Zawgyi

မ်က္လုံး ေအာက္ဖက္နားမွာ ေပါက္ေလ့ရွိတဲ့ ဒီ အဆီဖု ၊ အျဖဴစိေလး ေတြကို Milia လို႔ေခၚၿပီး သူက အေရျပား ပါးလႊာတဲ့ေနရာမ်ိဳးမွာ

ေပါက္တတ္ပါတယ္ ။ အဲ့ဒါေလးေတြကို သြားၿပီး ထိုးဆြညႇစ္တဲ့အခါ ပိုၿပီးပြားလာႏိုင္လို႔ သတိျပဳဖို႔ေတာ့ လိုပါတယ္ ။

ဒီလို အျဖဴ စိ ေလးေတြကို ေပ်ာက္ကင္းေစမယ့္ အႏၲရာယ္ကင္း နည္းလမ္း ေတြကို ရွာေဖြေပးလိုက္ပါတယ္ ။

၁။ ေရေႏြးေငြ႕

ေရေႏြးေငြ႕ျဖင့္ ကုသျခင္း ေၾကာင့္ ပိတ္ဆို႔ေနတဲ့ ေခြၽးေပါက္ ေတြကို ပြင့္ေစၿပီး ဆဲလ္ေသႏွင့္ အေရျပားေပၚရွိ

အညစ္အေၾကး မ်ားကို သန႔္စင္ေစပါတယ္ ။ Milia ေတြကို ကုသ ဖို႔အတြက္လည္း ထိေရာက္တဲ့ နည္းလမ္း တစ္ခုျဖစ္ပါတယ္

ဇလုံတစ္ခုထဲသို႔ ေရေႏြး ထဲၿပီး မိမိ အပူခံ ႏိုင္ေလာက္တဲ့ အေနအထားမ်ိဳးမွာ ထြက္လာတဲ့ ေရေႏြးေငြ႕ကို

၁၅မိနစ္ခန္႔ မ်က္ႏွာခ်င္းဆိုင္ပါ ။ ၿပီးသြားလွ်င္ေတာ့ မ်က္ႏွာ ကို ခပ္ဖြဖြသုတ္ၿပီး အစိုဓါတ္ထိမ္း ခရင္မ္ တစ္မ်ိဳးမ်ိဳး လိမ္းေပးပါ

လူသုံးမ်ားတဲ့ နည္းလမ္း ေလးကေတာ့ ေရေႏြး ထဲသို႔ အဝတ္သန႔္တစ္ခုကိုစိမ္ပါ ။ ၿပီးေနာက္ ေရစင္ေအာင္ညႇစ္ၿပီး အျဖဴဖုေလးမ်ားရွိရာေပၚသို႔

မိနစ္ အနည္ငယ္ၾကာ အုပ္ေပးထားပါ ။ ထိုအတိုင္း ၂ႀကိမ္ ၃ႀကိမ္ခန႔္ လုပ္ေပးပါ ။ ေန႔စဥ္ ႏွစ္ေၾကာ့လုပ္ေဆာင္ေပးျခင္းျဖင့္ သက္သာလာတာကို ျမင္ေတြ႕ရမွာပါ ။

၂။ သၾကား

ဒီနည္းလမ္းေလးမွာေတာ့ သၾကား အျပင္ သံပုယိုရည္ ႏွင့္ သံလြင္ဆီ အနည္းငယ္ကိုလည္း လိုအပ္ပါတယ္ ။

သၾကား ၊ သံပုယိုရည္ ႏွင့္သံလြင္ဆီ ကို လက္ဖက္ရည္ဇြန္း ၁ဇြန္းခန႔္စီ ထည့္ကာ ေရာေမႊပါ ။

ႏွံ႔စပ္သြားလွ်င္ေတာ့ အျဖဴဖုေလးေတြ ရွိရာေနရာသို႔ ညႇင္သာစြာ ပြတ္ၿပီးလိမ္းေပးရမွာပါ ။ ။ မိနစ္ ၂၀ခန႔္ၾကာသြားလွ်င္ ေရေဆးပစ္လိုက္ပါ ။ တစ္ေန႔တစ္ႀကိမ္ ပုံမွန္လုပ္ေဆာင္ေပးသြားပါ။

၃။ပ်ားရည္

ပ်ားရည္ သန႔္သန႔္ကို ဘာနဲ႔မွမေရာဘဲ မ်က္ႏွာေပၚ ၁၅ မိနစ္ခန႔္ၾကာေအာင္ လိမ္းေပးထားပါ ။ ၿပီးသြားလွ်င္ေတာ့ ေရေႏြးေႏြးျဖင့္ ေဆးေၾကာေပးလိုက္႐ုံပါပဲ ။

မ်က္လုံးေအာက္နားက အဲ့အဖုေလးေတြက ေပ်ာက္ဖို႔ခက္လို႔ စိတ္ရွည္ရွည္နဲ႔ေတာ့ ျပဳလုပ္ေပးမွ ရပါမယ္ေနာ္

Unicode

မျက်လုံး အောက်ဖက်နားမှာ ပေါက်လေ့ရှိတဲ့ ဒီ အဆီဖု ၊ အဖြူစိလေး တွေကို Milia လို့ခေါ်ပြီး သူက အရေပြား ပါးလွှာတဲ့နေရာမျိုးမှာ

ပေါက်တတ်ပါတယ် ။ အဲ့ဒါလေးတွေကို သွားပြီး ထိုးဆွညှစ်တဲ့အခါ ပိုပြီးပွားလာနိုင်လို့ သတိပြုဖို့တော့ လိုပါတယ် ။

ဒီလို အဖြူ စိ လေးတွေကို ပျောက်ကင်းစေမယ့် အန္တရာယ်ကင်း နည်းလမ်း တွေကို ရှာဖွေပေးလိုက်ပါတယ် ။

၁။ ရေနွေးငွေ့

ရေနွေးငွေ့ဖြင့် ကုသခြင်း ကြောင့် ပိတ်ဆို့နေတဲ့ ချွေးပေါက် တွေကို ပွင့်စေပြီး ဆဲလ်သေနှင့် အရေပြားပေါ်ရှိ

အညစ်အကြေး များကို သန့်စင်စေပါတယ် ။ Milia တွေကို ကုသ ဖို့အတွက်လည်း ထိရောက်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်

ဇလုံတစ်ခုထဲသို့ ရေနွေး ထဲပြီး မိမိ အပူခံ နိုင်လောက်တဲ့ အနေအထားမျိုးမှာ ထွက်လာတဲ့ ရေနွေးငွေ့ကို

၁၅မိနစ်ခန့် မျက်နှာချင်းဆိုင်ပါ ။ ပြီးသွားလျှင်တော့ မျက်နှာ ကို ခပ်ဖွဖွသုတ်ပြီး အစိုဓါတ်ထိမ်း ခရင်မ် တစ်မျိုးမျိုး လိမ်းပေးပါ

လူသုံးများတဲ့ နည်းလမ်း လေးကတော့ ရေနွေး ထဲသို့ အဝတ်သန့်တစ်ခုကိုစိမ်ပါ ။ ပြီးနောက် ရေစင်အောင်ညှစ်ပြီး အဖြူဖုလေးများရှိရာပေါ်သို့

မိနစ် အနည်ငယ်ကြာ အုပ်ပေးထားပါ ။ ထိုအတိုင်း ၂ကြိမ် ၃ကြိမ်ခန့် လုပ်ပေးပါ ။ နေ့စဉ် နှစ်ကြော့လုပ်ဆောင်ပေးခြင်းဖြင့် သက်သာလာတာကို မြင်တွေ့ရမှာပါ ။

၂။ သကြား

ဒီနည်းလမ်းလေးမှာတော့ သကြား အပြင် သံပုယိုရည် နှင့် သံလွင်ဆီ အနည်းငယ်ကိုလည်း လိုအပ်ပါတယ် ။

သကြား ၊ သံပုယိုရည် နှင့်သံလွင်ဆီ ကို လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့်စီ ထည့်ကာ ရောမွှေပါ ။

နှံ့စပ်သွားလျှင်တော့ အဖြူဖုလေးတွေ ရှိရာနေရာသို့ ညှင်သာစွာ ပွတ်ပြီးလိမ်းပေးရမှာပါ ။ ။ မိနစ် ၂၀ခန့်ကြာသွားလျှင် ရေဆေးပစ်လိုက်ပါ ။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ဆောင်ပေးသွားပါ။

၃။ပျားရည်

ပျားရည် သန့်သန့်ကို ဘာနဲ့မှမရောဘဲ မျက်နှာပေါ် ၁၅ မိနစ်ခန့်ကြာအောင် လိမ်းပေးထားပါ ။ ပြီးသွားလျှင်တော့ ရေနွေးနွေးဖြင့် ဆေးကြောပေးလိုက်ရုံပါပဲ ။

မျက်လုံးအောက်နားက အဲ့အဖုလေးတွေက ပျောက်ဖို့ခက်လို့ စိတ်ရှည်ရှည်နဲ့တော့ ပြုလုပ်ပေးမှ ရပါမယ်နော်