Sat. Jan 22nd, 2022

Zawgyi

သက္ရင္းႀကီးျမစ္ကို တစ္ထြာတစ္မိုက္ခန႔္ (၃/၄)ျမစ္အား တူးယူၿပီး ေရစင္ေအာင္ေဆးပါ။ ထိုေနာက္

ဆန္ေဆးရည္ႏွင့္ ေက်ာက္ပ်ဥ္တြင္ေသြးၿပီး နံနက္တိုင္း ထမင္းစားဇြန္း(၂) ဇြန္းမွ် ေန႔စဥ္ ေသာက္ေပးၾကည့္ပါ။

ေသာက္သုံးပုံ

နံက္အိပ္ရာထ အစာမစားခင္ ႏွစ္ဇြန္းေသာက္ပါ။ ေသာက္ၿပီးလွ်င္ ဝမ္းသြားခ်င္တတ္ပါသည္။ ဝမ္းသြားၿပီးမွ အစာစားရန္ျဖစ္ပါသည္။

ဝမ္းမၾကာခဏ သြားေနပါလိမ့္မည္။ ဆိုး႐ြားျခင္း မရွိပါ။(၁၀)ရက္မွ် ၾကာပါလွ်င္ ပူေနေသာ ဗိုက္မွ ဆူေနေသာအဆီမ်ား

တျဖည္းျဖည္းပိန္၍ သြားပါလိမ့္မည္။(ယုံၾကည္စြာ စမ္းၾကည့္ၾကပါ)

သက္ရင္းႀကီး၏ထူးျခားခ်က္

လြန္စြာသုံးစြဲျခင္းေၾကာင့္ သုံးစြဲသူအား မည္သည့္အခါမွ် အက်ိဳးယုတ္ျခင္းမျဖစ္ေခ်ဟု အရွင္နာဂသိန္ ပုံျပေဆးအဘိဓာန္တြင္

ေဖၚျပထားပါသည္။ ယင္းအျပင္ ေၾကာင္ပန္း႐ြက္၊ ကလိန္႐ြက္တို႔ႏွင့္ တြဲစပ္သုံးပါက ပိုမို၍တန္ခိုးထက္သည္ဟု ဆိုပါသည္။

အဆိပ္ႏိုင္ေသာေဆးပင္

သက္ရင္းႀကီးသည္ အဆိပ္ကိုႏိုင္ေသာ ေဆးျဖစ္သည္။ အထူးသျဖင့္ အသည္းေရာင္ေသာ ႀကီးေသာ ေရာဂါကုသရာတြင္ သက္ရင္းႀကီးသည္

နတ္ေဆးႏွင့္တူေၾကာင္းကို ေရွးနိဃ႑ဳက်မ္းဆရာႀကီး တို႔မိန႔္ဆိုၾကသည္။ ေႁမြကိုက္ေသာေရာဂါမ်ားကို ကုသရာတြင္ တန္ဖိုးႀကီးေသာေဆးႀကီး ျဖစ္ေလသည္။

အရက္ျဖတ္ေဆး

သက္ရင္းႀကီးျမစ္ကို ထန္းလ်က္ႏွင့္စိမ္ကာ ေန႔စဥ္ေသာက္ေပးပါက အရက္ေသာက္ခ်င္စိတ္ ေပ်ာက္ကြယ္သြားသည္ဟု ဆိုသည္။

အနာေဆြး၊ အနာအို

မေပ်ာက္ကင္းႏိုင္ေသာ အနာေဆြး အနာေဟာင္းမ်ားအား သက္ရင္းႀကီး႐ြက္အား

ထုေထာင္းႀကိတ္ေခ်ၿပီး အနာတြင္ အုံစည္းေပးပါက အသားႏုတက္ၿပီး အျမန္ေပ်ာက္ပါသည္။

ေပြး၊ဝဲ၊ယားနာ

သက္ရင္းႀကီး႐ြက္ႏွင့္ သေဘၤာမယ္ဇလီပြင့္ကို ညက္ေအာင္ေထာင္ၿပီး အေရျပားေပၚ ပြတ္တိုက္ေပးက အျမန္ဆုံးေပ်ာက္ကင္းေစသည္။

အဆုတ္ေရာင္ျခင္းႏွင့္ ႀကီးေသာအသည္းေရာင္ျခင္း၊ အဆစ္ကိုက္ခဲေဖါေရာင္ျခင္း

သက္ရင္းႀကီးအျမစ္၊ အေခါက္ကို လိမ္းေဆး၊ ေသာက္ေဆး၊ ၾကပ္ထုပ္ထိုးေဆးအျဖစ္သုံးစြဲပါက အျမန္သက္သာေပ်ာက္ကင္းသည္။

ဒူလာ၊ လိပ္ေခါင္း

အျမစ္ကို သံပုရာရည္ႏွင့္ေသြး၍ ေသာက္ရသည္။ အစာေၾက၊ ေလမွန္၊ ဝမ္းမွန္၊

သက္ရင္းႀကီးျမစ္ကိုထန္းလ်က္ျဖင့္ စိမ္၍ အသင့္အတင့္ သုံးေဆာင္ပါက အစာေၾက၊ ေလမွန္၊ ဝမ္းကို မွန္ေစပါသည္။

ဝမ္းကိုက္

အ႐ြက္ႏုကို သုပ္စားျခင္း၊ တို႔စားျခင္းျဖင့္ ဝမ္းကိုက္ျခင္းကို သက္သာေပ်ာက္ကင္းေစပါသည္။ သက္ရင္းႀကီးသည္ အ႐ိုးက်ိဳး၊

အ႐ိုးအက္ႏွင့္ ဒဏ္ေၾကေစေသာ ေဆးပင္အျဖစ္ တိုင္းရင္းေဆးဆရာမ်ား အ႐ြက္၊ အျမစ္၊ အေခါက္ကို ထိေရာက္စြာ အသုံးခ်သည္ကို ျမင္ဖူးပါသည္။

ထိုျပင္ အျခားေသာေဆးဖက္ဝင္ အသီး၊ အ႐ြက္၊ သစ္ဥ၊ သစ္ဖု၊ အဆီမ်ားျဖင့္ တြဲစပ္၍ ၾကပ္ထုပ္ထိုးရာတြင္

သက္ရင္းႀကီးအား အဓိက ထည့္သြင္းသုံးစြဲျခင္းလည္း ရွိပါသည္။ သက္ရင္းႀကီးႏွင့္ပတ္သက္ၿပီး မ်ားစြာေသာေဆးအသုံးမ်ားလည္းရွိေနေသးပါသည္။

ေဆးပညာရွင္ႀကီးမ်ားအား ေလးစားလွ်က္

Credit-ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Unicode

သက်ရင်းကြီးမြစ်ကို တစ်ထွာတစ်မိုက်ခန့် (၃/၄)မြစ်အား တူးယူပြီး ရေစင်အောင်ဆေးပါ။ ထိုနောက်

ဆန်ဆေးရည်နှင့် ကျောက်ပျဉ်တွင်သွေးပြီး နံနက်တိုင်း ထမင်းစားဇွန်း(၂) ဇွန်းမျှ နေ့စဉ် သောက်ပေးကြည့်ပါ။

သောက်သုံးပုံ

နံက်အိပ်ရာထ အစာမစားခင် နှစ်ဇွန်းသောက်ပါ။ သောက်ပြီးလျှင် ဝမ်းသွားချင်တတ်ပါသည်။ ဝမ်းသွားပြီးမှ အစာစားရန်ဖြစ်ပါသည်။

ဝမ်းမကြာခဏ သွားနေပါလိမ့်မည်။ ဆိုးရွားခြင်း မရှိပါ။(၁၀)ရက်မျှ ကြာပါလျှင် ပူနေသော ဗိုက်မှ ဆူနေသောအဆီများ

တဖြည်းဖြည်းပိန်၍ သွားပါလိမ့်မည်။(ယုံကြည်စွာ စမ်းကြည့်ကြပါ)

သက်ရင်းကြီး၏ထူးခြားချက်

လွန်စွာသုံးစွဲခြင်းကြောင့် သုံးစွဲသူအား မည်သည့်အခါမျှ အကျိုးယုတ်ခြင်းမဖြစ်ချေဟု အရှင်နာဂသိန် ပုံပြဆေးအဘိဓာန်တွင်

ဖေါ်ပြထားပါသည်။ ယင်းအပြင် ကြောင်ပန်းရွက်၊ ကလိန်ရွက်တို့နှင့် တွဲစပ်သုံးပါက ပိုမို၍တန်ခိုးထက်သည်ဟု ဆိုပါသည်။

အဆိပ်နိုင်သောဆေးပင်

သက်ရင်းကြီးသည် အဆိပ်ကိုနိုင်သော ဆေးဖြစ်သည်။ အထူးသဖြင့် အသည်းရောင်သော ကြီးသော ရောဂါကုသရာတွင် သက်ရင်းကြီးသည်

နတ်ဆေးနှင့်တူကြောင်းကို ရှေးနိဃဏ္ဍုကျမ်းဆရာကြီး တို့မိန့်ဆိုကြသည်။ မြွေကိုက်သောရောဂါများကို ကုသရာတွင် တန်ဖိုးကြီးသောဆေးကြီး ဖြစ်လေသည်။

အရက်ဖြတ်ဆေး

သက်ရင်းကြီးမြစ်ကို ထန်းလျက်နှင့်စိမ်ကာ နေ့စဉ်သောက်ပေးပါက အရက်သောက်ချင်စိတ် ပျောက်ကွယ်သွားသည်ဟု ဆိုသည်။

အနာဆွေး၊ အနာအို

မပျောက်ကင်းနိုင်သော အနာဆွေး အနာဟောင်းများအား သက်ရင်းကြီးရွက်အား

ထုထောင်းကြိတ်ချေပြီး အနာတွင် အုံစည်းပေးပါက အသားနုတက်ပြီး အမြန်ပျောက်ပါသည်။

ပွေး၊ဝဲ၊ယားနာ

သက်ရင်းကြီးရွက်နှင့် သင်္ဘောမယ်ဇလီပွင့်ကို ညက်အောင်ထောင်ပြီး အရေပြားပေါ် ပွတ်တိုက်ပေးက အမြန်ဆုံးပျောက်ကင်းစေသည်။

အဆုတ်ရောင်ခြင်းနှင့် ကြီးသောအသည်းရောင်ခြင်း၊ အဆစ်ကိုက်ခဲဖေါရောင်ခြင်း

သက်ရင်းကြီးအမြစ်၊ အခေါက်ကို လိမ်းဆေး၊ သောက်ဆေး၊ ကြပ်ထုပ်ထိုးဆေးအဖြစ်သုံးစွဲပါက အမြန်သက်သာပျောက်ကင်းသည်။

ဒူလာ၊ လိပ်ခေါင်း

အမြစ်ကို သံပုရာရည်နှင့်သွေး၍ သောက်ရသည်။ အစာကြေ၊ လေမှန်၊ ဝမ်းမှန်၊

သက်ရင်းကြီးမြစ်ကိုထန်းလျက်ဖြင့် စိမ်၍ အသင့်အတင့် သုံးဆောင်ပါက အစာကြေ၊ လေမှန်၊ ဝမ်းကို မှန်စေပါသည်။

ဝမ်းကိုက်

အရွက်နုကို သုပ်စားခြင်း၊ တို့စားခြင်းဖြင့် ဝမ်းကိုက်ခြင်းကို သက်သာပျောက်ကင်းစေပါသည်။ သက်ရင်းကြီးသည် အရိုးကျိုး၊

အရိုးအက်နှင့် ဒဏ်ကြေစေသော ဆေးပင်အဖြစ် တိုင်းရင်းဆေးဆရာများ အရွက်၊ အမြစ်၊ အခေါက်ကို ထိရောက်စွာ အသုံးချသည်ကို မြင်ဖူးပါသည်။

ထိုပြင် အခြားသောဆေးဖက်ဝင် အသီး၊ အရွက်၊ သစ်ဥ၊ သစ်ဖု၊ အဆီများဖြင့် တွဲစပ်၍ ကြပ်ထုပ်ထိုးရာတွင်

သက်ရင်းကြီးအား အဓိက ထည့်သွင်းသုံးစွဲခြင်းလည်း ရှိပါသည်။ သက်ရင်းကြီးနှင့်ပတ်သက်ပြီး များစွာသောဆေးအသုံးများလည်းရှိနေသေးပါသည်။

ဆေးပညာရှင်ကြီးများအား လေးစားလျှက်

Credit-ရဲမျိုးသူ(ဗောဓိမြိုင်)