Zawgyi

ခါးေၾကာညပ္တယ္ဆိုတာ

“ခါးနာတာၾကာၿပီ၊ လမ္းေတာင္ေကာင္းေကာင္း မေလွ်ာက္ႏိုင္ဘူး၊ ခါးေၾကာညပ္ေန တာထင္တယ္”

ဒီစကားေတြကို ပတ္ဝန္းက်င္က လူႀကီးသူမေတြ မၾကာခဏေျပာေလ့ ရွိၾကတာၾကားဖူးမယ္ ထင္ပါတယ္။ ေဆးေတြေသာက္လည္း

မသက္သာလို႔ ညည္းေနတတ္တာေတြ႕ဖူးၾကမွာပါ။ သူတို႔ေျပာတဲ့ ခါးေၾကာညပ္တယ္ဆိုတာ ဘယ္လိုမ်ိဳးပါလဲ?

ဒီအေၾကာင္းကိုမေျပာခင္ ေက်ာ႐ိုးႀကီးရဲ႕ဖြဲ႕စည္းပုံကို အရင္ရွင္းျပပါမယ္။ ခႏၶာကိုယ္မွာရွိတဲ့ေက်ာ႐ိုးဟာ တျခားအ႐ိုးေတြလို

တစ္ေခ်ာင္းထဲတစ္ဆက္ထဲ မဟုတ္ပါဘူး။ လည္ပင္းေက နၿမီးေညာင့္႐ိုးအထိ အ႐ိုးတုံးေလး ၃၃ ခုကို တစ္ခုနဲ႔တစ္ခု

ဆက္ၿပီးဖြဲ႕စည္းထားတာပါ။ ဒီအ႐ိုးတုံးေတြရဲ႕ၾကားမွာ အဆစ္တစ္ခုစီ ရွိၾကပါတယ္။ ေက်ာ႐ိုးမႀကီးရဲ႕အထဲမွာေတာ့ spinal cord

လို႔ေခၚတဲ့ ဦးေႏွာက္နဲ႔ ဆက္စပ္ထားတဲ့အာ႐ုံေၾကာမႀကီး တခုရွိပါတယ္။

ေျခေထာက္ေတြလက္ေတြနဲ႔ အျခားကိုယ္ခႏၶာအစိတ္အပိုင္ မွာရွိတဲ့အာ႐ုံေၾကာေလးေတြေက က်ာ႐ိုးဆစ္ေတြၾကားကေန

တဆင့္အာ႐ုံေၾကာမႀကီးဆီေရာက္ရွိၿပီး အဲ့ဒီကမွ တဆင့္ ဦးေနာက္နဲ႔ဆက္သြယ္ၾကတာပါ။

ဒီလိုအာ႐ုံေၾကာေလးေတြ ဝင္ထြက္ရ ာေက်ာ႐ိုးဆစ္ေတြမွာ ေရာဂါျဖစ္တဲ့ အခါအာ႐ုံေၾကာေတြကို ဖိထားသလိုျဖစ္ေနတတ္ပါတယ္။

ခါးမွာရွိတဲ့အာ႐ုံေၾကာေတြ ဖိမိေနတာကို ခါးေၾကာညပ္တယ္ လို႔ေခၚၾကတာပါ။

ခါးေၾကာညပ္တာကိုျ ဖစ္ေစတဲ့အေၾကာင္းရင္းေတြကေတာ့

၁။ ခါး႐ိုးအတက္ထြက္ျခင္း (သို႔) ခါးအ႐ိုးက်ီးေပါင္းျဖစ္ျခင္း

၂။ ခါး႐ိုး ယိုယြင္းပ်က္ဆီးျခင္း

၃။ ခါးအ႐ိုးျပားကြၽံျခင္း

၄။ ခါးကိုထိခိုက္ဒဏ္ရာရျခင္း

၅။ ခါး႐ိုးတီဘီေရာဂါျဖစ္ျခင္း

၆။ ခါး႐ိုးကင္ဆာ (သို႔) အျခားေနရာမွ ကင္ဆာဆဲလ္ မ်ားခါး႐ိုးသို႔ ပ်ံ႕ႏွံေရာက္ရွိျခင္း စတာေတြေၾကာင့္ျဖစ္တတ္ပါတယ္။

ခါးေၾကာညပ္တဲ့အခါ ဘယ္လိုလကၡဏာေတြ ခံစားရမလဲ??

– အဓိကကေတာ့ အေပၚမွာေျပာခဲ့သလိုခါးနာတာပါပဲ။

ပုံမွန္ႂကြက္သားမွာ ဒဏ္ျဖစ္လို႔ခါးနာတာနဲ႔မတူပဲ ပိုၿပီးျပင္းျပင္းထန္ထန္ နာေနတတ္ပါတယ္။

လမ္းၾကာၾကာေလွ်ာက္တဲ့အခါေတြ၊ အခ်ိန္ၾကာၾကာထိုင္ေနတဲ့ အခါေတြမွာလဲ သိသိသာသာ နာက်င္လာတတ္ပါတယ္။

– ေနာက္တစ္ခုက ေျခေထာက္ေတြထုံက်င္ေနႏိုင္ပါတယ္။

ေျခေထာက္တစ္ခုလုံး (သို႔) တင္ပခြက္ (သို႔) ေပါင္ၿခံအျပင္ဖက္ တေလွ်ာက္ ထုံက်င္ကိုက္ခဲတာေတြ ခံစားရႏိုင္ပါတယ္ ။

ခါးေၾကာညပ္တာကိုဘယ္လိုသိႏိုင္မလဲ??

ခါးကို ဓာတ္မွန္႐ိုက္ၾကည့္ရင္ သိႏိုင္ပါတယ္။ ပိုၿပီးတိတိက်က်သိဖို႔ဆိုရင္ေတာ့ MRI လို႔ေခၚတဲ့သံလိုက္ ဓာတ္မွန္႐ိုက္ၾကည့္ရပါမယ္။

ခါးေၾကာညပ္တာ သက္သာေအာင္

၁။ အနားယူပါ အလုပ္ၾကမ္းလုပ္တာေတြ အေလးအပင္မတာေတြ မလုပ္ဖို႔လိုပါတယ္။

၂။ အကိုက္ခဲေပ်ာက္ေဆး ၊ႂကြက္သားေျပေလ်ာ့ေစ တဲ့ေဆးေတြနဲ႔ အာ႐ုံေၾကာေဆးေတြေ သာက္ရပါမယ္။

၃။ ခါး႐ိုးက်ီးေပါင္းေရာဂါအတြက္ lumbar support ေခၚ အထူးျပဳလုပ္ထားတဲ့ ခါးပတ္ေတြ ပတ္ထားေပးရင္လည္း ခါးေၾကာညပ္တာကိုသက္သာေစႏိုင္ပါတယ္။

၄။ အဝလြန္တဲ့သူေတြမွာ ခႏၶာကိုယ္ အေလးခ်ိန္က ခါး႐ိုးေပၚမွာ သက္ေရာက္မႈရွိလို႔ ခါးနာတဲ့ေဝဒနာကို ပိုဆိုးေစႏိုင္ပါတယ္။

ဝိတ္ခ်ႏိုင္ရင္ပိုေကာင္းပါတယ္။ ေပါ့ေပါ့ပါးပါးေလ့က်င့္ခန္းေတြ လုပ္ေပးတာ၊ အဆီအစိမ့္ေတြေ လ်႕ာ့စားတာမ်ိဳးေတြ လုပ္သင့္ပါတယ္။

၅။ေဆးေသာက္႐ုံနဲ႔ မသက္သာခဲ့ရင္ေတာ့ခ ါး႐ိုးထဲကိုေဆးထိုးတာမ်ိဳးေတြ (သို႔) ခါး႐ိုးခြဲစိတ္ ကုသနည္းေတြနဲ႔ကုသဖို႔လိုပါမယ္ ။

တီဘီေရာဂါနဲ႔ကင္ဆာေရာဂါေတြ အတြက္ကေတာ့ လိုအပ္တဲ့ကုထုံးေတြနဲ႔ ကုသရင္ခါးေၾကာညပ္တာကို ေလ်ာ့ပါးသက္သာေစမည္ျဖစ္ပါေၾကာင္း။

Dr Zaw Naing Win

DrZiwaka ေဒါက္တာဇီဝက ခါး ခါးေၾကာညပ္ျခင္း backpain

Unicode

ခါးကြောညပ်တယ်ဆိုတာ

“ခါးနာတာကြာပြီ၊ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်ဘူး၊ ခါးကြောညပ်နေ တာထင်တယ်”

ဒီစကားတွေကို ပတ်ဝန်းကျင်က လူကြီးသူမတွေ မကြာခဏပြောလေ့ ရှိကြတာကြားဖူးမယ် ထင်ပါတယ်။ ဆေးတွေသောက်လည်း

မသက်သာလို့ ညည်းနေတတ်တာတွေ့ဖူးကြမှာပါ။ သူတို့ပြောတဲ့ ခါးကြောညပ်တယ်ဆိုတာ ဘယ်လိုမျိုးပါလဲ?

ဒီအကြောင်းကိုမပြောခင် ကျောရိုးကြီးရဲ့ဖွဲ့စည်းပုံကို အရင်ရှင်းပြပါမယ်။ ခန္ဓာကိုယ်မှာရှိတဲ့ကျောရိုးဟာ တခြားအရိုးတွေလို

တစ်ချောင်းထဲတစ်ဆက်ထဲ မဟုတ်ပါဘူး။ လည်ပင်းကေ နမြီးညောင့်ရိုးအထိ အရိုးတုံးလေး ၃၃ ခုကို တစ်ခုနဲ့တစ်ခု

ဆက်ပြီးဖွဲ့စည်းထားတာပါ။ ဒီအရိုးတုံးတွေရဲ့ကြားမှာ အဆစ်တစ်ခုစီ ရှိကြပါတယ်။ ကျောရိုးမကြီးရဲ့အထဲမှာတော့ spinal cord

လို့ခေါ်တဲ့ ဦးနှောက်နဲ့ ဆက်စပ်ထားတဲ့အာရုံကြောမကြီး တခုရှိပါတယ်။

ခြေထောက်တွေလက်တွေနဲ့ အခြားကိုယ်ခန္ဓာအစိတ်အပိုင် မှာရှိတဲ့အာရုံကြောလေးတွေကေ ကျာရိုးဆစ်တွေကြားကနေ

တဆင့်အာရုံကြောမကြီးဆီရောက်ရှိပြီး အဲ့ဒီကမှ တဆင့် ဦးနောက်နဲ့ဆက်သွယ်ကြတာပါ။

ဒီလိုအာရုံကြောလေးတွေ ဝင်ထွက်ရ ာကျောရိုးဆစ်တွေမှာ ရောဂါဖြစ်တဲ့ အခါအာရုံကြောတွေကို ဖိထားသလိုဖြစ်နေတတ်ပါတယ်။

ခါးမှာရှိတဲ့အာရုံကြောတွေ ဖိမိနေတာကို ခါးကြောညပ်တယ် လို့ခေါ်ကြတာပါ။

ခါးကြောညပ်တာကိုြ ဖစ်စေတဲ့အကြောင်းရင်းတွေကတော့

၁။ ခါးရိုးအတက်ထွက်ခြင်း (သို့) ခါးအရိုးကျီးပေါင်းဖြစ်ခြင်း

၂။ ခါးရိုး ယိုယွင်းပျက်ဆီးခြင်း

၃။ ခါးအရိုးပြားကျွံခြင်း

၄။ ခါးကိုထိခိုက်ဒဏ်ရာရခြင်း

၅။ ခါးရိုးတီဘီရောဂါဖြစ်ခြင်း

၆။ ခါးရိုးကင်ဆာ (သို့) အခြားနေရာမှ ကင်ဆာဆဲလ် များခါးရိုးသို့ ပျံ့နှံရောက်ရှိခြင်း စတာတွေကြောင့်ဖြစ်တတ်ပါတယ်။

ခါးကြောညပ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ??

– အဓိကကတော့ အပေါ်မှာပြောခဲ့သလိုခါးနာတာပါပဲ။

ပုံမှန်ကြွက်သားမှာ ဒဏ်ဖြစ်လို့ခါးနာတာနဲ့မတူပဲ ပိုပြီးပြင်းပြင်းထန်ထန် နာနေတတ်ပါတယ်။

လမ်းကြာကြာလျှောက်တဲ့အခါတွေ၊ အချိန်ကြာကြာထိုင်နေတဲ့ အခါတွေမှာလဲ သိသိသာသာ နာကျင်လာတတ်ပါတယ်။

– နောက်တစ်ခုက ခြေထောက်တွေထုံကျင်နေနိုင်ပါတယ်။

ခြေထောက်တစ်ခုလုံး (သို့) တင်ပခွက် (သို့) ပေါင်ခြံအပြင်ဖက် တလျှောက် ထုံကျင်ကိုက်ခဲတာတွေ ခံစားရနိုင်ပါတယ် ။

ခါးကြောညပ်တာကိုဘယ်လိုသိနိုင်မလဲ??

ခါးကို ဓာတ်မှန်ရိုက်ကြည့်ရင် သိနိုင်ပါတယ်။ ပိုပြီးတိတိကျကျသိဖို့ဆိုရင်တော့ MRI လို့ခေါ်တဲ့သံလိုက် ဓာတ်မှန်ရိုက်ကြည့်ရပါမယ်။

ခါးကြောညပ်တာ သက်သာအောင်

၁။ အနားယူပါ အလုပ်ကြမ်းလုပ်တာတွေ အလေးအပင်မတာတွေ မလုပ်ဖို့လိုပါတယ်။

၂။ အကိုက်ခဲပျောက်ဆေး ၊ကြွက်သားပြေလျော့စေ တဲ့ဆေးတွေနဲ့ အာရုံကြောဆေးတွေေ သာက်ရပါမယ်။

၃။ ခါးရိုးကျီးပေါင်းရောဂါအတွက် lumbar support ခေါ် အထူးပြုလုပ်ထားတဲ့ ခါးပတ်တွေ ပတ်ထားပေးရင်လည်း ခါးကြောညပ်တာကိုသက်သာစေနိုင်ပါတယ်။

၄။ အဝလွန်တဲ့သူတွေမှာ ခန္ဓာကိုယ် အလေးချိန်က ခါးရိုးပေါ်မှာ သက်ရောက်မှုရှိလို့ ခါးနာတဲ့ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

ဝိတ်ချနိုင်ရင်ပိုကောင်းပါတယ်။ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေ လုပ်ပေးတာ၊ အဆီအစိမ့်တွေေ လျ့ာ့စားတာမျိုးတွေ လုပ်သင့်ပါတယ်။

၅။ဆေးသောက်ရုံနဲ့ မသက်သာခဲ့ရင်တော့ခ ါးရိုးထဲကိုဆေးထိုးတာမျိုးတွေ (သို့) ခါးရိုးခွဲစိတ် ကုသနည်းတွေနဲ့ကုသဖို့လိုပါမယ် ။

တီဘီရောဂါနဲ့ကင်ဆာရောဂါတွေ အတွက်ကတော့ လိုအပ်တဲ့ကုထုံးတွေနဲ့ ကုသရင်ခါးကြောညပ်တာကို လျော့ပါးသက်သာစေမည်ဖြစ်ပါကြောင်း။

Dr Zaw Naing Win

DrZiwaka ဒေါက်တာဇီဝက ခါး ခါးကြောညပ်ခြင်း backpain