Zawgyi

ဘာလို႔ရာသီေသြးေတြ အမ်ားႀကီး ဆင္းေနရတာလဲ…?

ဒါက အမ်ိဳးသမီးတိုင္း သိခ်င္ၾကတဲ့ ေမးခြန္းပါပဲ။ ရာသီလာတဲ့အခ်ိန္တိုင္း တစ္ကိုယ္လုံးက ေသြးေတြ ခမ္းသြားမလားေတာင္ ထင္ရတယ္။

ဆင္းလိုက္တဲ့ ေသြးေတြ ဆိုတာ၊ လဲလိုက္ရတဲ့ pad ဆိုတာလည္း မနည္းမေနာ ပါပဲလား …၊

တစ္ခ်ိဳ႕က ရာသီစလာတဲ့ ရက္မို႔လို႔ အမ်ားႀကီး ဆင္းတယ္။ ၿပီးရင္ နည္းသြားတယ္။ တစ္ခ်ိဳ႕ကလည္း ေန႔တိုင္း အမ်ားႀကီးကို ဆင္းေနတာ။

တစ္ခ်ိဳ႕က် ဟိုအရင္ ရာသီစလာတည္းက ဒီလိုပဲ အမ်ားႀကီး ဆင္းေနတာ။ တစ္ခ်ိဳ႕က်ေတာ့ အရင္က အဲ့ဒီေလာက္ မဟုတ္ပါဘူး။

ဒီလပိုင္း အတြင္းမွာမွ အရင္ကထက္ ပိုမ်ားလာတာ။ ဟုတ္ၾကလား ပ်ိဳေမတို႔ …။

ဒါေတြဟာ ဘာေၾကာင့္လဲ…၊ ပုံမွန္ပဲလား…၊ ဒါမွမဟုတ္ ေရာဂါတစ္ခုခုေၾကာင့္ပဲလား…၊ စိတ္ထဲက သံသယေတြ ရွင္းသြားေအာင္ ဆက္ၾကည့္လိုက္ၾကရေအာင္ …။

ရာသီေသြးဆင္းမ်ားတယ္ဆိုတာ ဘယ္လိုဟာမ်ိဳးလဲ …?

ရာသီေသြးက ပုံမွန္ဆိုရင္ ၃၀-၄၀ မီလီလီတာေလာက္ ဆင္းတတ္ပါတယ္။ တခ်ိဳ႕ဆို ၈၀ မီလီလီတာ ေလာက္ ဆင္းတတ္ပါတယ္။

ဒီထက္ေက်ာ္ရင္ေတာ့ မ်ားတယ္လို႔ ေျပာရမွာေပါ့ …။

လက္ေတြ႕ဘဝမွာေတာ့ ဘယ္သူမွ ဒီလို တိုင္းမေနဘူးေလ။ ဒီေတာ့ ျမင္သာေအာင္ ေျပာရရင္ တစ္နာရီ

တစ္ခါေလာက္ padေတြ tamponေတြ လဲေနရရင္ Padကို ႏွစ္ထပ္ခံေနရရင္ …၊

မအိပ္ခင္ လဲထားပါလ်က္နဲ႔ ညလယ္ေခါင္မွ Pad ထလဲေနရရင္၊ ရာသီရက္က တစ္ပတ္ထက္ ပိုၾကာေနခဲ့ရင္၊ ေသြးတုံးေသြးခဲေတြ ပါေနရင္၊

ေသြးဆင္းမ်ားလြန္းလို႔ အလုပ္ပ်က္ အကိုင္ပ်က္ ျဖစ္လာရင္၊ ေသြးအားနည္းၿပီး လူက

အားမရွိသလိုအထိ ျဖစ္လာခဲ့ရင္ သင္ေသြးဆင္းတာ ေတာ္ေတာ္မ်ားေနပါၿပီ …။

ဘာေၾကာင့္ ေသြးဆင္းမ်ားတာလဲ …?

ဒီေနရာမွာ ျပန္ေမးစရာရွိတာက ခုမွ ႐ုတ္တရက္ ေသြးဆင္းမ်ားတာလား။ အရင္ကတည္းက ဒီလိုပဲ မ်ားတတ္တာလား။

ဘာလို႔လဲဆိုေတာ့ ျဖစ္တဲ့အေၾကာင္းေတြက မတူဘူးေလ …။

ခုမွ ႐ုတ္တရက္ ေသြးဆင္းမ်ားတယ္ဆိုရင္ ျဖစ္ႏိုင္တာေတြက

သားအိမ္ျပင္ပ သေႏၶတည္တာ၊ ဒါဆိုရင္ေတာ့ ေသြးဆင္းမ်ားတာအျပင္ ခါးနာတာ၊ ဗိုက္နာတာေတြပါ ျဖစ္တတ္ပါတယ္။

ဘယ္လိုသိႏိုင္လဲဆိုေတာ့ ကိုယ္ဝန္ စစ္သလိုပဲ ဆီးစစ္ၾကည့္လို႔ရပါတယ္။ သေႏၶတည္တာက သားဥ ႁပြန္ဆိုရင္

ေပါက္ထြက္ႏိုင္တဲ့ အႏၲရာယ္ရွိလို႔ မသကၤာရင္ ဆရာဝန္နဲ႔ အျမန္ျပဖို႔ လိုပါတယ္ …။

ကေလးပ်က္က်တာ – ဒါလည္း ဒီလိုပါပဲ။ ကိုယ္ဝန္ရွိမွန္းေတာင္ မသိလိုက္ဘဲ ျဖစ္သြားႏိုင္ပါတယ္။ ရာသီေသြးဆင္းမ်ားေနတယ္ဆိုရင္၊

ကိုယ္က အိမ္ေထာင္ရွိၿပီး ကေလးမတား ထားဘူးဆိုရင္ သတိထားေပးပါ …။

သားအိမ္ထဲ ပစၥည္းထည့္ၿပီး သေႏၶတားတာ – ဒါကေတာ့ စစထည့္ခ်င္း တစ္လ ႏွစ္လဆို ဒီလိုပဲ ေသြးဆင္းမ်ားတတ္ပါတယ္။

ေနာက္ပိုင္းက်ရင္ေတာ့ ပုံမွန္ပဲ ျဖစ္သြားတတ္ပါတယ္။ စိုးရိမ္စရာ မရွိပါဘူး။ ကိုယ္က ဒီလို ေသြးဆင္းမ်ားတာကို

မႀကိဳက္ဘူးဆိုရင္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး တစ္ျခားနည္းနဲ႔ သေႏၶတားႏိုင္ပါတယ္ …။

ေဆးေတြ ေသာက္ေနတာ – အထူးသျဖင့္ ေသြးက်ဲေဆးေတြက ရာသီေသြးကို မ်ား ေစတတ္ပါတယ္ …။

အရင္ကတည္းက သူမ်ားနဲ႔ မတူဘဲ ေသြးဆင္းမ်ားလြန္းလို႔ စိတ္ညစ္ရတယ္ဆို ျဖစ္ႏိုင္တာေတြက

ေဟာ္မုန္း ျပႆနာရွိေနတာ – အမ်ိဳးသမီးေတြမွာ အေရးႀကီးဆုံးက အီစထ႐ိုဂ်င္နဲ႔ ပ႐ိုဂ်က္စတုန္း ေဟာ္မုန္း ေတြပါပဲ။

အီစထ႐ိုဂ်င္မ်ားလြန္းရင္လည္း သားအိမ္နံရံပိုထူတာေၾကာင့္ ေသြးဆင္းလည္း မ်ားမွာပါ။ ေနာက္တစ္ခုက

သိုင္း႐ြိဳက္ေဟာ္မုန္းနည္းေနရင္လည္း ရာသီမမွန္တာ၊ ေသြးဆင္းမ်ားတာ မ်ိဳးေတြ ျဖစ္တတ္ပါတယ္ …။

ေသြးေရာဂါရွိတာ – ေသြးဆင္းမ်ားတဲ့ အမ်ိဳးသမီးေတြရဲ႕ ၁၀-၃၀ ရာခိုင္ႏႈန္းေလာက္က ရာသီနဲ႔ မဆိုင္ဘဲ ေသြးမတိတ္တာ၊

ေသြးမခဲတဲ့ ျပႆနာေတြ ရွိေနတာကို ေတြ႕ရပါတယ္။ ရာသီေသြးဆင္းမ်ားတာ အျပင္ မၾကာခဏ ႏွာေခါင္း ေသြးလွ်ံတာ၊

သြားဖုံးေသြးယိုတာေတြ ရွိသလား။ ခိုက္မိတာနဲ႔ မလိုက္ေအာင္ အညိဳအမည္းစြဲ လြယ္လားဆိုတာ စဥ္းစားၾကည့္ပါ …။

အလုံးအက်ိတ္ရွိေနတာ – သားအိမ္နံရံကေန အလုံးျဖစ္တာ၊ အသားလုံး ျဖစ္တာ စတာေတြေၾကာင့္လည္း ေသြးဆင္း မ်ားတတ္ပါတယ္ …။

ကင္ဆာေရာဂါ – ရာသီေသြးဆင္းမ်ားတာက သားအိမ္၊ သားအိမ္ေခါင္းနဲ႔ သားဥအိမ္ကင္ဆာေတြရဲ႕ လကၡဏာေတြထဲက တစ္ခုပါပဲ

ဒါရွိတာနဲ႔ ကင္ဆာပါလို႔ တစ္ထစ္ခ် ေျပာလို႔မရေပမယ့္ေပါ့။ ဒါေပမယ့္ ေသြးဆုံးၿပီးမွ ေသြးျပန္ဆင္းရင္၊ အမ်ိဳးထဲမွာ ဒီကင္ဆာေတြ မ်ိဳး႐ိုးရွိေနရင္ေတာ့ သတိထားေပးပါ …။

ေသြးဆုံးခါနီးတာ – ေသြးဆုံးခါနီးရင္ ေဟာ္မုန္း အေျပာင္းအလဲေၾကာင့္ ရာသီမမွန္တာ၊ ေသြးဆင္းမ်ားတာေတြ ျဖစ္တတ္ပါတယ္။ ဒါဟာပုံမွန္ပါပဲ …။

သားအိမ္တစ္ရႉး ေနရာမွားတာ – သားအိမ္တစ္ရႉးက မရွိသင့္တဲ့ ေနရာ (ဥပမာ သားအိမ္ႂကြက္သား၊ သားအိမ္ျပင္ပ) မွာ ရွိေနခဲ့မယ္ဆိုရင္ ေသြးဆင္းမ်ားတတ္ပါတယ္။

ေသြးဆင္းမ်ားတာ အျပင္ ရာသီလကၡဏာေတြ (ဥပမာ – ဗိုက္ေအာင့္တာ၊ ခါးနာတာ၊ ဆီးစပ္ကိုက္တာ) ကိုလည္း ျပင္းျပင္းထန္ထန္ ခံစားၾကရတတ္ပါတယ္ …။

ဆရာဝန္ျပဖို႔လိုလား – ဆရာဝန္ျပဖို႔လိုလားဆိုေတာ့ အနည္းဆုံးေတာ့ ေသြးဆင္းမ်ားရတဲ့ အေၾကာင္းရင္းကို ရွာတဲ့ အေနနဲ႔ ျပသင့္ပါတယ္။

သားဖြားမီးယပ္ ဆရာဝန္နဲ႔ ျပပါ။ အႏၲရာယ္မရွိတဲ့ ေသြးဆင္းမ်ားျခင္းကေတာင္ ၾကာလာရင္ ေသြးအားနည္းေရာဂါထိ ျဖစ္ႏိုင္ပါတယ္ …။

ဒါေၾကာင့္ စိတ္ခ်ရေအာင္ ဆရာဝန္ျပၿပီး ကုစရာရွိတာ ေစာေစာစီးစီး ကုသလိုက္ပါ။ ႀကီးမားတဲ့ ေရာဂါေၾကာင့္ မဟုတ္ဘူးဆိုတာ သိရေတာ့လည္း တစ္မ်ိဳး စိတ္ေအးရတာေပါ့ေနာ္ …။

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Phyowai Lynn ၊

ေရးသားသူ Dr. Htet Htet Zaw Win

#HelloSayarwon

Unicode

ဘာလို့ရာသီသွေးတွေ အများကြီး ဆင်းနေရတာလဲ…?

ဒါက အမျိုးသမီးတိုင်း သိချင်ကြတဲ့ မေးခွန်းပါပဲ။ ရာသီလာတဲ့အချိန်တိုင်း တစ်ကိုယ်လုံးက သွေးတွေ ခမ်းသွားမလားတောင် ထင်ရတယ်။

ဆင်းလိုက်တဲ့ သွေးတွေ ဆိုတာ၊ လဲလိုက်ရတဲ့ pad ဆိုတာလည်း မနည်းမနော ပါပဲလား …၊

တစ်ချို့က ရာသီစလာတဲ့ ရက်မို့လို့ အများကြီး ဆင်းတယ်။ ပြီးရင် နည်းသွားတယ်။ တစ်ချို့ကလည်း နေ့တိုင်း အများကြီးကို ဆင်းနေတာ။

တစ်ချို့ကျ ဟိုအရင် ရာသီစလာတည်းက ဒီလိုပဲ အများကြီး ဆင်းနေတာ။ တစ်ချို့ကျတော့ အရင်က အဲ့ဒီလောက် မဟုတ်ပါဘူး။

ဒီလပိုင်း အတွင်းမှာမှ အရင်ကထက် ပိုများလာတာ။ ဟုတ်ကြလား ပျိုမေတို့ …။

ဒါတွေဟာ ဘာကြောင့်လဲ…၊ ပုံမှန်ပဲလား…၊ ဒါမှမဟုတ် ရောဂါတစ်ခုခုကြောင့်ပဲလား…၊ စိတ်ထဲက သံသယတွေ ရှင်းသွားအောင် ဆက်ကြည့်လိုက်ကြရအောင် …။

ရာသီသွေးဆင်းများတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ …?

ရာသီသွေးက ပုံမှန်ဆိုရင် ၃၀-၄၀ မီလီလီတာလောက် ဆင်းတတ်ပါတယ်။ တချို့ဆို ၈၀ မီလီလီတာ လောက် ဆင်းတတ်ပါတယ်။

ဒီထက်ကျော်ရင်တော့ များတယ်လို့ ပြောရမှာပေါ့ …။

လက်တွေ့ဘဝမှာတော့ ဘယ်သူမှ ဒီလို တိုင်းမနေဘူးလေ။ ဒီတော့ မြင်သာအောင် ပြောရရင် တစ်နာရီ

တစ်ခါလောက် padတွေ tamponတွေ လဲနေရရင် Padကို နှစ်ထပ်ခံနေရရင် …၊

မအိပ်ခင် လဲထားပါလျက်နဲ့ ညလယ်ခေါင်မှ Pad ထလဲနေရရင်၊ ရာသီရက်က တစ်ပတ်ထက် ပိုကြာနေခဲ့ရင်၊ သွေးတုံးသွေးခဲတွေ ပါနေရင်၊

သွေးဆင်းများလွန်းလို့ အလုပ်ပျက် အကိုင်ပျက် ဖြစ်လာရင်၊ သွေးအားနည်းပြီး လူက

အားမရှိသလိုအထိ ဖြစ်လာခဲ့ရင် သင်သွေးဆင်းတာ တော်တော်များနေပါပြီ …။

ဘာကြောင့် သွေးဆင်းများတာလဲ …?

ဒီနေရာမှာ ပြန်မေးစရာရှိတာက ခုမှ ရုတ်တရက် သွေးဆင်းများတာလား။ အရင်ကတည်းက ဒီလိုပဲ များတတ်တာလား။

ဘာလို့လဲဆိုတော့ ဖြစ်တဲ့အကြောင်းတွေက မတူဘူးလေ …။

ခုမှ ရုတ်တရက် သွေးဆင်းများတယ်ဆိုရင် ဖြစ်နိုင်တာတွေက

သားအိမ်ပြင်ပ သန္ဓေတည်တာ၊ ဒါဆိုရင်တော့ သွေးဆင်းများတာအပြင် ခါးနာတာ၊ ဗိုက်နာတာတွေပါ ဖြစ်တတ်ပါတယ်။

ဘယ်လိုသိနိုင်လဲဆိုတော့ ကိုယ်ဝန် စစ်သလိုပဲ ဆီးစစ်ကြည့်လို့ရပါတယ်။ သန္ဓေတည်တာက သားဥ ပြွန်ဆိုရင်

ပေါက်ထွက်နိုင်တဲ့ အန္တရာယ်ရှိလို့ မသင်္ကာရင် ဆရာဝန်နဲ့ အမြန်ပြဖို့ လိုပါတယ် …။

ကလေးပျက်ကျတာ – ဒါလည်း ဒီလိုပါပဲ။ ကိုယ်ဝန်ရှိမှန်းတောင် မသိလိုက်ဘဲ ဖြစ်သွားနိုင်ပါတယ်။ ရာသီသွေးဆင်းများနေတယ်ဆိုရင်၊

ကိုယ်က အိမ်ထောင်ရှိပြီး ကလေးမတား ထားဘူးဆိုရင် သတိထားပေးပါ …။

သားအိမ်ထဲ ပစ္စည်းထည့်ပြီး သန္ဓေတားတာ – ဒါကတော့ စစထည့်ချင်း တစ်လ နှစ်လဆို ဒီလိုပဲ သွေးဆင်းများတတ်ပါတယ်။

နောက်ပိုင်းကျရင်တော့ ပုံမှန်ပဲ ဖြစ်သွားတတ်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ ကိုယ်က ဒီလို သွေးဆင်းများတာကို

မကြိုက်ဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး တစ်ခြားနည်းနဲ့ သန္ဓေတားနိုင်ပါတယ် …။

ဆေးတွေ သောက်နေတာ – အထူးသဖြင့် သွေးကျဲဆေးတွေက ရာသီသွေးကို များ စေတတ်ပါတယ် …။

အရင်ကတည်းက သူများနဲ့ မတူဘဲ သွေးဆင်းများလွန်းလို့ စိတ်ညစ်ရတယ်ဆို ဖြစ်နိုင်တာတွေက

ဟော်မုန်း ပြဿနာရှိနေတာ – အမျိုးသမီးတွေမှာ အရေးကြီးဆုံးက အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်း တွေပါပဲ။

အီစထရိုဂျင်များလွန်းရင်လည်း သားအိမ်နံရံပိုထူတာကြောင့် သွေးဆင်းလည်း များမှာပါ။ နောက်တစ်ခုက

သိုင်းရွိုက်ဟော်မုန်းနည်းနေရင်လည်း ရာသီမမှန်တာ၊ သွေးဆင်းများတာ မျိုးတွေ ဖြစ်တတ်ပါတယ် …။

သွေးရောဂါရှိတာ – သွေးဆင်းများတဲ့ အမျိုးသမီးတွေရဲ့ ၁၀-၃၀ ရာခိုင်နှုန်းလောက်က ရာသီနဲ့ မဆိုင်ဘဲ သွေးမတိတ်တာ၊

သွေးမခဲတဲ့ ပြဿနာတွေ ရှိနေတာကို တွေ့ရပါတယ်။ ရာသီသွေးဆင်းများတာ အပြင် မကြာခဏ နှာခေါင်း သွေးလျှံတာ၊

သွားဖုံးသွေးယိုတာတွေ ရှိသလား။ ခိုက်မိတာနဲ့ မလိုက်အောင် အညိုအမည်းစွဲ လွယ်လားဆိုတာ စဉ်းစားကြည့်ပါ …။

အလုံးအကျိတ်ရှိနေတာ – သားအိမ်နံရံကနေ အလုံးဖြစ်တာ၊ အသားလုံး ဖြစ်တာ စတာတွေကြောင့်လည်း သွေးဆင်း များတတ်ပါတယ် …။

ကင်ဆာရောဂါ – ရာသီသွေးဆင်းများတာက သားအိမ်၊ သားအိမ်ခေါင်းနဲ့ သားဥအိမ်ကင်ဆာတွေရဲ့ လက္ခဏာတွေထဲက တစ်ခုပါပဲ

ဒါရှိတာနဲ့ ကင်ဆာပါလို့ တစ်ထစ်ချ ပြောလို့မရပေမယ့်ပေါ့။ ဒါပေမယ့် သွေးဆုံးပြီးမှ သွေးပြန်ဆင်းရင်၊ အမျိုးထဲမှာ ဒီကင်ဆာတွေ မျိုးရိုးရှိနေရင်တော့ သတိထားပေးပါ …။

သွေးဆုံးခါနီးတာ – သွေးဆုံးခါနီးရင် ဟော်မုန်း အပြောင်းအလဲကြောင့် ရာသီမမှန်တာ၊ သွေးဆင်းများတာတွေ ဖြစ်တတ်ပါတယ်။ ဒါဟာပုံမှန်ပါပဲ …။

သားအိမ်တစ်ရှူး နေရာမှားတာ – သားအိမ်တစ်ရှူးက မရှိသင့်တဲ့ နေရာ (ဥပမာ သားအိမ်ကြွက်သား၊ သားအိမ်ပြင်ပ) မှာ ရှိနေခဲ့မယ်ဆိုရင် သွေးဆင်းများတတ်ပါတယ်။

သွေးဆင်းများတာ အပြင် ရာသီလက္ခဏာတွေ (ဥပမာ – ဗိုက်အောင့်တာ၊ ခါးနာတာ၊ ဆီးစပ်ကိုက်တာ) ကိုလည်း ပြင်းပြင်းထန်ထန် ခံစားကြရတတ်ပါတယ် …။

ဆရာဝန်ပြဖို့လိုလား – ဆရာဝန်ပြဖို့လိုလားဆိုတော့ အနည်းဆုံးတော့ သွေးဆင်းများရတဲ့ အကြောင်းရင်းကို ရှာတဲ့ အနေနဲ့ ပြသင့်ပါတယ်။

သားဖွားမီးယပ် ဆရာဝန်နဲ့ ပြပါ။ အန္တရာယ်မရှိတဲ့ သွေးဆင်းများခြင်းကတောင် ကြာလာရင် သွေးအားနည်းရောဂါထိ ဖြစ်နိုင်ပါတယ် …။

ဒါကြောင့် စိတ်ချရအောင် ဆရာဝန်ပြပြီး ကုစရာရှိတာ စောစောစီးစီး ကုသလိုက်ပါ။ ကြီးမားတဲ့ ရောဂါကြောင့် မဟုတ်ဘူးဆိုတာ သိရတော့လည်း တစ်မျိုး စိတ်အေးရတာပေါ့နော် …။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn ၊

ရေးသားသူ Dr. Htet Htet Zaw Win

#HelloSayarwon