Sun. Nov 28th, 2021

Zawgyi

အသက္ ၃၅ႏွစ္နဲ႔အထက္ ေရာက္လာၿပီဆိုမွျဖင့္ သဘာဝတရားႀကီးကေပးလာတဲ့ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြကို မလႊဲ မေသြ

လက္ခံၾကရမွာပါဘဲ။ အဲဒီအေရးအေၾကာင္းေတြကို ေလ်ာ့ပါးသက္သာေအာင္လုပ္ေပးႏိုင္တဲ့ အလွကုန္ပစၥည္းေတြရွိၾက

သလို၊ သဘာဝနည္းနဲ႔ အိမ္မွာ မိမိဖာသာျပဳျပင္တဲ့ ေဆးၿမီးတိုနည္းေလးေတြလည္းအမ်ားႀကီးပါ။ ဒီနည္းေလးကေတာ့ လုပ္ရတာ

အင္မတန္မွလြယ္ကူၿပီး၊ အသုံးျပဳရမယ့္ပစၥည္းေလးေတြကလည္း လက္တကမ္းမွာအလြယ္တကူ ဝယ္ယူရႏိုင္လို႔ ျပဳလုပ္ၾကည့္ ေစခ်င္ပါတယ္။

အသုံးျပဳရမည့္ပစၥည္းမ်ား။ အဆီမထုတ္ထားတဲ့ဒိန္ခ်ဥ္(လၻက္ရည္ေသာက္ခြက္ ၁/၄ပုံ )၊ ေခ်ထားတဲ့ ဌက္ေပ်ာသီးမွည့္မွည့္

(လၻက္ရည္ေသာက္ခြက္ ၁-ဝက္)၊ ပ်ားရည္ (လၻက္ရည္ဇြန္း ၁-ဇြန္း) တို႔ျဖစ္ပါတယ္။

အဆင့္(၁)

ဌက္ေပ်ာသီးကို အခြံႏႊာၿပီးေနာက္ အႏွစ္အသားကိုႀကိတ္ေခ်ပါ(သို႔မဟုတ္)ေက်သြားေအာင္ ဇြန္းျဖင့္နာနာ ေခါက္ပါ။ (ဌက္ေပ်ာသီးက မွည့္ေလေကာင္းေလပါ)

အဆင့္(၂)

ၿပီးရင္ ဒိန္ခ်ဥ္နဲ႔ပ်ားရည္ေရာထဲ့ၿပီးေနာက္၊ အေရာအေႏွာေတြ သမေအာင္ ဇြန္းျဖင့္နာနာနယ္ေပးပါ။

အဆင့္(၃)

အဲဒီအေရာအေႏွာေတြကို သန္႔စင္တဲ့လက္ျဖင့္ႏႈိက္ယူကာ မ်က္ႏွာအႏွံ႔ညီေနေအာင္ လိမ္းေပးပါ။

အဆင့္(၄)

အသားထဲစိမ့္ဝင္သြားေအာင္ ၁၅-မိနစ္ေလာက္ထားပါ။

အဆင့္(၅)

ေရေအးေအးနဲ႔မ်က္ႏွာသန္႔စင္ေပးပါ။

မွတ္ခ်က္။ အကယ္၍ အေရးအေၾကာင္းအတြန္႔ေတြ အရမ္းမ်ားတဲ့ အသက္ ၅၀ေက်ာ္မ်ားအတြက္၊ ေစာေစာကနည္းအတိုင္း ျပဳလုပ္ေပးၿပီး၊

၁၅-မိနစ္ေလာက္ အသားထဲစိမ့္ဝင္ေအာင္ထားေနစဥ္မွာ အဝတ္ပါးပါးသန္႔သန္႔ကို ေရေႏြးစိမ္ညႇစ္ၿပီးေတာ့ မ်က္ႏွာေပၚအုပ္ထားေပးႏိုင္ရင္

ပိုသင့္ေတာ္ပါတယ္။ (ဆိုလိုတာကေတာ့ အဝတ္မွာစြတ္ထားတဲ့ ေရေႏြးေငြ႕ေတြက မ်က္ႏွာေခြၽး ေပါက္ကို ပြင့္ေစခ်င္လို႔ပါ)

အမ်ိဳးသမီးေတြသာမက၊ အမ်ိဳးသားေတြအတြက္လည္း အက်ိဳးရွိေစပါတယ္။

လွသထက္ပို၍လွႏိုင္ၾကပါေစရွင္။

Credit

Unicode

အသက် ၃၅နှစ်နဲ့အထက် ရောက်လာပြီဆိုမှဖြင့် သဘာဝတရားကြီးကပေးလာတဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေကို မလွှဲ မသွေ

လက်ခံကြရမှာပါဘဲ။ အဲဒီအရေးအကြောင်းတွေကို လျော့ပါးသက်သာအောင်လုပ်ပေးနိုင်တဲ့ အလှကုန်ပစ္စည်းတွေရှိကြ

သလို၊ သဘာဝနည်းနဲ့ အိမ်မှာ မိမိဖာသာပြုပြင်တဲ့ ဆေးမြီးတိုနည်းလေးတွေလည်းအများကြီးပါ။ ဒီနည်းလေးကတော့ လုပ်ရတာ

အင်မတန်မှလွယ်ကူပြီး၊ အသုံးပြုရမယ့်ပစ္စည်းလေးတွေကလည်း လက်တကမ်းမှာအလွယ်တကူ ဝယ်ယူရနိုင်လို့ ပြုလုပ်ကြည့် စေချင်ပါတယ်။

အသုံးပြုရမည့်ပစ္စည်းများ။ အဆီမထုတ်ထားတဲ့ဒိန်ချဉ်(လ္ဘက်ရည်သောက်ခွက် ၁/၄ပုံ )၊ ချေထားတဲ့ ဌက်ပျောသီးမှည့်မှည့်

(လ္ဘက်ရည်သောက်ခွက် ၁-ဝက်)၊ ပျားရည် (လ္ဘက်ရည်ဇွန်း ၁-ဇွန်း) တို့ဖြစ်ပါတယ်။

အဆင့်(၁)

ဌက်ပျောသီးကို အခွံနွှာပြီးနောက် အနှစ်အသားကိုကြိတ်ချေပါ(သို့မဟုတ်)ကျေသွားအောင် ဇွန်းဖြင့်နာနာ ခေါက်ပါ။ (ဌက်ပျောသီးက မှည့်လေကောင်းလေပါ)

အဆင့်(၂)

ပြီးရင် ဒိန်ချဉ်နဲ့ပျားရည်ရောထဲ့ပြီးနောက်၊ အရောအနှောတွေ သမအောင် ဇွန်းဖြင့်နာနာနယ်ပေးပါ။

အဆင့်(၃)

အဲဒီအရောအနှောတွေကို သန့်စင်တဲ့လက်ဖြင့်နှိုက်ယူကာ မျက်နှာအနှံ့ညီနေအောင် လိမ်းပေးပါ။

အဆင့်(၄)

အသားထဲစိမ့်ဝင်သွားအောင် ၁၅-မိနစ်လောက်ထားပါ။

အဆင့်(၅)

ရေအေးအေးနဲ့မျက်နှာသန့်စင်ပေးပါ။

မှတ်ချက်။ အကယ်၍ အရေးအကြောင်းအတွန့်တွေ အရမ်းများတဲ့ အသက် ၅၀ကျော်များအတွက်၊ စောစောကနည်းအတိုင်း ပြုလုပ်ပေးပြီး၊

၁၅-မိနစ်လောက် အသားထဲစိမ့်ဝင်အောင်ထားနေစဉ်မှာ အဝတ်ပါးပါးသန့်သန့်ကို ရေနွေးစိမ်ညှစ်ပြီးတော့ မျက်နှာပေါ်အုပ်ထားပေးနိုင်ရင်

ပိုသင့်တော်ပါတယ်။ (ဆိုလိုတာကတော့ အဝတ်မှာစွတ်ထားတဲ့ ရေနွေးငွေ့တွေက မျက်နှာချွေး ပေါက်ကို ပွင့်စေချင်လို့ပါ)

အမျိုးသမီးတွေသာမက၊ အမျိုးသားတွေအတွက်လည်း အကျိုးရှိစေပါတယ်။

လှသထက်ပို၍လှနိုင်ကြပါစေရှင်။

Credit