Zawgyi

ႏူးညံ့စြာ ၀မ္းသက္ ေစ၍ ဆီး႐ႊင္ေစ၏။ လည္ေခ်ာင္း ကို အက်ိဳးျပဳ၏။ အညစ္ အေၾကးႏွင့္ ဆီးကို သန္႔ရွင္းေအာင္ ျပဳတတ္၏။

ေျမေအာက္ပင္စည္အသုံးျပဳပုံ

၁။ လင္းေန အျမစ္ကို က်ိဳေသာက္ပါက အဖ်ားေရာဂါ၊ ေခ်ာင္းဆိုး ေရာဂါ ႏွင့္ အဆိပ္ ျဖစ္ျခင္း မ်ား ေပ်ာက္၏။

၂။ လင္းေနကို ကြၽမ္းေအာင္ ဖုတ္၍ ဆီျဖင့္ ေရာလိမ္းက ကေလးမ်ား ၀မ္းနာ၊ ၀မ္းေရာင္ ေပ်ာက္၏။

၃။ လင္းေနကို သီဟိုဠ္ သရက္ေစ့ အဆီျဖင့္ ေရာလိမ္း ပါက အဆစ္ေရာင္ျခင္း ၊ အေၾကာထုံး ျခင္း ေပ်ာက္၏။

၄။ လင္းေန ေဆးေျခာက္ႏွင့္ စမုန္ျဖဴ တို႔ကို ဆတူ ေရာ၍ အတြင္းလိပ္ေခါင္း သို႔ မႈိင္းတိုက္ေပး လွ်င္ လိပ္ေခါင္း ျမင္းသ႐ိုက္ ေရာဂါ ေပ်ာက္၏။

၅။ လင္းေနမႈန္႔ ကို ႏြားႏို႔ ခပ္ေႏြးေႏြး ျဖင့္ ေသာက္လွ်င္ လည္ေခ်ာင္းနာ ျခင္း ေပ်ာက္၏။

၆။ လင္းေနကို ေဆးခါးႀကီး ႏွင့္ ေရာစပ္၍ အဖ်ား ေရာဂါ က်ေဆး အျဖစ္ သုံး၏။

၇။ သူငယ္မ်ား သန္ထေသာ္ လင္းေနကို သတ္ၿပီးသား ရွိန္းခိုႏွင့္ ဆတူ ေရာ၍ တိုက္လွ်င္ ၀မ္းတြင္းရွိ သန္ေကာင္မ်ား က်ဆင္း လာ၏။

၈။ လင္းေနမႈန္႔ ႏွင့္ ခ်င္းေျခာက္မႈန္႔ ကို ဆတူ ယူ၍ ပ်ားရည္ႏွင့္ ေရာေသာက္ေသာ္ ႏႈတ္ခမ္း၊ ေမး၊ ပါးေစာင္း႐ြဲ႕ ျခင္း ေပ်ာက္၏။

၉။ ၀က္႐ူးနာ ႏွင့္ စိတ္ေနာက္ ေရာဂါ အတြက္ လင္းေနမႈန္႔ ကို ပ်ားရည္ႏွင့္ ေရာ၍ လ်က္ေပးရ၏။

သူငယ္နာ ငန္းမန္းကိုႏိုင္ပါသည္။ ေအးေသာရာသီတြင္ ၾကက္ညႇာ၊ေခ်ာင္းဆိုး၊ ကေလးဗိုက္နာလွ်င္

လင္းေနျမစ္ကို ဆန္ေဆးရည္ျဖင့္ ေသြးၿပီး အနည္းငယ္လွ်ာမွာ ပြတ္ေပးပါ။

လင္းေန႐ြက္ျပဳတ္ ေရေႏြးေႏြးႏွင့္ ကေလးကို ေရခ်ိဳးေပးပါက ကေလး က်န္းမာေရးေကာင္းသည္။

ကေလး ေက်ာပူေခါင္းပူ ျဖစ္ပါက လင္းေန၊ၾကက္ဟင္းခါး၊ ပင္စိမ္း႐ြက္တို႔ကို နယ္ေခ်၍ နဖူး၊ေက်ာတို႔ကို အုပ္ေပးပါက သက္သာေစပါသည္။

အနာေပါက္က လင္းေနႏွင့္ ရွိန္းခိုေသြးလိမ္းပါက အနာသက္သာပါသည္။

ကေလးမ်ား အေညဳာ္မိပါက ကေလး ႏွာေခါင္းဝမွာ လင္းေနကိုရႈခိုင္းပါ။

Credit – သမားေတာ္-တိုင္းရင္းေဆး

Unicode

နူးညံ့စွာ ၀မ်းသက် စေ၍ ဆီးရွှင်စေ၏။ လည်ချောင်း ကို အကျိုးပြု၏။ အညစ် အကြေးနှင့် ဆီးကို သန့်ရှင်းအောင် ပြုတတ်၏။

မြေအောက်ပင်စည်အသုံးပြုပုံ

၁။ လင်းနေ အမြစ်ကို ကျိုသောက်ပါက အဖျားရောဂါ၊ ချောင်းဆိုး ရောဂါ နှင့် အဆိပ် ဖြစ်ခြင်း များ ပျောက်၏။

၂။ လင်းနေကို ကျွမ်းအောင် ဖုတ်၍ ဆီဖြင့် ရောလိမ်းက ကလေးများ ၀မ်းနာ၊ ၀မ်းရောင် ပျောက်၏။

၃။ လင်းနေကို သီဟိုဠ် သရက်စေ့ အဆီဖြင့် ရောလိမ်း ပါက အဆစ်ရောင်ခြင်း ၊ အကြောထုံး ခြင်း ပျောက်၏။

၄။ လင်းနေ ဆေးခြောက်နှင့် စမုန်ဖြူ တို့ကို ဆတူ ရော၍ အတွင်းလိပ်ခေါင်း သို့ မှိုင်းတိုက်ပေး လျှင် လိပ်ခေါင်း မြင်းသရိုက် ရောဂါ ပျောက်၏။

၅။ လင်းနေမှုန့် ကို နွားနို့ ခပ်နွေးနွေး ဖြင့် သောက်လျှင် လည်ချောင်းနာ ခြင်း ပျောက်၏။

၆။ လင်းနေကို ဆေးခါးကြီး နှင့် ရောစပ်၍ အဖျား ရောဂါ ကျဆေး အဖြစ် သုံး၏။

၇။ သူငယ်များ သန်ထသော် လင်းနေကို သတ်ပြီးသား ရှိန်းခိုနှင့် ဆတူ ရော၍ တိုက်လျှင် ၀မ်းတွင်းရှိ သန်ကောင်များ ကျဆင်း လာ၏။

၈။ လင်းနေမှုန့် နှင့် ချင်းခြောက်မှုန့် ကို ဆတူ ယူ၍ ပျားရည်နှင့် ရောသောက်သော် နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့ ခြင်း ပျောက်၏။

၉။ ၀က်ရူးနာ နှင့် စိတ်နောက် ရောဂါ အတွက် လင်းနေမှုန့် ကို ပျားရည်နှင့် ရော၍ လျက်ပေးရ၏။

သူငယ်နာ ငန်းမန်းကိုနိုင်ပါသည်။ အေးသောရာသီတွင် ကြက်ညှာ၊ချောင်းဆိုး၊ ကလေးဗိုက်နာလျှင်

လင်းနေမြစ်ကို ဆန်ဆေးရည်ဖြင့် သွေးပြီး အနည်းငယ်လျှာမှာ ပွတ်ပေးပါ။

လင်းနေရွက်ပြုတ် ရေနွေးနွေးနှင့် ကလေးကို ရေချိုးပေးပါက ကလေး ကျန်းမာရေးကောင်းသည်။

ကလေး ကျောပူခေါင်းပူ ဖြစ်ပါက လင်းနေ၊ကြက်ဟင်းခါး၊ ပင်စိမ်းရွက်တို့ကို နယ်ချေ၍ နဖူး၊ကျောတို့ကို အုပ်ပေးပါက သက်သာစေပါသည်။

အနာပေါက်က လင်းနေနှင့် ရှိန်းခိုသွေးလိမ်းပါက အနာသက်သာပါသည်။

ကလေးများ အညေုာ်မိပါက ကလေး နှာခေါင်းဝမှာ လင်းနေကိုရှုခိုင်းပါ။

Credit – သမားတော်-တိုင်းရင်းဆေး