Zawgyi






























Unicode

သင့်နာမည် သင့်စရိုက်နဲ့ စိတ်နေစိတ်ထား ‼

နာမည်ရဲ့ အစစာလုံးဟာ အင်္ဂလိပ်လို …

A နဲ့စရင် စိတ်ကူးယဉ် အင်မတန်ဆန်ပြီး အနုပညာ အလုပ်တွေနဲ့အကျိုးပေးတတ်ပါတယ်။

B နဲ့ စရင် ဘဝမှာ ပေါ့ပေါ့ပါးပါး ခပ်ကြွားကြွား ကလေး နေထိုင်တတ်သူဖြစ်ပါတယ်။

C နဲ့ စခဲ့ရင် ဘဝမှာ အစိုးရိမ် အကြောင့်ကြ ကြီးပြီး အမှားအယွင်း ကင်းစင်အောင် သတိထားတတ်သူဖြစ်ပါတယ်။

D နဲ့ စခဲ့ရင် လူချစ်လူခင်ပေါများပြီး ဖော်ရွေသူ ဖြစ်တတ်ပါတယ် ။

E နဲ့ စခဲ့ ရင် စိတ်သဘောထား နူးညံ့သိမ်မွေ့ ပြီး သနားကြင်နာ တတ်သူ ဖြစ်တတ်ပါတယ်။

F နဲ့ စခဲ့ရင် အကြင်နာတရား ကြီးမားပြီး ကူညီရိုင်းပင်းတတ်သူ ၊ အလှူ အတန်း ရက်ရောတတ်သူ ဖြစ်တတ်ပါတယ်။

G နဲ့စ ခဲ့ရင် လက်တွေ့ကျကျတွေးခေါ်လုပ်ကိုင်တတ်သူ ဖြစ်တတ်ပါတယ်။

H နဲ့ စခဲ့ရင် ဦးစီးခေါင်းဆောင်ကောင်းဖြစ်တတ်ပါတယ် ။

I နဲ့ စခဲ့ရင် လူတစ်ဖက်သားအပေါ် ရိုင်းပင်းကူညီလိုစိတ် ပြင်းထန်သူ.ဖြစ်တတ်ပါတယ်။

J နဲ့စခဲ့ရင် လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး နေထိုင်တတ်သူဖြစ်ပါတယ်။

K နဲ့ စခဲ့ရင် စိတ်တိုလွယ် ၊ စိတ်ထိခိုက်ခံစားလွယ်သူ ဖြစ်ပါတယ်။

L နဲ့ စခဲ့ရင် ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော နေတတ်သူ ဖြစ်ပါတယ်။

M နဲ့ စခဲ့ရင် စိတ်လှုပ်ရှား လွယ်သူ ၊ အတေးအမှတ်ကြီးသူ ဖြစ်ပါတယ်။

N နဲ့စခဲ့ရင် စဉ်းစား တွေးခေါ်ခြင်း၌ ဝါသနာထုံသူဖြစ်ပါတယ်။

O နဲ့ စခဲ့ရင် မိတ်ဆွေ အပေါင်းအသင်း မိသားစု အပေါ် အထူး အကူအညီ အထောက်အပံ့ ပေးနိုင်သူ ဖြစ်ပါတယ်။

P နဲ့ စခဲ့ရင် အချစ်ကြီးသူ အမျက်ကြီးသူ ဖြစ်ပါတယ် ။

Q နဲ့ စခဲ့ရင် စိတ်ခံစားချက်ပြင်းထန်ပြီး တယူသန်စိတ် ကြီးတတ်ပါတယ်။

R နဲ့ စခဲ့ရင် စိတ်ကူးယဉ် မဆန်ဘဲ လက်တွေ့သမားဖြစ်တတ်ပါတယ်။

S နဲ့ စခဲ့ရင် မေတ္တာ ကရုဏာ ကြီးမားပြီး ပရဟိတသမားတွေ ဖြစ်တတ်ပါတယ်။

T နဲ့ စခဲ့ရင် သရုပ်ဆောင်ကောင်းပြီး အနုပညာ သမားတွေ ဖြစ်တတ်ပါတယ်။

U နဲ့စခဲ့ရင် ဖျတ်လတ်တက်ကြွပြီး သူတစ်ပါးက လူလည်ကျတာကို လုံးဝလက်မခံ တတ်သူဖြစ်ပါတယ်

V နဲ့စရင် ထူးထူးခြားခြား အတွေးအခေါ် ဉာဏ်ပညာတွေ ထူးချွန်တတ်ပါတယ်။

W နဲ့စခဲ့ရင် အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိုသူ ဖြစ်ပါတယ်။

X နဲ့စခဲ့ရင် ကူညီရိုင်းပင်းတတ်ပြီး သူတစ်ပါး အကျိုးကို သယ်ပိုးလိုပါတယ်။

Y နဲ့ စခဲ့ရင် ထူးခြားတဲ့ ဉာဏ်ပညာအတွေးအခေါ်များကို ပိုင်ဆိုင်တတ်ပါတယ်။

Z နဲ့ စခဲ့ရင် ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော နေထိုင်တတ်သောသူဖြစ်ပါတယ်။

ဤကား ပုံသေမှတ်ယူရန်မဟုတ်ပဲ နေ့နံ နက္ခတ် ကြောင်းကျိုးတွေပေါ်မူတည်ပြီး အပြောင်းအလဲအမျိုးမျိုး ရှိနိုင်ပါသေးတယ်။