Zawgyi

လူေတာ္ေတ္ာမ်ားမ်ားက သူတို႔ရဲ႕သြားအေရာင္က အဝါေရာင္ေပါက္ေနတဲ့ အတြက္ေၾကာင့္ ဓာတ္ပုံ႐ိုက္တဲ့အခါမွာ

သြားကို ဖုံးထားၾကေလ့ရွိပါတယ္။ လွပတဲ့ သြားေတြဟာ ဒီေန႔ေခတ္လို အလွအပေရးရာကို ဦးစားေပးလာၾကတဲ့

ေခတ္ႀကီးမွာ မရွိမျဖစ္အရာတစ္ခု ျဖစ္တဲ့အျပင္ မိမိကိုယ္ကို ယုံၾကည္ခ်က္ကိုလည္း ျမႇင့္တင္ေပးႏိုင္တဲ့အတြက္

လူေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ သြားနဲ႔ ခံတြင္းက်န္းမာေရးကို ပိုမိုေစာင့္ေရွာက္လာၾကတာကိုေတြ႕ရပါတယ္။

သြားေတြဟာ လူေတြနဲ႔ေတြ႕တဲ့အခါမွာ ပထမဆုံး သတိျပဳမိခံရတဲ့ အရာတစ္ခုျဖစ္တဲ့အျပင္ က်န္းမာေရးနဲ႔ မိမိကိုယ္ကို

ယုံၾကည္ခ်က္အတြက္ ျပယုဂ္တစ္ခုလည္း ျဖစ္ပါေသးတယ္။ ဒါ့ေၾကာင့္ ဘယ္အသက္အ႐ြယ္ပဲ ျဖစ္ျဖစ္

က်န္းမာေရးအတြက္သာမက အသြင္အျပင္အတြက္ပါ အေရးႀကီးတဲ့ သြားေတြကို ေစာင့္ေရွာက္ဖို႔ လိုအပ္ပါတယ္။

သြားေတြဟာ အသက္ႀကီးလာတာနဲ႔ အမွ် ပိုဝါလာႏိုင္ဆိုေပမဲ့ သြားနဲ႔ ခံတြင္းက်န္းမာေရးကို ေသခ်ာဂ႐ုစိုက္မယ္ဆိုရင္

ဒီလို သြားဝါျခင္းကို အျပည့္အဝတားဆီးႏိုင္ပါတယ္။ ဒီေန႔ေခတ္ႀကီးမွာ သြားျဖဴေစႏိုင္တဲ့ ေဆးဝါးေတြကို

ေဆးဆိုင္ေတြမွာ အလြယ္တကူ ဝယ္ယူလို႔ရတဲ့အျပင္ သဘာဝအတိုင္း ရရွိႏိုင္တဲ့ နည္းလမ္းေတြကလည္း

သြားအေပၚယံေႂကြလႊာ (enamel) ပ်က္ဆီးျခင္းမွလည္း ကာကြယ္ေပးႏိုင္ပါတယ္။

သြားေတြဘာေၾကာင့္ ဝါရတာလဲ။

သြားေတြ ဝါရျခင္းဟာ အေၾကာင္းရင္း ႏွစ္ခ်က္ေၾကာင့္ ဝါရတာ ျဖစ္ပါတယ္။ ပထမဆုံးတစ္ခ်က္က

(၁) သြားအေပၚယံေႂကြလႊာ (enamel) ပါးလာျခင္း။

သြားေတြရဲ႕ အေပၚဆုံး အလႊာဟာ သြားအေပၚယံေႂကြလႊာ (enamel) လို႔ေခၚၿပီး သြားရဲ႕ အေရာင္ကို အျဖဴေရာင္

ျဖစ္ေစတဲ့ အရာ ျဖစ္တဲ့ အျပင္ သြားအတြင္းထဲက အစိတ္အပိုင္းေတြကို ကာကြယ္ေပးထားတဲ့ အရာလည္း ျဖစ္ပါတယ္။

သြားအေပၚယံေႂကြလႊာ (enamel) ရဲ႕ေအာက္မွာ ကယ္လ္ဆီယမ္ပါဝင္တဲ့ တစ္ရႈးျဖစ္တဲ့ Dentin ရွိၿပီး Dentin

ရဲ႕ အေရာင္ဟာ အဝါေရာင္ – အညိဳေရာင္ရွိပါတယ္။

ဒါေၾကာင့္ သြားအေပၚယံေႂကြလႊာ (enamel) ပါးသြားတဲ့အခါမွာ သြားေတြဟာ ပိုဝါလာတာ ျဖစ္ပါတယ္။

သြားအေပၚယံေႂကြလႊာ (enamel)ေတြဟာ အက္ဆစ္မ်ားတဲ့အစားအစာေတြ၊ သြားဖုံးေရာဂါေတြနဲ႔ အသက္အ႐ြယ္ေၾကာင့္

ဝါလာႏိုင္ၿပီး တစ္ခ်ိဳ႕လူေတြက်ေတာ့ သဘာဝအတိုင္းကို သြားအေပၚယံေႂကြလႊာ (enamel) ပါးေနၾကတာ ျဖစ္ပါတယ္။

(၂) အစြန္းအထင္းမ်ား ။

သြားအေပၚယံေႂကြလႊာ (enamel) နဲ႔ သြားအတြင္းပိုင္း အစိတ္ပိုင္းေတြမွာ အစြန္းအထင္းေတြ

ျဖစ္သြားျခင္းေၾကာင့္ သြားဝါလာႏိုင္ပါတယ္။ တစ္ခ်ိဳ႕ေသာ စားစရာနဲ႔ ေသာက္စရာေတြကလည္း သြားေတြကို

အေရာင္စြန္းေစႏိုင္တဲ့အျပင္ သြားအေပၚယံေႂကြလႊာ (enamel) ကိုပါးလာေစႏိုင္ပါေသးတယ္။

အဲ့ဒါေတြကေတာ့

ေကာ္ဖီ (သို႔) လက္ဖက္ရည္၊

ေဆးလိပ္ေသာက္ျခင္း

အက္ဆစ္ဓာတ္မ်ားတဲ့ အစားအစာေတြနဲ႔ အခ်ိဳေတြအမ်ားအျပားစားသုံးျခင္း တို႔ ျဖစ္ၾကပါတယ္။

သြားေတြကို သဘာဝအတိုင္း ျဖဴေအာင္ ဘယ္လို လုပ္ၾကမလဲ။

(၁) အစားအစာ စားေသာက္မႈ ပုံစံကို ေျပာင္းလဲပါ။

ဒီနည္းလမ္းကေတာ့ သြားကို အေရာင္စြန္းေစတဲ့ အစားအစာေတြ ကိုေရွာင္ၾကဥ္ဖို႔ပါပဲ။

ဝိုင္နဲ႔ လက္ဖက္ရည္ေတြမွာပါဝင္တဲ့ Tannins ဓာတ္ေပါင္းဟာ သြားကို အေရာင္စြန္းေစႏိုင္ပါတယ္။

ဒါ့အျပင္ ေကာ္ဖီ၊ ဆိုဒါေတြနဲ႔ သစ္သီးေဖ်ာ္ရည္ေတြကလည္း သြားေတြကို အေရာင္စြန္းေစႏိုင္ပါတယ္။

အက္ဆစ္မ်ားတဲ့ အစားအစာေတြကလည္း သြားအေပၚယံေႂကြလႊာ (enamel) ကိုပါးေစႏိုင္တဲ့အတြက္

သြားပိုဝါလာေစႏိုင္ပါတယ္။ ဒါေၾကာင့္ သြားဝါေနတဲ့ လူေတြ အေနျဖင့္ ဒီလို ေရွာက္မ်ိဳးႏြယ္အသီးေတြ၊

ေကာ္ဖီနဲ႔ ဆိုဒါတို႔ စားသုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။ ဒီလို အစားအစာေတြ စားသုံးၿပီးတဲ့ အခါမွာလည္း ပလုတ္က်င္းေပးသင့္ပါတယ္။

ဒါေပမဲ့ ဒီလို အစားအစာေတြ စားသုံးၿပီးၿပီးျခင္းမွာေတာ့ သြားခ်က္ျခင္း မတိုက္သင့္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့

အက္ဆစ္ပါဝင္တဲ့ အစားအစာေတြဟာ သြားအေပၚယံေႂကြလႊာ (enamel) ကို အားနည္းေစၿပီး အဲ့အခ်ိန္မွာ

သြားတိုက္ရင္ သြားအေပၚယံေႂကြလႊာ (enamel)ေတြပိုပါးသြားႏိုင္တဲ့ အတြက္ျဖစ္ပါတယ္။

သြားတိုက္မယ္ဆိုရင္လည္း အနည္းဆုံး မိနစ္ ၃၀ ခန႔္ေစာင့္ၿပီးမွ သြားတိုက္သင့္ပါတယ္။

ဒါ့အျပင္ ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီးထြက္ပစၥည္းေတြကလည္း နီကိုတင္း အစြန္းေတြကို ျဖစ္ႏိုင္တဲ့အတြက္

သြားဝါေနတဲ့လူေတြဆိုရင္ ေဆးလိပ္ေသာက္တဲ့အက်င့္ကို ျဖတ္သင့္ပါတယ္။ ဒီလို ေဆးလိပ္ေသာက္တဲ့

အက်င့္ကို ျဖတ္ျခင္းျဖင့္ သြားပ်က္စီးျခင္းနဲ႔ သြားဖုံးေရာဂါကိုလည္း ကာကြယ္ႏိုင္မွာ လည္း ျဖစ္ပါတယ္။

၂။ ဆီျဖင့္ ပလုတ္က်င္းေပးျခင္း။ (Oil pulling)

ဒီနည္းလမ္းဟာ ေရွးကတည္းက က်င့္သုံးလာခဲ့တဲ့ နည္းလမ္းျဖစ္ၿပီး သဘာဝထြက္အဆီမ်ားနဲ႔ ၅ မိနစ္ခန႔္ ပလုတ္က်င္းေပးတဲ့

နည္းလမ္း ျဖစ္ပါတယ္။ ဒီနည္းလမ္းဟာ သြားကို သန႔္ရွင္းေစ႐ုံသာမက ခံတြင္းက်န္းမာေရး အတြက္လည္း ေကာင္းမြန္ပါတယ္။

ဒီနည္းလမ္းဟာ ပုံမွန္ သြားတိုက္ျခင္းကို အစားထိုးလို႔ရတဲ့ နည္းလမ္းေတာ့မဟုတ္ေပမဲ့ ေလ့လာခ်က္တစ္ခ်ိဳ႕က

သြားကို ဆီျဖင့္ ပလုတ္က်င္းေပးျခင္းက သြားကို ျဖဴေစႏိုင္တယ္လို႔ ဆိုထားၾကပါတယ္။ သြားကို ဆီျဖင့္

ေဆးရာမွာ အသုံးျပဳႏိုင္တဲ့ ဆီေတြကေတာ့ အုန္းဆီ၊ ေနၾကာဆီ၊ ႏွမ္းဆီ တို႔ ျဖစ္ပါတယ္။

ဆီျဖင့္ ပလုတ္က်င္းရမယ့္အခ်ိန္ကေတာ့ သြားတိုက္ၿပီး လုပ္ရင္ အေကာင္းဆုံး ျဖစ္ၿပီး ပါးစပ္ထဲ

ဆီထည့္ကာ မိနစ္ အနည္းငယ္ခန႔္ ပလုတ္က်င္းေပးၿပီး ေထြးထုတ္႐ုံပဲ ျဖစ္ပါတယ္။

၃။ မုန႔္ဖုတ္ ဆိုဒါျဖင့္ သြားတိုက္ေပးျခင္း။

မုန႔္ဖုန္ဆိုဒါ (sodium bicarbonate) ဟာ သြားေပၚမွ အစြန္းအထင္းမ်ားကို ဖယ္ရွားေပးႏိုင္ပါတယ္။

လူေတာ္ေတာ္မ်ားမ်ားက မုန႔္ဖုန္ဆိုဒါ (sodium bicarbonate) ဟာ သြားမ်ားကို ထိခိုက္ေစႏိုင္တယ္လို႔

ထင္ခဲ့ၾကေပမဲ့ ၂၀၁၇ ခုႏွစ္ကေလ့လာခ်က္တစ္ခုအရ မုန႔္ဖုန္ဆိုဒါ (sodium bicarbonate) ဟာ

သြားေပၚက အစြန္းအထင္းမ်ားကို ဘာထိခိုက္မႈမွ မရွိေစဘဲ ဖယ္ရွားႏိုင္ေၾကာင္းေတြ႕ခဲ့ၾကပါတယ္။

Dentistry ဂ်ာနယ္ရဲ႕ ေလ့လာခ်က္တစ္ခုမွာ မုန႔္ဖုတ္ဆိုဒါ (sodium bicarbonate) သြားတိုက္ေပးျခင္းဟာ

သြားခ်ိဳးမ်ားကို ဖယ္ရွားေပးႏိုင္ေၾကာင္းေတြ႕ရွိခဲ့ၿပီး မုန႔္ဖုတ္ဆိုဒါ (sodium bicarbonate) ေတြဟာ

ဘတ္တီးရီးယားေတြနဲ႔ သြားခ်ိဳးမ်ားကို ဖယ္ရွားေပးႏိုင္႐ုံသာမကဘဲ သြားပ်က္စီးျခင္းကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

၄။ Hydrogen peroxide ကို အသုံးျပဳပါ။

Hydrogen peroxide ဟာ သြားအေရာင္စြန္းျခင္းကို တိုက္ဖ်က္ေပးႏိုင္တဲ့ အားေပ်ာ့တဲ့ အစြန္းခြၽတ္ေဆး ျဖစ္ၿပီး

သြားအေကာင္းဆုံး ျဖဴေစဖို႔ မုန႔္ဖုတ္ဆိုဒါနဲ႔ Hydrogen peroxide ကို အသုံးျပဳၿပီး တစ္ပတ္ကို တစ္ခါ

သြားတိုက္သင့္ပါတယ္။ Hydrogen peroxide ဟာ သြားအထဲက ဘတ္တီးရီးယားေတြကို

သတ္ပစ္ႏိုင္ၿပီး ဓာတု သြားျဖဴေဆးေတြမွာလည္း Hydrogen peroxide ပါဝင္ေနပါတယ္။

ေလ့လာခ်က္ေတြအရ မုန႔္ဖုတ္ဆိုဒါနဲ႔ Hydrogen peroxide ၁ ရာခိုင္ႏႈန္းပါဝင္တဲ့ သြားတိုက္ေဆးေတြဟာ

သြားကို သိသိသာသာ ျဖဴလာေစႏိုင္တယ္လို႔ ဆိုပါတယ္။ Hydrogen peroxide ကို ေရမ်ားမ်ားေရာၿပီး

အသုံးျပဳမယ္ဆိုရင္ ကိစၥမရွိေပမဲ့ Hydrogen peroxide ျပင္းအားမ်ားေနမယ္ဆိုရင္ သြားဖုံးယားယံျခင္းနဲ႔ သြားက်င္ျခင္းေတြ ျဖစ္ပြားလာႏိုင္ပါတယ္။

ဒါ့ေၾကာင့္ ဒီနည္းလမ္းဟာ ခဏခဏ လုပ္သင့္တဲ့ နည္းလမ္းတစ္ခုမဟုတ္ဘဲ တစ္ပတ္ကို တစ္ခါခန႔္သာ

ျပဳလုပ္သင့္တဲ့ နည္းလမ္းျဖစ္ပါတယ္။ Hydrogen peroxide ကို အသုံးျပဳႏိုင္တဲ့ နည္းလမ္းတစ္ခုကေတာ့

ပလုတ္က်င္းေဆး အျဖစ္ အသုံးျပဳဖို႔ပါ။ ဒါေပမဲ့ အသုံးျပဳတဲ့အခါ အားေပ်ာ့သြားေအာင္ အၿမဲတမ္းေရေရာဖို႔လိုပါတယ္။

မ်ားေသာအားျဖင့္ ေဆးဆိုင္ေတြမွာ ေရာင္းေနၾကတဲ့ Hydrogen peroxide ေတြဟာ ၃ ရာခိုင္ႏႈန္း

အရည္ေတြ ျဖစ္ၿပီး ၁.၅ ရာခိုင္ႏႈန္းျဖစ္ေအာင္ ေရနဲ႔ ဆတူေရာၿပီး ပလုတ္က်င္းႏိုင္ပါတယ္။

ေနာက္ထပ္ အသုံးျပဳႏိုင္တဲ့ နည္းလမ္းကေတာ့ မုန႔္ဖုန္ဆိုဒါနဲ႔ Hydrogen peroxide ကိုေရာၿပီး

သြားတိုက္ေဆးကဲ့သို႔ သြားတိုက္ဖို႔ပါ။ သြားတိုက္မယ္ဆိုရင္ Hydrogen peroxide ၂ ဇြန္းနဲ႔ မုန႔္ဖုန္ဆိုဒါ ၁ ဇြန္းကို

ေရာၿပီးသြားတိုက္ႏိုင္ပါတယ္။ ဒါေပမဲ့ အထက္က ေျပာသလို အႀကိမ္ႀကိမ္ အခါခါ တိုက္ေနရင္

သြားအေပၚယံေႂကြလႊာ ပ်က္ဆီးႏိုင္တာေၾကာင့္ တစ္ပတ္မွာ တစ္ခါ ခန႔္သာ တိုက္သင့္ပါတယ္။

၅။ အသီးမ်ားစားသုံးေပးျခင္း။

နာနတ္သီးမွာ ပါဝင္တဲ့ Bromelain အင္ဇိုင္းနဲ႔ သေဘၤာသီးမွာ ပါဝင္တဲ့ Papain အင္ဇိုင္းတို႔ဟာ သြားမ်ားကို ျဖဴေဖြးေစႏိုင္ပါတယ္။

၂၀၁၂ ခုႏွစ္ကေလ့လာခ်က္အရ ဒီအင္ဇိုင္း ၂ မ်ိဳးမွာ သြားကို ျဖဴေစႏိုင္တဲ့ ဓာတုပစၥည္းေတြ ပါဝင္ေၾကာင္းေတြ႕ရွိခဲ့ၾကပါတယ္။

နာနတ္သီးမွာပါဝင္တဲ့ Bromelain အင္ဇိုင္းဟာ သြားအေပၚယံက အစြန္းမ်ားကို ဖ်က္ေပးႏိုင္တဲ့အျပင္

သြားခ်ိဳးတက္ျခင္းကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ သေဘၤာသီးမွာ ပါဝင္တဲ့ papain အင္ဇိုင္းကလည္း သြားအစြန္းေတြကို

ခြၽတ္ေပးႏိုင္ၿပီး papain အင္ဇိုင္းဟာ သေဘၤာသီး အမွည့္ေတြထက္ အစိမ္းေတြမွာ ပိုမ်ားပါတယ္။

၆။ ခံတြင္းက်န္းမာေရးကို ဂ႐ုစိုက္ျခင္း။

ဒီနည္းလမ္းကေတာ့ သြားဝါျခင္းကို ကာကြယ္ခ်င္တဲ့ လူေတြအေနနဲ႔ လုပ္ႏိုင္တဲ့ အေကာင္းဆုံး နည္းလမ္းလည္း ျဖစ္ပါတယ္။

ခံတြင္းက်န္းမာေရး အတြက္ လုပ္ေဆာင္ရမယ့္ နည္းလမ္းေတြကေတာ့ သြားပုံမွန္တိုက္ျခင္းနဲ႔ dental floss

(သြားသန႔္ရွင္းရေသာ ႀကိဳးမွ်င္တို႔ျဖင့္ သန႔္ရွင္းျခင္း ) တို႔ ျဖစ္ပါတယ္။

သြားတိုက္တာကေတာ့ အားလုံးသိၿပီးသားမို႔ ဒီေဆာင္းပါးမွာ flossing အေၾကာင္းကိုပဲ ရွင္းျပသြားပါ့မယ္။ flossing ဆိုတာ

သြားတိုက္တံ အလြယ္တကူ မေရာက္ႏိုင္တဲ့ေနရာေတြက သြားခ်ိဳးေတြနဲ႔ အစားအစာ အႂကြင္းအက်န္ေတြကို သန႔္ရွင္းရတဲ့ နည္းလမ္းျဖစ္ပါတယ္။

သြားတိုက္တံေတြ အေနနဲ႔ သြားဖုံးနဲ႔ သြားႏွစ္ခုၾကားက ေနရာေတြကို မေရာက္ႏိုင္ၾကဘဲ ၾကာရင္

ဒီလို သြားခ်ိဳးေတြက သြားကို ပ်က္ဆီးေစႏိုင္တဲ့အျပင္ ခံတြင္းေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။

ဒီလိုအခ်ိန္မွာ flossing က အေကာင္းဆုံး နည္းလမ္း ျဖစ္ပါတယ္။ flossing လုပ္ဖို႔ အတြက္ ပထမဆုံးဆုံး ၁၈

လက္မခန႔္ရွိတဲ့ ႀကိဳးမွ်င္ရွိဖို႔လိုၿပီး လက္ခလယ္ ၂ ေခ်ာင္းမွာ အစြန္း ၂ ဖက္ကို ခ်ည္ထားကာ သြားရဲ႕ၾကားအတြင္းက

ေနရာေတြကို ေပ်ာ့ေျပာင္းစြာ အထက္နဲ႔ ေအာက္ သန႔္ရွင္းရတဲ့ နည္းလမ္း ျဖစ္ပါတယ္။ သြားသန႔္ရွင္းႀကိဳးမွ်င္နဲ႔

သန႔္ရွင္းတဲ့ အခါ အားသုံးမိရင္ သြားဖုံးတစ္ရႈးေတြကို ဒဏ္ရာရေစႏိုင္တဲ့အတြက္ ေပ်ာ့ေျပာင္းစြာ အသုံးျပဳဖို႔ လိုပါတယ္။

ဒါ့အျပင္တစ္ျခားေသာခံတြင္း သန႔္ရွင္းေရးဆိုင္ရာ နည္းလမ္းေတြကေတာ့-

တစ္ေန႔ ၂ ႀကိမ္ သြားတိုက္ျခင္း (သြားဖုံးနဲ႔ သြားေနာက္ဖက္ကိုလည္း သန႔္ရွင္းေပးဖို႔ လိုပါတယ္။)

ဖ႐ို႐ိုဒ္ ပါဝင္ေသာ သြားတိုက္ေဆးကို အသုံးျပဳျခင္း( ဖလို႐ိုဒ္ဟာ သြားပ်က္စီးျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ )

သြားၾကားက သြားခ်ိဳးေတြကို သြားသန႔္ရွင္း ႀကိဳးမွ်င္ အသုံးျပဳၿပီး သန႔္ရွင္းျခင္း တို႔ ျဖစ္ပါတယ္။

မလုပ္ေဆာင္သင့္တဲ့ နည္းလမ္းေတြကေတာ့

သံပုရာ၊ လိေမၼာ္နဲ႔ ပန္းသီးမွ ထုတ္လုပ္တဲ့ ရွာလကာရည္ေတြ၊ မီးေသြးေတြနဲ႔ သြားသန႔္ရွင္းတာမ်ိဳးကို မလုပ္ေဆာင္သင့္ပါဘူး။။

ကမာၻေပၚမွာ လူအနည္းငယ္ကသာ သဘာဝအတိုင္း သြားျဖဴေဖြးေနၾကတာပါ။ သြားဟာ အသက္ႀကီးလာတာနဲ႔

အမွ် ပိုဝါလာႏိုင္တဲ့ အတြက္ ခံတြင္းက်န္းမာေရးကို အေကာင္းဆုံး ထိန္းသိမ္းေစာင့္ေရွာက္ျခင္းနဲ႔

သြားက်န္းမာေရးကို ပုံမွန္စစ္ေဆးျခင္းတို႔က သြားေတြကို ေတာက္ပေနေစမွာျဖစ္ပါတယ္။

သြားဝါျခင္းဟာ က်န္းမာေရးေၾကာင့္ ျဖစ္ရတဲ့ ျပႆနာ မဟုတ္ေပမဲ့ သြားဆရာဝန္နဲ႔ ျပသျခင္းက

ေႂကြသြား ပြန္းျခင္းေတြနဲ႔ သြားပ်က္ဆီးျခင္းေတြကို စစ္ေဆးႏိုင္မွာ ျဖစ္ပါတယ္။

အထက္ပါ နည္းလမ္းေတြဟာ အိမ္မွာ ကိုယ့္ဘာသာ လုပ္ႏိုင္တဲ့ နည္းလမ္းေတြ ျဖစ္ၿပီး သြားဆရာဝန္နဲ႔

သြားေရာက္ျပသမယ္ဆိုရင္ အျခားေသာ သြားျဖဴနည္းစနစ္ေတြနဲ႔ ကုသႏိုင္ဦးမွာပါ။

Unicode

လူတော်တေ်ာများများက သူတို့ရဲ့သွားအရောင်က အဝါရောင်ပေါက်နေတဲ့ အတွက်ကြောင့် ဓာတ်ပုံရိုက်တဲ့အခါမှာ

သွားကို ဖုံးထားကြလေ့ရှိပါတယ်။ လှပတဲ့ သွားတွေဟာ ဒီနေ့ခေတ်လို အလှအပရေးရာကို ဦးစားပေးလာကြတဲ့

ခေတ်ကြီးမှာ မရှိမဖြစ်အရာတစ်ခု ဖြစ်တဲ့အပြင် မိမိကိုယ်ကို ယုံကြည်ချက်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက်

လူတော်တော်များများက သူတို့ရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို ပိုမိုစောင့်ရှောက်လာကြတာကိုတွေ့ရပါတယ်။

သွားတွေဟာ လူတွေနဲ့တွေ့တဲ့အခါမှာ ပထမဆုံး သတိပြုမိခံရတဲ့ အရာတစ်ခုဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့ မိမိကိုယ်ကို

ယုံကြည်ချက်အတွက် ပြယုဂ်တစ်ခုလည်း ဖြစ်ပါသေးတယ်။ ဒါ့ကြောင့် ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ်

ကျန်းမာရေးအတွက်သာမက အသွင်အပြင်အတွက်ပါ အရေးကြီးတဲ့ သွားတွေကို စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

သွားတွေဟာ အသက်ကြီးလာတာနဲ့ အမျှ ပိုဝါလာနိုင်ဆိုပေမဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို သေချာဂရုစိုက်မယ်ဆိုရင်

ဒီလို သွားဝါခြင်းကို အပြည့်အဝတားဆီးနိုင်ပါတယ်။ ဒီနေ့ခေတ်ကြီးမှာ သွားဖြူစေနိုင်တဲ့ ဆေးဝါးတွေကို

ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့အပြင် သဘာဝအတိုင်း ရရှိနိုင်တဲ့ နည်းလမ်းတွေကလည်း

သွားအပေါ်ယံကြွေလွှာ (enamel) ပျက်ဆီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

သွားတွေဘာကြောင့် ဝါရတာလဲ။

သွားတွေ ဝါရခြင်းဟာ အကြောင်းရင်း နှစ်ချက်ကြောင့် ဝါရတာ ဖြစ်ပါတယ်။ ပထမဆုံးတစ်ချက်က

(၁) သွားအပေါ်ယံကြွေလွှာ (enamel) ပါးလာခြင်း။

သွားတွေရဲ့ အပေါ်ဆုံး အလွှာဟာ သွားအပေါ်ယံကြွေလွှာ (enamel) လို့ခေါ်ပြီး သွားရဲ့ အရောင်ကို အဖြူရောင်

ဖြစ်စေတဲ့ အရာ ဖြစ်တဲ့ အပြင် သွားအတွင်းထဲက အစိတ်အပိုင်းတွေကို ကာကွယ်ပေးထားတဲ့ အရာလည်း ဖြစ်ပါတယ်။

သွားအပေါ်ယံကြွေလွှာ (enamel) ရဲ့အောက်မှာ ကယ်လ်ဆီယမ်ပါဝင်တဲ့ တစ်ရှုးဖြစ်တဲ့ Dentin ရှိပြီး Dentin

ရဲ့ အရောင်ဟာ အဝါရောင် – အညိုရောင်ရှိပါတယ်။

ဒါကြောင့် သွားအပေါ်ယံကြွေလွှာ (enamel) ပါးသွားတဲ့အခါမှာ သွားတွေဟာ ပိုဝါလာတာ ဖြစ်ပါတယ်။

သွားအပေါ်ယံကြွေလွှာ (enamel)တွေဟာ အက်ဆစ်များတဲ့အစားအစာတွေ၊ သွားဖုံးရောဂါတွေနဲ့ အသက်အရွယ်ကြောင့်

ဝါလာနိုင်ပြီး တစ်ချို့လူတွေကျတော့ သဘာဝအတိုင်းကို သွားအပေါ်ယံကြွေလွှာ (enamel) ပါးနေကြတာ ဖြစ်ပါတယ်။

(၂) အစွန်းအထင်းများ ။

သွားအပေါ်ယံကြွေလွှာ (enamel) နဲ့ သွားအတွင်းပိုင်း အစိတ်ပိုင်းတွေမှာ အစွန်းအထင်းတွေ

ဖြစ်သွားခြင်းကြောင့် သွားဝါလာနိုင်ပါတယ်။ တစ်ချို့သော စားစရာနဲ့ သောက်စရာတွေကလည်း သွားတွေကို

အရောင်စွန်းစေနိုင်တဲ့အပြင် သွားအပေါ်ယံကြွေလွှာ (enamel) ကိုပါးလာစေနိုင်ပါသေးတယ်။

အဲ့ဒါတွေကတော့

ကော်ဖီ (သို့) လက်ဖက်ရည်၊

ဆေးလိပ်သောက်ခြင်း

အက်ဆစ်ဓာတ်များတဲ့ အစားအစာတွေနဲ့ အချိုတွေအများအပြားစားသုံးခြင်း တို့ ဖြစ်ကြပါတယ်။

သွားတွေကို သဘာဝအတိုင်း ဖြူအောင် ဘယ်လို လုပ်ကြမလဲ။

(၁) အစားအစာ စားသောက်မှု ပုံစံကို ပြောင်းလဲပါ။

ဒီနည်းလမ်းကတော့ သွားကို အရောင်စွန်းစေတဲ့ အစားအစာတွေ ကိုရှောင်ကြဉ်ဖို့ပါပဲ။

ဝိုင်နဲ့ လက်ဖက်ရည်တွေမှာပါဝင်တဲ့ Tannins ဓာတ်ပေါင်းဟာ သွားကို အရောင်စွန်းစေနိုင်ပါတယ်။

ဒါ့အပြင် ကော်ဖီ၊ ဆိုဒါတွေနဲ့ သစ်သီးဖျော်ရည်တွေကလည်း သွားတွေကို အရောင်စွန်းစေနိုင်ပါတယ်။

အက်ဆစ်များတဲ့ အစားအစာတွေကလည်း သွားအပေါ်ယံကြွေလွှာ (enamel) ကိုပါးစေနိုင်တဲ့အတွက်

သွားပိုဝါလာစေနိုင်ပါတယ်။ ဒါကြောင့် သွားဝါနေတဲ့ လူတွေ အနေဖြင့် ဒီလို ရှောက်မျိုးနွယ်အသီးတွေ၊

ကော်ဖီနဲ့ ဆိုဒါတို့ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီလို အစားအစာတွေ စားသုံးပြီးတဲ့ အခါမှာလည်း ပလုတ်ကျင်းပေးသင့်ပါတယ်။

ဒါပေမဲ့ ဒီလို အစားအစာတွေ စားသုံးပြီးပြီးခြင်းမှာတော့ သွားချက်ခြင်း မတိုက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့

အက်ဆစ်ပါဝင်တဲ့ အစားအစာတွေဟာ သွားအပေါ်ယံကြွေလွှာ (enamel) ကို အားနည်းစေပြီး အဲ့အချိန်မှာ

သွားတိုက်ရင် သွားအပေါ်ယံကြွေလွှာ (enamel)တွေပိုပါးသွားနိုင်တဲ့ အတွက်ဖြစ်ပါတယ်။

သွားတိုက်မယ်ဆိုရင်လည်း အနည်းဆုံး မိနစ် ၃၀ ခန့်စောင့်ပြီးမှ သွားတိုက်သင့်ပါတယ်။

ဒါ့အပြင် ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေကလည်း နီကိုတင်း အစွန်းတွေကို ဖြစ်နိုင်တဲ့အတွက်

သွားဝါနေတဲ့လူတွေဆိုရင် ဆေးလိပ်သောက်တဲ့အကျင့်ကို ဖြတ်သင့်ပါတယ်။ ဒီလို ဆေးလိပ်သောက်တဲ့

အကျင့်ကို ဖြတ်ခြင်းဖြင့် သွားပျက်စီးခြင်းနဲ့ သွားဖုံးရောဂါကိုလည်း ကာကွယ်နိုင်မှာ လည်း ဖြစ်ပါတယ်။

၂။ ဆီဖြင့် ပလုတ်ကျင်းပေးခြင်း။ (Oil pulling)

ဒီနည်းလမ်းဟာ ရှေးကတည်းက ကျင့်သုံးလာခဲ့တဲ့ နည်းလမ်းဖြစ်ပြီး သဘာဝထွက်အဆီများနဲ့ ၅ မိနစ်ခန့် ပလုတ်ကျင်းပေးတဲ့

နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သွားကို သန့်ရှင်းစေရုံသာမက ခံတွင်းကျန်းမာရေး အတွက်လည်း ကောင်းမွန်ပါတယ်။

ဒီနည်းလမ်းဟာ ပုံမှန် သွားတိုက်ခြင်းကို အစားထိုးလို့ရတဲ့ နည်းလမ်းတော့မဟုတ်ပေမဲ့ လေ့လာချက်တစ်ချို့က

သွားကို ဆီဖြင့် ပလုတ်ကျင်းပေးခြင်းက သွားကို ဖြူစေနိုင်တယ်လို့ ဆိုထားကြပါတယ်။ သွားကို ဆီဖြင့်

ဆေးရာမှာ အသုံးပြုနိုင်တဲ့ ဆီတွေကတော့ အုန်းဆီ၊ နေကြာဆီ၊ နှမ်းဆီ တို့ ဖြစ်ပါတယ်။

ဆီဖြင့် ပလုတ်ကျင်းရမယ့်အချိန်ကတော့ သွားတိုက်ပြီး လုပ်ရင် အကောင်းဆုံး ဖြစ်ပြီး ပါးစပ်ထဲ

ဆီထည့်ကာ မိနစ် အနည်းငယ်ခန့် ပလုတ်ကျင်းပေးပြီး ထွေးထုတ်ရုံပဲ ဖြစ်ပါတယ်။

၃။ မုန့်ဖုတ် ဆိုဒါဖြင့် သွားတိုက်ပေးခြင်း။

မုန့်ဖုန်ဆိုဒါ (sodium bicarbonate) ဟာ သွားပေါ်မှ အစွန်းအထင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။

လူတော်တော်များများက မုန့်ဖုန်ဆိုဒါ (sodium bicarbonate) ဟာ သွားများကို ထိခိုက်စေနိုင်တယ်လို့

ထင်ခဲ့ကြပေမဲ့ ၂၀၁၇ ခုနှစ်ကလေ့လာချက်တစ်ခုအရ မုန့်ဖုန်ဆိုဒါ (sodium bicarbonate) ဟာ

သွားပေါ်က အစွန်းအထင်းများကို ဘာထိခိုက်မှုမှ မရှိစေဘဲ ဖယ်ရှားနိုင်ကြောင်းတွေ့ခဲ့ကြပါတယ်။

Dentistry ဂျာနယ်ရဲ့ လေ့လာချက်တစ်ခုမှာ မုန့်ဖုတ်ဆိုဒါ (sodium bicarbonate) သွားတိုက်ပေးခြင်းဟာ

သွားချိုးများကို ဖယ်ရှားပေးနိုင်ကြောင်းတွေ့ရှိခဲ့ပြီး မုန့်ဖုတ်ဆိုဒါ (sodium bicarbonate) တွေဟာ

ဘတ်တီးရီးယားတွေနဲ့ သွားချိုးများကို ဖယ်ရှားပေးနိုင်ရုံသာမကဘဲ သွားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄။ Hydrogen peroxide ကို အသုံးပြုပါ။

Hydrogen peroxide ဟာ သွားအရောင်စွန်းခြင်းကို တိုက်ဖျက်ပေးနိုင်တဲ့ အားပျော့တဲ့ အစွန်းချွတ်ဆေး ဖြစ်ပြီး

သွားအကောင်းဆုံး ဖြူစေဖို့ မုန့်ဖုတ်ဆိုဒါနဲ့ Hydrogen peroxide ကို အသုံးပြုပြီး တစ်ပတ်ကို တစ်ခါ

သွားတိုက်သင့်ပါတယ်။ Hydrogen peroxide ဟာ သွားအထဲက ဘတ်တီးရီးယားတွေကို

သတ်ပစ်နိုင်ပြီး ဓာတု သွားဖြူဆေးတွေမှာလည်း Hydrogen peroxide ပါဝင်နေပါတယ်။

လေ့လာချက်တွေအရ မုန့်ဖုတ်ဆိုဒါနဲ့ Hydrogen peroxide ၁ ရာခိုင်နှုန်းပါဝင်တဲ့ သွားတိုက်ဆေးတွေဟာ

သွားကို သိသိသာသာ ဖြူလာစေနိုင်တယ်လို့ ဆိုပါတယ်။ Hydrogen peroxide ကို ရေများများရောပြီး

အသုံးပြုမယ်ဆိုရင် ကိစ္စမရှိပေမဲ့ Hydrogen peroxide ပြင်းအားများနေမယ်ဆိုရင် သွားဖုံးယားယံခြင်းနဲ့ သွားကျင်ခြင်းတွေ ဖြစ်ပွားလာနိုင်ပါတယ်။

ဒါ့ကြောင့် ဒီနည်းလမ်းဟာ ခဏခဏ လုပ်သင့်တဲ့ နည်းလမ်းတစ်ခုမဟုတ်ဘဲ တစ်ပတ်ကို တစ်ခါခန့်သာ

ပြုလုပ်သင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။ Hydrogen peroxide ကို အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုကတော့

ပလုတ်ကျင်းဆေး အဖြစ် အသုံးပြုဖို့ပါ။ ဒါပေမဲ့ အသုံးပြုတဲ့အခါ အားပျော့သွားအောင် အမြဲတမ်းရေရောဖို့လိုပါတယ်။

များသောအားဖြင့် ဆေးဆိုင်တွေမှာ ရောင်းနေကြတဲ့ Hydrogen peroxide တွေဟာ ၃ ရာခိုင်နှုန်း

အရည်တွေ ဖြစ်ပြီး ၁.၅ ရာခိုင်နှုန်းဖြစ်အောင် ရေနဲ့ ဆတူရောပြီး ပလုတ်ကျင်းနိုင်ပါတယ်။

နောက်ထပ် အသုံးပြုနိုင်တဲ့ နည်းလမ်းကတော့ မုန့်ဖုန်ဆိုဒါနဲ့ Hydrogen peroxide ကိုရောပြီး

သွားတိုက်ဆေးကဲ့သို့ သွားတိုက်ဖို့ပါ။ သွားတိုက်မယ်ဆိုရင် Hydrogen peroxide ၂ ဇွန်းနဲ့ မုန့်ဖုန်ဆိုဒါ ၁ ဇွန်းကို

ရောပြီးသွားတိုက်နိုင်ပါတယ်။ ဒါပေမဲ့ အထက်က ပြောသလို အကြိမ်ကြိမ် အခါခါ တိုက်နေရင်

သွားအပေါ်ယံကြွေလွှာ ပျက်ဆီးနိုင်တာကြောင့် တစ်ပတ်မှာ တစ်ခါ ခန့်သာ တိုက်သင့်ပါတယ်။

၅။ အသီးများစားသုံးပေးခြင်း။

နာနတ်သီးမှာ ပါဝင်တဲ့ Bromelain အင်ဇိုင်းနဲ့ သင်္ဘောသီးမှာ ပါဝင်တဲ့ Papain အင်ဇိုင်းတို့ဟာ သွားများကို ဖြူဖွေးစေနိုင်ပါတယ်။

၂၀၁၂ ခုနှစ်ကလေ့လာချက်အရ ဒီအင်ဇိုင်း ၂ မျိုးမှာ သွားကို ဖြူစေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။

နာနတ်သီးမှာပါဝင်တဲ့ Bromelain အင်ဇိုင်းဟာ သွားအပေါ်ယံက အစွန်းများကို ဖျက်ပေးနိုင်တဲ့အပြင်

သွားချိုးတက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီးမှာ ပါဝင်တဲ့ papain အင်ဇိုင်းကလည်း သွားအစွန်းတွေကို

ချွတ်ပေးနိုင်ပြီး papain အင်ဇိုင်းဟာ သင်္ဘောသီး အမှည့်တွေထက် အစိမ်းတွေမှာ ပိုများပါတယ်။

၆။ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခြင်း။

ဒီနည်းလမ်းကတော့ သွားဝါခြင်းကို ကာကွယ်ချင်တဲ့ လူတွေအနေနဲ့ လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။

ခံတွင်းကျန်းမာရေး အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကတော့ သွားပုံမှန်တိုက်ခြင်းနဲ့ dental floss

(သွားသန့်ရှင်းရသော ကြိုးမျှင်တို့ဖြင့် သန့်ရှင်းခြင်း ) တို့ ဖြစ်ပါတယ်။

သွားတိုက်တာကတော့ အားလုံးသိပြီးသားမို့ ဒီဆောင်းပါးမှာ flossing အကြောင်းကိုပဲ ရှင်းပြသွားပါ့မယ်။ flossing ဆိုတာ

သွားတိုက်တံ အလွယ်တကူ မရောက်နိုင်တဲ့နေရာတွေက သွားချိုးတွေနဲ့ အစားအစာ အကြွင်းအကျန်တွေကို သန့်ရှင်းရတဲ့ နည်းလမ်းဖြစ်ပါတယ်။

သွားတိုက်တံတွေ အနေနဲ့ သွားဖုံးနဲ့ သွားနှစ်ခုကြားက နေရာတွေကို မရောက်နိုင်ကြဘဲ ကြာရင်

ဒီလို သွားချိုးတွေက သွားကို ပျက်ဆီးစေနိုင်တဲ့အပြင် ခံတွင်းရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

ဒီလိုအချိန်မှာ flossing က အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ flossing လုပ်ဖို့ အတွက် ပထမဆုံးဆုံး ၁၈

လက်မခန့်ရှိတဲ့ ကြိုးမျှင်ရှိဖို့လိုပြီး လက်ခလယ် ၂ ချောင်းမှာ အစွန်း ၂ ဖက်ကို ချည်ထားကာ သွားရဲ့ကြားအတွင်းက

နေရာတွေကို ပျော့ပြောင်းစွာ အထက်နဲ့ အောက် သန့်ရှင်းရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ သွားသန့်ရှင်းကြိုးမျှင်နဲ့

သန့်ရှင်းတဲ့ အခါ အားသုံးမိရင် သွားဖုံးတစ်ရှုးတွေကို ဒဏ်ရာရစေနိုင်တဲ့အတွက် ပျော့ပြောင်းစွာ အသုံးပြုဖို့ လိုပါတယ်။

ဒါ့အပြင်တစ်ခြားသောခံတွင်း သန့်ရှင်းရေးဆိုင်ရာ နည်းလမ်းတွေကတော့-

တစ်နေ့ ၂ ကြိမ် သွားတိုက်ခြင်း (သွားဖုံးနဲ့ သွားနောက်ဖက်ကိုလည်း သန့်ရှင်းပေးဖို့ လိုပါတယ်။)

ဖရိုရိုဒ် ပါဝင်သော သွားတိုက်ဆေးကို အသုံးပြုခြင်း( ဖလိုရိုဒ်ဟာ သွားပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ )

သွားကြားက သွားချိုးတွေကို သွားသန့်ရှင်း ကြိုးမျှင် အသုံးပြုပြီး သန့်ရှင်းခြင်း တို့ ဖြစ်ပါတယ်။

မလုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကတော့

သံပုရာ၊ လိမ္မော်နဲ့ ပန်းသီးမှ ထုတ်လုပ်တဲ့ ရှာလကာရည်တွေ၊ မီးသွေးတွေနဲ့ သွားသန့်ရှင်းတာမျိုးကို မလုပ်ဆောင်သင့်ပါဘူး။။

ကမ္ဘာပေါ်မှာ လူအနည်းငယ်ကသာ သဘာဝအတိုင်း သွားဖြူဖွေးနေကြတာပါ။ သွားဟာ အသက်ကြီးလာတာနဲ့

အမျှ ပိုဝါလာနိုင်တဲ့ အတွက် ခံတွင်းကျန်းမာရေးကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့

သွားကျန်းမာရေးကို ပုံမှန်စစ်ဆေးခြင်းတို့က သွားတွေကို တောက်ပနေစေမှာဖြစ်ပါတယ်။

သွားဝါခြင်းဟာ ကျန်းမာရေးကြောင့် ဖြစ်ရတဲ့ ပြဿနာ မဟုတ်ပေမဲ့ သွားဆရာဝန်နဲ့ ပြသခြင်းက

ကြွေသွား ပွန်းခြင်းတွေနဲ့ သွားပျက်ဆီးခြင်းတွေကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းတွေဟာ အိမ်မှာ ကိုယ့်ဘာသာ လုပ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပြီး သွားဆရာဝန်နဲ့

သွားရောက်ပြသမယ်ဆိုရင် အခြားသော သွားဖြူနည်းစနစ်တွေနဲ့ ကုသနိုင်ဦးမှာပါ။