Zawgyi

ဒီလို႔ေန႔စဥ္လုပ္ရင္ မၾကာခင္ ႀကီးပြားခ်မ္းသာလာလိမ့္မယ္

ႀကီးပြားခ်မ္းသာခ်င္ရင္ (အာစိဏၰကံကုသိုလ္)

ဘုရားရွိခိုးျဖစ္ ရဲ႕လား။ ေသာက္ေတာ္ေရ ေရာ ေန႔စဥ္ကပ္ျဖစ္ ရဲ႕လား။ ဘုရားပန္းလည္း အပတ္စဥ္လႉျဖစ္ရဲ႕လား။

အဲ့လို႔ ေန႔စဥ္ လုပ္ရင္ ကုသိုလ္ကို စြဲသြားတာလို႔ ေခၚတယ္။ မၾကာခင္ ႀကီးပြါး ေတာ့မယ့္ လကၡဏာပဲ။

ေသခ်ာမွတ္ထား….ေလာကမွာ အကုသိုလ္ကို စြဲသြားတဲ့ လူရယ္၊ ကုသိုလ္ကို စြဲသြားတဲ့ လူရယ္လို႔ လူႏွစ္မ်ိဳးရွိတယ္ ။

လူတစ္ေယာက္ဟာ အကုသိုလ္ ဘက္မွာ စြဲသြားၿပီ ဆိုရင္ အဲဒီ လူဟာ မၾကာခင္ မြဲသြား တတ္ေတာ့ တာပဲ။

ေတြ႕ဖူးတယ္ မလား၊ အရက္ေသစာ ေသာက္စားမႈကို စြဲသြားတဲ့ သူေတြ၊ မေကာင္းတဲ့ ေနရာေတြမွာ စြဲလမ္းသြားတဲ့ သူေတြကို ေလ ။

အဲ့သလို လူမ်ိဳးေတြ ဟာ မၾကာခင္ မြဲသြာ းတတ္တယ္။ ငါတို႔ ေဒသအေခၚက်ေတာ့ အဲ့ဒါမ်ိဳးကို ကင္းပြန္း သင့္တယ္လို႔ ေခၚတာ ေပါ့ကြာ။

ကုသိုလ္ ဘက္ မွာ စြဲသြားတဲ့ လူေတြ ၾကေတာ့ မၾကာ မတင္မွာပဲ ခ်မ္းသာ လာတတ္ တယ္ကြ။

ေန႔စဥ္ ျပဳေနက် ေသာက္ေတာ္ ေရကပ္၊ ဘုရားရွိခိုး၊ ေမတၱာပို႔၊ အမွ်ေဝတ ာေလာက္မွ မလုပ္

ရရင္ တစ္ခုခုလို ေနသလို ေတြ႕လာၿပီ ဆိုရင္ အဲဒါမ်ိဳးကို ကုသိုလ္ကို စြဲသြားတာ လို႔ ေခၚ တယ္ ။

အဲ့သလို ျဖစ္လာ ၿပီဆိုရင္ စိတ္သာခ်ေပေတာ့ကြ၊ မၾကာခင္ ႀကီးပြါးခ်မ္းသာေတာ့မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကုသိုလ္ကို စြဲသြား လို႔ပဲ ။

စြဲသြားတဲ့ အခါ က်ေတာ့ ကုသိုလ္ေကာင္းမႈ ဆိုတာ ေန႔စ ဥ္ျပဳျဖစ္ လာေတာ့တာပဲ။

အဲ့ဒါမ်ိဳးကို အာစိဏၰကံကုသိုလ္လို႔ ေခၚတယ္။ ေသခ်ာမွတ္ထားေနာ္၊ #အာစိဏၰ ကံကုသိုလ္ ဆိုတာ ေန႔စဥ္၊ အပတ္စဥ္၊

လစဥ္ ဆိုသလို အခ်ိန္မွန္မွန္ျပဳတဲ့ ကုသိုလ္မ်ိဳးကို ဆိုလို တယ္ ။ အခ်ိန္မွန္မွန္ ျပဳတယ္ ဆိုရင္

#ပ႒ာန္းလိုအာေသဝနပစၥည္း တပ္ေတာ့တာပဲကြ။ (အာေသဝနဆိုတာ အထပ္ထပ္အခါခါ ျပဳတာမ်ိဳးကို ေျပာတာပဲ)

ဓားေသြးသလို ေပါ့ကြာ။ အခ်ိန္မွန္မွန္၊ အထပ္ထပ္ အခါခါ ေသြးဖန္မ်ားေတာ့၊ ဓားဟာ ထက္လာရ သလိုပဲ၊ ကုသိုလ္ေကာင္းမႈ

ဆိုတာလည္း အခ်ိန္မွန္မွန္ အထပ္ထပ္ အဖန္ဖန္ ျပဳဖန္မ်ားေတာ့ ထက္ျမက္ လာေတာ့တာ ပဲကြ။

အလုပ္ကိုလည္း ႀကိဳးစားၿပီး လုပ္သလို၊ ေသာက္ေတာ္ ေရကပ္၊ ဘုရားရွိခိုး၊ ေမတၱာပို႔၊ အမွ်ေဝ တဲ့ အေျခခံ ကုသိုလ္

အလုပ္ေတြ ကိုလည္း စြဲသြားသည္ အထိ ႀကိဳးစားၿပီးေတာ့ လုပ္ကြာ။ မၾကာခင္ ႀကီးပြားခ်မ္းသာလာ ပါလိမ့္ မယ္ ။

အရွင္ဝိသာရဒ (ရမၼာဝတီ) တရားေတာ္မွ / အီ သာ

Unicode

ဒီလို့နေ့စဉ်လုပ်ရင် မကြာခင် ကြီးပွားချမ်းသာလာလိမ့်မယ်

ကြီးပွားချမ်းသာချင်ရင် (အာစိဏ္ဏကံကုသိုလ်)

ဘုရားရှိခိုးဖြစ် ရဲ့လား။ သောက်တော်ရေ ရော နေ့စဉ်ကပ်ဖြစ် ရဲ့လား။ ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။

အဲ့လို့ နေ့စဉ် လုပ်ရင် ကုသိုလ်ကို စွဲသွားတာလို့ ခေါ်တယ်။ မကြာခင် ကြီးပွါး တော့မယ့် လက္ခဏာပဲ။

သေချာမှတ်ထား….လောကမှာ အကုသိုလ်ကို စွဲသွားတဲ့ လူရယ်၊ ကုသိုလ်ကို စွဲသွားတဲ့ လူရယ်လို့ လူနှစ်မျိုးရှိတယ် ။

လူတစ်ယောက်ဟာ အကုသိုလ် ဘက်မှာ စွဲသွားပြီ ဆိုရင် အဲဒီ လူဟာ မကြာခင် မွဲသွား တတ်တော့ တာပဲ။

တွေ့ဖူးတယ် မလား၊ အရက်သေစာ သောက်စားမှုကို စွဲသွားတဲ့ သူတွေ၊ မကောင်းတဲ့ နေရာတွေမှာ စွဲလမ်းသွားတဲ့ သူတွေကို လေ ။

အဲ့သလို လူမျိုးတွေ ဟာ မကြာခင် မွဲသွာ းတတ်တယ်။ ငါတို့ ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကို ကင်းပွန်း သင့်တယ်လို့ ခေါ်တာ ပေါ့ကွာ။

ကုသိုလ် ဘက် မှာ စွဲသွားတဲ့ လူတွေ ကြတော့ မကြာ မတင်မှာပဲ ချမ်းသာ လာတတ် တယ်ကွ။

နေ့စဉ် ပြုနေကျ သောက်တော် ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတ ာလောက်မှ မလုပ်

ရရင် တစ်ခုခုလို နေသလို တွေ့လာပြီ ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာ လို့ ခေါ် တယ် ။

အဲ့သလို ဖြစ်လာ ပြီဆိုရင် စိတ်သာချပေတော့ကွ၊ မကြာခင် ကြီးပွါးချမ်းသာတော့မယ်။ ဘာကြောင့်လဲဆိုတော့ ကုသိုလ်ကို စွဲသွား လို့ပဲ ။

စွဲသွားတဲ့ အခါ ကျတော့ ကုသိုလ်ကောင်းမှု ဆိုတာ နေ့စ ဉ်ပြုဖြစ် လာတော့တာပဲ။

အဲ့ဒါမျိုးကို အာစိဏ္ဏကံကုသိုလ်လို့ ခေါ်တယ်။ သေချာမှတ်ထားနော်၊ #အာစိဏ္ဏ ကံကုသိုလ် ဆိုတာ နေ့စဉ်၊ အပတ်စဉ်၊

လစဉ် ဆိုသလို အချိန်မှန်မှန်ပြုတဲ့ ကုသိုလ်မျိုးကို ဆိုလို တယ် ။ အချိန်မှန်မှန် ပြုတယ် ဆိုရင်

#ပဋ္ဌာန်းလိုအာသေဝနပစ္စည်း တပ်တော့တာပဲကွ။ (အာသေဝနဆိုတာ အထပ်ထပ်အခါခါ ပြုတာမျိုးကို ပြောတာပဲ)

ဓားသွေးသလို ပေါ့ကွာ။ အချိန်မှန်မှန်၊ အထပ်ထပ် အခါခါ သွေးဖန်များတော့၊ ဓားဟာ ထက်လာရ သလိုပဲ၊ ကုသိုလ်ကောင်းမှု

ဆိုတာလည်း အချိန်မှန်မှန် အထပ်ထပ် အဖန်ဖန် ပြုဖန်များတော့ ထက်မြက် လာတော့တာ ပဲကွ။

အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊ သောက်တော် ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေ တဲ့ အခြေခံ ကုသိုလ်

အလုပ်တွေ ကိုလည်း စွဲသွားသည် အထိ ကြိုးစားပြီးတော့ လုပ်ကွာ။ မကြာခင် ကြီးပွားချမ်းသာလာ ပါလိမ့် မယ် ။

အရှင်ဝိသာရဒ (ရမ္မာဝတီ) တရားတော်မှ / အီ သာ