Tue. Dec 7th, 2021

Zawgyi

ျမန္မာ ႏိုင္ငံ အႏွံ႔အျပား ၌ ေပါက္ေရာက္ သည္။သဘာ၀ အေလ်ာက္ ေပါက္ေရာက္သည္။

အပင္ပုံ

ႏြယ္ပင္ မ်ိဳး ျဖစ္၏။ အျခားေသာ သစ္ပင္ ခ်ဳံပင္ မ်ား သို႔ ႏြယ္တက္ တတ္၏

ပင္စည္ ေသးသြယ္ သည္။ ကိုင္း မ်ားစြာ ျဖာ ထြက္သည္။

အ႐ြက္

ငွက္ေမြး ႐ြက္ေပါင္း ျဖစ္ၿပီး ႐ြက္လႊဲ ထြက္သည္။

႐ြက္ႁမႊာမ်ား ေသးငယ္ ၍ ရွည္ေမ်ာေမ်ာ ပုံရွိၿပီး ႐ြက္ဆိုင္ ထြက္သည္။

၂၀-၄၀ ထိ ပါဝင္ သည္။ အ႐ြက္ ေႂကြလြယ္ ၍ ခ်ိဳေသာ အရာသာ ရွိသည္။

အပြင့္

အဝါႏု ေရာင္ ရွိ၍ ေသးငယ္ ၿပီး အဆုပ္လိုက္ ပြင့္သည္။

သီတင္းကြၽတ္ တန္ေဆာင္မုန္း လတြင္ ပြင့္သည္။

အသီး-

သီးေတာင့္ ျဖစ္၍ အဆုပ္လိုက္ သီး သည္ အသီးေတာင့္ တြင္ အေမြး ႏုမ်ား ရွိ၍ တစ္ေတာင့္ လွ်င္ အေစ့ ၄-၅ ေစ့ ရွိ၏ ။

အေစ့ အျဖဴ အနီ အနက္ ၃ မ်ိဳး ရွိ၍ ထိပ္၌ အမည္းကြက္ ကေလးမ်ား ရွိ၏။

အေရာင္ ေတာက္ပ ၏။ နတ္ေတာ္ ၊ ျပာသို တြင္သီးသည္။

အျမစ္-

ေရေသာက္ ျမစ္တုတ္၍ ညိဳဝါေရာင္ ရွိ၏ ။ ျမစ္ႁမႊာ မ်ား ေသးငယ္သည္။

► အသုံးဝင္ပုံမ်ား

အျမစ္ ၊ အ႐ြက္၊ အေစ့။

အာနိသင္-

ျမန္မာ ေဆးက်မ္း မ်ား အလိုအရ ေ႐ြးသည္ ဖန္ ခါး ခ်ိဳ ေသာ အရသာ ရွိသည္ ၊ ကာမကို အားေပး ၏ ၊

အဆိပ္ ကို ႏိုင္၏ ၊ သလိပ္ ျဖစ္ေစ၏ ၊ မ်က္စိ ယားယံျခင္း ႏွင့္ အေရျပား ေရာဂါ အနာေပါက္ ေရာဂါ တို႔ကို ေပ်ာက္ေစ၏ ၊ႏႈတ္ကို ၿမိန္ေစ၏ ၊ အားျဖစ္ေစ၏

မူးေဝ ၊ ပန္းနာ ေရငတ္ နာႏွင့္ သြားေျခပုပ္ ေသာ ေရာဂါ တို႔ကို ေပ်ာက္ေစ၏ ။

► အျမစ္အသုံးျပဳပုံ

၁ ။ ေ႐ြးျဖဴ ျမစ္ ကို ေရႏွင့္ ၾကတ္၍ ေပါင္းတိုက္ ေရယူၿပီး သၾကား အနည္းငယ္ ျဖင့္ ေသာက္ ေသာ္ ဒူလာ ျဖစ္ ျမင္းသ႐ိုက္ ေရာဂါ ေပ်ာက္၏။

၂ ။ အျမစ္ကို ေရျဖင့္ တစ္ည စိမ္၍ နံနက္တြင္ အဝတ္ျဖင့္ စစ္ၿပီး ညနံနက္ တစ္ႀကိမ္ စီေသာက္ ပါက မီးယပ္ျဖဴ ဆင္းေသာ ေရာဂါ ေပ်ာက္၏။

► အ႐ြက္အသုံးျပဳပုံ

၁ ။ ခ်င္း ၊ ေ႐ြး႐ြက္ ကို မုန္ညင္း ဆီႏွင့္ ႀကိတ္၍ အဆစ္ေရာင္ ေသာ ေနရာႏွင့္ အေၾကာထိုး ေသာ ေနရာ

မ်ားသို႔ စည္းေပး ျခင္း ၊ လိမ္းေပးျခင္း ျပဳက ေရာဂါ ေပ်ာက္ ကင္း၏။

၂ ။ ခ်င္း ၊ ေ႐ြး႐ြက္ အစိုကို ဆီႏွင့္ ႀကိတ္၍ ကိုယ္လက္ ကိုက္ခဲ ေသာ ေနရာမ်ား သို႔ လိမ္းေပးေသာ္ ေပ်ာက္၏။

၃ ။ ကိုယ္၌ အႏွံ႔အျပား ေပါက္တတ္ေသာ အနာ မီးလွ်ံ စေသာ အနာအဖု အပိန္႔ မ်ား ေပါက္ေသာ္ ေ႐ြးေစ့ ၊

ျပဒါး၊ ကန္႔ဝါ ၊ တမာေစး ၊ ေဆးေျခာက္႐ြက္၊ ဝါေစ့တို႔ ကို ဆတူယူ ၍ သံပရာရည္ ႏွင့္ ႀကိတ္လိမ္းေသာ္ ေပ်ာက္၏။

၄ ။ အ႐ြက္ညႇစ္ ရည္ ကို ႏြားႏို႔ ေသာက္ လွ်င္ ဆီးခ်ိဳ ဆီးလြန္ ေရာဂါ ေပ်ာက္၏။

► အေစ့အသုံးျပဳပုံ

၁ ။ ေ႐ြးေစ့ကို အမႈန္႔ ျပဳလုပ္၍ ရႉေသာ္ အလြန္ ျပင္းထန္ေသာ ေခါင္းကိုက္ ေရာဂါ ေပ်ာက္၏။

၂ ။ အေစ့ႏွင့္ အျမစ္ကို အမႈန္႔လုပ္၍ အုန္းရည္ႏွင့္ ေသာက္ ေသာ္ လိပ္ေခါင္း ေရာဂါ ေပ်ာက္၏။

မွတ္ခ်က္-

အဆိပ္ ရွိေသာ ေဆးပင္ ျဖစ္၍ လိုသည္ထက္ ပို ၍ သုံးေဆာင္ ေသာ္ ဝမ္းေလွ်ာျခင္း ၊ အန္ျခင္း ၊ အင္အား

ဆုတ္ယုတ္ျခင္း ျဖစ္တတ္၏။ တစ္ေ႐ြး ခြဲမွ ၃ ေ႐ြး အထိသာ သုံးႏိုင္၏ ။

Unicode

မြန်မာ နိုင်ငံ အနှံ့အပြား ၌ ပေါက်ရောက် သည်။သဘာ၀ အလျောက် ပေါက်ရောက်သည်။

အပင်ပုံ

နွယ်ပင် မျိုး ဖြစ်၏။ အခြားသော သစ်ပင် ချုံပင် များ သို့ နွယ်တက် တတ်၏

ပင်စည် သေးသွယ် သည်။ ကိုင်း များစွာ ဖြာ ထွက်သည်။

အရွက်

ငှက်မွေး ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။

ရွက်မြွှာများ သေးငယ် ၍ ရှည်မျောမျော ပုံရှိပြီး ရွက်ဆိုင် ထွက်သည်။

၂၀-၄၀ ထိ ပါဝင် သည်။ အရွက် ကြွေလွယ် ၍ ချိုသော အရာသာ ရှိသည်။

အပွင့်

အဝါနု ရောင် ရှိ၍ သေးငယ် ပြီး အဆုပ်လိုက် ပွင့်သည်။

သီတင်းကျွတ် တန်ဆောင်မုန်း လတွင် ပွင့်သည်။

အသီး-

သီးတောင့် ဖြစ်၍ အဆုပ်လိုက် သီး သည် အသီးတောင့် တွင် အမွေး နုများ ရှိ၍ တစ်တောင့် လျှင် အစေ့ ၄-၅ စေ့ ရှိ၏ ။

အစေ့ အဖြူ အနီ အနက် ၃ မျိုး ရှိ၍ ထိပ်၌ အမည်းကွက် ကလေးများ ရှိ၏။

အရောင် တောက်ပ ၏။ နတ်တော် ၊ ပြာသို တွင်သီးသည်။

အမြစ်-

ရေသောက် မြစ်တုတ်၍ ညိုဝါရောင် ရှိ၏ ။ မြစ်မြွှာ များ သေးငယ်သည်။

► အသုံးဝင်ပုံများ

အမြစ် ၊ အရွက်၊ အစေ့။

အာနိသင်-

မြန်မာ ဆေးကျမ်း များ အလိုအရ ရွေးသည် ဖန် ခါး ချို သော အရသာ ရှိသည် ၊ ကာမကို အားပေး ၏ ၊

အဆိပ် ကို နိုင်၏ ၊ သလိပ် ဖြစ်စေ၏ ၊ မျက်စိ ယားယံခြင်း နှင့် အရေပြား ရောဂါ အနာပေါက် ရောဂါ တို့ကို ပျောက်စေ၏ ၊နှုတ်ကို မြိန်စေ၏ ၊ အားဖြစ်စေ၏

မူးဝေ ၊ ပန်းနာ ရေငတ် နာနှင့် သွားခြေပုပ် သော ရောဂါ တို့ကို ပျောက်စေ၏ ။

► အမြစ်အသုံးပြုပုံ

၁ ။ ရွေးဖြူ မြစ် ကို ရေနှင့် ကြတ်၍ ပေါင်းတိုက် ရေယူပြီး သကြား အနည်းငယ် ဖြင့် သောက် သော် ဒူလာ ဖြစ် မြင်းသရိုက် ရောဂါ ပျောက်၏။

၂ ။ အမြစ်ကို ရေဖြင့် တစ်ည စိမ်၍ နံနက်တွင် အဝတ်ဖြင့် စစ်ပြီး ညနံနက် တစ်ကြိမ် စီသောက် ပါက မီးယပ်ဖြူ ဆင်းသော ရောဂါ ပျောက်၏။

► အရွက်အသုံးပြုပုံ

၁ ။ ချင်း ၊ ရွေးရွက် ကို မုန်ညင်း ဆီနှင့် ကြိတ်၍ အဆစ်ရောင် သော နေရာနှင့် အကြောထိုး သော နေရာ

များသို့ စည်းပေး ခြင်း ၊ လိမ်းပေးခြင်း ပြုက ရောဂါ ပျောက် ကင်း၏။

၂ ။ ချင်း ၊ ရွေးရွက် အစိုကို ဆီနှင့် ကြိတ်၍ ကိုယ်လက် ကိုက်ခဲ သော နေရာများ သို့ လိမ်းပေးသော် ပျောက်၏။

၃ ။ ကိုယ်၌ အနှံ့အပြား ပေါက်တတ်သော အနာ မီးလျှံ စသော အနာအဖု အပိန့် များ ပေါက်သော် ရွေးစေ့ ၊

ပြဒါး၊ ကန့်ဝါ ၊ တမာစေး ၊ ဆေးခြောက်ရွက်၊ ဝါစေ့တို့ ကို ဆတူယူ ၍ သံပရာရည် နှင့် ကြိတ်လိမ်းသော် ပျောက်၏။

၄ ။ အရွက်ညှစ် ရည် ကို နွားနို့ သောက် လျှင် ဆီးချို ဆီးလွန် ရောဂါ ပျောက်၏။

► အစေ့အသုံးပြုပုံ

၁ ။ ရွေးစေ့ကို အမှုန့် ပြုလုပ်၍ ရှူသော် အလွန် ပြင်းထန်သော ခေါင်းကိုက် ရောဂါ ပျောက်၏။

၂ ။ အစေ့နှင့် အမြစ်ကို အမှုန့်လုပ်၍ အုန်းရည်နှင့် သောက် သော် လိပ်ခေါင်း ရောဂါ ပျောက်၏။

မှတ်ချက်-

အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား

ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။