ချပ်ချပ်ရပ်ရပ်နှင့် လှချင်ပါသလား… ?

Zawgyi

ေလပြၿပီး ဗိုက္ပူတာမ်ိဳး မျဖစ္ေစဘဲ ဝမ္းဗိုက္ ခ်ပ္ရပ္လိုသူတိုင္း ေရွာင္သင့္၊ ေဆာင္သင့္တဲ့ အစား

အေသာက္ေတြကို ကြၽမ္းက်င္သူ ေတြက ေအာက္ပါအတိုင္း အႀကံျပဳ ေရးသား ထားပါတယ္။

အေကာင္းဆုံး အစားအေသာက္ – ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ဟာ လူေတြ အားလုံးအတြက္ ေကာင္းတယ္ဆိုတာ သိၾကပါတယ္။ ဒါေပမယ့္ ဝမ္းဗိုက္ ခ်ပ္ရပ္ ေစတယ္လို႔ေတာ့ မသိၾကပါဘူး။

ဒိန္ခ်ဥ္ အမ်ားစုမွာပါတဲ့ အက်ိဳးျပဳ ဘက္တီးရီးယား ေတြက အစာေျခစနစ္ကို က်န္းမာေစပါတယ္။

ဒိန္ခ်ဥ္ဟာ ေလပြတာနဲ႔ ဝမ္းခ်ဳပ္တာေတြ မျဖစ္ေစဘဲ ဝမ္းဗိုက္ခ်ပ္ရပ္ ေနေစတဲ့ အာနိသင္ ရွိပါတယ္။

အဆိုးဆုံး အစားအေသာက္ – ေဆာ္ဒါ အခ်ိဳရည္

ဗိုက္ပူမွာ စိုး႐ြံ႕သူေတြ အေနနဲ႔ ကာဗြန္ပါတဲ့ အခ်ိဳရည္ေတြကို ေရွာင္သင့္ပါတယ္။ ဂက္စ္ပါတဲ့ အခ်ိဳရည္ေတြဟာ

ဗိုက္ကို ေလေတြနဲ႔ ျပည့္ေနေစၿပီး ဗိုက္ပူကာ ေလပြေနေစပါတယ္။ ဒါေၾကာင့္ ဗိုက္ခ်ပ္ရပ္လိုရင္ ေဆာ္ဒါ

အခ်ိဳရည္အစား ေရ ဒါမွမဟုတ္ ကယ္လိုရီနည္းတဲ့ အရည္ (ဥပမာ-လက္ဖက္စိမ္း လက္ဖက္ရည္) ကို ေသာက္သင့္ပါတယ္။

ဒီအရည္ထဲမွာ အင္တီေအာက္ဆီးဒင့္ မ်ားစြာ ပါဝင္ၿပီး ဝမ္းဗိုက္ထဲ အဆီစုတာနဲ႔ ဆက္စပ္ေနတဲ့

ေရာင္ရမ္းမႈ ျဖစ္ႏႈန္းကို ေလ်ာ့က် ေစပါတယ္။

အေကာင္းဆုံး အစားအေသာက္ – ပန္းေဂၚဖီ

ပန္းေဂၚဖီစိမ္း၊ ေဂၚဖီထုပ္၊ ပန္းေဂၚဖီ၊ ကၫြတ္၊င႐ုတ္သီး၊ ပဲဝါ စတဲ့ အစားအစာေတြမွာ ဗီတာမင္ေအ၊

စီနဲ႔ ေကအျပင္ ေဖာလိတ္၊ ဘီတာကယ္႐ိုတင္း၊ မဂၢနီဆီယမ္၊ ကယ္လ္စီယမ္နဲ႔ အမွ်င္ဓာတ္ေတြလည္း ပါဝင္ေနပါတယ္။

အဆိုးဆုံး အစားအေသာက္ – အခြံခြၽတ္ထားေသာ ကာဗိုဟိုက္ဒရိတ္

ဂ်ဳံျဖဴနဲ႔ လုပ္ထားတဲ့ မုန႔္ေတြနဲ႔ ထမင္းျဖဴေတြကို မစားပါနဲ႔။ ဒီအစာေတြက အစာေၾကလြယ္ၿပီး ေသြးတြင္း

သၾကားဓာတ္နဲ႔ အင္ဆူလင္အဆင့္ကို ျမင့္တက္ေစလို႔ပါ။ အင္ဆူလင္ အဆင့္ျမင့္ တက္တာက

ဝမ္းဗိုက္တစ္ဝိုက္ အဆီစုပုံမႈကို တိုးေစႏိုင္ပါတယ္။

အေကာင္းဆုံး အစားအေသာက္ – အခြံခြၽတ္မထားေသာ ေကာက္ႏွံစာ

အခြံခြၽတ္မထားတဲ့ ေကာက္ႏွံနဲ႔ လုပ္ထားတဲ့ ဆန္လုံးညိဳ၊ ေပါင္မုန႔္ညိဳနဲ႔ ပဲနီေလးလို အစာေတြကို စားပါ။

အေမရိကန္ အာဟာရ ေဆးပညာဂ်ာနယ္ရဲ႕ လတ္တေလာ ေလ့လာမႈတစ္ရပ္အရ အခြံခြၽတ္မထားတဲ့

ေကာက္ႏွံစာဟာ ကယ္လိုရီ ထိန္းခ်ဳပ္ေပးၿပီး ခါးတစ္ဝိုက္ကို အဆီပိုေတြ ကင္းေဝး ေစတယ္လို႔ သိရပါတယ္။

အဆိုးဆုံး အစားအေသာက္ – ဆားကဲေသာ အစားအစာ

ပဲပိစပ္ေဆာ့ အမ်ားအျပားပါတဲ့ ဆူရွီစားၿပီးခ်ိန္မွာ ေလပြသလို ခံစားေနရပါသလား။ ဆိုဒီယမ္မ်ားစြာပါတဲ့

အစားအစာေတြကို စားတာက ေရစုေဆာင္းမႈ မ်ားတာကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဗိုက္က

ေဖာင္းလာၿပီး ေလပြ လာတတ္ ပါတယ္။ ဗိုက္သား ခ်ပ္ရပ္ေစဖို႔ တစ္ေန႔မွာ ဆိုဒီယမ္ ၂၀၀၀ မီလီဂရမ္ေအာက္ပဲ စားပါ။

အေကာင္းဆုံး အစားအေသာက္ – မျပည့္ဝဆီ

သံလြင္ဆီလိုမ်ိဳး မျပည့္ဝဆီပါတဲ့ အစားအစာေတြဟာ ဗိုက္သားခ်ပ္ရပ္ေစတယ္လို႔ ေလ့လာမႈ အသစ္တစ္ရပ္အရ သိရပါတယ္။

အေကာင္းဆုံး အစားအေသာက္ – ရွာလကာရည္

ရွာလကာရည္မွာပါတဲ့ ခ်ဥ္တဲ့အရသာနဲ႔ စူးရွတဲ့ အနံ႔ကိုေပးတဲ့ ဓာတ္ေတြဟာ ဗိုက္အဆီကို ေခ်ဖ်က္

ေပးတယ္လို႔ ဂ်ပန္ေလ့လာမႈ တစ္ရပ္က ဆိုပါတယ္။ အဝလြန္တဲ့ လူေတြဟာ တစ္ေန႔မွာ ရွာလကာရည္

ထမင္းစားဇြန္း တစ္ဇြန္း- ႏွစ္ဇြန္း စားရာ ၁၂ ပါတ္အၾကာမွာ ကိုယ္အေလးခ်ိန္၊ ဗိုက္အဆီနဲ႔

ခါးအတိုင္းအတာ သိသိသာသာ ေလ်ာ့က်မႈရွိတာကို ေလ့လာမႈအရ သိရပါတယ္။

ရွာလကာရည္မွာပါတဲ့ Acetic Acid ဟာ အဆီေခ်ဖ်က္တဲ့ ပ႐ိုတင္းေတြ ထြက္လာေအာင္

မ်ိဳး႐ိုးဗီဇကို ေျပာင္းလဲ ေပးတာေၾကာင့္လို႔ ေလ့လာသူေတြက ဆိုပါတယ္။

Credit

Unicode

လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား

အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။

အကောင်းဆုံး အစားအသောက် – ဒိန်ချဉ်

ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် ဝမ်းဗိုက် ချပ်ရပ် စေတယ်လို့တော့ မသိကြပါဘူး။

ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။

ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိသင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် – ဆော်ဒါ အချိုရည်

ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ

ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ

အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်း လက်ဖက်ရည်) ကို သောက်သင့်ပါတယ်။

ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့

ရောင်ရမ်းမှု ဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

အကောင်းဆုံး အစားအသောက် – ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊

စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

အဆိုးဆုံး အစားအသောက် – အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်

ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်း

သကြားဓာတ်နဲ့ အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင် အဆင့်မြင့် တက်တာက

ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

အကောင်းဆုံး အစားအသောက် – အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။

အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့

ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေး စေတယ်လို့ သိရပါတယ်။

အဆိုးဆုံး အစားအသောက် – ဆားကဲသော အစားအစာ

ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့

အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်က

ဖောင်းလာပြီး လေပွ လာတတ် ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

အကောင်းဆုံး အစားအသောက် – မပြည့်ဝဆီ

သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။

အကောင်းဆုံး အစားအသောက် – ရှာလကာရည်

ရှာလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက်

ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှာလကာရည်

ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပါတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့

ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။

ရှာလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင်

မျိုးရိုးဗီဇကို ပြောင်းလဲ ပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

Credit