ့အလုပ်ကိုမလုပ်နိုင်တော့ပါ။
၂၇. သူတပါးရဲ့အခြေအနေကို အကဲခက်တာတော်၏။
၂၈. အိမ်ထဲမှာပဲ ခဏခဏပစ္စည်းပျောက်တတ်၏။
၂၉. လုပ်ရမဲ့အလုပ်ကို မြန်မြန်လုပ်ပင်မဲ့ တော်တော်နဲ့မပြီးပါ။
၃၀. စိတ်အခြေအနေက အပြောင်းအလဲများလို့ နားမလည်နိုင်ပါ။
၃၁. လူမူပေါင်းသင်းဆက်ဆံရေးမှာ သင်တန်းတတ်ရန်လို၏။
၃၂. မချဲတတ်လို့ နစ်နာမူတွေအများကြီးရှိ၏။
၃၃. သူများကို ဂရုစိုက်လွန်းအားကြီးတော့ အမြဲတမ်းပင်ပန်းနေတတ်၏။
၃၄. အဖွဲ့အစည်းနဲ့သွားလာရမှာကို မုန်း၏။
၃၅. အရင်တုန်းက အကြောင်းတွေကို ပြန်တွေးပြီး ငေါင်နေတတ်၏။
၃၆. လုပ်မယ်ဆိုရင်လည်း ကြိုးကြိုးစားစားလုပ်တတ်၏။
၃၇. ယုန်လေးလိုပဲ တယောက်တည်းဆိုရင်လည်း မနေတတ်ပင်မဲ့ ကိုယ်ရဲ့အချိန်ကိုလည်းလိုချင်သေး။
၃၈. အကုန်လုံးကို ပစ်ပြီးပြေးချင်တဲ့အခါရှိတတ်၏။
၃၉. ချစ်တဲ့သူရဲ့ရှေ့မှာတော့ ဖြစ်သလိုနေတတ်၏။
၄၀. မရင်းနှီးသောသူကတော့ လှည့်ကိုမကြည့်ဘူး။
၄၁. စိတ်ရှုပ်လာရင် အိမ်ကသူတွေ ဒုက္ခရောက်တတ်၏။
၄၂. ပုံမှန်အချိန်မှာ အေးအေးဆေးဆေးနေတတ်ပင်မဲ့ စိတ်ဆိုးပြီဆိုရင်တော့ သတိထားတော့။
၄၃. သူများကို ကူညီရမယ်ဆိုရင်တော့ လာထား။
၄၄. သူများနဲ့မတူသော ကိုယ်ပိုင်ဥပဒေတွေရှိတယ်။
၄၅. ချီးကျူးရင် ပျော်လွန်းလို့သူများထက်ပိုတတ်တယ်။
၄၆. စိတ်ကအရမ်းနုတာကြောင့် ကြင်ကြင်နာနာ မျှမျှတတ ဆက်ဆံပါ။