Zawgyi

သြားႏွင့္ ခံတြင္း

သံပုရာသီးဟာ သြားကို ျဖဴေစပါတယ္။ သံပုရာသီးအခြံကိုဆား (တေကာ္စာ)နဲ႔ ေရာၿပီး ပြတ္ေပးရင္ သြားကို ျဖဴေစ႐ုံတင္မက ေတာက္ပ ေစႏိုင္ပါတယ္ …။

ခံတြင္းအနံ႔ မေကာင္းတာလည္း ေပ်ာက္ေစပါတယ္။ သြားကိုက္ေနရင္လည္း သံပုရာရည္နဲ႔ ပလုတ္က်င္းေပးပါ …။

ႏႈတ္ခမ္းကြဲျခင္း”

မ်က္ႏွာလိမ္းခရင္မ္တစ္ဇြန္း (လက္ဖက္ရည္ေသာက္ဇြန္း) နဲ႔ လိေမၼာ္ရည္၊ ပ်ားရည္တို႔ကို ေရာစပ္ၿပီး လိမ္းေပးပါ။ တစ္ပတ္ေလာက္ လိမ္း႐ုံနဲ႔ သိသာ ထင္ရွား ေပ်ာက္ကင္း သြားပါလိမ့္မယ္။

ဆံပင္ကြၽတ္ျခင္း”

အုန္းရည္ေလးဇြန္း (စားပြဲတစ္ဇြန္း)နဲ႔ သံပရာရည္တို႔ ေရာစပ္ၿပီး တစ္ပတ္တစ္ခါေလာက္ လိမ္းေပးရင္ ဆံပင္ကြၽတ္တာ ေပ်ာက္ကင္း ေစပါတယ္။

ဦးေရျပား ယားယံျခင္းႏွင့္ ဒဏ္ေပ်ာက္ဖို႔အတြက္”

ၾကက္ဥအကာရည္ႏွင့္ သံပရာရည္ (သံပုရာသီးတစ္လုံးစာ) တို႔ေရာၿပီး ဆံႏြယ္အျမစ္ကေန လိမ္းေပးပါ။ တစ္နာရီခန႔္ၾကာမွ ေရနဲ႔ ျပန္ၿပီး ေဆးေၾကာလိုက္ပါ …။

တစ္လေလာက္ လုပ္ေပး႐ုံနဲ႔တင္ ဦးေရျပားသန႔္ရွင္းၿပီး ေဗာက္၊ ဒက္တို႔ ကင္းစင္သြားပါလိမ့္မယ္ …။

အသားအေရ ေျခာက္ေသြ႕ျခင္းအတြက္”

ငွက္ေပ်ာသီးမွည့္တစ္လုံးကိုယူၿပီး ေခ်ေပးပါ။ ၿပီးရင္ေတာ့ လတ္လတ္ဆတ္ဆတ္ သံပုရာရည္ တစ္စက္ႏွစ္စက္နဲ႔ ေခ်ထားတဲ့ ငွက္ေပ်ာသီးတို႔ကို ေရာစပ္ပါ …။

ၿပီးရင္ေတာ့ မ်က္ႏွာ နဲ႔ လက္ ကို လိမ္းေပးရမွာ ျဖစ္ပါတယ္။ အသားအေရကို ေခ်ာေမြ႕ သန႔္ရွင္း ေစႏိုင္ပါတယ္ …။

ေနာက္တစ္နည္းကေတာ့ ပ်ားရည္တစ္ဇြန္း (လက္ဖက္ရည္ဇြန္း) ကို ဟင္းသီးဟင္း႐ြက္ ဆီနဲ႔ေရာေပးပါ။ ၿပီးရင္ သံပုရာရည္တစ္စက္ ေလာက္နဲ႔

ထပ္ေရာၿပီး လက္ေတြ၊တံေတာင္ဆစ္ေတြ၊ ေျခဖေနာင့္ေတြနဲ႔ ၾကမ္းေထာ္ေန တဲ့ေနရာေတြကို လိမ္းေပးပါ။ လိမ္းၿပီးရင္ ဆယ္မိ နစ္ေလာက္ ေစာင့္ေပးပါ …။

သံပုရာသီးဟာ အေရျပားအလွအပအတြက္အေကာင္းဆုံးေပး စြမ္းေစႏိုင္တဲ့ သစ္သီးပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ ဝက္ၿခံနဲ႔ ယားနာေတြကို ေပ်ာက္

ကင္းေစတဲ့ သတၱိရွိပါတယ္။ မွဲ႔ေျခာက္ေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။ သံပုရာရည္နဲ႔သာ လိမ္းေပးရမွာ ျဖစ္ပါတယ္ …။

အဆီျပန္တဲ့ အသားအေရပိုင္ရွင္မ်ားအတြက္”

သံပုရာရည္ႏွစ္ဇြန္း (လက္ဖက္ရည္ဇြန္း)၊ နႏြင္းမႈန႔္ ဇြန္းဝက္ခန႔္ (လက္ဖက္ ရည္ဇြန္း) တို႔ကိုယူပါ။ သေဘၤာသီးစိတ္ကို ေခ်ၿပီး ေပ်ာ့ဖတ္ သဖြယ္ ရေအာင္ ျပဳလုပ္ပါ …။

ယင္းသေဘၤာသီး ရည္ကို သုံးဇြန္းခန႔္ ယူပါ။ အားလုံးကို ေရာစပ္ၿပီး မ်က္လုံးကလြဲရင္ မ်က္ႏွာတစ္ျပင္လုံးကို လိမ္း

ေပးရမွာ ျဖစ္ပါတယ္။ လိမ္းၿပီး မိနစ္ ၂၀ ခန႔္ၾကာေအာင္ ေစာင့္ေပးပါ။ၿပီးမွ ေရနဲ႔ တဖန္ ျပန္ေဆးေၾကာေပးပါ …။

တံေတာင္ဆစ္ မည္းျခင္းအတြက္”

သံပရာသီးအခြံနဲ႔ ပြတ္ေပးပါ။ ၿပီးရင္ေရနဲ႔ ေဆးေပးပါ။ နည္းနည္းေတာ့ၾကာေပ မယ့္ အေရျပားကို သန႔္စင္သြားၿပီး ေတာက္ေျပာင္ ဝင္းလက္လာပါလိမ့္မယ္ …။

တခ်ိဳ႕ အသားအေရေတြဟာ ေမွာင္ေမွာင္မႈိင္းမႈိင္းနဲ႔ ေျခာက္ေျခာက္ေသြ႕ေသြ႕ ျဖစ္ေနတတ္ပါတယ္ …။

အေရာင္အဝါ လင္းလက္ခ်င္တယ္ ဆိုရင္ေတာ့ လတ္လတ္ဆတ္ဆတ္ သံပုရာသီး တစ္လုံးရဲ႕ အရည္နဲ႔ မ်က္ႏွာမက်န္ ခႏၶာကိုယ္ အႏွံ႔

အိပ္ရာမဝင္ခင္ ပြတ္လိမ္းေပးပါ …။ မနက္က်မွ ေရခ်ိဳးေပးပါ။ အေရျပားကို ေတာက္ေျပာင္ ႐ႊန္းလဲ့ေစၿပီး ႏူးညံ့ေစပါတယ္ …။

အိပ္ရတာ ေစးထန္းထန္းနဲ႔ မအိပ္ခ်င္ဘူးဆိုရင္ေတာ့ ေရခ်ိဳးတဲ့အခါမွာ ခ်ိဳးမယ့္ေရထဲ သံပုရာရည္တစ္ခြက္တစ္ဝက္ခန႔္ ထည့္ၿပီး အဲဒီ့ေရနဲ႔ စိမ္ခ်ိဳးလိုက္ပါ …။

လက္သည္းေဆးစြန္းတာ ေဖ်ာက္ခ်င္ရင္”

သံပုရာသီးစိတ္ (သို႔) သံပရာရည္ကို ေရထဲေရာၿပီး လက္ကိုစိမ္ေပးပါ။ လက္သည္းမွာ ေပေနတဲ့ အစြန္းအထင္းေတြကို ခ်က္ျခင္း ေခ်ခြၽတ္ေပးသြား ပါလိမ့္မယ္။

ၿပီးသြားရင္ လက္သည္းကို ျပန္ဆိုးမယ္ဆိုရင္လည္း ပိုၿပီးေတာ က္ေျပာင္ လာပါလိမ့္မယ္။ သံပုရာရည္ထဲ လက္သည္း ေျခသည္းကို ဆယ္ မိနစ္ခန႔္ စိမ္ထားေပးပါ …။

ၿပီးလို႔ရွိရင္ ဘရက္ရ္ွနဲ႔ လက္သည္း၊ ေျခသည္းကို ျပန္ပြတ္တိုက္ေပးပါ။ ၿပီးမွ ေရေႏြး ေႏြးနဲ႔ ေဆးေၾကာလိုက္ပါ …။

ဒီနည္းဟာ လက္သည္းကို သန္စြမ္းေစၿပီး ေတာက္ေျပာင္ေစပါတယ္။ ျဖစ္ႏိုင္ရင္ ဗင္နီဂါျဖဴ ဇြန္းဝက္ခန႔္နဲ႔ေရေႏြးတစ္ဝက္တို႔ ေရာၿပီး ဘရက္ရ္ွနဲ႔ တိုက္ေပးရင္ ပိုပီးေကာင္းပါတယ္ …။

ေျခေထာက္”

သံပုရာရည္တစ္ခြက္စာ (ေကာ္ဖီခြက္တစ္ခြက္စာ)၊ သစ္ဂ်ပိုး(အနံ႔အတြက္)၊ သံလြင္ဆီ ႏွစ္ဇြန္း (စားပြဲတင္ဇြန္း)၊ ႏြားႏို႔ေလးပုံတစ္ပုံ (ခြက္တစ္ခြက္)၊

ေရသန႔္ (ေရကို သင့္ေတာ္သလို ထည့္ႏိုင္ပါတယ္၊ အနည္း၊ အမ်ား အေရးမႀကီးပါ) တို႔ေရာစပ္ေပးပါ။ တကယ္လို႔ သစ္ဂ်ပိုး မသုံးခ်င္ဘူးဆိုရင္

တျခားအနံ႔ ပစၥည္းတို႔ သုံးႏိုင္ပါတယ္ …။ ႏွင္းဆီပြင့္ခ်ပ္ တို႔ျဖင့္လည္း အစားထိုး အသုံးျပဳႏိုင္ပါတယ္။

အားလုံးေရာ စပ္ၿပီးရင္ေတာ့ အဲဒီ့အရည္ကို ေျခေထာက္ စိမ္ေပးရမွာ ျဖစ္ပါတယ္ …။

ၿပီးသြားမွ ေရနဲ႔ ဆပ္ျပာ (Mild) နဲ႔ ေသခ်ာေဆးေၾကာသန႔္စင္ေပးပါ။တစ္ပတ္ေလာက္ လုပ္ၾကည့္လိုက္တာနဲ႔ ေျခေထာက္ အသားအေရဟာ

သိသိသာသာေခ်ာေမြ႕လာပါလိမ့္မယ္ေနာ္ …။ ေႏြအပူမွာ ေခြၽးဆုေနျခင္းအတြက္ အေကာင္းဆုံးသစ္သီး”

ပူျပင္းေျခာက္ေသြ႕တဲ့ေႏြရာသီလို ဥတုမ်ိဳးမွာ ေခြၽးထြက္သက္သာေအာင္ပဲ ျဖစ္ျဖစ္၊ ရင္ပူသက္သာေအာင္လုပ္ဖို႔ပဲ ျဖစ္ျဖစ္ သံပုရာ သီးရည္ကို

ပ်ားရည္တစ္ဇြန္းနဲ႔ေရာၿပီး ေသာက္ေပးပါ …။ ေသြးေလလည္ပတ္မႈကို ေကာင္းမြန္ေစ႐ုံမွ်မက ေခြၽးထြက္ျခင္းကိုလည္း သက္ သာေစပါတယ္။

သံပုရာသီးထဲမွာ ပါရွိတဲ့ ဂလူးကိုစ့္နဲ႔သတၱဳဓာတ္ေတြေၾကာင့္ ခႏၶာ ကိုယ္ကို ေခြၽးထြက္ျခင္းမွ ကာကြယ္ေပးတဲ့အျပင္ ေအးျမေအာင္လည္း စြမ္းေဆာင္ေပး ပါတယ္ …။

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ဂ်ာနယ္တစ္ေစာင္မွာ ဒီေဆာင္းပါးကို ဖတ္မိရင္း ေအာ္ သံပုရာသီးရဲ႕ ေကာင္းက်ိဳးက ဒီေလာက္ရွိေနတာ၊ ေနာက္ၿပီး

ေနရာ တိုင္းမွာလည္း သံပုရာသီးကို လြယ္လြယ္ကူကူ ရရွိႏိုင္တယ္ …။ ေရးကူးထားမွပဲ ဆိုၿပီး ဒိုင္ယာရီထဲမွာကို ကူးထားၿပီး သြားေလရာကို

ယူသြားတတ္ ပါတယ္၊ အခုေတာ့ ဘာရယ္မဟုတ္၊ က်န္းမာာေရး လိုက္စား သူေတြအတြက္ တစုံတခု အသုံးတည့္မယ္ ထင္လို႔ မွတ္တမ္းအျဖစ္ တင္ျပလိုက္ပါတယ္ …။

၁။ သံပုရာရည္ကို ေသာက္ျခင္းအားျဖင့္ ေမာပန္းႏြမ္းနယ္မႈကို ေျပေစၿပီး လူ၏ ခႏၶာကိုယ္တြင္ ျဖစ္ပြားတတ္ ေသာ

အထူးသျဖင့္ ဝမ္းဗိုက္တြင္ ျဖစ္ေပၚတတ္ေသာ ေရာဂါမ်ားကို ကာကြယ္ႏိုင္ပါတယ္ …။

၂။ သံပုရာရည္ကို သၾကားအနည္းငယ္ထည့္ကာ မ်ားမ်ား ေသာက္ေပးပါက အစာအဆိပ္သင့္ျခင္း၊ အရက္မွ ျဖစ္ေသာ

အဆိပ္၊ ဘိန္းမူးလြန္နာ စသည္မ်ားကို ေပ်ာက္ကင္းေစပါတယ္ …။

၃။ ထမင္းစားၿပီးေနာက္ ေအာ့အန္ျခင္း ျဖစ္တတ္လ်င္ လပ္ဆတ္ေသာ သံပုရာရည္ကို ေသာက္သုံးရပါမယ္ …။

၄။ သံပုရာရည္ကို သၾကားခတ္၍ ေသာက္ပါက ခႏၶာကိုယ္တြင္ အဆီမ်ား၍ ေခ်ာင္းဆိုးျခင္း၊ သည္းေျခအားနည္းျခင္း၊

ကိုယ္လက္ အဆစ္ အျမစ္ ကိုက္ခဲျခင္းမ်ား ေပ်ာက္ကင္းေစႏိုင္ပါတယ္ …။

၅။ သံပုရာရည္တြင္ သၾကားခတ္ကာ နံနက္/ည တႀကိမ္စီ ေသာက္ေပးပါက သြားမွ ေသြးယိုစီးျခင္းကို ေပ်ာက္ကင္း ေစပါတယ္ …။

၆။ သံပုရာေဖ်ာ္ရည္ကို ေန႔စဥ္ေသာက္ေပးပါက အထိုင္အထ လုပ္စဥ္ ျဖစ္တတ္ေသာ မူးေျဝခင္း၊ မိုက္ကနဲ ျဖစ္ျခင္း မ်ားကို ေပ်ာက္ကင္းေစသည္ …။

၇။ သံပုရာသီး အစိမ္း၏ အခြံကို စားေပးပါက ေလနာ / ရင္နာ မ်ား ေပ်ာက္ကင္းေစသည္ …။

၈။ ယားနာ ေပြးနာ၊ အေရျပားတြင္ အမည္းကြက္မ်ား ေပၚလာျခင္း ၊ အေမႊးမ်ား ကြၽတ္ျခင္း ျဖစ္ပါက သံပုရာျခမ္း ႏွင့္ ပြတ္တိုက္ေပးရပါမယ္ …။

၉။ သံပုရာသီး သနပ္ကို ထမင္းႏွင့္ ေန႔စဥ္ စားသုံးပါက သရက္႐ြက္ႀကီးေသာ ေရာဂါကို ေပ်ာက္ေစသည္ …။

၁၀။ သံပုရာရည္ ေႏြးေႏြးကို ပ်ားရည္ႏွင့္ ေရာစပ္ကာ တေန႔ ႏွစ္ႀကိမ္မွ် လ်က္ေပးပါက လည္ေခ်ာင္းနာျခင္းကို ေပ်ာက္ကင္းေစပါတယ္ …။

၁၁။ သံပုရာသီးတလုံးကို မီးကြၽမ္းေအာင္ဖုတ္ကာ ေလးညႇင္းတပြင့္ႏွင့္ ထည့္က်ိတ္ၿပီး သြားဖုံးရင္းတြင္ သိပ္ေပးေသာ္ သြားကိုက္ သြားနာ ေပ်ာက္ကင္းေစပါတယ္ …။

၁၂။ ဆီးေဆးျဖဴ ( တိုင္းရင္းေဆးခန္းသုံး ေဆးအမွတ္ ၂၁ ) ႏွင့္ သံပုရာရည္ကို ေဖ်ာ္၍ ေသာက္ေပးပါက ဆီးေအာင့္ျခင္း ေဝဒနာကို ေပ်ာက္ကင္းေစပါတယ္ …။

၁၃။ သံပုရာေခါက္ကို နံနက္ ည တႀကိမ္စီ ေရႏွင့္ ႀကိဳခ်က္ကာ ေသာက္ေပးပါက အဖ်ား ေပ်ာက္ကင္းေစႏိုင္ပါတယ္ …။

၁၄။ သံပုရာေခါက္ ၅ က်ပ္သား၊ ေရ ၇၅ က်ပ္သားႏွင့္ ထက္ဝက္ခန႔္ က်ိဳ၍ တခြက္စာ (၂ က်ပ္သားခန႔္မွ်)

တေန႔ ၂ ႀကိမ္ ေသာက္ေပးပါက မျပတ္ႏိုင္ေသာ အဖ်ားေရာဂါမ်ား ျပတ္သြားပါလိမ့္မယ္ …။

၁၅။ အစာမေၾက၊ ေလထိုး၊ ေလေအာင့္၊ ေလျပည့္ ျဖစ္ေနခဲ့ေသာ္ ဂ်င္းေျခာက္ မႈန႔္ ၂ ပဲ၊ သိေႏၶာ ၄ ပဲကို အမႈန႔္ေထာင္း၍

သံပုရာရည္ႏွင့္ ေဖ်ာ္ကာ တေန႔ သုံးႀကိမ္ ေသာက္ေပးပါက ေပ်ာက္ကင္းေစႏိုင္ပါတယ္ …။

၁၆။ သံပုရာေဖ်ာ္ရည္ ခ်ိဳခ်ိဳကို ေသာက္ေပးျခင္း၊ သံပုရာရည္ ႏွင့္ ဆားမီးဖုတ္ကို လ်က္ေပးျခင္းျဖင့္ ႏွလုံးတုန္ျခင္း၊

ရင္ ခုန္ျခင္း၊ မူးေဝ ေမာပန္းျခင္း မ်ားကို သက္သာ ေပ်ာက္ကင္းေစႏိုင္ပါတယ္ …။

၁၇။ မူးလ်င္ သံပုရာသီးကို ရႈေပးပါ၊ ႐ြဲ႕ေစာင္းေသာ ေလငန္းေရာဂါမ်ား၊ အာေလး လွ်ာေလး၍ စကားမပီသေသာ သူမ်ား ပုံမွန္ သံပုရာသီးတလုံးကို ငုံထားသင့္ပါတယ္ …။

၁၈။ ေခါင္းတြင္ ေပါက္တတ္ေသာ ဒက္မ်ား၊ ေဘာက္မ်ား ရွိေနပါက သံပုရာသီး အခြံႏွင့္ ေခါင္းကို ပြတ္တိုက္ေပးရပါမည္။

ယားယံေသာ ေနရာမ်ားကိုလည္း ပြတ္တိုက္ႏိုင္ၿပီး အမ်ိဳးသမီးမ်ားအတြက္ သံပုရာသီးအခြံကို ေခါင္းေလ်ာ္ ရည္တြင္ ထည့္ ကာ ေခါင္းေလ်ာ္ႏိုင္ပါတယ္ …။

၁၉။ သံပုရာအေစ့ကို ႀကိတ္ကာ ခ်က္မွာ အုံၿပီး ၎အေပၚ၌ ဆန္ေဆးရည္ကို အနည္းငယ္ ဆြတ္ျဖန္းေပးပါက ဆီး ႐ႊင္ေစပါႏိုင္ပါတယ္ …။

၂၀။ သံပုရာ ခ်ဥ္ ျပဳလုပ္၍ ထမင္းစားတိုင္း စားသုံးေပးပါက ေလေၾကာင့္ျဖစ္ ရေသာ သြက္ခ်ာပါဒ၊ ေ လငန္း၊ ေလထိုး၊

ေလေအာင့္၊ အစာအိမ္ေရာဂါ မွန္သမွ်ကို ကာကြယ္ႏိုင္ေသာ အထူးစိတ္ခ်ရေသာ အာဟာရ တစ္မ်ိဳး ျဖစ္ပါတယ္ …။

စာေရးသူ အထင္ေတာ့ သံပုရာသီးဟာ ဝမ္းဗိုက္နဲ႔ ပက္သက္တဲ့ ေရာဂါမွန္ သမွ်၊ ေလနဲ႔ ပက္သက္တာ မွန္သမွ်ကို ကာကြယ္ႏိုင္ပါတယ္၊

သူ႔ရဲ႕ ေဘးထြက္ ဆိုးက်ိဳးကို မျမင္မိသလိုပဲ၊ ခြၽင္းခ်က္အေနနဲ႔ တေန႔ကို ( ၃ ) လုံးထက္ ပိုစား မိရင္ ေတာ့ အစာအိမ္ အခ်ဥ္ေပါက္တဲ့ အနာမ်ိဳး ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္ …။

ပိန္ေနသူမ်ား ဝေစသည္ေရွးေရွးေသာ ဆရာေတာ္ႀကီး မ်ားကေတာ့ ညေနပိုင္းမွာ သံပုရာသီး (၁) လုံးႏွင့္၊ ပ်ားရည္

ထမင္းစားဇြန္း (၃) ဇြန္းေလာက္ကို ဖန္ခြက္ႀကီး တခုထဲမွာ ထည့္ၿပီး ေရေႏြးအျဖဴႏွင့္ သမေအာင္ ေမႊကာ သၾကား

အနည္းငယ္ထည့္ၿပီး ေသာက္ေလ့ရွိခဲ့ၾကတယ္၊ ေရာဂါ မ်ိဳးစုံကို ကာကြယ္ႏိုင္သလို၊ ညေနပိုင္းမွာလည္း ဗိုက္မဆာေတာ့ဘူး၊

သံပုရာက ေလကို ႏိုင္သလို ပ်ားရည္ကလဲ ဝမ္းတြင္းကလီစာမ်ားကို ေဆးကုေပးတတ္တယ္၊ စားေကာင္း အိပ္ေပ်ာ္၊

ဆီးမွန္ ဝမ္းမွန္ ျဖစ္ၿပီး လူကိုလဲ ျဝဖိုးေစတယ္။ အသားအေရကိုလည္း ၾကည္လင္ေစပါတယ္ …။

အထူးသျဖင့္ အစာအိမ္ သမားမ်ားအတြက္ ပ်ားရည္ဟာ အသင့္ေလ်ာ္ဆုံး ေဆးေကာင္းပါ၊ ပ်ားရည္က အစာအိမ္ နာေၾကာင့္

အစာအိမ္နံရံမွာ ျဖစ္ေပၚေန တဲ့ အနာမ်ားကို က်က္ေစပါတယ္၊ စတုမဓူဟာလဲ အစာအိမ္အတြက္ ေတာ္ေတာ္ ေကာင္းမြန္ တဲ့ ေဆးစြမ္း တစ္လက္ပါပဲေနာ္ …။

ဒီေနရာမွာ ကိုယ့္ကိုယ္ကို ပိန္ လြန္းလို႔ စိတ္ညစ္ေနသူမ်ား၊ ဝခ်င္သူမ်ား အထက္ပါနည္းကို ပုံမွန္ေလး ေသာက္ေပး ၾကည့္ပါ၊

မယုံမရွိပါနဲ႔၊ ကိုယ္ေတြ႕ပါပဲ၊ စာေရးသူ ျမန္မာျပည္မွာ ရွိေနစဥ္က ညေနပိုင္းမွာ အထက္ပါနည္းကိုပဲ စြဲစြဲၿမဲၿမဲ ေသာက္လာၿပီး

၂ လေလာက္လဲ ေနေရာ၊ ခႏၶာကိုယ္ေပါင္ခ်ိန္က ( ၂၀ ) ေလာက္ တက္လာလို႔ ဆက္မေသာက္ ရဲေတာ့ဘူး၊ အစား

ေလ်ာ့ စားေပး ရင္ေတာ့ ကိုယ္အေလးခ်ိန္ သိပ္မတက္ႏိုင္ပါဘူး၊ဝေနသူကို ပိန္ေစသည္ …။ ဝလြန္းလို႔ ပိန္ခ်င္သူမ်ားကေတာ့

ပ်ားရည္ ႏွင့္ မေသာက္ပဲ သံပုရည္သက္သက္ ေသာက္တာ ေကာင္းပါတယ္၊ အထူးသျဖင့္ သံပုရာရည္ေသာက္ၿပီးလ်င္

ဝမ္းဗိုက္အတြင္းက ဟာေနတဲ့ အတြက္ ညေနစာကို ဝိတ္ခ်တာကို သတိေမ့ၿပီး စိတ္ႀကိဳက္ စားေလ့ရွိၾကပါတယ္၊

အဲဒီမွာ ဘရိတ္မရွိေလေတာ့ ခႏၶာကိုယ္က ပိန္မလာပဲ ျဝမဲ ဝေနတာ မ်ိဳးျဖစ္ တတ္ ပါ တယ္၊ အဲဒီလို အစား မေလ်ာ့ လ်င္လည္း

စားလိုက္သမွ် အာဟာရက ခႏၶာကို အက်ိဳးျပဳေစတာမို႔ သတိထား စရာပါပဲ၊ အထူးသျဖင့္ သံပုရာရည္ ေသာက္ထားေလေတာ့

ဝမ္းဗိုက္က ရွင္းလင္းထားသလို ျဖစ္ၿပီး ပိုစားႏိုင္လာတတ္တယ္ …။ ဒါဆိုရင္ေတာ့ ရည္႐ြယ္ ခ်က္ျပည့္ဖို႔ ခဲယဥ္းသြားပါလိမ့္မယ္၊

အခုေခတ္ေပၚေနတဲ့ ပိန္ေဆးေတြက ေဘးထြက္ဆိုးက်ိဳးေတြ အမ်ားႀကီး ရွိတာကို ဆရာဝန္တိုင္းက ေထာက္ခံ ထားၾကပါတယ္၊

သံပုရာကေတာ့ မရွိသေလာက္ပါပဲ၊ သံပုရာကို လိုသလို အသုံးခ်ႏိုင္ၾက ပါေ စ လို႔ တင္ျပရင္း ေရာက္ေလရာတြင္

သံပုရာ ေဆာင္ထားလ်င္ က်မၼာပကတိ ခ်မ္းသာစြာ ရွိႏိုင္ပါေၾကာင္း ေစတနာစကား ပါးလိုက္ ပါရေစ …။

ဗိုက္ေခါက္ထူ/ဗိုက္ပူလို႔ အလွပ်က္ေနသူမ်ားအတြက္ မိန္းခေလးပဲျဖစ္ျဖစ္ ေယာက်ၤားေလးပဲျဖစ္ျဖစ္ အလွအပကို ျမတ္ႏိုး

တတ္ၾကတာ သဘာဝပါ။ ဒါ့ေၾကာင့္ ဗိုက္ေခါက္ထူ/ဗိုက္ပူၿပီး အဆီ မ်ားေနသူေတြအတြက္ လက္ေတြ႕ ၇

ရက္အတြင္း သိသိသာသာ ဗိုက္ခ်ပ္ၿပီး အဆီက်ေစတဲ့ေဆးနည္းေလးကို မွ်ေဝလိုက္ပါတယ္ …။ ေဆးနည္းက အလြန္လြယ္ၿပီး

အကုန္အက်လည္း အလြန္သက္သာပါတယ္… အိမ္မွာရွိတတ္တဲ့ ပစၥည္းေလးေတြကို ေရာစပ္ၿပီး အသုံးျပဳရမွာပါ …။

ပါဝင္တဲ့ ပစၥည္းေတြကေတာ့… သံပုရာသီး၊ အုံးဆီ၊ ေဆးပူ(ဒဏ္ေၾကလိမ္းေဆး) တို႔ကို တစ္ခါလိမ္း႐ုံ ေရာစပ္ၿပီး လိမ္းေပးရမွာပဲ ျဖစ္ပါတယ္ …။

ေဖၚစပ္နည္း…

သံပုရာသီး တစ္လုံးရဲ႕ ၅ ပုံ တစ္ပုံေလာက္ကို လွီးၿပီး အၾကမ္း ပုဂံလုံးထဲကို အရည္ညႇစ္ပါ …။ အၾကမ္းပုဂံလုံးထဲသို႔ အုံးဆီ သုံးေလးစက္ေလာက္ ထည့္ေပးပါ။

ထို႔ေနာက္ ဂဠဳန္ရာဇာ/မိဂသီ/ရွမ္း႐ိုးမ/လင္ဇီး(လိမ္းေထည့္ဆး)တစ္ မ်ိဳးမ်ိဳးကို တစ္ခါလိမ္းစာ အေနေတာ္ထည့္ၿပီး ေမႊေပးပါ …။

အသုံးျပဳနည္း…

ညအိပ္ယာဝင္ခါနီးတိုင္း ေဆးကို ရင္ေခါင္းမွ ဝမ္းဗိုက္သို႔ အထက္မွေအာက္သို႔ ဆြဲခ်ၿပီး အသားထဲစိမ့္ဝင္ေအာင္ ပြတ္လိမ္းေပးပါ။

ခါးတြင္အဆီရွိပါက ခါးမွ ခ်က္သို႔ ပြတ္လိမ္း ေပးႏိုင္ပါတယ္ …။ တစ္ပတ္အတြင္း သိသာစြာ ဗိုက္ခ်ပ္လာတာကို လက္ေတြ႕ ေတြ႕ျမင္ ခံစားရမွာပါ …။

မွတ္ခ်က္- ညစာကို ပုံမွန္ထက္ ေလွ်ာ့စားေပးရင္ ပိုၿပီး သိသိသာသာ ဗိုက္ခ်ပ္ေစပါတယ္။

တစ္ပတ္အတြင္း သိသိသာသာ အဆီႏွင့္ အေခါက္မ်ား ေလွ်ာ့က်သြားမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

မူရင္း – ၾကည္ၾကည္ခင္

Unicode

သွားနှင့် ခံတွင်း

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မက တောက်ပ စေနိုင်ပါတယ် …။

ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ …။

နှုတ်ခမ်းကွဲခြင်း”

မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

ဆံပင်ကျွတ်ခြင်း”

အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်”

ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီး ဆေးကြောလိုက်ပါ …။

တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ် …။

အသားအရေ ခြောက်သွေ့ခြင်းအတွက်”

ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပါ …။

ပြီးရင်တော့ မျက်နှာ နဲ့ လက် ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေနိုင်ပါတယ် …။

နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့

ထပ်ရောပြီး လက်တွေ၊တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေ တဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ …။

သံပုရာသီးဟာ အရေပြားအလှအပအတွက်အကောင်းဆုံးပေး စွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံနဲ့ ယားနာတွေကို ပျောက်

ကင်းစေတဲ့ သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ် …။

အဆီပြန်တဲ့ အသားအရေပိုင်ရှင်များအတွက်”

သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကို ချေပြီး ပျော့ဖတ် သဖွယ် ရအောင် ပြုလုပ်ပါ …။

ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း

ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ပြီးမှ ရေနဲ့ တဖန် ပြန်ဆေးကြောပေးပါ …။

တံတောင်ဆစ် မည်းခြင်းအတွက်”

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေ မယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင် ဝင်းလက်လာပါလိမ့်မယ် …။

တချို့ အသားအရေတွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ ဖြစ်နေတတ်ပါတယ် …။

အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့

အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ …။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင် ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ် …။

အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့ စိမ်ချိုးလိုက်ပါ …။

လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်”

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်း ချေချွတ်ပေးသွား ပါလိမ့်မယ်။

ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတော က်ပြောင် လာပါလိမ့်မယ်။ သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ် မိနစ်ခန့် စိမ်ထားပေးပါ …။

ပြီးလို့ရှိရင် ဘရက်ရ်ှနဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောလိုက်ပါ …။

ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရ်ှနဲ့ တိုက်ပေးရင် ပိုပီးကောင်းပါတယ် …။

ခြေထောက်”

သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊

ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင်

တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ် …။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။

အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက် စိမ်ပေးရမှာ ဖြစ်ပါတယ် …။

ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။တစ်ပတ်လောက် လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ

သိသိသာသာချောမွေ့လာပါလိမ့်မယ်နော် …။ နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး”

ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို

ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ …။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။

သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့သတ္တုဓာတ်တွေကြောင့် ခန္ဓာ ကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေး ပါတယ် …။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ်တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး

နေရာ တိုင်းမှာလည်း သံပုရာသီးကို လွယ်လွယ်ကူကူ ရရှိနိုင်တယ် …။ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီထဲမှာကို ကူးထားပြီး သွားလေရာကို

ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျန်းမာာရေး လိုက်စား သူတွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်းအဖြစ် တင်ပြလိုက်ပါတယ် …။

၁။ သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော

အထူးသဖြင့် ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ် …။

၂။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော

အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေပါတယ် …။

၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်သုံးရပါမယ် …။

၄။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊

ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေနိုင်ပါတယ် …။

၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေပါတယ် …။

၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝြေခင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည် …။

၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ / ရင်နာ များ ပျောက်ကင်းစေသည် …။

၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း နှင့် ပွတ်တိုက်ပေးရပါမယ် …။

၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက်ကြီးသော ရောဂါကို ပျောက်စေသည် …။

၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက်ကင်းစေပါတယ် …။

၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်းစေပါတယ် …။

၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်ကင်းစေပါတယ် …။

၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်းစေနိုင်ပါတယ် …။

၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ)

တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားပါလိမ့်မယ် …။

၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက် မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍

သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်ပါတယ် …။

၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊

ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ် …။

၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီသသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါတယ် …။

၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီး အခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။

ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော် ရည်တွင် ထည့် ကာ ခေါင်းလျော်နိုင်ပါတယ် …။

၁၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၎င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက ဆီး ရွှင်စေပါနိုင်ပါတယ် …။

၂၀။ သံပုရာ ချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ် ရသော သွက်ချာပါဒ၊ ေ လငန်း၊ လေထိုး၊

လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါတယ် …။

စာရေးသူ အထင်တော့ သံပုရာသီးဟာ ဝမ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန် သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊

သူ့ရဲ့ ဘေးထွက် ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့ အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် …။

ပိန်နေသူများ ဝစေသည်ရှေးရှေးသော ဆရာတော်ကြီး များကတော့ ညနေပိုင်းမှာ သံပုရာသီး (၁) လုံးနှင့်၊ ပျားရည်

ထမင်းစားဇွန်း (၃) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြား

အနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊

သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ဝမ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊

ဆီးမှန် ဝမ်းမှန် ဖြစ်ပြီး လူကိုလဲ ဝြဖိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေပါတယ် …။

အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့်

အစာအိမ်နံရံမှာ ဖြစ်ပေါ်နေ တဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေးစွမ်း တစ်လက်ပါပဲနော် …။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ဝချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊

မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး

၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား

လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊ဝနေသူကို ပိန်စေသည် …။ ဝလွန်းလို့ ပိန်ချင်သူများကတော့

ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင်

ဝမ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ဝိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊

အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ဝြမဲ ဝနေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့ လျင်လည်း

စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထား စရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့

ဝမ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ် …။ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊

အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံ ထားကြပါတယ်၊

သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း ရောက်လေရာတွင်

သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေ …။

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက် မိန်းခလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် အလှအပကို မြတ်နိုး

တတ်ကြတာ သဘာဝပါ။ ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက် လက်တွေ့ ၇

ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ် …။ ဆေးနည်းက အလွန်လွယ်ပြီး

အကုန်အကျလည်း အလွန်သက်သာပါတယ်… အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ …။

ပါဝင်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ ရောစပ်ပြီး လိမ်းပေးရမှာပဲ ဖြစ်ပါတယ် …။

ဖေါ်စပ်နည်း…

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး အကြမ်း ပုဂံလုံးထဲကို အရည်ညှစ်ပါ …။ အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ။

ထို့နောက် ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး မွှေပေးပါ …။

အသုံးပြုနည်း…

ညအိပ်ယာဝင်ခါနီးတိုင်း ဆေးကို ရင်ခေါင်းမှ ဝမ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။

ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ် …။ တစ်ပတ်အတွင်း သိသာစွာ ဗိုက်ချပ်လာတာကို လက်တွေ့ တွေ့မြင် ခံစားရမှာပါ …။

မှတ်ချက်- ညစာကို ပုံမှန်ထက် လျှော့စားပေးရင် ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်။

တစ်ပတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာပဲ ဖြစ်ပါတယ်နော် …။ ။

မူရင်း – ကြည်ကြည်ခင်