Zawgyi

ေသြးတိုးက်ေစႏိုင္ေသာလက္ေတြ႕အစြမ္းထက္ျမန္မာတိုင္းရင္းေဆးၿမီးတို၉မ်ိဳးေသြးတိုး

က်ေစႏိုင္ေသာေဆးၿမီးတိုမ်ားမွာေသြးတိုးေရာဂါအတြက္ျမန္မာေဆးၿမီးတို(ေဆးနည္းတို)မ်ားစြာရွိသည္။

လူတစ္ဦးႏွင့္တစ္ဦး ေပ်ာက္ကင္းေစႏိုင္ေသာနည္းလမ္းမ်ားမတူညီေသာ္လည္းတိုက္ဆိုင္၍

ေပ်ာက္ကင္းသြားလွ်င္ ေငြကုန္ေၾကးက်မမ်ားဘဲအလြယ္တကူမိမိပတ္ဝန္းက်င္တြင္ရရွိႏိုင္ေသာအပင္၊အျမစ္၊

အ႐ြက္၊အသီး၊အပြင့္တို႔ မွရရွိျခင္းျဖစ္သျဖင့္အားကိုးထိုက္ေသာေဆးၿမီးတိုမ်ားျဖစ္သည္။

အခ်ိဳ႕ေခတ္ပညာတတ္တိုင္းရင္းေဆးကို အထင္မႀကီးသူမ်ားပင္ေသြးတိုး၊ဆီးခ်ိဳကဲ့သို႔ေရာဂါႀကီးမ်ား႐ုတ္တရက္

အသက္ဆုံးႏိုင္သည့္ႏွလုံးေသြးေၾကာပိတ္၊ရင္ဘတ္ေအာင့္ေရာဂါႀကီးမ်ားေဆးၿမီးတိုႏွင့္ေပ်ာက္သြားသည္ကိုေတြ႕ရေသာအခါ အံ့ၾသေနၾကသည္။

ေဆးၿမီးတိုမ်ားသည္လူထုအတြက္အသုံးဝင္ေသာတိုင္းရင္းေဆးပညာျဖစ္သည္။

၁။ေရွာက္သီးအခြံပါ ၄စိတ္ စိတ္ၿပီးမတ္ခြက္တြင္ထည့္ေရေႏြးစိမ္ထားၿပီးအေအးခံ၍တစ္ေနကုန္ေသာက္ပါ။

၂။ေရွာက္သီးအရည္ညႇစ္၃ ဇြန္း+ပ်ားရည္စစ္စစ္၁ဇြန္းထမင္းစားၿပီးေသာက္ပါ။

၃။ေရွာက္႐ြက္အႏု၊အရင့္တစ္ေန႔လွ်င္၇႐ြက္မွ၁၀႐ြက္ခန႔္ ေန႔စဥ္အတို႔အျမႇဳပ္ျပဳလုပ္၍စားပါ။

၄။ငါးပိရည္၊ငံျပာရည္၊ငါးေျခာက္စသည္တို႔သည္ျမန္မာလူမ်ိဳးတို႔ႏွင့္ မကင္းႏိုင္ေသာအစာမ်ားျဖစ္သည္။

ထိုအစာမ်ားစားသည့္ေန႔တြင္ဒန႔္သလြန္႐ြက္ဟင္းခ်ိဳကိုၾကက္သြန္ျဖဴႏိုင္ႏိုင္ျဖင့္ခ်က္ၿပီးတြဲဖက္ေသာက္ေပးပါ။

ၾကက္သြန္ျဖဴသည္ေသြးတိုးကိုက်ေစႏိုင္သည္။ေသြးတိုးေရာဂါျဖစ္ပြားခဲ့ရာ ၾကက္သြန္ျဖဴကိုေန႔စဥ္စားသုံးခဲ့ပါသျဖင့္ေပ်ာက္ကင္းခဲ့သည္။)(မဟတၱမဂႏၵီ)

၅။ဒန႔္သလြန္သီးအရင့္မ်ားကို ေနျဖင့္အေျခာက္လွန္းထားၿပီးေသြးအလြန္တိုးလွ်င္၂ေစ့၊၃ေစ့ဝါးစားပါ။

၆။သေဘၤာအဖိုပင္၏အပြင့္ကို ျပဳတ္၍စားပါကေသြးတိုးေရာဂါသက္သာေစသည္။

၇။ၾကက္သြန္နီကိုထက္ျခမ္းျခမ္းေရတစ္ဖန္ခြက္တြင္စိမ္၍ နံနက္အိပ္ယာထေစာေစာေသာက္ေပးလွ်င္ေသြးတိုးေရာဂါကိုကာကြယ္သည္။နံနက္အိပ္ယာထခ်ိန္ ေခါင္းကိုက္ျခင္းကို သက္သာေစသည္။

၈။ေျပာင္းဖူး၏ထိပ္မွအေမႊးကိုျပဳတ္၍အရည္ကိုအၾကမ္းပန္းကန္တစ္လုံးစာေသာက္လွ်င္ေသြးတိုးေရာဂါသက္သာေစသည္။

၉။ခ်င္းလက္ႏွစ္ဆစ္ကိုထုေထာင္းအရည္ကိုယူ သံပရာသီးတစ္လုံးအရည္ႏွင့္ပ်ားရည္တစ္ဇြန္းစပ္ေန႔စဥ္ေသာက္ပါ။ေသြးတိုးေရာဂါေဘးကင္းေဝးႏိုင္သည္။ Credit

Unicode

သွေးတိုးကျစေနိုင်သောလက်တွေ့အစွမ်းထက်မြန်မာတိုင်းရင်းဆေးမြီးတို၉မျိုးသွေးတိုး

ကျစေနိုင်သောဆေးမြီးတိုများမှာသွေးတိုးရောဂါအတွက်မြန်မာဆေးမြီးတို(ဆေးနည်းတို)များစွာရှိသည်။

လူတစ်ဦးနှင့်တစ်ဦး ပျောက်ကင်းစေနိုင်သောနည်းလမ်းများမတူညီသော်လည်းတိုက်ဆိုင်၍

ပျောက်ကင်းသွားလျှင် ငွေကုန်ကြေးကျမများဘဲအလွယ်တကူမိမိပတ်ဝန်းကျင်တွင်ရရှိနိုင်သောအပင်၊အမြစ်၊

အရွက်၊အသီး၊အပွင့်တို့ မှရရှိခြင်းဖြစ်သဖြင့်အားကိုးထိုက်သောဆေးမြီးတိုများဖြစ်သည်။

အချို့ခေတ်ပညာတတ်တိုင်းရင်းဆေးကို အထင်မကြီးသူများပင်သွေးတိုး၊ဆီးချိုကဲ့သို့ရောဂါကြီးများရုတ်တရက်

အသက်ဆုံးနိုင်သည့်နှလုံးသွေးကြောပိတ်၊ရင်ဘတ်အောင့်ရောဂါကြီးများဆေးမြီးတိုနှင့်ပျောက်သွားသည်ကိုတွေ့ရသောအခါ အံ့သြနေကြသည်။

ဆေးမြီးတိုများသည်လူထုအတွက်အသုံးဝင်သောတိုင်းရင်းဆေးပညာဖြစ်သည်။

၁။ရှောက်သီးအခွံပါ ၄စိတ် စိတ်ပြီးမတ်ခွက်တွင်ထည့်ရေနွေးစိမ်ထားပြီးအအေးခံ၍တစ်နေကုန်သောက်ပါ။

၂။ရှောက်သီးအရည်ညှစ်၃ ဇွန်း+ပျားရည်စစ်စစ်၁ဇွန်းထမင်းစားပြီးသောက်ပါ။

၃။ရှောက်ရွက်အနု၊အရင့်တစ်နေ့လျှင်၇ရွက်မှ၁၀ရွက်ခန့် နေ့စဉ်အတို့အမြှုပ်ပြုလုပ်၍စားပါ။

၄။ငါးပိရည်၊ငံပြာရည်၊ငါးခြောက်စသည်တို့သည်မြန်မာလူမျိုးတို့နှင့် မကင်းနိုင်သောအစာများဖြစ်သည်။

ထိုအစာများစားသည့်နေ့တွင်ဒန့်သလွန်ရွက်ဟင်းချိုကိုကြက်သွန်ဖြူနိုင်နိုင်ဖြင့်ချက်ပြီးတွဲဖက်သောက်ပေးပါ။

ကြက်သွန်ဖြူသည်သွေးတိုးကိုကျစေနိုင်သည်။သွေးတိုးရောဂါဖြစ်ပွားခဲ့ရာ ကြက်သွန်ဖြူကိုနေ့စဉ်စားသုံးခဲ့ပါသဖြင့်ပျောက်ကင်းခဲ့သည်။)(မဟတ္တမဂန္ဒီ)

၅။ဒန့်သလွန်သီးအရင့်များကို နေဖြင့်အခြောက်လှန်းထားပြီးသွေးအလွန်တိုးလျှင်၂စေ့၊၃စေ့ဝါးစားပါ။

၆။သင်္ဘောအဖိုပင်၏အပွင့်ကို ပြုတ်၍စားပါကသွေးတိုးရောဂါသက်သာစေသည်။

၇။ကြက်သွန်နီကိုထက်ခြမ်းခြမ်းရေတစ်ဖန်ခွက်တွင်စိမ်၍ နံနက်အိပ်ယာထစောစောသောက်ပေးလျှင်သွေးတိုးရောဂါကိုကာကွယ်သည်။နံနက်အိပ်ယာထချိန် ခေါင်းကိုက်ခြင်းကို သက်သာစေသည်။

၈။ပြောင်းဖူး၏ထိပ်မှအမွှေးကိုပြုတ်၍အရည်ကိုအကြမ်းပန်းကန်တစ်လုံးစာသောက်လျှင်သွေးတိုးရောဂါသက်သာစေသည်။

၉။ချင်းလက်နှစ်ဆစ်ကိုထုထောင်းအရည်ကိုယူ သံပရာသီးတစ်လုံးအရည်နှင့်ပျားရည်တစ်ဇွန်းစပ်နေ့စဉ်သောက်ပါ။သွေးတိုးရောဂါဘေးကင်းဝေးနိုင်သည်။ Credit