နေ့စဉ် COKE သောက်ခြင်းဖြင့် ရေရှည်မှာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ
Zawgyi
(4)အဝလွန်ခြင်း
(5)အရေပြားပြဿနာများ
(6)နှလုံးရောဂါ
(7) ကင်ဆာ ရောဂါ များ
Credit
Unicode
(1)ဗီတာမင်ချို့တဲ့ခြင်း
Cokeမှာ ပါဝင်သော Phosphoric acid နဲ့ caffeine ဓာတ်က ဆီးမကြာခဏသွားစေပါတယ်။
ဒါကြောင့် coke တဗူးသောက်ပြီး တစ်နာရီအတွင်းမှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေကို ခန္ဒာကိုယ်ကနေအပြင်ကို
စွန့်ထုတ်ပစ်သလိုဖြစ်စေပါတယ်။နေ့စဉ်သောက်ပါက ဗီတာမင်ဓာတ်များ ချို့တဲ့လာစေပါတယ်။
(2)သွားများပျက်စီးခြင်း
အက်စစ်ဓာတ်နဲ့သကြားဓာတ်လွန်ကဲသောကြောင့် သွားကြွေလွှာတွေကို ပျက်ဆီးစေပါတယ်။ သင်ဟာ calcium ပုံမှန်စားသုံးနေသူမဟုတ်ပဲ
cokeကိုနေ့စဉ်သောက်သုံးပါက သွားတွေပိုးစားရုံမက ဆိုးဆိုးရွားရွားပျက်ဆီးလာတာတွေ့ရပါမယ်။
(3)စိုးရိမ်ပူပန်မှုများခြင်း
Coke ၁ဗူးတွင် ကော်ဖီပြင်း၁ခွက် ကဲ့သို့သော caffeine ဓာတ်ပါဝင်ပါတယ်။ မသောက်ရမနေနိုင်အောင်
စွဲလမ်းစေတတ်ပါတယ်။ သောက်နေစဉ်ကာလမှာ စိုးရိမ်ပူပန်စိတ်များတတ်သလို့် ရုတ်တရက်
ဖြတ်ပါက စိတ်ဓာတ်ကျခြင်း,ခေါင်းကိုက်ခြင်း,စိတ်တိုခြင်းစသည်တို ဖြစ်ပေါ်ပါတယ်။
(4)အဝလွန်ခြင်း
သကြားလွန်ကဲသောကြောင့် ဝစေတဲ့အပြင် နှလူံးရောဂါ, အရိုးအဆစ်နာကျင်ခြင်းကိုပါခံစားရမှာပါ။
(5)အရေပြားပြဿနာများ
Cokeသောက်ခြင်းသည် ဆေးလိပ်သောက်ခြင်းလိုပဲ အရေပြားပြဿနာများကိုပေးပါတယ်။
ဆိုဒါနဲ့သကြားကြောင့် ဝက်ခြံထွက်ခြင်း, အရေပြားခြောက်သွေ့ ယားယံခြင်း,ပါးရေတွန့်ခြင်း,အရွယ်မတိုင်မီရင့်ရော်ခြင်းတို့ ဖြစ်စေပါတယ်။
(6)နှလုံးရောဂါ
နေ့စဉ်သောက်ခြင်းဖြင့် မကောင်းတဲ့ ကိုလက်စထရော ကိုတက်စေပြီး နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပေါ်စေပါတယ်။
၁နေ့၁ဗူးနေ့စဉ်သောက်ပါက သွေးတိုးရောဂါ,Type2ဆီးချိုရောဂါတို့ကိုပါဖြစ်စေပါတယ်။
(7) ကင်ဆာ ရောဂါ များ
Cokeသောက်ခြင်းသက်သက်ကြောင့် ကင်ဆာဖြစ်စေတယ်မဆိုလိုပေမယ့် ကုတ်မှာပါသော Benzene
အမှုန်များနဲ့ ပလတ်စတစ်ဗူးကြောင့် ဆရာဝန်များက ၁ပတ်လျှင်၁ဗူးလျှော့သောက်ရန် အကြံပေးပါတယ်။
(8)ကျောက်ကပ်ပျက်စီးခြင်း
Diet Coke များမှာ သကြား လုံးဝမပါလို့ မဝစေသော်လဲ သကြား အစားထိုးအချိုများပါသောကြောင့် ကျောက်ကပ် ကိုပျက်စီးစေပါတယ်။
Credit