Zawgyi














Unicode

ဆေးပုဇွန်(ခေါ်)တောင်လုံးကျော်ဥ (သို့) မြေပုဇွန်ကွေး

ဒီဥကို တရုတ်ရိုးရာတိုင်းရင်ဆေး၊မြန်မာ ပရဆေးဝါးများ ဖော်စပ်တဲ့နေရာတွေမှာ အသုံးပြုကြတယ်။

ဒီဆေးမြစ်ဥဟာ တော်တော်လေးအစွမ်းထက်တယ်..ဆေးစွမ်းထက်သလောက် ဈေးလည်းကြီးတယ်။

အစိုဥ တပိသာကို မြန်မာကျပ်ငွေဖြင့် ခြောက်သောင်းဈေးပေါက်တယ်..

အခြောက်ဥ တပိသာကို မြန်မာကျပ်ငွေဖြင့် လေးသိန်းဈေးပေါက်တယ်။

ဒီဆေးမြစ်ဥဟာ ကင်ဆာအပါအဝင် ရေအိပ်၊ အကျိတ်အဖု၊ချောင်းဆိုး၊ပန်းနာ၊ရင်ကြပ်၊

ခေါင်းမူး၊ခေါင်းကိုက်၊ဝမ်းလျော၊ဝမ်းပျက်၊ဝမ်းကိုက်၊လေးဖက်နာရောဂါနှင့်လည်ချောင်းနာရောဂါတွေအပြင်

အခြားရောဂါများကိုလည်း လက်တွေ့ပျောက်ကင်းတယ်လို့ဖော်ပြထားပါတယ်။

သူက သစ်တောထွက် တရားမဝင် ပစ္စည်းအမျိုးအစားထဲမှာပါဝင်တယ်။

တရားမဝင် ကူးသန်းရောင်းဝယ်ရင် အရေးယူခံရပါတယ်။

ပေါက်ရောက်တဲ့ဒေသတွေက အိန္ဒိယ၊နီပေါလ်၊ဘူတန်နှင့်တရုတ်နိုင်ငံရှိ

ရာသီဥတုအေးမြပြီး တောင်ကုန်းမြင့် စိုစွတ်တဲ့ဒေသတွေ၌သာ ပေါက်ရောက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ကူးယူဖော်ပြပါသည်။