Zawgyi
Credit – Kham
Unicode
အစားအစာက လူနဲ့ တည့်တယ်ဆိုတဲ့ အထဲမှာ ရွှေဖရုံသီးကလည်း အပါအဝင်ပါပဲ။ ရွှေဖရုံသီးက လူတွေကို
ကျန်းမာရေးအတွက် အများကြီး အထောက်အကူ ပြုနေတာမို့ အစားလည်း စား၊ ကျန်းမာရေးလည်း ကောင်းမွန်စေပါတယ်။
ရွှေဖရုံသီးကို ကြိုက်နှစ်သက်တဲ့သူတွေကတော့ အခုလို အဖိုးတန် ကျန်းမာရေး ကောင်းကျိုးတွေ ရနေကြမှာပါနော်
(၁) အသားအရေကို ကျန်းမာလှပစေတယ်
ရွှေဖရုံသီးမှာ ပါဝင်တဲ့ Carotenoids က နေရောင်ကြောင့် အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
သူ့မှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်က အရေပြား ကျုံ့နိုင်တင်းနိုင်မှုကို သက်တောင့်သက်သာဖြစ်စေတဲ့
ပရိုတင်းတစ်မျိုးကို ထုတ်လုပ်ပေးရာမှာ အများကြီး အထောက်အကူပေးနိုင်ပါတယ်။ ဒါ့အပြင်
အရေးအကြောင်းဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၂) ကိုယ်အလေးချိန် မတက်စေဘူး
ရွှေဖရုံသီးမှာ ကျန်းမာရေးအတွက် အထောက်အကူအများကြီးဖြစ်စေတဲ့ ဗီတာမင် အေ၊ ဗီတာမင်စီနဲ့
ဗီတာမင်E တို့လို ဓာတ်တွေပါဝင်သလို ပိုတက်စီယမ်နဲ့ သံဓာတ်တွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ ရွှေဖရုံသီးမှာ ရေဓာတ်အများစု
ပါဝင်ပြီး ကယ်လိုရီအနည်းငယ်ပဲ ပါဝင်တဲ့အတွက် အများကြီးစားမိလည်း ကိုယ်အလေးချိန်တက်ပြီး ဝလာမှာမဟုတ်ပါဘူး။
(၃) ကိုယ်ခံအားစနစ်ကို အားကောင်းစေတယ်
ရွှေဖရုံသီးမှာ လူတစ်ယောက် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်အေဓာတ် ပါဝင်ပါတယ်။
ဒီဓာတ်က လူရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။
ရွှေဖရုံသီးမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ကလည်း ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေဖို့ အများကြီး အထောက်အကူပေးနိုင်မှာပဲ ဖြစ်ပါတယ်။
(၄) အမြင်အာရုံအားနည်းခြင်းကို ကာကွယ်ပေးနိုင်တယ်
ဗီတာမင်အေ လုံလောက်စွာ မစားသုံးတဲ့အခါ အမြင်အာရုံ အားနည်းတာတွေ ကြုံလာရတတ်ပါတယ်။
သုတေသနပြုချက်တွေအရ ဗီတာမင်အေ လုံလုံလောက်လောက် ပုံမှန်ရရှိနေတဲ့သူတစ်ယောက်ဟာ
မျက်လုံးမှာ တိမ်စွဲတာမျိုး၊ အမြင်အာရုံ ဝေဝါးတာမျိုး ဖြစ်ပွားနိုင်ချေ နည်းတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အသက်ကြီးလာတဲ့အခါ အမြင်အာရုံ ဆိုးဆိုးရွားရွား ဝေဝါးသွားတာ၊ မမြင်ရတော့သလောက်ဖြစ်သွားတာမျိုးကို
ကာကွယ်ပေးနိုင်တဲ့ lutein နဲ့ zeaxanthin တို့လို့ဓာတ်တွေ ရွှေဖရုံသီးမှာ ပါဝင်ပါသေးတယ်။
(၅) နှလုံးကျန်းမာရေးကို အားကောင်းစေတယ်
သွေးပေါင်ချိန်မြင့်တက်ခြင်းက နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။ ရွှေဖရုံသီးမှာ ပါဝင်တဲ့
ပိုတက်စီယမ်ဓာတ်က သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက် သွေးကြောပြတ်ခြင်းကြောင့်
သေဆုံးနိုင်ရခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ရွှေဖရုံစေ့ကလည်း နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါသေးတယ်။
Credit – Kham