Zawgyi

ဂ်င္းလက္ဖက္ရည္ ပုံမွန္ေသာက္သုံးရင္ ခႏၶာကိုယ္မွာ ေျပာင္းလဲလာမယ့္ ေကာင္းက်ိဳးမ်ား

ခ်င္း (ဂ်င္း) ကို

ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္ အမ်ားအားျဖင့္ အသုံးျပဳၾကသလို ေဆးဝါးအျဖစ္လည္း အသုံးျပဳတတ္ၾကပါတယ္။

ဂ်င္းက ခႏၶာကိုယ္အတြက္ ေကာင္းမြန္တဲ့အတြက္ ေန႔စဥ္စားေပးျခင္းက က်န္းမာေရးအတြက္ ေကာင္းမြန္ေစပါတယ္။

ဂ်င္းလက္ဖက္ရည္ကို ေန႔စဥ္ပုံမွန္ ေသာက္ေပးတဲ့အခါ ခႏၶာကိုယ္မွာ ဒီအခ်က္ေတြ ေျပာင္းလဲလာေစမွာ ျဖစ္ပါတယ္။

ႏွလုံးနဲ႔ ပတ္သက္တဲ့ ေရာဂါေတြကို မျဖစ္ေပၚေစဘူး

သုေတသနျပဳခ်က္ေတြအရ ဂ်င္းဟာ ႏွလုံးနဲ႔ပတ္သက္တဲ့ ေရာဂါေတြကို တားဆီးေပးႏိုင္ပါတယ္။

ေနာက္ၿပီး ႏွလုံးနဲ႔ သက္ဆိုင္တဲ့ ခႏၶာကိုယ္အတြက္ ဆိုးက်ိဳးျဖစ္တဲ့ ကိုလက္စထေရာေတြကို ေလ်ာ့က်ေစၿပီး

ေကာင္းတဲ့ ကိုလက္စထေရာေတြကို တိုးေစပါတယ္။ ေနာက္ၿပီး ဂ်င္းလက္ဖက္ရည္က ေသြးဖိအားကို ေလ်ာ့က်ေစႏိုင္ပါတယ္။

ဝိတ္ကို ထိန္းေပးတယ္

ဂ်င္းလက္ဖက္ရည္ကို ေန႔စဥ္ေသာက္ေပးျခင္းက ဝိတ္မတက္ေအာင္ ထိန္းေပးတာပဲ ျဖစ္ပါတယ္။

ဂ်င္းဟာ အစပ္အရသာရွိတဲ့ အျမစ္ျဖစ္ၿပီး ဆာေလာင္ျခင္းကို ထိန္းခ်ဳပ္ေပးႏိုင္တာေၾကာင့္ အလြန္အကြၽံစားတာမ်ိဳး မျဖစ္ေစႏိုင္ပါဘူး။

ဒါေၾကာင့္ပဲ ဝိတ္ကို ထိန္းၿပီးသား ျဖစ္ေစတာပါ။ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးတယ္

ေသြးတြင္းသၾကားဓာတ္ျမႇင့္တက္မႈက ဆီးခ်ိဳေရာဂါကို ျဖစ္ေစႏိုင္ပါတယ္။ သုေတသနျပဳခ်က္ေတြအရ ဂ်င္းကို ဆယ့္ႏွစ္ပတ္ၾကာစားၿပီးတဲ့အခါမွာေတာ့

ဆီးခ်ိဳေရာဂါကို ေလ်ာ့က်ေစတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ ဆရာဝန္ေတြကေတာင္ ဂ်င္းကို စားသုံးဖို႔ အႀကံျပဳထားၾကပါတယ္။

ဒူးနာျခင္းကို သက္သာေစတယ္

ဂ်င္းက နာက်င္ျခင္းေတြကို သက္သာေစႏိုင္ၿပီး ဂ်င္းလက္ဖက္ရည္ကို ေျခာက္လပုံမွန္ေသာက္သုံးေပးျခင္းက ကာလၾကာရွည္ ခံစားေနရတဲ့

ဒူးနာျခင္းကို လုံးဝေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဂ်င္းလက္ဖက္ရည္က ခႏၶာကိုယ္အတြက္တကယ့္ကို အက်ိဳးရွိေစတာ ျဖစ္ပါတယ္။

ကင္ဆာကို ကာကြယ္ႏိုင္တယ္

ဂ်င္းဟာ ကင္ဆာေရာဂါေတာ္ေတာ္မ်ားမ်ားကို ကာကြယ္ေပးႏိုင္တယ္လို႔ အေထာက္အထားေတြအရ သိရပါတယ္။ အစာအိမ္ကင္ဆာ၊

ပန္ကရိယကင္ဆာနဲ႔ အသည္းကင္ဆာ စသျဖင့္ ကင္ဆာေတြ မျဖစ္ေပၚေအာင္ ကာကြယ္ေပးပါတယ္။

Khin

Unicode

ဂျင်းလက်ဖက်ရည် ပုံမှန်သောက်သုံးရင် ခန္ဓာကိုယ်မှာ ပြောင်းလဲလာမယ့် ကောင်းကျိုးများ

ချင်း (ဂျင်း) ကို

ဟင်းခတ်အမွှေးအကြိုင်အဖြစ် အများအားဖြင့် အသုံးပြုကြသလို ဆေးဝါးအဖြစ်လည်း အသုံးပြုတတ်ကြပါတယ်။

ဂျင်းက ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့အတွက် နေ့စဉ်စားပေးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

ဂျင်းလက်ဖက်ရည်ကို နေ့စဉ်ပုံမှန် သောက်ပေးတဲ့အခါ ခန္ဓာကိုယ်မှာ ဒီအချက်တွေ ပြောင်းလဲလာစေမှာ ဖြစ်ပါတယ်။

နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို မဖြစ်ပေါ်စေဘူး

သုတေသနပြုချက်တွေအရ ဂျင်းဟာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို တားဆီးပေးနိုင်ပါတယ်။

နောက်ပြီး နှလုံးနဲ့ သက်ဆိုင်တဲ့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်တဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး

ကောင်းတဲ့ ကိုလက်စထရောတွေကို တိုးစေပါတယ်။ နောက်ပြီး ဂျင်းလက်ဖက်ရည်က သွေးဖိအားကို လျော့ကျစေနိုင်ပါတယ်။

ဝိတ်ကို ထိန်းပေးတယ်

ဂျင်းလက်ဖက်ရည်ကို နေ့စဉ်သောက်ပေးခြင်းက ဝိတ်မတက်အောင် ထိန်းပေးတာပဲ ဖြစ်ပါတယ်။

ဂျင်းဟာ အစပ်အရသာရှိတဲ့ အမြစ်ဖြစ်ပြီး ဆာလောင်ခြင်းကို ထိန်းချုပ်ပေးနိုင်တာကြောင့် အလွန်အကျွံစားတာမျိုး မဖြစ်စေနိုင်ပါဘူး။

ဒါကြောင့်ပဲ ဝိတ်ကို ထိန်းပြီးသား ဖြစ်စေတာပါ။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်

သွေးတွင်းသကြားဓာတ်မြှင့်တက်မှုက ဆီးချိုရောဂါကို ဖြစ်စေနိုင်ပါတယ်။ သုတေသနပြုချက်တွေအရ ဂျင်းကို ဆယ့်နှစ်ပတ်ကြာစားပြီးတဲ့အခါမှာတော့

ဆီးချိုရောဂါကို လျော့ကျစေတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ဆရာဝန်တွေကတောင် ဂျင်းကို စားသုံးဖို့ အကြံပြုထားကြပါတယ်။

ဒူးနာခြင်းကို သက်သာစေတယ်

ဂျင်းက နာကျင်ခြင်းတွေကို သက်သာစေနိုင်ပြီး ဂျင်းလက်ဖက်ရည်ကို ခြောက်လပုံမှန်သောက်သုံးပေးခြင်းက ကာလကြာရှည် ခံစားနေရတဲ့

ဒူးနာခြင်းကို လုံးဝပျောက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့် ဂျင်းလက်ဖက်ရည်က ခန္ဓာကိုယ်အတွက်တကယ့်ကို အကျိုးရှိစေတာ ဖြစ်ပါတယ်။

ကင်ဆာကို ကာကွယ်နိုင်တယ်

ဂျင်းဟာ ကင်ဆာရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်တယ်လို့ အထောက်အထားတွေအရ သိရပါတယ်။ အစာအိမ်ကင်ဆာ၊

ပန်ကရိယကင်ဆာနဲ့ အသည်းကင်ဆာ စသဖြင့် ကင်ဆာတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးပါတယ်။

Khin