Zawgyi

ေမး။ ။ ဆရာေတာ္ဘုရား တပည့္ေတာ္အခုတရားစာအုပ္ေတြဖတ္ၿပီး လက္ေတြ႕လိုက္နာက်င့္သုံးႏိုင္ေအာင္ ႀကိဳးစားေနပါတယ္ဘုရား။

အဲဒီမွာ အခက္အခဲရွိတာတစ္ခုက အမွ်ေဝျခင္းပါပဲဘုရား။လမ္းသြားရင္း အမွ်ေဝခ်င္တယ္။ကိုယ္ျပဳခဲ့တဲ့ကုသိုလ္ေတြကို

အဲပတ္ဝန္းက်င္မွာရွိတဲ့လမ္းေစာင့္နတ္၊ ၿမိဳ႕ေစာင့္နတ္အစရွိသျဖင့္အမွ်ေဝခ်င္လို႔ပါဘုရား။

ခက္တာက အမွ်ကို အက်ယ္ႀကီးလူၾကားေအာင္ေအာ္႐ြတ္လို႔ကလည္းမရ။ လူၾကားသူၾကားထဲမွာအထူးအဆန္းႀကီးလိုျဖစ္ေနၿပီး

ရွက္လည္းရွက္လို႔ပါဘုရား။ေလသံတိုးတိုးေလးနဲ႔ အမွ်အမွ်လို႔႐ြတ္ရင္ေကာသူတို႔ၾကားပါမလားဘုရား။

သူတို႔ကိုယ့္ကုသိုလ္ကိုသာဓုေခၚႏိုင္ပါလားဘုရား။ ျဖစ္ႏိုင္ရင္စိတၳဲေကနပဲရၫၥဴးၿပီး စိတၳဲေကန႐ြတ္ရင္ ရပါသလားဘုရား။

ဒါမွမဟုတ္ အသံမထြက္ပဲ ႏႈတ္ခမ္းလႈပ္႐ုံေလသံေလာက္ေလးနဲ႔ ေပးလို႔ရပါသလားဘုရား။(စုစုေဝ၊ ရန္ကုန္)

အမွ်ေဝျခင္းနဲ႔ပတ္သတ္ၿပီး ဦးဇင္းတို႔ဗုဒၶဘာသာဝင္ေတြေသခ်ာက်နစြာ မသိတာက မ်ားပါတယ္။ဒါဟာလည္း

ေသခ်ာေျပာျပတဲ့လူမရွိသလို၊ေျပာျပတဲ့လူရွိေတာ့လည္း ေသခ်ာမွတ္သားထားမႈအားနည္းေနလို႔ပါ။ အဲဒီေတာ့ဦးဇင္းသိသမွ်ကို

အကုန္ေျပာျပေပးပါမယ္။ ေနာက္သူမ်ားေမးရင္ ေျပာျပတတ္ေအာင္ ေသခ်ာမွတ္ထားၾကေပါ့ေလ။

ဒါနေကာင္းမႈျပဳတဲ့အခါ အလႉဝတၳဳဟာ အလႉရွင္လက္ကေနအလႉခံပုဂၢိဳလ္လက္သို႔ေရာက္ရင္ အလႉအထေျမာက္ပါတယ္။

ဒါေပမဲ့ နိဗၺာန္ကိဆုေတာင္းၿပီး ဒါနျပဳမွသာ မိမိဒါနဟာပါရမီဒါနျဖစ္ႏိုင္သျဖင့္ အနည္းဆုံး-“ဣဒံ ေမ ပုညံ

နိဗၺာနႆ ပစၥေယာ ေဟာတု”လို႔ဆုေတာင္းၿပီး အမွ်ေဝမွသာ ပတၱိဒါနျဖစ္ပါတယ္။

ဒါေၾကာင့္ အနည္းဆုံး ဣဒံ ေမ ပုညဘာဂံသဗၺသတၱာနံ ေဒမလို႔ဆိုၿပီး အမွ်ေဝကာဒါနအလႉကို အဆုံးသတ္ၾကစၿမဲ ျဖစ္ပါတယ္။

ဆုေတာင္းျခင္း။ အမွ်ေဝျခင္းတို႔မွာကိုယ္တိုင္ျပဳလုပ္ရမွာမို႔ တျခားတေယာက္အားကိုယ္စားျပဳလုပ္ခိုင္းလို႔

မရဘူးဆိုတာလည္းသိထားဖို႔ လိုပါတယ္။ တခ်ိဳ႕က ကိုယ္စားလႉခိုင္းၿပီးအမွ်ေဝလို႔မရဘူးလားဆိုၿပီး ေမးတတ္လို႔ပါ။

ဆုေတာင္းတဲ့အခါမွာလည္း ဤသို႔လႉဒါန္းရေသာအက်ိဳးအားေၾကာင့္ နိဗၺာန္မ်က္ေမွာက္ျပဳရပါလို၏လို႔ ဆုေတာင္းရမွာျဖစ္သလို အမွ်ေဝတဲ့အခါမွာလည္

းဤေကာင္းမႈ၏ အဖို႔ဘာဂကို သတၱဝါအားလုံး ရရွိၾကပါေစဟုစိတ္ေစတနာ ေလးေလးနက္နက္နဲ႔ ျပဳလုပ္မွသာဘုရားအေလာင္း သူေတာ္ေကာင္းတို႔လို ျဖစ္မွာပါ။

ျမတ္စြာဘုရားအေလာင္းေတာ္ ေဝႆႏၲရာမင္းႀကီးဘဝမွာဒါနျပဳတိုင္း ေရစက္ခ်၊ အမွ်ေဝေလ့ရွိပါတယ္။အဲဒီလိုေရစက္ခ် အမွ်ေဝေပးမႈေၾကာင့္

မာရ္နတ္စစ္လာတိုက္ရာတြင္ ေဗာဓိပင္ႏွင့္ေ႐ႊပလႅင္ကိုရေရး (သဗၺညဳတဉာဏ္ကိုရေရး)အတြက္ေဝႆႏၲရာဘဝတြင္ လႉဒါန္းခဲ့ၿပီး ေရစက္ခ်ခဲ့သည္ကို

ဤမဟာပထဝီေျမႀကီး အသိသက္ေသျဖစ္သည္ဟုသက္ေသျပဳတဲ့အတြက္ ပထဝီေျမႀကီးကသက္ေသခံခဲ့တာပါ။အလႉရွင္မွာ အျခားအကုသိုလ္အက်ိဳးေပးလို႔ငရဲသို႔

ေရာက္သြားသည့္တိုင္ေအာင္ ယမမင္းကအမွ်ေပးေဝဖူးသည္မဟုတ္ေလာဟု သတိေပးလို႔ကုသိုလ္ကို သတိရကာ ငရဲမွ လြတ္ႏိုင္ပါတယ္။

ဒါျပင္ ပုညကိရိယဝတၳဳ(၁၀)ပါးတြင္ အမွ်ေဝျခင္း(ပတၱိဒါန)ဟာလည္း ဒါနစတဲ့ ကုသိုလ္တို႔လိုကုသိုလ္တစ္မ်ိဳးျဖစ္ပါတယ္။

ဒါေၾကာင့္ ေရစက္ခ်၊ အမွ်ေဝျခင္းဟာကုသိုလ္တစ္မ်ိဳး တိုးပါတယ္။အလႉတစ္ခုလုပ္ရာတြင္ ဆုေတာင္းျခင္းမျပဳဘဲလႉဒါန္းျခင္းမွာ

ေပးကမ္းျခင္းသက္သက္သာျဖစ္လို႔နိဗၺာန္ကို ဆုေတာင္းမွသာ ဒါနပါရမီ ျဖစ္ပါတယ္။

အဲဒါေၾကာင့္မို႔ ဒါနျပဳလုပ္ၾကသူတိုင္း ဆုေတာင္းျခင္း၊ေရစက္ခ်ျခင္းတို႔ကို မျပဳမေန ျပဳလုပ္ၾကတာပါ။။

အမွ်ေဝျခင္းနဲ႔ပတ္သတ္ၿပီး ေသခ်ာက်နစြာသိျမင္ေအာင္ေျပာရမယ္ဆိုရင္ အမွ်ေဝေရစက္ခ်တဲ့အခါမွာေရစက္ခြက္နဲ႔ေအာက္ခံေလးပါၾကတာကို

အားလုံးသိမယ္ထင္ပါတယ္။ ေရွးေရွးဆရာေတာ္ႀကီးေတြကေတာ့ ေရစက္ခ်တဲ့အခါေရစက္ခြက္ကို အလုံးပိတ္နဲ႔မဟုတ္ဘဲ ႐ိုး႐ိုးသာမန္ဖန္ခြက္ကိုသာ အသုံးျပဳခိုင္းၾကပါတယ္။

ဒါဟာ ဘာျဖစ္လို႔လဲဆိုေတာ့ ေရစက္ခ်မဲ့ေရခြက္ထဲကေရရဲ႕သန႔္စင္မႈကိုျမင္ၿပီး မိမိရဲ႕စိတ္ကို ျဖဴစင္ေနေအာင္ထားဖို႔ႏွင့္ငါျပဳလုပ္တဲ့ေကာင္းမႈဟာ

ေဟာဒီေရလို သန႔္ရွင္းၾကည္လင္လွတဲ့ေကာင္းမႈျဖစ္တဲ့အတြက္ ခုေကာင္းမႈရဲ႕အက်ိဳးဆက္ေၾကာင့္ျမတ္နိဗၺာန္ကို ေရာက္ရပါေစလို႔

ဆုေတာင္းအာ႐ုံျပဳႏိုင္ေအာင္လို႔ပါ။ေရကဲ့သို႔ျဖဴစင္ေအာင္ထားၿပီး ဆုေတာင္းႏိုင္ေအာင္လို႔ေရကိုျမင္ရေအာင္ ထားခိုင္းျခင္းပါ။

ဒါျပင္ ဒီေရဟာ ေျမႀကီးကိုသြန္းခ်လိုက္တဲ့အခါ ျပန္ယူလို႔မရသလိုငါလႉဒါန္းခဲ့တဲ့ ေကာင္းမႈမွန္သမွ်ကိုလည္းငါဟာ ႏွေျမႇာတြန႔္တိုျပန္လည္

လိုခ်င္တဲ့စိတ္မရွိဘဲၾလၾတႅၾတၥႏ္႔ႀကဲၿပီးသားမုတၱစာဂီျဖစ္ေနေအာင္ အာ႐ုံျပဳထားရပါမယ္။ငါျပဳခဲ့ေကာင္းမႈကုသိုလ္ကို တကယ္မ်ားငါေမ့ေလ်ာ့ေနသည္ရွိေသာ္

ကမာၻေျမႀကီးထဲ ေရမ်ားေလာင္းခ်ၿပီး ေရစက္သြန္းခ်သက္ေသအရာတည္ထားခဲ့အတြက္ငါအားျပန္လည္ အမွတ္ရေအာင္

ကူညီေပးပါေစလို႔ စိတ္ထားတတ္ေအာင္ေရစက္ခြက္ထဲကေရကို ေျမႀကီးေပၚသြန္းခိုင္းျခင္း ျဖစ္ပါတယ္။

တကယ္လို႔ မိမိက ေရစက္ခြက္ထဲက ေရကိုမျမင္ရရင္လည္း ေရစက္ခ်လို႔ ေရေလးက်ဆင္းေနတဲ့အခ်ိန္မွာခုေျပာခဲ့သလို အာ႐ုံျပဳေပးပါ။

ေနာက္တစ္ခုကေရွးတုန္းကေတာ့ ေရကို ေအာက္ခံမပါဘဲေျမႀကီးေပၚကို တိုက္႐ိုက္သြန္းခ်ၾကတယ္။

ခုေတာ့ ေအာက္ခံပါေတာ့ ေျမႀကီးေပၚတိုက္႐ိုက္မေရာက္ဘဲျဖစ္ေနတဲ့အတြက္ မိမိစိတ္မွာႏွေျမႇာတြန႔္တိုမႈေတြမျဖစ္ဘဲ လြတ္လြတ္စြန႔္ႀကဲမ်ားျဖစ္ေအာင္ေတာ့

အာ႐ုံျပဳယူရၾကေပါ့။ တခ်ိဳ႕က်ေတာ့လည္း ေရစက္ခြက္မလိုဘဲ အထက္ကေျပာခဲ့သလို အာ႐ုံျပဳႏိုင္မယ္ဆိုရင္ေတာ့ကိုင္စရာမလိုဘူးေပါ့။

ဒါေပမဲ့ ေရစက္ခြက္ကိုင္ရတာဟာကြၽန္ေတာ္၊ ကြၽန္ေတာ္မတို႔သည္ ေကာင္းမႈျပဳသူတို႔ျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ေပးေဝတဲ့ေကာင္းမႈကို

အမွ်ယူၾကပါလို႔အမွ်ယူမဲ့ပုဂၢိဳလ္ေတြအားလုံးသိေအာင္အလႉရွင္မ်ားအား ေရစက္ခြက္ကိုင္ခိုင္းတာပါ။

ဒါျပင္ ေနာက္တစ္ခ်က္အဓိကအက်ဆုံးအရာကေရစက္ခ် အမွ်ေဝတယ္ဆိုတာ ဦးဇင္းတို႔ဗုဒၶဘာသာမွာပဲ ရွိပါတယ္။တျခားဘာသာေတြမွာ မရွိပါဘူး။

ဘာျဖစ္လို႔လဲဆိုေတာ့ဦးဇင္းတို႔ျမတ္ဗုဒၶရဲ႕ ဝါဒဟာ အနတၱ-ငါပိုင္ဆိုတာမထားဘူးဆိုတဲ့ ဝါဒျဖစ္လို႔ပါ။

တျခားဘာသာေတြမွာကေတာ့အတၱ-ငါပိုင္ပဲရွိတဲ့အတြက္ အမွ်ေဝျခင္းမ်ား မျပဳလုပ္ၾကပါဘူး။

ဦးဇင္းတို႔ ဝါဒက အနတၱဆိုေတာ့ ငါကုသိုလ္ရသလို၊ငါကုသိုလ္ေၾကာင့္ ေကာင္းက်ိဳးခံစားသလို အားလုံးလည္းငါလိုပဲ ခံစားၾကရပါေစဆိုတဲ့

ေစတနာနဲ႔ အားလုံးအားတန္းတူေပးတဲ့ ေရစက္ခ်ျခင္းပါ။ ဒါေၾကာင့္ဘာျဖစ္လို႔ေရစက္ခ်ရတာလဲ၊ အမွ်ေဝရတာလဲဆိုတာငါတို႔ဝါဒဟာ

အနတၱဝါဒ-ကိုယ္ပိုင္မထားဘဲ အားလုံးကိုတန္းတူရေစခ်င္တဲ့ ေစတနာရွိလို႔ပါလို႔ ေျဖရပါမယ္။

အဲဒီေတာ့ အမွ်ေဝတဲ့လူဟာ မိမိလုပ္တဲ့ ေကာင္းမႈဟာေလွ်ာ့မသြားဘဲ ပိုလို႔သာ တိုးသြားတယ္ဆိုတာကိုလူတိုင္းသိၾကမယ္ထင္ပါတယ္။

ဒါေပမဲ့ ပိုမိုမွတ္မိေအာင္ ထပ္ဆင့္ေျပာျပေပးပါဦးမယ္။

မိမိအိမ္မွာဖေယာင္တိုင္းတစ္တိုင္ မီးထြန္းထားတယ္ဆိုပါစို႔။အဲဒီဖေယာင္တိုင္တစ္ခုတည္း ထြန္းထားတာဆိုေတာ့ဖေယာင္တိုင္းထြန္းတဲ့အိမ္မွာပဲ

အလင္းေရာင္အနည္းငယ္ရွိၿပီးက်န္တဲ့အိမ္ေတြမွာ အလင္းေရာင္မရွိဘဲ တစ္႐ြာလုံးျဖစ္ေစ၊တစ္ၿမိဳ႕လုံးျဖစ္ေစ ေမွာင္မည္းေနမွာပါ။

အဲဒီေတာ့ မိမိက မိမိထြန္းထားတဲ့ ဖေယာင္းတိုင္ကမီးကို အားလုံး လာေရာက္ထြန္းညႇီယူၾကပါလို႔အမွ်ေဝသလို အားလုံးကို

ရွယ္ယာလိုက္ေပးလိုက္တဲ့အခါက်ေတာ့တစ္ၿမိဳ႕လုံးျဖစ္ေစ၊တစ္႐ြာလုံးျဖစ္ေစ အလင္းေရာင္ေတြေတာက္ပသြားပါတယ္။

အဲဒီလို မိမိက သူမ်ားအား မိမိဖေယာင္းတိုင္မွမီးကို ရွယ္ယာေပးလိုက္ေသာ္လည္းမိမိပင္ရင္းဖေယာင္းတိုင္မွာအလင္းေရာင္

ေလွ်ာ့နည္းမသြားတဲ့အျပင္မိမိရွယ္ယာလုပ္ေပးလို႔သူမ်ားေတြ အလင္းေရာင္းပါရရွိၿပီးအလင္းေရာင္မ်ားပိုမိုတိုးသြားသလို

အမွ်ေဝတဲ့လူမွာလည္းအဲဒီလိုပဲ ေကာင္းမႈေလွ်ာ့မသြားတဲ့အျပင္ ေကာင္းမႈေတြပိုမိုတိုးသြားပါတယ္။ ဒါကေတာ့ ေရစက္ခ်ရျခင္းရဲ႕အေၾကာင္းနဲ႔ျပဳလုပ္ပုံမ်ားပါ။

ခု ေမးခြန္းရွင္သိခ်င္တာကို ေျဖေပးပါမယ္။မိမိျပဳလုပ္တဲ့ေကာင္းမႈကို ေရစက္ခြက္နဲ႔ အမွ်ေဝရန္အခြင့္အခါမသင့္ပါက

အေပၚကေျပာခဲ့တဲ့အတိုင္းအာ႐ုံျပဳရမဲ့ အခ်က္အလက္ေတြကို မိမိအာ႐ုံျပဳၿပီးအမွ်ေဝေပးပါ။ အမွ်ေဝတဲ့အခါ ႏႈတ္ကေနအသံေလးနည္းနည္းေတာ့

ထြက္ဆိုတာက ပိုသင့္ေတာ္ပါတယ္။ဘာျဖစ္လို႔လဲဆိုေတာ့အမွ်ေဝတာကိုေစာင့္ဆိုင္းေနၾကတဲ့ပုဂၢိဳလ္ေတြမွာတခ်ိဳ႕က တန္ခိုးရွိၾကေပမဲ့တခ်ိဳ႕မွာ

တန္ခိုးမရွိၾကေတာ့ မၾကားဘဲ ျဖစ္ေနမွာစိုးလို႔ပါ။

ဒါေပမဲ့ ေကာင္းမႈကုသိုလ္ကို အမွ်ယူရန္ ေစာင့္ဆိုင္းေနတဲ့ပုဂၢိဳလ္ေတြကေတာ့ သူတို႔ကို သီးသန႔္နာမည္တပ္ၿပီးအမွ်ေဝရင္ သူတို႔နားနဲ႔ေသခ်ာမၾကားရေပမဲ့

ဒီလူပါးစပ္လႈပ္တာဟာ အမွ်ေဝတာျဖစ္မယ္လို႔မွန္းဆကာ သာဓုလည္း ေခၚဆိုၾကပါလိမ့္မယ္။

လူအခ်င္းခ်င္းမွာလည္း တခ်ိဳ႕စကားေတြကိုေသခ်ာမၾကားရေပမဲ့

ေျပာတဲ့လူရဲ႕ဟန္အမူရာဟာကိုၾကည့္ၿပီး သူဘာေျပာတယ္ဆိုတာကိုရိတ္မိသလိုမ်ိဳး သာဓုေခၚခ်င္တဲ့ပုဂၢိဳလ္ေတြကလည္း

အဲဒီလို ရမ္းဖမ္းမ်ိဳးနဲ႔ သာဓုေခၚဆိုႏိုင္ပါတယ္။

ဒါေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္ မိမိအမွ်ေဝတဲ့အခါမွာေတာ့အသံေလး နည္းနည္းပါးပါးေတာ့ ထြက္ဆိုေပးတာအေကာင္းဆုံးပါလို႔ ေျပာရပါေစ။

သူမ်ားေတြေတာ့ မသိဘူး။ ဦးဇင္းကေတာ့ ဘယ္သူကဘယ္အခ်ိန္ အမွ်ေဝလည္းဆိုတာ ေသခ်ာမသိရတဲ့အတြက္ညစဥ္ေမတၱာပို႔၊

ပရိတ္႐ြတ္၊ ဂုဏ္ေတာ္ပြား၊တရားမွတ္ၿပီးခ်ိန္မွာ ကိုယ္ျပဳတဲ့ ေကာင္းမႈမွန္သမွ်ကိုလည္းအားလုံးအား အမွ်ေဝေပးတယ္။ ၿပီးရင္တစ္ေန႔တာရဲ႕

အမ်ားေကာင္းမႈေတြအမွ်ေဝေပးထားတာကိုလည္း ေကာင္ကင္မွာပ်ံဝဲေနဦးမယ္ထင္ၿပီး အမွ်အားလုံးကိုစုေဝးေပးပါလို႔ အဓိ႒ာန္ကာ စုေပါင္းသာဓုေခၚဆိုေလ့ရွိပါတယ္။

ဒါကေတာ့ ဦးဇင္းရဲ႕ ကိုယ္ပိုင္အယူအဆပါ။အားလုံး အသိဉာဏ္ဗဟုသုတမ်ား တိုးပြားၿပီးလိုရာပန္းတိုင္ကို အျမန္ေလွ်ာက္လွမ္းႏိုင္ၾကပါေစလို႔ဆႏၵျပဳလ်က္….။

[(အရွင္ေကာမလ ဆန္နီေနမင္း)(သာသနတကၠသီလ ဓမၼာစရိယ)B.A (Buddhism), M.A (သီရိလကၤာ)Ph.D, Thesis (သီရိလကၤာ)]

Unicode

မေး။ ။ ဆရာတော်ဘုရား တပည့်တော်အခုတရားစာအုပ်တွေဖတ်ပြီး လက်တွေ့လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားနေပါတယ်ဘုရား။

အဲဒီမှာ အခက်အခဲရှိတာတစ်ခုက အမျှဝေခြင်းပါပဲဘုရား။လမ်းသွားရင်း အမျှဝေချင်တယ်။ကိုယ်ပြုခဲ့တဲ့ကုသိုလ်တွေကို

အဲပတ်ဝန်းကျင်မှာရှိတဲ့လမ်းစောင့်နတ်၊ မြို့စောင့်နတ်အစရှိသဖြင့်အမျှဝေချင်လို့ပါဘုရား။

ခက်တာက အမျှကို အကျယ်ကြီးလူကြားအောင်အော်ရွတ်လို့ကလည်းမရ။ လူကြားသူကြားထဲမှာအထူးအဆန်းကြီးလိုဖြစ်နေပြီး

ရှက်လည်းရှက်လို့ပါဘုရား။လေသံတိုးတိုးလေးနဲ့ အမျှအမျှလို့ရွတ်ရင်ကောသူတို့ကြားပါမလားဘုရား။

သူတို့ကိုယ့်ကုသိုလ်ကိုသာဓုခေါ်နိုင်ပါလားဘုရား။ ဖြစ်နိုင်ရင်စိတ္ထဲကေနပဲရည္စူးၿပီး စိတ္ထဲကေနရွတ်ရင် ရပါသလားဘုရား။

ဒါမှမဟုတ် အသံမထွက်ပဲ နှုတ်ခမ်းလှုပ်ရုံလေသံလောက်လေးနဲ့ ပေးလို့ရပါသလားဘုရား။(စုစုဝေ၊ ရန်ကုန်)

အမျှဝေခြင်းနဲ့ပတ်သတ်ပြီး ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေသေချာကျနစွာ မသိတာက များပါတယ်။ဒါဟာလည်း

သေချာပြောပြတဲ့လူမရှိသလို၊ပြောပြတဲ့လူရှိတော့လည်း သေချာမှတ်သားထားမှုအားနည်းနေလို့ပါ။ အဲဒီတော့ဦးဇင်းသိသမျှကို

အကုန်ပြောပြပေးပါမယ်။ နောက်သူများမေးရင် ပြောပြတတ်အောင် သေချာမှတ်ထားကြပေါ့လေ။

ဒါနကောင်းမှုပြုတဲ့အခါ အလှူဝတ္ထုဟာ အလှူရှင်လက်ကနေအလှူခံပုဂ္ဂိုလ်လက်သို့ရောက်ရင် အလှူအထမြောက်ပါတယ်။

ဒါပေမဲ့ နိဗ္ဗာန်ကိဆုတောင်းပြီး ဒါနပြုမှသာ မိမိဒါနဟာပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး-“ဣဒံ မေ ပုညံ

နိဗ္ဗာနဿ ပစ္စယော ဟောတု”လို့ဆုတောင်းပြီး အမျှဝေမှသာ ပတ္တိဒါနဖြစ်ပါတယ်။

ဒါကြောင့် အနည်းဆုံး ဣဒံ မေ ပုညဘာဂံသဗ္ဗသတ္တာနံ ဒေမလို့ဆိုပြီး အမျှဝေကာဒါနအလှူကို အဆုံးသတ်ကြစမြဲ ဖြစ်ပါတယ်။

ဆုတောင်းခြင်း။ အမျှဝေခြင်းတို့မှာကိုယ်တိုင်ပြုလုပ်ရမှာမို့ တခြားတယောက်အားကိုယ်စားပြုလုပ်ခိုင်းလို့

မရဘူးဆိုတာလည်းသိထားဖို့ လိုပါတယ်။ တချို့က ကိုယ်စားလှူခိုင်းပြီးအမျှဝေလို့မရဘူးလားဆိုပြီး မေးတတ်လို့ပါ။

ဆုတောင်းတဲ့အခါမှာလည်း ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏လို့ ဆုတောင်းရမှာဖြစ်သလို အမျှဝေတဲ့အခါမှာလည်

းဤကောင်းမှု၏ အဖို့ဘာဂကို သတ္တဝါအားလုံး ရရှိကြပါစေဟုစိတ်စေတနာ လေးလေးနက်နက်နဲ့ ပြုလုပ်မှသာဘုရားအလောင်း သူတော်ကောင်းတို့လို ဖြစ်မှာပါ။

မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဘဝမှာဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါတယ်။အဲဒီလိုရေစက်ချ အမျှဝေပေးမှုကြောင့်

မာရ်နတ်စစ်လာတိုက်ရာတွင် ဗောဓိပင်နှင့်ရွှေပလ္လင်ကိုရရေး (သဗ္ဗညုတဉာဏ်ကိုရရေး)အတွက်ဝေဿန္တရာဘဝတွင် လှူဒါန်းခဲ့ပြီး ရေစက်ချခဲ့သည်ကို

ဤမဟာပထဝီမြေကြီး အသိသက်သေဖြစ်သည်ဟုသက်သေပြုတဲ့အတွက် ပထဝီမြေကြီးကသက်သေခံခဲ့တာပါ။အလှူရှင်မှာ အခြားအကုသိုလ်အကျိုးပေးလို့ငရဲသို့

ရောက်သွားသည့်တိုင်အောင် ယမမင်းကအမျှပေးဝေဖူးသည်မဟုတ်လောဟု သတိပေးလို့ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါတယ်။

ဒါပြင် ပုညကိရိယဝတ္ထု(၁၀)ပါးတွင် အမျှဝေခြင်း(ပတ္တိဒါန)ဟာလည်း ဒါနစတဲ့ ကုသိုလ်တို့လိုကုသိုလ်တစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် ရေစက်ချ၊ အမျှဝေခြင်းဟာကုသိုလ်တစ်မျိုး တိုးပါတယ်။အလှူတစ်ခုလုပ်ရာတွင် ဆုတောင်းခြင်းမပြုဘဲလှူဒါန်းခြင်းမှာ

ပေးကမ်းခြင်းသက်သက်သာဖြစ်လို့နိဗ္ဗာန်ကို ဆုတောင်းမှသာ ဒါနပါရမီ ဖြစ်ပါတယ်။

အဲဒါကြောင့်မို့ ဒါနပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း၊ရေစက်ချခြင်းတို့ကို မပြုမနေ ပြုလုပ်ကြတာပါ။။

အမျှဝေခြင်းနဲ့ပတ်သတ်ပြီး သေချာကျနစွာသိမြင်အောင်ပြောရမယ်ဆိုရင် အမျှဝေရေစက်ချတဲ့အခါမှာရေစက်ခွက်နဲ့အောက်ခံလေးပါကြတာကို

အားလုံးသိမယ်ထင်ပါတယ်။ ရှေးရှေးဆရာတော်ကြီးတွေကတော့ ရေစက်ချတဲ့အခါရေစက်ခွက်ကို အလုံးပိတ်နဲ့မဟုတ်ဘဲ ရိုးရိုးသာမန်ဖန်ခွက်ကိုသာ အသုံးပြုခိုင်းကြပါတယ်။

ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ရေစက်ချမဲ့ရေခွက်ထဲကရေရဲ့သန့်စင်မှုကိုမြင်ပြီး မိမိရဲ့စိတ်ကို ဖြူစင်နေအောင်ထားဖို့နှင့်ငါပြုလုပ်တဲ့ကောင်းမှုဟာ

ဟောဒီရေလို သန့်ရှင်းကြည်လင်လှတဲ့ကောင်းမှုဖြစ်တဲ့အတွက် ခုကောင်းမှုရဲ့အကျိုးဆက်ကြောင့်မြတ်နိဗ္ဗာန်ကို ရောက်ရပါစေလို့

ဆုတောင်းအာရုံပြုနိုင်အောင်လို့ပါ။ရေကဲ့သို့ဖြူစင်အောင်ထားပြီး ဆုတောင်းနိုင်အောင်လို့ရေကိုမြင်ရအောင် ထားခိုင်းခြင်းပါ။

ဒါပြင် ဒီရေဟာ မြေကြီးကိုသွန်းချလိုက်တဲ့အခါ ပြန်ယူလို့မရသလိုငါလှူဒါန်းခဲ့တဲ့ ကောင်းမှုမှန်သမျှကိုလည်းငါဟာ နှမြှောတွန့်တိုပြန်လည်

လိုချင်တဲ့စိတ်မရှိဘဲလြတ္လြတ္စြန္႔ႀကဲၿပီးသားမုတ္တစာဂီဖြစ်နေအောင် အာရုံပြုထားရပါမယ်။ငါပြုခဲ့ကောင်းမှုကုသိုလ်ကို တကယ်များငါမေ့လျော့နေသည်ရှိသော်

ကမ္ဘာမြေကြီးထဲ ရေများလောင်းချပြီး ရေစက်သွန်းချသက်သေအရာတည်ထားခဲ့အတွက်ငါအားပြန်လည် အမှတ်ရအောင်

ကူညီပေးပါစေလို့ စိတ်ထားတတ်အောင်ရေစက်ခွက်ထဲကရေကို မြေကြီးပေါ်သွန်းခိုင်းခြင်း ဖြစ်ပါတယ်။

တကယ်လို့ မိမိက ရေစက်ခွက်ထဲက ရေကိုမမြင်ရရင်လည်း ရေစက်ချလို့ ရေလေးကျဆင်းနေတဲ့အချိန်မှာခုပြောခဲ့သလို အာရုံပြုပေးပါ။

နောက်တစ်ခုကရှေးတုန်းကတော့ ရေကို အောက်ခံမပါဘဲမြေကြီးပေါ်ကို တိုက်ရိုက်သွန်းချကြတယ်။

ခုတော့ အောက်ခံပါတော့ မြေကြီးပေါ်တိုက်ရိုက်မရောက်ဘဲဖြစ်နေတဲ့အတွက် မိမိစိတ်မှာနှမြှောတွန့်တိုမှုတွေမဖြစ်ဘဲ လွတ်လွတ်စွန့်ကြဲများဖြစ်အောင်တော့

အာရုံပြုယူရကြပေါ့။ တချို့ကျတော့လည်း ရေစက်ခွက်မလိုဘဲ အထက်ကပြောခဲ့သလို အာရုံပြုနိုင်မယ်ဆိုရင်တော့ကိုင်စရာမလိုဘူးပေါ့။

ဒါပေမဲ့ ရေစက်ခွက်ကိုင်ရတာဟာကျွန်တော်၊ ကျွန်တော်မတို့သည် ကောင်းမှုပြုသူတို့ဖြစ်ပါတယ်။ကျွန်တော်တို့ပေးဝေတဲ့ကောင်းမှုကို

အမျှယူကြပါလို့အမျှယူမဲ့ပုဂ္ဂိုလ်တွေအားလုံးသိအောင်အလှူရှင်များအား ရေစက်ခွက်ကိုင်ခိုင်းတာပါ။

ဒါပြင် နောက်တစ်ချက်အဓိကအကျဆုံးအရာကရေစက်ချ အမျှဝေတယ်ဆိုတာ ဦးဇင်းတို့ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်။တခြားဘာသာတွေမှာ မရှိပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့ ဝါဒဟာ အနတ္တ-ငါပိုင်ဆိုတာမထားဘူးဆိုတဲ့ ဝါဒဖြစ်လို့ပါ။

တခြားဘာသာတွေမှာကတော့အတ္တ-ငါပိုင်ပဲရှိတဲ့အတွက် အမျှဝေခြင်းများ မပြုလုပ်ကြပါဘူး။

ဦးဇင်းတို့ ဝါဒက အနတ္တဆိုတော့ ငါကုသိုလ်ရသလို၊ငါကုသိုလ်ကြောင့် ကောင်းကျိုးခံစားသလို အားလုံးလည်းငါလိုပဲ ခံစားကြရပါစေဆိုတဲ့

စေတနာနဲ့ အားလုံးအားတန်းတူပေးတဲ့ ရေစက်ချခြင်းပါ။ ဒါကြောင့်ဘာဖြစ်လို့ရေစက်ချရတာလဲ၊ အမျှဝေရတာလဲဆိုတာငါတို့ဝါဒဟာ

အနတ္တဝါဒ-ကိုယ်ပိုင်မထားဘဲ အားလုံးကိုတန်းတူရစေချင်တဲ့ စေတနာရှိလို့ပါလို့ ဖြေရပါမယ်။

အဲဒီတော့ အမျှဝေတဲ့လူဟာ မိမိလုပ်တဲ့ ကောင်းမှုဟာလျှော့မသွားဘဲ ပိုလို့သာ တိုးသွားတယ်ဆိုတာကိုလူတိုင်းသိကြမယ်ထင်ပါတယ်။

ဒါပေမဲ့ ပိုမိုမှတ်မိအောင် ထပ်ဆင့်ပြောပြပေးပါဦးမယ်။

မိမိအိမ်မှာဖယောင်တိုင်းတစ်တိုင် မီးထွန်းထားတယ်ဆိုပါစို့။အဲဒီဖယောင်တိုင်တစ်ခုတည်း ထွန်းထားတာဆိုတော့ဖယောင်တိုင်းထွန်းတဲ့အိမ်မှာပဲ

အလင်းရောင်အနည်းငယ်ရှိပြီးကျန်တဲ့အိမ်တွေမှာ အလင်းရောင်မရှိဘဲ တစ်ရွာလုံးဖြစ်စေ၊တစ်မြို့လုံးဖြစ်စေ မှောင်မည်းနေမှာပါ။

အဲဒီတော့ မိမိက မိမိထွန်းထားတဲ့ ဖယောင်းတိုင်ကမီးကို အားလုံး လာရောက်ထွန်းညှီယူကြပါလို့အမျှဝေသလို အားလုံးကို

ရှယ်ယာလိုက်ပေးလိုက်တဲ့အခါကျတော့တစ်မြို့လုံးဖြစ်စေ၊တစ်ရွာလုံးဖြစ်စေ အလင်းရောင်တွေတောက်ပသွားပါတယ်။

အဲဒီလို မိမိက သူများအား မိမိဖယောင်းတိုင်မှမီးကို ရှယ်ယာပေးလိုက်သော်လည်းမိမိပင်ရင်းဖယောင်းတိုင်မှာအလင်းရောင်

လျှော့နည်းမသွားတဲ့အပြင်မိမိရှယ်ယာလုပ်ပေးလို့သူများတွေ အလင်းရောင်းပါရရှိပြီးအလင်းရောင်များပိုမိုတိုးသွားသလို

အမျှဝေတဲ့လူမှာလည်းအဲဒီလိုပဲ ကောင်းမှုလျှော့မသွားတဲ့အပြင် ကောင်းမှုတွေပိုမိုတိုးသွားပါတယ်။ ဒါကတော့ ရေစက်ချရခြင်းရဲ့အကြောင်းနဲ့ပြုလုပ်ပုံများပါ။

ခု မေးခွန်းရှင်သိချင်တာကို ဖြေပေးပါမယ်။မိမိပြုလုပ်တဲ့ကောင်းမှုကို ရေစက်ခွက်နဲ့ အမျှဝေရန်အခွင့်အခါမသင့်ပါက

အပေါ်ကပြောခဲ့တဲ့အတိုင်းအာရုံပြုရမဲ့ အချက်အလက်တွေကို မိမိအာရုံပြုပြီးအမျှဝေပေးပါ။ အမျှဝေတဲ့အခါ နှုတ်ကနေအသံလေးနည်းနည်းတော့

ထွက်ဆိုတာက ပိုသင့်တော်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အမျှဝေတာကိုစောင့်ဆိုင်းနေကြတဲ့ပုဂ္ဂိုလ်တွေမှာတချို့က တန်ခိုးရှိကြပေမဲ့တချို့မှာ

တန်ခိုးမရှိကြတော့ မကြားဘဲ ဖြစ်နေမှာစိုးလို့ပါ။

ဒါပေမဲ့ ကောင်းမှုကုသိုလ်ကို အမျှယူရန် စောင့်ဆိုင်းနေတဲ့ပုဂ္ဂိုလ်တွေကတော့ သူတို့ကို သီးသန့်နာမည်တပ်ပြီးအမျှဝေရင် သူတို့နားနဲ့သေချာမကြားရပေမဲ့

ဒီလူပါးစပ်လှုပ်တာဟာ အမျှဝေတာဖြစ်မယ်လို့မှန်းဆကာ သာဓုလည်း ခေါ်ဆိုကြပါလိမ့်မယ်။

လူအချင်းချင်းမှာလည်း တချို့စကားတွေကိုသေချာမကြားရပေမဲ့

ပြောတဲ့လူရဲ့ဟန်အမူရာဟာကိုကြည့်ပြီး သူဘာပြောတယ်ဆိုတာကိုရိတ်မိသလိုမျိုး သာဓုခေါ်ချင်တဲ့ပုဂ္ဂိုလ်တွေကလည်း

အဲဒီလို ရမ်းဖမ်းမျိုးနဲ့ သာဓုခေါ်ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မိမိအမျှဝေတဲ့အခါမှာတော့အသံလေး နည်းနည်းပါးပါးတော့ ထွက်ဆိုပေးတာအကောင်းဆုံးပါလို့ ပြောရပါစေ။

သူများတွေတော့ မသိဘူး။ ဦးဇင်းကတော့ ဘယ်သူကဘယ်အချိန် အမျှဝေလည်းဆိုတာ သေချာမသိရတဲ့အတွက်ညစဉ်မေတ္တာပို့၊

ပရိတ်ရွတ်၊ ဂုဏ်တော်ပွား၊တရားမှတ်ပြီးချိန်မှာ ကိုယ်ပြုတဲ့ ကောင်းမှုမှန်သမျှကိုလည်းအားလုံးအား အမျှဝေပေးတယ်။ ပြီးရင်တစ်နေ့တာရဲ့

အများကောင်းမှုတွေအမျှဝေပေးထားတာကိုလည်း ကောင်ကင်မှာပျံဝဲနေဦးမယ်ထင်ပြီး အမျှအားလုံးကိုစုဝေးပေးပါလို့ အဓိဋ္ဌာန်ကာ စုပေါင်းသာဓုခေါ်ဆိုလေ့ရှိပါတယ်။

ဒါကတော့ ဦးဇင်းရဲ့ ကိုယ်ပိုင်အယူအဆပါ။အားလုံး အသိဉာဏ်ဗဟုသုတများ တိုးပွားပြီးလိုရာပန်းတိုင်ကို အမြန်လျှောက်လှမ်းနိုင်ကြပါစေလို့ဆန္ဒပြုလျက်….။

[(အရှင်ကောမလ ဆန်နီနေမင်း)(သာသနတကၠသီလ ဓမၼာစရိယ)B.A (Buddhism), M.A (သီရိလကၤာ)Ph.D, Thesis (သီရိလကၤာ)]