Categories
ထူးဆန်းထွေလာ

ပျောက်ကွယ်သွားတော့မည့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အံ့ဖွယ် (၇)ပါး

Zawgyi

ကမာၻ႔အံ့ဖြယ္(၇)ပါး

ေရွးေဟာင္းအံ့ဖြယ္ ခုနစ္ပါး မွတ္တမ္းကို ျပဳစု ေရးသားခဲ့သူမ်ားမွာ သမိုင္းပညာရွင္ ဟီ႐ိုဒိုးတပ္(စ္) Herodotus ဘီစီ (၄၈၄-၄၅၂) ႏွင့္ တကၠသိုလ္ေက်ာင္းသား Callimachus ဘီစီ (၃၀၅-၂၄၀) တို႔ အလက္ဇန္းဒီးယား (Alexandria) ျပတိုက္တြင္ ျပဳစုခဲ့ၾကျခင္းျဖစ္သည္။ သူတို႔ျပဳစုခဲ့ေသာ အေဆာက္အဦးမ်ားမွာ မွတ္တမ္းမ်ားမွ လြဲ၍ ယခုေခတ္၌ မရွိၾကေတာ့ေပ။ အီဂ်စ္ျပည္ရွိ ဂီဇာပိရမစ္သာ ယခုေခတ္တြင္ ေတြ႕ရွိႏိုင္ေတာ့သည္။

ေရွးေဟာင္း ကမာၻ႔ အံ့ဖြယ္ ခုနစ္ပါးမွာ ေအာက္ပါအတိုင္းျဖစ္သည္။

ဂီဇာ ပိရမစ္ႀကီး (Great Pyramid of Giza)

ေဘဘီလုံမွ မိုးပ်ံဥယာဥ္ (Hanging Gardens of Babylon)

အိုလံပီယာရွိ ဇု(ရပ္)နတ္ဘုရား႐ုပ္တု (Statue of Zeus at Olympia)

Ephesus ရွိ အာသီးမိ(စ) နတ္ဘုရားေက်ာင္း (Temple of Artemis at Ephesus)

Maussollos ၏ သခ်ႋဳင္းဂူအေဆာက္အဦး (Mausoleum of Maussollos at Halicarnassus)

႐ိုဒတ္(စ္)၏ေက်ာက္႐ုပ္တုႀကီး (Colossus of Rhodes)

အလက္ဇန္းဒီးယားၿမိဳ႕ မီးျပတိုက္ (Lighthouse of Alexandria)

သမိုင္းေၾကာင္းအက်ဥ္း

ဂီဇာ ပိရမစ္ႀကီး(Great Pyramid of Giza)

ဂီဇာပိရမစ္ႀကီးအား အီဂ်စ္ဖာ႐ို (ဘုရင္) ခူဖူး (khufu) က သူ၏ သခ်ႋဳင္း ဂူအျဖစ္ ဘီစီ၂၅၆၀တြင္ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။ ထိုပိရမစ္ႀကီးသည္ ေရွးေဟာင္းကမာၻ႔အံ့ဖြယ္ ခုနစ္ပါးတြင္ အေစာဆုံးတည္ေဆာက္ခဲ့ေသာ အေဆာက္အဦျဖစ္သည္။ ေရွးေဟာင္းအံ့ဖြယ္ ခုနစ္ပါးတြင္ ယေန႔အထိ က်န္ခဲ့ေသာ တစ္ခုတည္းေသာ အေဆာက္အဦးလည္းျဖစ္သည္။ မဟာပိရမစ္ႀကီးသည္ ဂီဇာအရပ္တြင္ ရွိေသာ ပိရမစ္ႀကီးသုံးခုအနက္ အႀကီးဆုံးျဖစ္၍ ယခုေခတ္ ကိုင္႐ို (Cairo) ၿမိဳ႕အနီးတြင္ ရွိသည္။

စတင္ တည္ေဆာက္ကာစက ေပေပါင္း ၄၈၀ ခန္႔ ရွိေသာ္လည္း ယခုအခါ ရာသီဥတုဒါဏ္ေၾကာင့္ ေပအနည္းငယ္ နိမ့္ဆင္း သြားခဲ့သည္။ လူသားတို႔ တည္ေဆာက္ခဲ့ေသာ အေဆာက္အဦးမ်ားတြင္ အျမင့္ဆုံးအျဖစ္ ႏွစ္ေပါင္း ေလးေထာင္ေက်ာ္ ဗိုလ္စြဲခဲ့သည္။ ေခတ္သစ္ကမာၻ႔အံ့ဖြယ္ ခုနစ္ပါး စာရင္းအတြက္ မူလက အင္တာနက္၊ ဖုန္းမ်ားမွတဆင့္ မဲေပးခံခဲ့ရေသာ္လည္း အီဂ်စ္အာဏာပိုင္မ်ားက ထိုကဲ့သို႔ မလုပ္သင့္ေၾကာင္း တားျမစ္ခဲ့သည့္အတြက္ ေခတ္သစ္အံ့ဖြယ္ ခုနစ္ပါးတြင္ မပါဝင္ခဲ့ေပ။

ေဘဘီလုံမွမိုးပ်ံဥယ်ာဥ္ (Hanging Gardens of Babylon)

အျငင္းပြားဖြယ္ရာမ်ားရွိေသာ္လည္း မိုးပ်ံဥယာဥ္ေနရာသည္ ယခုေခတ္အီရတ္ (Iraq) ႏိုင္ငံရွိ ယူဖေရးတီး (Euphrates) ျမစ္ ကမ္းပါးတြင္ တည္ရွိခဲ့သည္ဟု ဆိုၾကသည္။ ေဘဘီလြန္းနီးယန္းဘုရင္ Nebuchadnezzar II မွ သူ၏ နန္းေတာ္အတြင္းတြင္ ဘီစီ ၆၀၀ ခန္႔က တည္ေဆာက္ခဲ့သည္ဟု ယူဆရသည္။ ထိုဥယ်ာဥ္မွာ ဘုရင္က သူ၏ မိဖုရား ေက်နပ္ေစရန္အတြက္ ေဆာက္လုပ္ေပးခဲ့ျခင္း ျဖစ္သည္။

မိဖုရားသည္ စိမ္းလန္းေသာ နယ္ေျမေဒသမွ လာသူျဖစ္၍ သူ၏နယ္ေျမကို လြမ္းဆြတ္ေနေသာေၾကာင့္ ဘုရင္က တည္ေဆာက္ေပးခဲ့ျခင္း ျဖစ္သည္ဟု ေျပာၾကသည္။ မိဖုရား၏ ဇာတိနယ္ေျမမွာ Medes ေဒသျဖစ္၍ ယခုေခတ္ႏွင့္ ဆိုလ်င္ အီရန္ႏိုင္ငံ ေျမာက္ပိုင္းကို ဆိုလိုျခင္း ျဖစ္သည္။ ေဘဘီလုံမိုးပ်ံဥယ်ာဥ္ႏွင့္ ပတ္သတ္ေသာ အေသးစိတ္အခ်က္အလက္မ်ားသည္ ဂရိရာဇဝင္မ်ား၌သာ အမ်ားဆုံး ေတြ႕ရသည္။ ေဘဘီလုံ မွတ္တမ္းမ်ားတြင္မူ မည့္သည့္ အေသးစိတ္မွတ္တမ္းမွ မေတြ႕ရွိရေပ။

အိုလံပီယာရွိ ဇု(ရပ္) နတ္ဘုရား႐ုပ္တု (Statue of Zeus at Olympia)

ဂရိနတ္ဘုရားတို႔၏ ဘုရင္ ဇု(ရပ္စ္) (Zeus) ၏ ႀကီးမားေသာ ေ႐ႊခ်ထားသည့္ ႐ုပ္တုႀကီးအား ေရွးေဟာင္းအိုလံပစ္ ၿပိဳင္ပြဲမ်ား က်င္းပရာ ေဒသတြင္ တည္ေဆာက္ခဲ့ၾကသည္။ ထိုေနရာသည္ အိုလံပီယာၿမိဳ႕ တည္ရွိခဲ့ေသာ ေရွးေဟာင္း ၿမိဳ႕ေတာ္ေနရာတြင္ တည္ရွိသည္။ ႐ုပ္တုႀကီးကို ဘီစီ ၄၃၂ ခုႏွစ္တြင္ ေတာ္ဝင္ ပန္းပုထုပညာရွင္ ဖိုင္ဒီးရပ္(စ္) Phidias က အၿပီးအစီး ထုလုပ္ခဲ့သည္။

ေက်ာက္စီထားေသာ ရာဇႏွင္တံကိုလက္တစ္ဖက္က ကိုင္၍ ပလႅင္ေပၚတြင္ ထိုင္ကာ တစ္ၿမိဳ႕လုံးကို မိုးၾကည့္ေနဟန္ ထုလုပ္ခဲ့ျခင္း ျဖစ္သည္။ အျမင့္ေပ ၄၀ ခန္႔ျမင့္ကာ လက္တစ္ဖက္တြင္ ရာဇႏွင္တံကို ကိုင္ထားၿပီး ေနာက္လက္တစ္ဖက္ ေပၚတြင္ ေအာင္ျမင္ျခင္းကို ကိုယ္စားျပဳေသာ နတ္ဘုရားမ ႐ုပ္တုကို တင္ထားသည္။ အဆိုပါ ႐ုပ္တုႏွင့္ ႏွင္တံမ်ားကို ဆင္စြယ္ႏွင့္ အျခားအဖိုးတန္သတၱဳမ်ားျဖင့္ ျပဳလုပ္ထားသည္။ ေအဒီ ၃၉၁ တြင္ ခရစ္ယာန္ဘာသာသည္ ေရာမအင္ပါယာ၏ တရားဝင္ဘာသာ ျဖစ္လာၿပီးေနာက္ပိုင္း နတ္ဘုရားမ်ား ကိုးကြယ္ျခင္းကို ပိတ္ပင္တားစီးခဲ့ေသာေၾကာင့္ ႐ုပ္တုရွိရာ ဘုရားေက်ာင္းကိုလည္း ပိတ္ပစ္လိုက္ရသည္။

ဘုရားေက်ာင္းႏွင့္ တကြ ႐ုပ္တုပါ ဖ်က္စီးခံခဲ့ရသည္၊ ကြန္စတန္တီႏိုပယ္

(Constantinople) ယခု တူရကီႏိုင္ငံ အစၥတန္ဘူလ္ (Istanbul) သို႔႐ုပ္တုကို သီးသန္႔ ယူသြား၍ မီးရႈိ႕ဖ်က္စီးခဲ့ၾကသည္ဟု သမိုင္းပညာရွင္မ်ား အမ်ိဳးမ်ိဳး အျငင္းပြားခဲ့ၾကသည္။

Ephesus ရွိအာသီးမိ(စ) နတ္ဘုရားေက်ာင္း (Temple of Artemis at Ephesus)

ဂရိနတ္ဘုရားမ အာသီးမိ(စ)(Artemis) အား ပူေဇာ္ေသာအားျဖင့္ တည္ေဆာက္ခဲ့ေသာ ႀကီးမားသည့္ စက်င္ေက်ာက္ ေက်ာင္းေတာ္ႀကီးျဖစ္သည္။ ဘီစီ ၅၅၀ ခန္႔က Ephesus ယခု Selçuk အရပ္ (တူရကီ) တြင္ တည္ရွိခဲ့ျခင္းျဖစ္သည္။ ေပ ၆၀ ခန္႔ျမင့္ေသာ တိုင္လုံးေပါင္း ၁၂၀ ပါဝင္ၿပီး အလြန္လွပေသာ အႏုပညာ လက္ရာမ်ားျဖင့္ ထုံမႊမ္းထားသည္။ ထိုအႏုပညာ လက္ရာမ်ားတြင္ အေမဇုံစစ္သည္မ်ား၏ ေၾကး႐ုပ္တုမ်ားလည္း ပါဝင္သည္ဟု ဆိုၾကသည္။

အေမဇုံစစ္သည္မ်ားသည္ ဒ႑ာရီဆန္ေသာ အမ်ိဳးသမီး စစ္သည္မ်ားကို ဆိုလိုသည္။ Herostratus ဆိုေသာ လူတစ္ေယာက္မွ နာမည္ႀကီးလိုေသာေၾကာင့္ ၃၅၆ ဘီစီတြင္ ဘုရားေက်ာင္းအား မီးရႈိ႕ဖ်က္စီး ခဲ့သည္ဟုဆိုသည္။ ျပန္လည္တည္ေဆာက္ခဲ့ၿပီးေနာက္ ေအဒီ ၂၆၂ တြင္ ေဂါ့(သ္)(Goths) မ်ိဳးႏြယ္မ်ား၏ ဖ်က္စီးမႈ ကိုခံခဲ့ရၿပီး ေအဒီ ၄၀၁ တြင္ ကြန္စတန္တီႏိုပယ္ (Constantinople) သာသနာပိုင္ Saint John Chrysostom ၏ အမိန္႔ ျဖင့္ ခရစ္ယာန္မ်ား၏ ဖ်က္စီးျခင္းကို ခံခဲ့ရသည္။ ယခုအခါ ဘုရားေက်ာင္းျပန္လည္တူးေဖၚေရး ေဖာင္ေဒးရွင္း မ်ား ဖြဲ႕၍ ျပန္လည္ တူးေဖၚျခင္းမ်ားျပဳလုပ္ေနသည္။

Maussollos ၏ သခ်ႋဳင္း ဂူအေဆာက္အဦး

(Mausoleum of Maussollos at Halicarnassus)

Halicarnassus အရပ္ (ယခုေခတ္တူရကီႏိုင္ငံ အေနာက္ေျမာက္ပိုင္းေဒသ) ရွိ ထင္ရွားေသာ သခ်ႋဳင္း ဂူမွာ ဘီစီ ၃၇၀ ႏွင့္၃၅၀ ၾကားတြင္ ဘုရင္ Maussollos အတြက္ တည္ေဆာက္ခဲ့ၾကျခင္း ျဖစ္သည္။ ဒ႑ာရီဇာတ္လမ္းမ်ား အရ ဘုရင္ Maussollos က သူ၏ မိဖုရား Artemisia II မွ သူႏွင့္ သူတို႔၏ အခ်စ္အား သတိရေနေစရန္တည္ေဆာက္ ခဲ့ျခင္းျဖစ္သည္ဟု ေျပာၾကသည္။

Maussollos သည္ ပါရွန္းအင္ပါယာမွ အုပ္ခ်ဳပ္သူတစ္ေယာက္ ျဖစ္ၿပီး သူ၏ ေက်ာ္ၾကားေသာ သခ်ႋဳင္းဂူမွတဆင့္ Mausoleum (သခ်ႋဳင္းဂူ) ဟူေသာ စကားလုံး ဆင္းသက္လာခဲ့သည္။ ဂူ အေဆာက္အဦးမွာ ေပ ၁၂၀ ရွည္လ်ားၿပီး ေပ ၁၄၀ ျမင့္သည္။ သခ်ႋဳင္းဂူသည္ လွပေသာ ဗိသုကာလက္ရာမ်ားေၾကာင့္ အလြန္ပင္ထင္ရွားသည္။ အလယ္တြင္ ေ႐ႊခ်ထားေသာ ေခါင္းတလား ျမဳပ္ႏွံထားေသာ အခန္းရွိၿပီး ပန္းကႏုတ္မ်ား၊ ပန္းဆြဲမ်ားျဖင့္ နံရံမ်ားတြင္ ျခယ္သထားသည္။ ထိုဂူ အေဆာက္အဦအား ဂရိဗိသုကာ ေလးေယာက္မွ တည္ေဆာက္ေပးခဲ့ၾကျခင္းျဖစ္သည္။

ဂူအေဆာက္အဦသည္ ၁၅ ရာစု အေစာပိုင္းထိ တည္ရွိေနခဲ့ေသာ္လည္း ခရစ္ယာန္ ခ႐ူးဆိတ္ စစ္သည္မ်ားမွ ရဲတိုက္သစ္ေဆာက္လုပ္ရန္အတြက္ လိုအပ္ေသာပစၥည္းမ်ား ယူရာမွ ပ်က္စီးခဲ့ရသည္။ မပ်က္စီးပဲက်န္ရစ္ခဲ့ ေသာ ကႏုတ္ပန္းႏွင့္ အလွတန္ဆာ တစ္ခ်ိဳ႕အား ယခုအခါ လန္ဒန္ ရွိ ၿဗိတိသွ်ျပတိုက္တြင္ ေတြ႕ရွိႏိုင္သည္။

႐ိုဒတ္(စ)မွေက်ာက္႐ုပ္တုႀကီး (Colossus of Rhodes)

ဘီစီ ၂၈၂ တြင္ တည္ေဆာက္ၿပီးစီးကာ ၁၂ ႏွစ္ၾကာမွ် အခ်ိန္ယူတည္ေဆာက္ခဲ့ရေသာ ေက်ာက္႐ုပ္တုႀကီးသည္ ၅၆ ႏွစ္အၾကာတြင္ ငလ်င္ဒဏ္ေၾကာင့္ ဒူးေခါင္းေနရာထိ ၿပိဳက် ပ်က္စီးခဲ့ေသာေၾကာင့္ ေရွးေဟာင္း အံ့ဖြယ္ ခုနစ္ပါး တြင္ သက္တမ္း အနည္းဆုံးအျဖစ္ တည္ရွိခဲ့ေသာ ေက်ာက္႐ုပ္တုႀကီးျဖစ္သည္။ ကြၽန္းေစာင့္နတ္ဘုရား ျဖစ္ေသာ ဂရိေနနတ္ဘုရား Helios အား ကိုယ္စားျပဳ တည္ေဆာက္ထားေသာ ထို႐ုပ္တုႀကီးသည္ ေက်ာက္တုံး၊ သံသတၱဳမ်ား ျဖင့္ ဖြဲ႕စည္းထားၿပီး အျပင္ဘက္ပိုင္းအား ေၾကးဝါသတၱဳျဖင့္ ဖုံးလႊမ္းထားသည္။

ေက်ာက္႐ုပ္တုႀကီးသည္ ေပေပါင္း ၁၁၀ ခန္႔ ျမင့္ေသာေၾကာင့္ ေရွးေဟာင္း ႐ုပ္တုမ်ားအနက္ အျမင့္ဆုံး႐ုပ္တုႀကီး ဟု ေခၚဆိုႏိုင္ေပသည္။ မက္စီဒိုးနီးယား (Macedonia) ၾသဇာအာဏာကို တြန္းလွန္ႏိုင္ခဲ့ေသာ ၿမိဳ႕ျပႏိုင္ငံ သုံးခု၏ ေပါင္းစည္းျခင္းအထိမ္းအမွတ္အျဖစ္ တည္ေဆာက္ခဲ့ၾကျခင္း ျဖစ္သည္။

အလက္ဇန္းဒီးယားၿမိဳ႕ မီးျပတိုက္ (Lighthouse of Alexandria)

ထိုမီးျပတိုက္သည္ ေရွးေဟာင္းကမာၻမွ အံ့ဖြယ္ခုနစ္ပါးတြင္ လက္ေတြ႕အသုံးက်သည့္ တစ္ခုတည္းေသာအေဆာက္အဦ ျဖစ္သည္။ အီဂ်စ္ဆိပ္ကမ္းၿမိဳ႕ေတာ္ အလက္ဇန္းဒီးယားတြင္ အခ်က္ျပ မီးေရာင္အျဖစ္ သေဘၤာမ်ားအတြက္ အႏၲရာယ္ကင္းေစရန္ ႏွစ္ေပါင္းမ်ားစြာ တာဝန္ထမ္းေဆာင္ခဲ့သည္။ ဖာ႐ိုး(စ္) (Pharos) ကြၽန္းငယ္ေလးေပၚတြင္ ဘီစီ ၂၈၅မွ ၂၄၇ အတြင္း တည္ေဆာက္ခဲ့ေသာ ထိုအေဆာက္အဦသည္ ကမာၻ႔အျမင့္ဆုံး အေဆာက္အဦ အျဖစ္ ႏွစ္ေပါင္းမ်ားစြာ မွတ္တမ္းဝင္ခဲ့သည္။

ခန္႔မွန္းေခ်အားျဖင့္ ေပေပါင္း ၃၈၄ေပ နီးပါးရွိေသာ ထိုအေဆာက္အဦးသည္ ယခုေခတ္ႏွင့္ဆိုလ်င္ အထပ္ ၄၀ ခန္႔ ရွိေသာ အေဆာက္အဦး တစ္လုံးနီးပါး ရွိသည္။ မီးျပတိုက္အား ညအခါတြင္ မီးထြန္းထားၿပီး၊ ေန႔အခါတြင္ ေျပာင္လက္ေနေသာ ေၾကးဝါျပားမ်ားမွ တစ္ဆင့္ ေနေရာင္ ျပန္ေစၿပီး သေဘၤာမ်ား အား လမ္းျပ ကူညီခဲ့သည္။

ထိုမီးျပတိုက္မွ ထြက္ေသာအလင္းေရာင္အား ပတ္ဝန္းက်င္ ၃၅ မိုင္ အကြာအေဝးမွ ျမင္ရသည္ဟု ဆိုၾကသည္။ အဆိုပါ ႀကီးမားေသာ ေမွ်ာ္စင္ မီးျပတိုက္ႀကီးသည္ ေအဒီ ၁၃၀၃ ႏွင့္ ၁၃၂၃ တို႔တြင္ လႈပ္ခတ္ခဲ့ေသာ ငလ်င္ႀကီးမ်ား ေၾကာင့္ ပ်က္စီးခဲ့ရသည္။ မပ်က္စီးခင္ ႏွစ္ေပါင္း ၁၅၀၀ ေက်ာ္နီးပါးလုံးတြင္ မက္ဒီတာရီယန္ ကမ္းေျခမွ အလင္းေရာင္ ႀကီးအျဖစ္ သေဘၤာမ်ား အား ကူညီေပးခဲ့သည္။

Credit – Worldhistory

Unicode

ကမ္ဘာ့အံ့ဖွယ်(၇)ပါး

ရှေးဟောင်းအံ့ဖွယ် ခုနစ်ပါး မှတ်တမ်းကို ပြုစု ရေးသားခဲ့သူများမှာ သမိုင်းပညာရှင် ဟီရိုဒိုးတပ်(စ်) Herodotus ဘီစီ (၄၈၄-၄၅၂) နှင့် တက္ကသိုလ်ကျောင်းသား Callimachus ဘီစီ (၃၀၅-၂၄၀) တို့ အလက်ဇန်းဒီးယား (Alexandria) ပြတိုက်တွင် ပြုစုခဲ့ကြခြင်းဖြစ်သည်။ သူတို့ပြုစုခဲ့သော အဆောက်အဦးများမှာ မှတ်တမ်းများမှ လွဲ၍ ယခုခေတ်၌ မရှိကြတော့ပေ။ အီဂျစ်ပြည်ရှိ ဂီဇာပိရမစ်သာ ယခုခေတ်တွင် တွေ့ရှိနိုင်တော့သည်။

ရှေးဟောင်း ကမ္ဘာ့ အံ့ဖွယ် ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။

ဂီဇာ ပိရမစ်ကြီး (Great Pyramid of Giza)

ဘေဘီလုံမှ မိုးပျံဥယာဉ် (Hanging Gardens of Babylon)

အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု (Statue of Zeus at Olympia)

Ephesus ရှိ အာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)

Maussollos ၏ သင်္ချိုင်းဂူအဆောက်အဦး (Mausoleum of Maussollos at Halicarnassus)

ရိုဒတ်(စ်)၏ကျောက်ရုပ်တုကြီး (Colossus of Rhodes)

အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)

သမိုင်းကြောင်းအကျဉ်း

ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)

ဂီဇာပိရမစ်ကြီးအား အီဂျစ်ဖာရို (ဘုရင်) ခူဖူး (khufu) က သူ၏ သင်္ချိုင်း ဂူအဖြစ် ဘီစီ၂၅၆၀တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုပိရမစ်ကြီးသည် ရှေးဟောင်းကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးတွင် အစောဆုံးတည်ဆောက်ခဲ့သော အဆောက်အဦဖြစ်သည်။ ရှေးဟောင်းအံ့ဖွယ် ခုနစ်ပါးတွင် ယနေ့အထိ ကျန်ခဲ့သော တစ်ခုတည်းသော အဆောက်အဦးလည်းဖြစ်သည်။ မဟာပိရမစ်ကြီးသည် ဂီဇာအရပ်တွင် ရှိသော ပိရမစ်ကြီးသုံးခုအနက် အကြီးဆုံးဖြစ်၍ ယခုခေတ် ကိုင်ရို (Cairo) မြို့အနီးတွင် ရှိသည်။

စတင် တည်ဆောက်ကာစက ပေပေါင်း ၄၈၀ ခန့် ရှိသော်လည်း ယခုအခါ ရာသီဥတုဒါဏ်ကြောင့် ပေအနည်းငယ် နိမ့်ဆင်း သွားခဲ့သည်။ လူသားတို့ တည်ဆောက်ခဲ့သော အဆောက်အဦးများတွင် အမြင့်ဆုံးအဖြစ် နှစ်ပေါင်း လေးထောင်ကျော် ဗိုလ်စွဲခဲ့သည်။ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါး စာရင်းအတွက် မူလက အင်တာနက်၊ ဖုန်းများမှတဆင့် မဲပေးခံခဲ့ရသော်လည်း အီဂျစ်အာဏာပိုင်များက ထိုကဲ့သို့ မလုပ်သင့်ကြောင်း တားမြစ်ခဲ့သည့်အတွက် ခေတ်သစ်အံ့ဖွယ် ခုနစ်ပါးတွင် မပါဝင်ခဲ့ပေ။

ဘေဘီလုံမှမိုးပျံဥယျာဉ် (Hanging Gardens of Babylon)

အငြင်းပွားဖွယ်ရာများရှိသော်လည်း မိုးပျံဥယာဉ်နေရာသည် ယခုခေတ်အီရတ် (Iraq) နိုင်ငံရှိ ယူဖရေးတီး (Euphrates) မြစ် ကမ်းပါးတွင် တည်ရှိခဲ့သည်ဟု ဆိုကြသည်။ ဘေဘီလွန်းနီးယန်းဘုရင် Nebuchadnezzar II မှ သူ၏ နန်းတော်အတွင်းတွင် ဘီစီ ၆၀၀ ခန့်က တည်ဆောက်ခဲ့သည်ဟု ယူဆရသည်။ ထိုဥယျာဉ်မှာ ဘုရင်က သူ၏ မိဖုရား ကျေနပ်စေရန်အတွက် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

မိဖုရားသည် စိမ်းလန်းသော နယ်မြေဒေသမှ လာသူဖြစ်၍ သူ၏နယ်မြေကို လွမ်းဆွတ်နေသောကြောင့် ဘုရင်က တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်ဟု ပြောကြသည်။ မိဖုရား၏ ဇာတိနယ်မြေမှာ Medes ဒေသဖြစ်၍ ယခုခေတ်နှင့် ဆိုလျင် အီရန်နိုင်ငံ မြောက်ပိုင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဘေဘီလုံမိုးပျံဥယျာဉ်နှင့် ပတ်သတ်သော အသေးစိတ်အချက်အလက်များသည် ဂရိရာဇဝင်များ၌သာ အများဆုံး တွေ့ရသည်။ ဘေဘီလုံ မှတ်တမ်းများတွင်မူ မည့်သည့် အသေးစိတ်မှတ်တမ်းမှ မတွေ့ရှိရပေ။

အိုလံပီယာရှိ ဇု(ရပ်) နတ်ဘုရားရုပ်တု (Statue of Zeus at Olympia)

ဂရိနတ်ဘုရားတို့၏ ဘုရင် ဇု(ရပ်စ်) (Zeus) ၏ ကြီးမားသော ရွှေချထားသည့် ရုပ်တုကြီးအား ရှေးဟောင်းအိုလံပစ် ပြိုင်ပွဲများ ကျင်းပရာ ဒေသတွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာသည် အိုလံပီယာမြို့ တည်ရှိခဲ့သော ရှေးဟောင်း မြို့တော်နေရာတွင် တည်ရှိသည်။ ရုပ်တုကြီးကို ဘီစီ ၄၃၂ ခုနှစ်တွင် တော်ဝင် ပန်းပုထုပညာရှင် ဖိုင်ဒီးရပ်(စ်) Phidias က အပြီးအစီး ထုလုပ်ခဲ့သည်။

ကျောက်စီထားသော ရာဇနှင်တံကိုလက်တစ်ဖက်က ကိုင်၍ ပလ္လင်ပေါ်တွင် ထိုင်ကာ တစ်မြို့လုံးကို မိုးကြည့်နေဟန် ထုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမြင့်ပေ ၄၀ ခန့်မြင့်ကာ လက်တစ်ဖက်တွင် ရာဇနှင်တံကို ကိုင်ထားပြီး နောက်လက်တစ်ဖက် ပေါ်တွင် အောင်မြင်ခြင်းကို ကိုယ်စားပြုသော နတ်ဘုရားမ ရုပ်တုကို တင်ထားသည်။ အဆိုပါ ရုပ်တုနှင့် နှင်တံများကို ဆင်စွယ်နှင့် အခြားအဖိုးတန်သတ္တုများဖြင့် ပြုလုပ်ထားသည်။ အေဒီ ၃၉၁ တွင် ခရစ်ယာန်ဘာသာသည် ရောမအင်ပါယာ၏ တရားဝင်ဘာသာ ဖြစ်လာပြီးနောက်ပိုင်း နတ်ဘုရားများ ကိုးကွယ်ခြင်းကို ပိတ်ပင်တားစီးခဲ့သောကြောင့် ရုပ်တုရှိရာ ဘုရားကျောင်းကိုလည်း ပိတ်ပစ်လိုက်ရသည်။

ဘုရားကျောင်းနှင့် တကွ ရုပ်တုပါ ဖျက်စီးခံခဲ့ရသည်၊ ကွန်စတန်တီနိုပယ်

(Constantinople) ယခု တူရကီနိုင်ငံ အစ္စတန်ဘူလ် (Istanbul) သို့ရုပ်တုကို သီးသန့် ယူသွား၍ မီးရှို့ဖျက်စီးခဲ့ကြသည်ဟု သမိုင်းပညာရှင်များ အမျိုးမျိုး အငြင်းပွားခဲ့ကြသည်။

Ephesus ရှိအာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)

ဂရိနတ်ဘုရားမ အာသီးမိ(စ)(Artemis) အား ပူဇော်သောအားဖြင့် တည်ဆောက်ခဲ့သော ကြီးမားသည့် စကျင်ကျောက် ကျောင်းတော်ကြီးဖြစ်သည်။ ဘီစီ ၅၅၀ ခန့်က Ephesus ယခု Selçuk အရပ် (တူရကီ) တွင် တည်ရှိခဲ့ခြင်းဖြစ်သည်။ ပေ ၆၀ ခန့်မြင့်သော တိုင်လုံးပေါင်း ၁၂၀ ပါဝင်ပြီး အလွန်လှပသော အနုပညာ လက်ရာများဖြင့် ထုံမွှမ်းထားသည်။ ထိုအနုပညာ လက်ရာများတွင် အမေဇုံစစ်သည်များ၏ ကြေးရုပ်တုများလည်း ပါဝင်သည်ဟု ဆိုကြသည်။

အမေဇုံစစ်သည်များသည် ဒဏ္ဍာရီဆန်သော အမျိုးသမီး စစ်သည်များကို ဆိုလိုသည်။ Herostratus ဆိုသော လူတစ်ယောက်မှ နာမည်ကြီးလိုသောကြောင့် ၃၅၆ ဘီစီတွင် ဘုရားကျောင်းအား မီးရှို့ဖျက်စီး ခဲ့သည်ဟုဆိုသည်။ ပြန်လည်တည်ဆောက်ခဲ့ပြီးနောက် အေဒီ ၂၆၂ တွင် ဂေါ့(သ်)(Goths) မျိုးနွယ်များ၏ ဖျက်စီးမှု ကိုခံခဲ့ရပြီး အေဒီ ၄၀၁ တွင် ကွန်စတန်တီနိုပယ် (Constantinople) သာသနာပိုင် Saint John Chrysostom ၏ အမိန့် ဖြင့် ခရစ်ယာန်များ၏ ဖျက်စီးခြင်းကို ခံခဲ့ရသည်။ ယခုအခါ ဘုရားကျောင်းပြန်လည်တူးဖေါ်ရေး ဖောင်ဒေးရှင်း များ ဖွဲ့၍ ပြန်လည် တူးဖေါ်ခြင်းများပြုလုပ်နေသည်။

Maussollos ၏ သင်္ချိုင်း ဂူအဆောက်အဦး

(Mausoleum of Maussollos at Halicarnassus)

Halicarnassus အရပ် (ယခုခေတ်တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ) ရှိ ထင်ရှားသော သင်္ချိုင်း ဂူမှာ ဘီစီ ၃၇၀ နှင့်၃၅၀ ကြားတွင် ဘုရင် Maussollos အတွက် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ ဒဏ္ဍာရီဇာတ်လမ်းများ အရ ဘုရင် Maussollos က သူ၏ မိဖုရား Artemisia II မှ သူနှင့် သူတို့၏ အချစ်အား သတိရနေစေရန်တည်ဆောက် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။

Maussollos သည် ပါရှန်းအင်ပါယာမှ အုပ်ချုပ်သူတစ်ယောက် ဖြစ်ပြီး သူ၏ ကျော်ကြားသော သင်္ချိုင်းဂူမှတဆင့် Mausoleum (သင်္ချိုင်းဂူ) ဟူသော စကားလုံး ဆင်းသက်လာခဲ့သည်။ ဂူ အဆောက်အဦးမှာ ပေ ၁၂၀ ရှည်လျားပြီး ပေ ၁၄၀ မြင့်သည်။ သင်္ချိုင်းဂူသည် လှပသော ဗိသုကာလက်ရာများကြောင့် အလွန်ပင်ထင်ရှားသည်။ အလယ်တွင် ရွှေချထားသော ခေါင်းတလား မြုပ်နှံထားသော အခန်းရှိပြီး ပန်းကနုတ်များ၊ ပန်းဆွဲများဖြင့် နံရံများတွင် ခြယ်သထားသည်။ ထိုဂူ အဆောက်အဦအား ဂရိဗိသုကာ လေးယောက်မှ တည်ဆောက်ပေးခဲ့ကြခြင်းဖြစ်သည်။

ဂူအဆောက်အဦသည် ၁၅ ရာစု အစောပိုင်းထိ တည်ရှိနေခဲ့သော်လည်း ခရစ်ယာန် ခရူးဆိတ် စစ်သည်များမှ ရဲတိုက်သစ်ဆောက်လုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ ယူရာမှ ပျက်စီးခဲ့ရသည်။ မပျက်စီးပဲကျန်ရစ်ခဲ့ သော ကနုတ်ပန်းနှင့် အလှတန်ဆာ တစ်ချို့အား ယခုအခါ လန်ဒန် ရှိ ဗြိတိသျှပြတိုက်တွင် တွေ့ရှိနိုင်သည်။

ရိုဒတ်(စ)မှကျောက်ရုပ်တုကြီး (Colossus of Rhodes)

ဘီစီ ၂၈၂ တွင် တည်ဆောက်ပြီးစီးကာ ၁၂ နှစ်ကြာမျှ အချိန်ယူတည်ဆောက်ခဲ့ရသော ကျောက်ရုပ်တုကြီးသည် ၅၆ နှစ်အကြာတွင် ငလျင်ဒဏ်ကြောင့် ဒူးခေါင်းနေရာထိ ပြိုကျ ပျက်စီးခဲ့သောကြောင့် ရှေးဟောင်း အံ့ဖွယ် ခုနစ်ပါး တွင် သက်တမ်း အနည်းဆုံးအဖြစ် တည်ရှိခဲ့သော ကျောက်ရုပ်တုကြီးဖြစ်သည်။ ကျွန်းစောင့်နတ်ဘုရား ဖြစ်သော ဂရိနေနတ်ဘုရား Helios အား ကိုယ်စားပြု တည်ဆောက်ထားသော ထိုရုပ်တုကြီးသည် ကျောက်တုံး၊ သံသတ္တုများ ဖြင့် ဖွဲ့စည်းထားပြီး အပြင်ဘက်ပိုင်းအား ကြေးဝါသတ္တုဖြင့် ဖုံးလွှမ်းထားသည်။

ကျောက်ရုပ်တုကြီးသည် ပေပေါင်း ၁၁၀ ခန့် မြင့်သောကြောင့် ရှေးဟောင်း ရုပ်တုများအနက် အမြင့်ဆုံးရုပ်တုကြီး ဟု ခေါ်ဆိုနိုင်ပေသည်။ မက်စီဒိုးနီးယား (Macedonia) သြဇာအာဏာကို တွန်းလှန်နိုင်ခဲ့သော မြို့ပြနိုင်ငံ သုံးခု၏ ပေါင်းစည်းခြင်းအထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)

ထိုမီးပြတိုက်သည် ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးတွင် လက်တွေ့အသုံးကျသည့် တစ်ခုတည်းသောအဆောက်အဦ ဖြစ်သည်။ အီဂျစ်ဆိပ်ကမ်းမြို့တော် အလက်ဇန်းဒီးယားတွင် အချက်ပြ မီးရောင်အဖြစ် သင်္ဘောများအတွက် အန္တရာယ်ကင်းစေရန် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ ဖာရိုး(စ်) (Pharos) ကျွန်းငယ်လေးပေါ်တွင် ဘီစီ ၂၈၅မှ ၂၄၇ အတွင်း တည်ဆောက်ခဲ့သော ထိုအဆောက်အဦသည် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦ အဖြစ် နှစ်ပေါင်းများစွာ မှတ်တမ်းဝင်ခဲ့သည်။

ခန့်မှန်းချေအားဖြင့် ပေပေါင်း ၃၈၄ပေ နီးပါးရှိသော ထိုအဆောက်အဦးသည် ယခုခေတ်နှင့်ဆိုလျင် အထပ် ၄၀ ခန့် ရှိသော အဆောက်အဦး တစ်လုံးနီးပါး ရှိသည်။ မီးပြတိုက်အား ညအခါတွင် မီးထွန်းထားပြီး၊ နေ့အခါတွင် ပြောင်လက်နေသော ကြေးဝါပြားများမှ တစ်ဆင့် နေရောင် ပြန်စေပြီး သင်္ဘောများ အား လမ်းပြ ကူညီခဲ့သည်။

ထိုမီးပြတိုက်မှ ထွက်သောအလင်းရောင်အား ပတ်ဝန်းကျင် ၃၅ မိုင် အကွာအဝေးမှ မြင်ရသည်ဟု ဆိုကြသည်။ အဆိုပါ ကြီးမားသော မျှော်စင် မီးပြတိုက်ကြီးသည် အေဒီ ၁၃၀၃ နှင့် ၁၃၂၃ တို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးများ ကြောင့် ပျက်စီးခဲ့ရသည်။ မပျက်စီးခင် နှစ်ပေါင်း ၁၅၀၀ ကျော်နီးပါးလုံးတွင် မက်ဒီတာရီယန် ကမ်းခြေမှ အလင်းရောင် ကြီးအဖြစ် သင်္ဘောများ အား ကူညီပေးခဲ့သည်။

Credit – Worldhistory

Leave a Reply

Your email address will not be published.