Zawgyi
ပန်းဂေါ်ဖီစိမ်း
ငှက်ပျောသီး
ချောကလက်အမည်း
ဆယ်လ်မွန်ငါး
နို့
ကော်ဖီ
အပူအစပ်များ
CREDIT
Unicode
ရာသီလာချိန်မှာ ဘယ်လိုအစားအစာတွေကို ရှောင်ပြီး၊ ဘာတွေကိုတော့ စားပေးနိုင်သလဲ…
အမျိုးသမီးများရဲ့ အာဟာရလိုအပ်ချက်တွေဟာ
ရာသီလာချိန်တစ်လျှောက်လုံး ပြောင်းလဲနေပြီးတော့ဒါဟာဟော်မုန်း အတက်အကျဖြစ်ခြင်း အကြောင်းအရင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူးနော် …။
ဒါ့အပြင် သွေးဆင်းချိန်မှာ ပဓာနကျတဲ့ သတ္တုဓာတ်တွေနဲ့ ဗီတာမင်တွေကိုလည်း ဆုံးရှုံးသွားနိုင်ပါတယ်။ အခုလိုဆုံးရှုံးမှုကို
ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် ကျွမ်းကျင်ပညာရှင်များက အမျိုးသမီးများရဲ့ ရာသီချိန်မှာ အာဟာရမျှတစွာ စားသုံးပေးဖို့ကို အမြဲတိုက်တွန်းနေကြတာပဲ ဖြစ်ပါတယ်။
ရာသီလာချိန်မှာ ကြုံတွေ့ရလေ့ရှိတဲ့ ဗိုက်အောင့်ခြင်း၊ ရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ကို တိုက်ထုတ်ဖို့အတွက်
တချို့သောအစားအစာများက သင့်ကိုကူညီပေးနိုင်ပါတယ်။ဒါဆိုရင် အမျိုးသမီးတွေအတွက် အင်မတန်အရေးကြီးတဲ့ ရာသီချိန်မှာ
ဘယ်လိုအစားအစာတွေကို စားသင့်ပြီး၊ ဘယ်လိုအစားအသောက်တွေကို ရှောင်ကြဉ်ရမလဲဆိုတာကိုအခုပဲ ပြောပြပေးလိုက်ပါတယ် …။
ရာသီချိန်မှာ စားပေးသင့်တဲ့ အစားအစာတွေကတော့….
ပန်းဂေါ်ဖီစိမ်း
ဓမ္မတာချိန်မှာ ဆုံးရှုံးမှုအများဆုံး သတ္တုဓာတ်ကတော့ သံဓာတ်ဖြစ်တာကြောင့် ကုန်ဆုံးသွားတဲ့ ပမာဏကို ပြန်လည်ဖြည့်တင်းဖို့အတွက်
ပန်းဂေါ်ဖီစိမ်းက ကူညီပေးပါလိမ့်မယ်။သံဓာတ်အပြင်၊ မဂ္ဂနီဆီယမ်နဲ့ပိုတက်ဆီယမ်ကလည်း ပါဝင်သေးတာကြောင့်ဖောရောင်ခြင်း၊
အစာမကြေခြင်းတို့ကို သက်သာစေကာ တင်းမာနေတဲ့ ကြွက်သားတွေကိုလည်း ပြေလျော့စေမှာပဲ ဖြစ်ပါတယ် …။
ငှက်ပျောသီး
ရာသီချိန်မှာသရေစာအနေနဲ့ စားပေးသင့်တာကတော့ငှက်ပျောသီးတွေပဲဖြစ်ပါတယ်။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ဖိုက်ဘာတို့
ကြွယ်ဝတာကြောင့် ပုံမှန်မဟုတ်တဲ့ အူသိမ်အူမလှုပ်ရှားမှုတွေ၊ ဝမ်းလျှောခြင်းနှင့် အခြားသရေစာတွေ စားချင်စိတ်ကိုလည်း ဟန့်တားပေးပါတယ် ..။
ချောကလက်အမည်း
ချောကလက်အမည်းမှာ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ A ntioxidants တို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သတ္တုဓာတ်တွေ
ပါဝင်တာကြောင့် သွေးစီးဆင်းမှုကို အကျိုးကျေးဇူး ဖြစ်စေကာ သွေးကြောတွေကို ပြေလျော့စေမှာပဲ ဖြစ်ပါတယ် …။
ဆယ်လ်မွန်ငါး
အိုမီဂါသရီးပါဝင်တဲ့အပြင် ပရိုတင်းလည်း ကြွယ်ဝစွာပါဝင်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ ဗိုက်အောင်ခြင်းတွေကို သက်သာစေဖို့နဲ့
ပုံမှန်မဟုတ်တဲ့ ရာသီချိန်တွေအတွက် ဆယ်လ်မွန်ငါးကိုလည်း စားပေးသင့်ပါတယ်။ ဂျင်းရောင်ရမ်းမှုကို ထိန်းချုပ်ဖို့အတွက်
ဂျင်းကအကူအညီပေးနိုင်သလို ရာသီချိန်မှာ ခံစားရတဲ့ ဝေဒနာကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ် …။
လတ်ဆတ်တဲ့ ဂျင်းတစ်ပြားကို လက်ဖက်ရည်ကြမ်းထဲမှာ ထည့်သောက်ပေးခြင်းဖြင့် ဗိုက်အောင့်ခြင်းကို သက်သာစေမှာပါ။
လိမ္မော်သီးနှင့် လီမွန်သီး
ရာသီချိန်မှာ အချိုစားချင်စိတ်ကို လျော့ချနိုင်ဖို့ရယ် ဗီတာမင်သုံးစွဲမှုကို မြှင့်တင်ဖို့ရယ်အတွက် အသီးများများစားပေးပါ။
အချဉ်ဓာတ်ရှိတဲ့ အသီးတွေကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဗီတာမင်တွေအပြင် ဖိုက်ဘာနဲ့ ရေဓာတ်လည်း
ပါဝင်လို့ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးကာ အစာမကြေမှာလည်း မပူရတော့ပါဘူး …။
ရာသီချိန်မှာ ရှောင်ကြဉ်ရမယ့် အစားအစာများ….
နို့
ရာသီလာတိုင်း ဗိုက်အောင်ခြင်းကို ခံစားရတတ်တယ်ဆိုရင် နို့ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။ နို့မှာအစာခြေဖျက်ရခက်ခဲတဲ့
သကြားတစ်မျိုး ပါဝင်တာကြောင့် ဖောရောင်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် မူးဝေအော့အန်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ် …။
သကြားလုံးနဲ့ သရေစာများ
ကိုယ်ကြိုက်တဲ့ အစားအစာတွေကို စားရတာက စိတ်ပျော်စရာအကောင်းဆုံး ဆိုပေမယ့်လည်း ရာသီချိန်မှာ စားမိမယ်ဆိုရင်တော့ ဖောရောင်ခြင်း၊
ဂတ်စ်ထခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓာတ်ရာသီချိန်မှာ ကော်ဖီသောက်မိခြင်းက ရာသီကြာချိန်ကို ပိုပြီးရှည်ကြာစေနိုင်ပါတယ် …။
ကော်ဖီ
ဒါ့အပြင် ရာသီမလာချိန်မှာခံစားရတဲ့ နာကျင်မှုတွေကို မခံစားချင်ဘူး ဆိုရင်တော့ ရာသီမလာခင်နဲ့ လာနေချိန်မှာ ကော်ဖီမသောက်ပါနဲ့ …။
အပူအစပ်များ
အရမ်းစပ်တဲ့ အစားအစာတွေကို စားခြင်းက အစာအိမ်အတွင်းမှာ နေမသာထိုင်မသာ ဖြစ်စေနိုင်တာကြောင့်
ဘယ်လောက်ပဲ အစပ်ကြိုက်ကြိုက် ရာသီချိန်မှာ‌တော့ လုံးဝမစားမိပါစေနဲ့နော် …။ ။
CREDIT