Zawgyi




















Ohnmar Htun

Unicode

တို့အမေအတွက် ဆေးတွေအများကြီးရောက်လာပါပြီ….

အမေကသားအိမ်ကင်ဆာကိုနှစ်ရှည်လများခံစားနေရတာပါ….

ဆေးသွင်းလိုက် ဓာတ်ကင်လိုက်နဲ့ ဆေးရုံမပြတ်တက်လိုက်ဆငိးလိုက်နဲ့ ဆရာဝန်စုံအောင်ကုလာရင်းကပဲ

ကင်ဆာရောဂါကတော့ တနေ့တခြား တတိတိနဲ့တိုးလာတာ ….. အခုတော့ အဆင့်လွန်ဆိုပီး

သမားတော်ကလည်း ခီမိုထပ်သွင်းဖို့ တောင်လက်မခံတော့ပါဘူး …. ဓာတ်ရောင်ခြည်လည်း

တခေါက်ကို၃၅ကြိမ်စီ ၂ကြော့ပြန်ကင်ထားပီမို့ ထပ်ကင်လို့လည်းမရတော့ဘူးတဲ့…. တိုင်းရင်းဆေးလေးတွေ

သောက်ကြည့် သဘောင်္ရွက်ထောင်းသောက်ကြည့်ဖို့အကြံပေးပြီး အိပ်ဆေးနဲ့သွေးတိတ်ဆေး နာကျင်ပျောက်ဆေးတွေပဲပေးပါတော့တယ်။

အဲ့လိုနဲ့ဟိုမေးဒီမေးမေးကြရင်းက ပြည်ကအမတဝမ်းကွဲဆီက ကြားတဲ့ဆေးက လယ်ပုဇွန်လုံး

(ဂဏာန်းလုံး)ကိုပေါက်ပန်းဖြူရွက်နဲ့ချက်စားရမယ် ဇီးဖြူသီးပြုတ်ရည်နဲ့ဖန်ရေဆေးတာ ပြုတ်ရည်ထဲဝင်စိမ်တာလုပ်ပေးရမယ်တဲ့။

လက်တွေ့ပျောက်သွားတဲ့အမျိုးသမီးကပေးလိုက်တဲ့ဆေးနည်းပါ…. အဲဒါနဲ့ချက်လဲစားရော ၃ရက်အတွင်း

သွေးဆင်းတာရပ်သွားတာအခုထိပါပဲ။ အရင်ကသွေးတိတ်ဆေးမပြတ်သောက်နေတာကို မရပ်လို့သမားတော်ကအစာအိမ်နဲ့

အူလမ်းကြောင်းဆရာဝန်ဆီသွားမှန်ပြောင်းကြည့် ဗိုက်ခွဲဆီးအိတ်ဝမ်းအိတ်ထုတ်ထားဖို့တောင် အကြံပြုနေပါပြီ။

ဇီးဖြူသီးပြုတ်ရည်ကလဲကောင်းပါတယ် အမေကမစိမ်နိုင်လို့ ရေချိုးတာဖန်ရေဆေးတာလေးတွေလုပ်ရုံနဲ့တောင်

ဆယ်ရက်အတွင်းအကျိတ်တွေနဲ့ ရောင်ရမ်းပြီး အသားမာကြီးဖြစ်နေတဲ့ ဗိုက်ကောပေါင်တွေကော

အကျိတ်တွေပျောက်ပြီးချပ်ရပ်သေးကျုံ့ပြီးပျော့ဖတ်သွားပါပြီ …… ခြေတွေလက်တွေဖောရောင်နေတာလဲ

အကုန်ပျောက်ပြီးအသားအရေစိုပြေလာပါပြီ။ အမေ့လိုပဲ ကင်ဆာရောဂါဝေဒနာသည်တွေ

ဒီစာလေးဖတ်ပြီး အနာနဲ့ဆေးတွေ့စေချင်လို့fbပေါ်ဒီpostလေးရေးတင်လိုက်တာပါ။ အမေကတော့နောက်ဆုံးအဆင့်

ရောက်တဲ့အထိ၆နှစ်ကြာမှ ဆေးတွေ့ရတော့ပျောက်ဖို့တော့ သိပ်မမျှော်လင့်နိုင်ပါဘူး…. ရောဂါခံစားရသက်သာပြီး

အသက်ရှည်ရှည်လေးနေနိုင်ဖို့ပဲ အစွမ်းကုန်ုကြိုးစားနေကြရတာပေမဲ့ ရောဂါနုသူဆိုလုံးဝပျောက်သွားမယ်လို့ထင်ပါတယ်ရှင်…..။

Ohnmar Htun