Zawgyi

ကြၽန္ေတာ္တို႔ အခု ရက္ပိုင္းက ၿခိဳးၿခံ ေခြၽတာ စားရမယ့္ ကာလ ျဖစ္တဲ့ အတြက္

တန္ဖိုးနည္းနည္းနဲ႔ အာဟာရ ျပည့္ေအာင္ ဘယ္လို စားရမလဲ အႀကံေပးခ်င္ပါတယ္

၁။ ဆန္ – အခုခ်ိန္ ေပၚဆန္းေမႊး ထက္၊ ဧမထ လို နည္းနည္း မာၿပီး အဆာခံမယ့္ ဆန္ ကို

ေ႐ြးေစခ်င္ပါတယ္။ ေရငွဲ႔ ခ်က္တာထက္ ေရခမ္း ခ်က္တာ က ထမင္း ကုန္ သက္သာေစပါတယ္။

၂။ ေရငွဲ႔ ခ်က္ခဲ့ရင္ လဲ ထမင္းရည္ ကို မသြန္ပစ္ပါနဲ႔၊ ထမင္းရည္ဟာ ကာဗိုဟိုဒရိတ္ မ်ားတဲ့

အျပင္ ဗီတာမင္ သတၱဳ တခ်ိဳ႕လဲ ပါဝင္ပါတယ္။ ၿခဳံေျပာရရင္ အာဟာရ တန္ဖိုး မ်ားပါတယ္။ အက်ိဳးရွိပါတယ္။

၃။ ပဲ – အသားဓါတ္ အတြက္ တန္ဖိုး အသင့္ဆုံး ကေတာ့ ပဲ ပါပဲ။

ဗီတာမင္၊ သတၱဳဓါတ္ မ်ားစြာ ပါဝင္ပါတယ္။ အထားခံတဲ့ အတြက္ အခုခ်ိန္မွာ အသင့္ေတာ္ဆုံးပါ

၄။ ၾကက္ဥ – ေဈး အေတာ္အတန္ သက္သာ ပါတယ္။ ပဲ ေလာက္ေတာ့ မသက္ပါ။

ဒါေပမယ့္ အသားဓါတ္ ႂကြယ္ဝၿပီး အာဟာရဓါတ္ စုံလင္ပါတယ္။ ၾကာၾကာေတာ့ အထားမခံပါ။

၅။ ကန္စြန္းဥ၊ အာလူး – အေတာ္အတန္ေတာ့ အထားခံ ပါတယ္။ အာလူး က ပို အထားခံပါတယ္

၆။ ေျမပဲ – အာဟာရ စုံလင္ၿပီး၊ ေဈးလဲ အေတာ္အတန္ သင့္ပါတယ္

၇။ ဆီ – စားအုံးဆီ က လွဲရင် ကျႏ် သင့်တဲ့ ဆီ သုံးပါ၊ ၅၀ သား တဈဘူး ကို ၁၈၀၀-၂၀၀၀ တန်ဆို မဆ်ိဳးေလာက်ပါဘူး။

၈။ ငါးေျခာက္ – စားခ်င္လို႔ ဝယ္ခဲ့ သည္ ရွိေသာ္၊ ဆားေပါ့တဲ့ ငါးနီတူေျခာက္ လိုမ်ိဳးသာ ဝယ္ပါ။

အာဟာရ မျဖစ္ေပမယ့္၊ ထမင္း နဲ႔ စားလို႔ အဆင္ေျပၿပီး၊ အထားလဲ ခံလို႔ပါ။

၉။ အ႐ြက္ ကေတာ့ အခု အေျခအေနမွာ စားျဖစ္ရင္ေတာ့ အေကာင္းဆုံးေပါ့၊

ဒါေပမယ့္ ဝယ္ရ ခက္ေနတဲ့ အခုလို အေျခ အေနမွာ ေန႔တိုင္း စားျဖစ္ဖို႔က ကြၽန္ေတာ္ ကိုယ္တိုင္လဲ ခက္ခဲေနလို႔ပါ

၁၀။ ဆီသြပ္ဗူး၊ ေခါက္ဆြဲေျခာက္ ကေတာ့ မရွိသုံးစားဖို႔အတြက္ ေဆာင္ခ်င္ ေဆာင္ထားပါ။

၁၁။ ေရ မ်ားမ်ား ေသာက္ပါ၊ ရာသီဥတု အရမ္းပူလို႔ပါ။

အားလုံးပဲ က်န္းက်န္းမာမာ နဲ႔ အရာရာကို ေက်ာ္လႊားႏိုင္ၾကပါေစ 🙏 🙏 🙏

Credit – Dr.Nutrition

Unicode

ကျွန်တော်တို့ အခု ရက်ပိုင်းက ခြိုးခြံ ချွေတာ စားရမယ့် ကာလ ဖြစ်တဲ့ အတွက်

တန်ဖိုးနည်းနည်းနဲ့ အာဟာရ ပြည့်အောင် ဘယ်လို စားရမလဲ အကြံပေးချင်ပါတယ်

၁။ ဆန် – အခုချိန် ပေါ်ဆန်းမွှေး ထက်၊ ဧမထ လို နည်းနည်း မာပြီး အဆာခံမယ့် ဆန် ကို

ရွေးစေချင်ပါတယ်။ ရေငှဲ့ ချက်တာထက် ရေခမ်း ချက်တာ က ထမင်း ကုန် သက်သာစေပါတယ်။

၂။ ရေငှဲ့ ချက်ခဲ့ရင် လဲ ထမင်းရည် ကို မသွန်ပစ်ပါနဲ့၊ ထမင်းရည်ဟာ ကာဗိုဟိုဒရိတ် များတဲ့

အပြင် ဗီတာမင် သတ္တု တချို့လဲ ပါဝင်ပါတယ်။ ခြုံပြောရရင် အာဟာရ တန်ဖိုး များပါတယ်။ အကျိုးရှိပါတယ်။

၃။ ပဲ – အသားဓါတ် အတွက် တန်ဖိုး အသင့်ဆုံး ကတော့ ပဲ ပါပဲ။

ဗီတာမင်၊ သတ္တုဓါတ် များစွာ ပါဝင်ပါတယ်။ အထားခံတဲ့ အတွက် အခုချိန်မှာ အသင့်တော်ဆုံးပါ

၄။ ကြက်ဥ – ဈေး အတော်အတန် သက်သာ ပါတယ်။ ပဲ လောက်တော့ မသက်ပါ။

ဒါပေမယ့် အသားဓါတ် ကြွယ်ဝပြီး အာဟာရဓါတ် စုံလင်ပါတယ်။ ကြာကြာတော့ အထားမခံပါ။

၅။ ကန်စွန်းဥ၊ အာလူး – အတော်အတန်တော့ အထားခံ ပါတယ်။ အာလူး က ပို အထားခံပါတယ်

၆။ မြေပဲ – အာဟာရ စုံလင်ပြီး၊ ဈေးလဲ အတော်အတန် သင့်ပါတယ်

၇။ ဆီ – စားအုံးဆီ က လှဲရငျ ကနြျ သင့ျတဲ့ ဆီ သုံးပါ၊ ၅၀ သား တဈဘူး ကို ၁၈၀၀-၂၀၀၀ တနျဆို မဆျိုးလောကျပါဘူး။

၈။ ငါးခြောက် – စားချင်လို့ ဝယ်ခဲ့ သည် ရှိသော်၊ ဆားပေါ့တဲ့ ငါးနီတူခြောက် လိုမျိုးသာ ဝယ်ပါ။

အာဟာရ မဖြစ်ပေမယ့်၊ ထမင်း နဲ့ စားလို့ အဆင်ပြေပြီး၊ အထားလဲ ခံလို့ပါ။

၉။ အရွက် ကတော့ အခု အခြေအနေမှာ စားဖြစ်ရင်တော့ အကောင်းဆုံးပေါ့၊

ဒါပေမယ့် ဝယ်ရ ခက်နေတဲ့ အခုလို အခြေ အနေမှာ နေ့တိုင်း စားဖြစ်ဖို့က ကျွန်တော် ကိုယ်တိုင်လဲ ခက်ခဲနေလို့ပါ

၁၀။ ဆီသွပ်ဗူး၊ ခေါက်ဆွဲခြောက် ကတော့ မရှိသုံးစားဖို့အတွက် ဆောင်ချင် ဆောင်ထားပါ။

၁၁။ ရေ များများ သောက်ပါ၊ ရာသီဥတု အရမ်းပူလို့ပါ။

အားလုံးပဲ ကျန်းကျန်းမာမာ နဲ့ အရာရာကို ကျော်လွှားနိုင်ကြပါစေ 🙏 🙏 🙏

Credit – Dr.Nutrition