Zawgyi

“ၾကက္ဟင္းခါးသီး ေလစာ”

စာေရးသူ ငယ္စဥ္က ေနထိုင္ရာၿမိဳ႕တြင္ ဦးေလးေတာ္စပ္သူ တစ္ဦးသည္ နံနက္စာ ဝက္သားဟင္း၊ ညစာတြင္

ၾကက္ဟင္းခါးသီးခ်က္ စားၿပီးေနာက္ တီဗြီၾကည့္ေနရင္း မူးသည္ဆိုကာ လဲက်သြားသည္။ ေဆး႐ုံ ပို႔ေသာ္လည္း

မသက္မမီ၊ ဦးေႏွာက္ ေသြးေၾကာျပတ္ၿပီး ေသဆုံးသြားသည္ဟု ဆရာဝန္မ်ားက ေျဖသည္။

ၾကက္ဟင္းခါးသီး၏ အခါးအရသာကို ႏွစ္သက္သူ မ်ားစြာရွိသည္။ ခ်က္၍၊ ေၾကာ္၍ စားၾကသည္။ ၾကက္ဟင္းခါးသီး ႏွစ္မ်ိဳးရွိသည္။

အႀကီးမ်ိဳးႏွင့္ အေသးမ်ိဳးဟူ၍ ရွိသည္။ ၾကက္ဟင္းခါးသီး အေသးေလးမ်ား ကို ေတာၾကက္ဟင္းခါးသီးဟု ေခၚၾကသည္။

တကယ္ပင္ ေတာက ထြက္လာသည္လား၊ စိုက္ပ်ိဳး၍ ရသည္ လား ေသခ်ာေတာ့ မသိပါ။ အခ်ိဳ႕က ေတာထဲမွ အေလ့က်ေပါက္သည္ကို ခူး၍

ေရာင္းသည္ဟုလည္း သိရ သည္။ ပို၍ခါးသျဖင့္ အခ်ိဳ႕က ေတာၾကက္ဟင္းခါးသီးကို ပုစြန္ေျခာက္ႏိုင္ႏိုင္ျဖင့္ ခ်က္စားရသည္ကို ပိုႀကိဳက္ ၾကသည္။

လူတို႔၏ သဘာဝ အခ်ိဳကို ႀကိဳက္ၾကသည္။ အခါးကို ႀကိဳက္သူမရွိဟု ထင္ၾကေသာ္လည္း တကယ္ တမ္းတြင္ အခါးအရသာကို

ႏွစ္သက္စြဲလမ္းသူ မ်ားစြာရွိသည္။ အခါးသည္ ေလပိုဖြေပးသျဖင့္ အစားမ်ားမ်ား စားႏိုင္သည္။ ရင္ေခ်ာင္သည္ဟု ယူဆၾကသည္။

ၾကက္ဟင္းခါးသီးကို ပါးပါးလွီးၿပီး ေနလွန္းကာ အႂကြပ္ေၾကာ္စားသူမ်ားလည္း ရွိသည္။

တစ္ေလာ က မိတ္ေဆြတစ္ဦးက လက္ေဆာင္ေပးသျဖင့္ ၾကက္ဟင္းခါးသီးသနပ္ ဟူ၍ စားရသည္။ သရက္သီးသနပ္ ကိုသာ ေတြ႕ဖူးသည္။

ယခု ၾကက္ဟင္းခါးသီး သနပ္မွာလည္း ထိုနည္းတူပင္ မဆလာႏိုင္ႏိုင္ျဖင့္ ခ်က္ၿပီး သ နပ္ျပဳလုပ္ကာ ၾကာရွည္ အထားခံေအာင္ ျပဳလုပ္ထားသည္။

ထိုၾကက္ဟင္းခါးသီး သနပ္ျပဳလုပ္သူ မိတ္ေဆြ သည္ ေစ်းသည္ မဟုတ္ပါ။ ပညာတက္အၿငိမ္းစား အရာရွိႀကီးတစ္ဦး ျဖစ္ၿပီး

စင္ကာပူႏိုင္ငံတြင္ သြားေရာက္ ပညာသင္ၾကားေနသူ သမီးကို စားေစခ်င္၍ ႏိုင္ငံျခားသား မိတ္ေဆြမ်ားပါ

အႀကိဳက္ေတြ႕ၿပီး မွာၾကားသျဖင့္ တျဖည္းျဖည္း ေရာင္းခ်ရသည္အထိ ျဖစ္လာသည္ဟု ဆိုသည္။

စင္ကာပူႏိုင္ငံသား အေတာ္မ်ားမ်ားသည္ ျမန္မာျပည္မွ ပို႔ေသာ ၾကက္ဟင္းခါးသီး သနပ္ကို ႀကိဳက္ၾကသည္ဟု သိရသည္။

အခါးသည္ အစာကို ေၾက ေစသည္ဟု ယူဆၾကသည္။ ေယာအတြင္းဝန္ ဦးဘိုးလႈိင္၏ ဥတုေဘာဇနသဂၤဟ က်မ္းတြင္

ၾကက္ဟင္းခါးသီးသည္ (အသီးႀကီး ေသာ ၾကက္ဟင္းခါးႏွင့္ အသီးငယ္ေသာ ၾကက္ဟင္းခါး) ႏွစ္မ်ိဳးလုံးပင္ခါး၏။

ခါးေသာ္လည္း ေလကို မပ်က္ ေစတတ္။ ေအး၏။ သလိပ္၊ သည္းေျခကို ႏိုင္၏။ အဖ်ားနာ၊ ပ႑ဳနာ(အသားဝါ)၊

ေမဟနာ(ဆီးခ်ိဳ)၊ ပိုးနာတို႔ ကို ႏိုင္၏။ ၾကက္ဟင္းခါးသီး အငယ္သည္ အႀကီးထက္ ေၾကလြယ္၏။ ဝမ္းမီးကို

ေတာက္စတတ္၏ဟု အ ေကာင္းဘက္သို႔ မ်ားစြာၫႊန္း၍ ေရးသားထားသည္ကို ေတြ႕ရေပသည္။ စာၫႊန္း (ဥတုေဘာဇနသဂၤဟ က်မ္း၊ ေတရသမ အႀကိမ္၊ စာ-၂၆၂)

ထို႔ေၾကာင့္ ၾကက္ဟင္းခါးသီးသည္ ေလစာျဖစ္ေသာ္လည္း ေဆးဖက္ဝင္ေအာင္ စားသုံးတတ္လွ်င္ အဖ်ား၊ အသားဝါ၊ ဆီးခ်ိဳ၊ ပိုးနာတို႔ကို ႏိုင္ေသာ အသီးျဖစ္သည္။

ခ်င့္ခ်ိန္ စားသုံးတတ္ဖို႔ လိုသည္။ ဝက္သား စေသာ အျခားေလစာမ်ားႏွင့္ တစ္ေန႔တည္းႏွစ္မ်ိဳး တြဲမစားရန္သာ သတိရွိရမည္ျဖစ္သည္။

အေၾကာင္းမညီၫြတ္၍…

ၾကက္ဟင္းခါးသီး စားၿပီး ေခါင္းမူးလွ်င္ ေရွာက္ရည္ႏွင့္ ပ်ားရည္ (ေရွာက္ ႀကီးအရည္ ေႂကြဇြန္းႀကီး သုံးဇြန္းႏွင့္ ပ်ားရည္ တစ္ဇြန္း)

စပ္ေသာက္လွ်င္ သက္သာေစႏိုင္ပါသည္။ လည္ ပင္းအ႐ိုးအဆစ္ က်ီးေပါင္းရွိသူမ်ား မူးလွ်င္လည္း ဤေဆးနည္းျဖင့္ပင္

သက္သာသျဖင့္ ေရွာက္သီးႏွင့္ ပ်ားရည္မွာ အိမ္တိုင္း တြင္ ေဆာင္ထားသင့္ေသာ တိုင္းရင္းေဆး ျဖစ္သည္။

Credit -ၾကည္လြင္ျမင့္(မုျဒာ)

Unicode

“ကြက်ဟင်းခါးသီး လေစာ”

စာရေးသူ ငယ်စဉ်က နေထိုင်ရာမြို့တွင် ဦးလေးတော်စပ်သူ တစ်ဦးသည် နံနက်စာ ဝက်သားဟင်း၊ ညစာတွင်

ကြက်ဟင်းခါးသီးချက် စားပြီးနောက် တီဗွီကြည့်နေရင်း မူးသည်ဆိုကာ လဲကျသွားသည်။ ဆေးရုံ ပို့သော်လည်း

မသက်မမီ၊ ဦးနှောက် သွေးကြောပြတ်ပြီး သေဆုံးသွားသည်ဟု ဆရာဝန်များက ဖြေသည်။

ကြက်ဟင်းခါးသီး၏ အခါးအရသာကို နှစ်သက်သူ များစွာရှိသည်။ ချက်၍၊ ကြော်၍ စားကြသည်။ ကြက်ဟင်းခါးသီး နှစ်မျိုးရှိသည်။

အကြီးမျိုးနှင့် အသေးမျိုးဟူ၍ ရှိသည်။ ကြက်ဟင်းခါးသီး အသေးလေးများ ကို တောကြက်ဟင်းခါးသီးဟု ခေါ်ကြသည်။

တကယ်ပင် တောက ထွက်လာသည်လား၊ စိုက်ပျိုး၍ ရသည် လား သေချာတော့ မသိပါ။ အချို့က တောထဲမှ အလေ့ကျပေါက်သည်ကို ခူး၍

ရောင်းသည်ဟုလည်း သိရ သည်။ ပို၍ခါးသဖြင့် အချို့က တောကြက်ဟင်းခါးသီးကို ပုစွန်ခြောက်နိုင်နိုင်ဖြင့် ချက်စားရသည်ကို ပိုကြိုက် ကြသည်။

လူတို့၏ သဘာဝ အချိုကို ကြိုက်ကြသည်။ အခါးကို ကြိုက်သူမရှိဟု ထင်ကြသော်လည်း တကယ် တမ်းတွင် အခါးအရသာကို

နှစ်သက်စွဲလမ်းသူ များစွာရှိသည်။ အခါးသည် လေပိုဖွပေးသဖြင့် အစားများများ စားနိုင်သည်။ ရင်ချောင်သည်ဟု ယူဆကြသည်။

ကြက်ဟင်းခါးသီးကို ပါးပါးလှီးပြီး နေလှန်းကာ အကြွပ်ကြော်စားသူများလည်း ရှိသည်။

တစ်လော က မိတ်ဆွေတစ်ဦးက လက်ဆောင်ပေးသဖြင့် ကြက်ဟင်းခါးသီးသနပ် ဟူ၍ စားရသည်။ သရက်သီးသနပ် ကိုသာ တွေ့ဖူးသည်။

ယခု ကြက်ဟင်းခါးသီး သနပ်မှာလည်း ထိုနည်းတူပင် မဆလာနိုင်နိုင်ဖြင့် ချက်ပြီး သ နပ်ပြုလုပ်ကာ ကြာရှည် အထားခံအောင် ပြုလုပ်ထားသည်။

ထိုကြက်ဟင်းခါးသီး သနပ်ပြုလုပ်သူ မိတ်ဆွေ သည် စျေးသည် မဟုတ်ပါ။ ပညာတက်အငြိမ်းစား အရာရှိကြီးတစ်ဦး ဖြစ်ပြီး

စင်ကာပူနိုင်ငံတွင် သွားရောက် ပညာသင်ကြားနေသူ သမီးကို စားစေချင်၍ နိုင်ငံခြားသား မိတ်ဆွေများပါ

အကြိုက်တွေ့ပြီး မှာကြားသဖြင့် တဖြည်းဖြည်း ရောင်းချရသည်အထိ ဖြစ်လာသည်ဟု ဆိုသည်။

စင်ကာပူနိုင်ငံသား အတော်များများသည် မြန်မာပြည်မှ ပို့သော ကြက်ဟင်းခါးသီး သနပ်ကို ကြိုက်ကြသည်ဟု သိရသည်။

အခါးသည် အစာကို ကြေ စေသည်ဟု ယူဆကြသည်။ ယောအတွင်းဝန် ဦးဘိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟ ကျမ်းတွင်

ကြက်ဟင်းခါးသီးသည် (အသီးကြီး သော ကြက်ဟင်းခါးနှင့် အသီးငယ်သော ကြက်ဟင်းခါး) နှစ်မျိုးလုံးပင်ခါး၏။

ခါးသော်လည်း လေကို မပျက် စေတတ်။ အေး၏။ သလိပ်၊ သည်းခြေကို နိုင်၏။ အဖျားနာ၊ ပဏ္ဍုနာ(အသားဝါ)၊

မေဟနာ(ဆီးချို)၊ ပိုးနာတို့ ကို နိုင်၏။ ကြက်ဟင်းခါးသီး အငယ်သည် အကြီးထက် ကြေလွယ်၏။ ဝမ်းမီးကို

တောက်စတတ်၏ဟု အ ကောင်းဘက်သို့ များစွာညွှန်း၍ ရေးသားထားသည်ကို တွေ့ရပေသည်။ စာညွှန်း (ဥတုဘောဇနသင်္ဂဟ ကျမ်း၊ တေရသမ အကြိမ်၊ စာ-၂၆၂)

ထို့ကြောင့် ကြက်ဟင်းခါးသီးသည် လေစာဖြစ်သော်လည်း ဆေးဖက်ဝင်အောင် စားသုံးတတ်လျှင် အဖျား၊ အသားဝါ၊ ဆီးချို၊ ပိုးနာတို့ကို နိုင်သော အသီးဖြစ်သည်။

ချင့်ချိန် စားသုံးတတ်ဖို့ လိုသည်။ ဝက်သား စသော အခြားလေစာများနှင့် တစ်နေ့တည်းနှစ်မျိုး တွဲမစားရန်သာ သတိရှိရမည်ဖြစ်သည်။

အကြောင်းမညီညွတ်၍…

ကြက်ဟင်းခါးသီး စားပြီး ခေါင်းမူးလျှင် ရှောက်ရည်နှင့် ပျားရည် (ရှောက် ကြီးအရည် ကြွေဇွန်းကြီး သုံးဇွန်းနှင့် ပျားရည် တစ်ဇွန်း)

စပ်သောက်လျှင် သက်သာစေနိုင်ပါသည်။ လည် ပင်းအရိုးအဆစ် ကျီးပေါင်းရှိသူများ မူးလျှင်လည်း ဤဆေးနည်းဖြင့်ပင်

သက်သာသဖြင့် ရှောက်သီးနှင့် ပျားရည်မှာ အိမ်တိုင်း တွင် ဆောင်ထားသင့်သော တိုင်းရင်းဆေး ဖြစ်သည်။

Credit -ကြည်လွင်မြင့်(မုဒြာ)