Zawgyi

“မိဘေတြကို ျပဳစုလုပ္ေကြၽးခြင့္ရတဲ့သူေတြဟာ အင္မတန္ကံေကာင္းပါတယ္”

” မာတာပိတု ဥပ႒ာနံ ” မိဘကို ျပဳစု လုပ္ေကြၽးျခင္း ဆို တာ မဂၤလာ တရား တစ္ပါး ျဖစ္ပါတယ္။

႐ိုး႐ိုးေလး အဓိပၸာယ္ေဖာ္လိုက္မယ္ ဆိုရင္ မိဘကို ခ်စ္ခ်စ္ခင္ခင္ ရင္းရင္းႏွီးႏွီး ပြင့္ပြင့္လင္းလင္း ေလးေလးစားစား

႐ို႐ိုေသေသ ျပဳစုႏိုင္တာဟာ ကိုယ့္အတြက္ ႀကီးပြားရာ ႀကီးပြားေၾကာင္း ေအာင္ျမင္ရာ ေအာင္ျမင္ေၾကာင္း ျဖစ္ပါတယ္။

ကိုယ္က မိဘကို ခ်စ္ခ်စ္ခင္ခင္ ရင္းရင္းႏွီးႏွီး ပြင့္ပြင့္လင္းလင္း ျပဳစုရင္ မိဘကလည္း ကိုယ့္အေပၚမွာ အင္မတန္ ေမတၱာ ႀကီးမားတယ္ေနာ္။

မိဘေမတၱာကို ရေနတာကိုက အမွန္ေတာ့ ကိုယ့္ဘဝမွာ တစ္နည္းအားျဖင့္ တစ္ခုေတာ့ ျပည့္စုံတာပဲ။အေဖအေမအစုံ ရွိတဲ့

ကေလးေတြေတာင္မွ သူတို႔စိတ္ထဲမွာ မိဘ ေမတၱာကို ျပည့္ျပည့္ဝဝ တစ္ခါတစ္ေလ မရလိုက္သလို ခံစားၾကရတယ္။

မိဘေတြ အလုပ္ မ်ားလို႔ မအားလို႔ ျဖစ္ခ်င္ျဖစ္မယ္။ ဘယ္လို ျဖစ္ျဖစ္ေပါ့။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေဖစုံအေမစုံ ရွိတဲ့ကေလးေတြ

ေတာင္မွ မိဘဆီကျပဳစုယုယမႈ ေမတၱာကို ျပည့္ျပည့္စုံစုံ မရၾကဘူး။ တစ္ခ်ိဳ႕ဘည္း သူတို႔စိတ္ထဲမွာ မရဘူးလို႔ ထင္ေနတာေပါ့။

မိဘေတြက တတ္ႏိုင္သေလာက္ ျပဳစုပါတယ္။ သူတို႔စိတ္ထဲမွာ အဲဒါကို မေက်နပ္ဘူး။အဲဒီလို ဆိုေတာ့ အေဖအေမ မရွိတဲ့ ကေလးေတြရဲ႕ စိတ္ထဲမွာ ေမတၱာ

ငတ္တဲ့စိတ္ ဘယ္ေလာက္ႀကီးမားမလဲ ေနာ္။ မိဘ ေမတၱာက တကယ္ ႀကီးမားပါတယ္။ မိဘေမတၱာကို မရတဲ့

ကေလးဘဝမွာ တစ္သက္လုံး အဲဒီ ခ်ိဳ႕တဲ့မႈဘယ္ေတာ့မွ ေပ်ာက္မွာ မဟုတ္ဘူး။ ဘယ္ေလာက္ပဲ အသက္ႀကီးသြား ႀကီးသြား

မိဘဆီက ေမတၱာမရခဲ့တဲ့ခ်ိဳ႕တဲ့မႈက ဘယ္နည္းနဲ႔မွ မေပ်ာက္ႏိုင္ဘူး။ မိဘ ေမတၱာ

ကို ဘာနဲ႔မွ အစားထိုးလို႔ မရဘူး။ မိဘေမတၱာကို အစားထိုးလို႔ ရတဲ့ အျခားေမတၱာမ်ိဳးက ရွိကို မရွိဘူး။

မိဘရွိေသးတဲ့ သူေတြ မိဘကို လုပ္ေကြၽးခြင့္ ျပဳစုခြင့္ ရေနတဲ့သူေတြက အင္မတန္ ကံေကာင္းတာပဲ။

( ဆရာေတာ္ ဦးေဇာတိက ) – ခရက္ဒစ္

Unicode

“မိဘတွေကို ပြုစုလုပ်ကျွေးခွင့်ရတဲ့သူတွေဟာ အင်မတန်ကံကောင်းပါတယ်”

” မာတာပိတု ဥပဋ္ဌာနံ ” မိဘကို ပြုစု လုပ်ကျွေးခြင်း ဆို တာ မင်္ဂလာ တရား တစ်ပါး ဖြစ်ပါတယ်။

ရိုးရိုးလေး အဓိပ္ပာယ်ဖော်လိုက်မယ် ဆိုရင် မိဘကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း လေးလေးစားစား

ရိုရိုသေသေ ပြုစုနိုင်တာဟာ ကိုယ့်အတွက် ကြီးပွားရာ ကြီးပွားကြောင်း အောင်မြင်ရာ အောင်မြင်ကြောင်း ဖြစ်ပါတယ်။

ကိုယ်က မိဘကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြုစုရင် မိဘကလည်း ကိုယ့်အပေါ်မှာ အင်မတန် မေတ္တာ ကြီးမားတယ်နော်။

မိဘမေတ္တာကို ရနေတာကိုက အမှန်တော့ ကိုယ့်ဘဝမှာ တစ်နည်းအားဖြင့် တစ်ခုတော့ ပြည့်စုံတာပဲ။အဖေအမေအစုံ ရှိတဲ့

ကလေးတွေတောင်မှ သူတို့စိတ်ထဲမှာ မိဘ မေတ္တာကို ပြည့်ပြည့်ဝဝ တစ်ခါတစ်လေ မရလိုက်သလို ခံစားကြရတယ်။

မိဘတွေ အလုပ် များလို့ မအားလို့ ဖြစ်ချင်ဖြစ်မယ်။ ဘယ်လို ဖြစ်ဖြစ်ပေါ့။ အကြောင်းအမျိုးမျိုးကြောင့် အဖေစုံအမေစုံ ရှိတဲ့ကလေးတွေ

တောင်မှ မိဘဆီကပြုစုယုယမှု မေတ္တာကို ပြည့်ပြည့်စုံစုံ မရကြဘူး။ တစ်ချို့ဘည်း သူတို့စိတ်ထဲမှာ မရဘူးလို့ ထင်နေတာပေါ့။

မိဘတွေက တတ်နိုင်သလောက် ပြုစုပါတယ်။ သူတို့စိတ်ထဲမှာ အဲဒါကို မကျေနပ်ဘူး။အဲဒီလို ဆိုတော့ အဖေအမေ မရှိတဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ မေတ္တာ

ငတ်တဲ့စိတ် ဘယ်လောက်ကြီးမားမလဲ နော်။ မိဘ မေတ္တာက တကယ် ကြီးမားပါတယ်။ မိဘမေတ္တာကို မရတဲ့

ကလေးဘဝမှာ တစ်သက်လုံး အဲဒီ ချို့တဲ့မှုဘယ်တော့မှ ပျောက်မှာ မဟုတ်ဘူး။ ဘယ်လောက်ပဲ အသက်ကြီးသွား ကြီးသွား

မိဘဆီက မေတ္တာမရခဲ့တဲ့ချို့တဲ့မှုက ဘယ်နည်းနဲ့မှ မပျောက်နိုင်ဘူး။ မိဘ မေတ္တာ

ကို ဘာနဲ့မှ အစားထိုးလို့ မရဘူး။ မိဘမေတ္တာကို အစားထိုးလို့ ရတဲ့ အခြားမေတ္တာမျိုးက ရှိကို မရှိဘူး။

မိဘရှိသေးတဲ့ သူတွေ မိဘကို လုပ်ကျွေးခွင့် ပြုစုခွင့် ရနေတဲ့သူတွေက အင်မတန် ကံကောင်းတာပဲ။

( ဆရာတော် ဦးဇောတိက ) – ခရက်ဒစ်