Tue. Dec 7th, 2021

Zawgyi

ကြၽမ္းက်င္သူေတြေျပာတဲ့ အတူတူမွ်ေဝမသုံးသင့္ေသာ ပစၥည္းမ်ား

ကေလးဘဝကတည္းက ကြၽန္ေတာ္တို႔ဟာ ရွိတဲ့လူက လိုအပ္ေနတဲ့လူေတြကို မွ်ေဝေပးတာက ေကာင္းတဲ့အက်င့္တစ္ခုျဖစ္တယ္လို႔ သင္ၾကားထားခံရပါတယ္။

ငယ္စဥ္က ခ်ိဳခ်ဥ္ တစ္လုံးထဲကို သူငယ္ခ်င္းႏွစ္ေယာက္ အတူတူ စားခဲ့ဖူးတာမွတ္မိၾကမယ္ထင္ပါတယ္။

ဒါေပမယ့္ တကိုယ္ေရသုံး ပစၥည္းေတြကို မွ်ေဝသုံးစြဲျခင္းဟာ မလိုလားအပ္တဲ့ က်န္းမာေရးျပႆနာေတြ ျဖစ္ေစႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ေထာက္ျပထားၾကပါတယ္။

ဒီေန႔ kwee page ကကြၽမ္းက်င္သူေတြ ေျပာထားတဲ့ အတူတူ မွ်ေဝ မသုံးစြဲသင့္ေသာ ပစၥည္းေတြကို ေဖာ္ျပေပးသြားမွာပါ။

ဦးထုပ္

ဦးေခါင္းနဲ႔ထိေတြ႕ရတဲ့အရာ (သို႔) ဦးေခါင္းကို ဖုံးအုပ္ထားရတဲ့အရာေတြ ကိုမွ်ေဝမသုံးသင့္ပါဘူး။ တကယ္လို႔ ဦးထုပ္တစ္လုံးထဲကို အတူတူေဆာင္းမယ္၊

ဘီးတစ္ေခ်ာင္းထဲကိုပဲ အတူတူၿဖီးမယ္ဆိုရင္ ကြၽန္ေတာ္တို႔မ်က္စိနဲ႔ျမင္ဖို႔မလြယ္တဲ့ သန္းေတြက တစ္ဦးကေန တစ္ဦးကို အလ်င္အျမန္ ပ်ံႏွံ႔ေစႏိုင္ပါတယ္။

ဒါေၾကာင့္လည္း ငယ္စဥ္ေက်ာင္းသားဘဝ တုန္းက မၾကာခဏ ဂတုံးတုံး ခဲ့ရဖူးတာကို အမွတ္ရမိတယ္။

ေနာက္ေႏွာင္ ဦးေခါင္းကို ဖုံးကြယ္ဖို႔လိုအပ္လာၿပီဆိုရင္ ကိုယ္တစ္ေယာက္တည္း သုံးတဲ့ ဦးထုပ္ကို အသုံးျပဳဖို႔ အႀကံေပးပါရေစ။

ခရင္မ္

မက္စ္ခ္၊ မ်က္ႏွာလိမ္း ခရင္မ္ အစရွိတဲ့ အလွကုန္ပစၥည္းေတြဟာ သီးသန႔္အသုံးျပဳသင့္ပါတယ္။ ဘယ္ေလာက္ပဲ

ခင္တဲ့သူငယ္ခ်င္းျဖစ္ျဖစ္ မွ်ေဝမသုံးသင့္ဘူးလို႔ ကြၽမ္းက်င္သူေတြက ေျပားထားပါတယ္။

အလွကုန္ပစၥည္းေရာင္းတဲ့ ဆိုင္မွာ ႏႈတ္ခမ္းနီ အစမ္းဆိုး တာမ်ိဳးေတြကိုလည္း ေရွာင္ရွားေပးပါ။ အကယ္၍

အလွကုန္ပစၥည္းေတြကို အျခားလူေတြနဲ႔ မွ်ေဝသုံးစြဲမယ္ဆိုရင္ မလိုလားအပ္တဲ့ အေရျပားျပႆနာေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။

ေအာက္ခံေဘာင္းဘီ (သို႔) ေျခအိတ္

ေအာက္ခံေဘာင္းဘီ မွ်ေဝသုံးစြဲတာကလည္း ေကာင္းတဲ့အက်င့္မဟုတ္ပါဘူး။ အထူးသျဖင့္ ေယာက်္ာ

ေလးေတြက ကိုယ္ခင္တဲ့သူငယ္ခ်င္းကို ေအာက္ခံေဘာင္းဘီေတြ ေပးဝတ္ေလ့ရွိပါတယ္။

ဒီလို လုပ္ျခင္းအားျဖင့္ ဆီးလမ္းေၾကာင္း ပိုးဝင္ႏိုင္သလို၊ ဝဲေျခာက္ေတြ အင္ပ်ဥ္ေတြ ယားနာေတြ အစရွိသျဖင့္ ကူးစက္တက္ပါတယ္။

ဒီလိုပဲ ေျခအိတ္ မွ်ေဝသုံးစြဲျခင္းေၾကာင့္ ေျခအိတ္မွာ ကပ္တြယ္ေနတဲ့ ပိုးမႊားေတြ၊

မႈိေတြက သင့္ဆီကိုေရာက္ရွိလာၿပီး ယားယံျခင္းနဲ႔အတူ အဖုအပိန႔္ေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။

နားၾကပ္

သီခ်င္းခ်စ္သူေတြအတြက္ အေရးႀကီးဆုံးကေတာ့ နားၾကပ္ပါပဲ။ လူတိုင္းနီးပါးရဲ႕ နားထဲမွာ ဘတ္တီးရီးယားပိုးေတြ ရွိေနတက္ပါတယ္။

ဒီဘတ္တီးရီးယားပိုးေတြဟာ နားၾကပ္ကေနတဆင့္ သင့္နားကို ကူးစက္ႏိုင္ပါတယ္။ ဘက္တီးရီးယားပိုးမႊားေတြ တစ္ေယာက္ကေန

တစ္ေယာက္ကို အလြယ္တကူ ကူးစက္ေစႏိုင္တာေၾကာင့္ မွ်ေဝအသုံးျပဳတာမ်ိဳးကို ေရွာင္က်ဥ္သင့္ပါတယ္။

Source: Bright Side

Unicode

ကျွမ်းကျင်သူတွေပြောတဲ့ အတူတူမျှဝေမသုံးသင့်သော ပစ္စည်းများ

ကလေးဘဝကတည်းက ကျွန်တော်တို့ဟာ ရှိတဲ့လူက လိုအပ်နေတဲ့လူတွေကို မျှဝေပေးတာက ကောင်းတဲ့အကျင့်တစ်ခုဖြစ်တယ်လို့ သင်ကြားထားခံရပါတယ်။

ငယ်စဉ်က ချိုချဉ် တစ်လုံးထဲကို သူငယ်ချင်းနှစ်ယောက် အတူတူ စားခဲ့ဖူးတာမှတ်မိကြမယ်ထင်ပါတယ်။

ဒါပေမယ့် တကိုယ်ရေသုံး ပစ္စည်းတွေကို မျှဝေသုံးစွဲခြင်းဟာ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြထားကြပါတယ်။

ဒီနေ့ kwee page ကကျွမ်းကျင်သူတွေ ပြောထားတဲ့ အတူတူ မျှဝေ မသုံးစွဲသင့်သော ပစ္စည်းတွေကို ဖော်ပြပေးသွားမှာပါ။

ဦးထုပ်

ဦးခေါင်းနဲ့ထိတွေ့ရတဲ့အရာ (သို့) ဦးခေါင်းကို ဖုံးအုပ်ထားရတဲ့အရာတွေ ကိုမျှဝေမသုံးသင့်ပါဘူး။ တကယ်လို့ ဦးထုပ်တစ်လုံးထဲကို အတူတူဆောင်းမယ်၊

ဘီးတစ်ချောင်းထဲကိုပဲ အတူတူဖြီးမယ်ဆိုရင် ကျွန်တော်တို့မျက်စိနဲ့မြင်ဖို့မလွယ်တဲ့ သန်းတွေက တစ်ဦးကနေ တစ်ဦးကို အလျင်အမြန် ပျံနှံ့စေနိုင်ပါတယ်။

ဒါကြောင့်လည်း ငယ်စဉ်ကျောင်းသားဘဝ တုန်းက မကြာခဏ ဂတုံးတုံး ခဲ့ရဖူးတာကို အမှတ်ရမိတယ်။

နောက်နှောင် ဦးခေါင်းကို ဖုံးကွယ်ဖို့လိုအပ်လာပြီဆိုရင် ကိုယ်တစ်ယောက်တည်း သုံးတဲ့ ဦးထုပ်ကို အသုံးပြုဖို့ အကြံပေးပါရစေ။

ခရင်မ်

မက်စ်ခ်၊ မျက်နှာလိမ်း ခရင်မ် အစရှိတဲ့ အလှကုန်ပစ္စည်းတွေဟာ သီးသန့်အသုံးပြုသင့်ပါတယ်။ ဘယ်လောက်ပဲ

ခင်တဲ့သူငယ်ချင်းဖြစ်ဖြစ် မျှဝေမသုံးသင့်ဘူးလို့ ကျွမ်းကျင်သူတွေက ပြေားထားပါတယ်။

အလှကုန်ပစ္စည်းရောင်းတဲ့ ဆိုင်မှာ နှုတ်ခမ်းနီ အစမ်းဆိုး တာမျိုးတွေကိုလည်း ရှောင်ရှားပေးပါ။ အကယ်၍

အလှကုန်ပစ္စည်းတွေကို အခြားလူတွေနဲ့ မျှဝေသုံးစွဲမယ်ဆိုရင် မလိုလားအပ်တဲ့ အရေပြားပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

အောက်ခံဘောင်းဘီ (သို့) ခြေအိတ်

အောက်ခံဘောင်းဘီ မျှဝေသုံးစွဲတာကလည်း ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။ အထူးသဖြင့် ယောကျ်ာ

လေးတွေက ကိုယ်ခင်တဲ့သူငယ်ချင်းကို အောက်ခံဘောင်းဘီတွေ ပေးဝတ်လေ့ရှိပါတယ်။

ဒီလို လုပ်ခြင်းအားဖြင့် ဆီးလမ်းကြောင်း ပိုးဝင်နိုင်သလို၊ ဝဲခြောက်တွေ အင်ပျဉ်တွေ ယားနာတွေ အစရှိသဖြင့် ကူးစက်တက်ပါတယ်။

ဒီလိုပဲ ခြေအိတ် မျှဝေသုံးစွဲခြင်းကြောင့် ခြေအိတ်မှာ ကပ်တွယ်နေတဲ့ ပိုးမွှားတွေ၊

မှိုတွေက သင့်ဆီကိုရောက်ရှိလာပြီး ယားယံခြင်းနဲ့အတူ အဖုအပိန့်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

နားကြပ်

သီချင်းချစ်သူတွေအတွက် အရေးကြီးဆုံးကတော့ နားကြပ်ပါပဲ။ လူတိုင်းနီးပါးရဲ့ နားထဲမှာ ဘတ်တီးရီးယားပိုးတွေ ရှိနေတက်ပါတယ်။

ဒီဘတ်တီးရီးယားပိုးတွေဟာ နားကြပ်ကနေတဆင့် သင့်နားကို ကူးစက်နိုင်ပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေ တစ်ယောက်ကနေ

တစ်ယောက်ကို အလွယ်တကူ ကူးစက်စေနိုင်တာကြောင့် မျှဝေအသုံးပြုတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။

Source: Bright Side