Zawgyi























Khin

Unicode

ည(၁၀)နာရီမှာ ပုံမှန်အိပ်စက်ခြင်းကြောင့် ရရှိလာစေမယ့် အံ့မခန်း အကျိုးကျေးဇူးတွေ

အိပ်စက်ချိန်က လူတစ်ယောက်မှာ

တကယ့်ကို အရေးကြီးတဲ့ အခန်းကဏ္ဌက ပါဝင်နေပါတယ်နော်။ လူတစ်ယောက်ဟာ တစ်နေ့ကို ရှစ်နာရီအိပ်စက်ခြင်းက

အကောင်းဆုံး လုံလောက်တဲ့ အိပ်စက်နည်း ဖြစ်စေပါတယ်။ နောက်ပြီး အိပ်ချိန်ပုံမှန်သတ်မှတ်ထားခြင်းကလည်း ခန္ဓာကိုယ်အတွက်

အကျိုးကျေးဇူးတွေကို ရရှိစေပါသေးတယ်။ နေ့တိုင်း ပုံမှန် ည(၁၀)ရီမှာ အိပ်ရာဝင်ခြင်းက ဒီလို အံ့မခန်း အကျိုးကျေးဇူးတွေ ရရှိလာစေမှာ ဖြစ်ပါတယ်။

(1) ခန္ဓာကိုယ် ပိုသန်စွမ်းကျန်းမာလာမယ်

အိပ်ချိန်လုံလောက်စွာ အိပ်စက်ဖို့ လိုအပ်စေတဲ့ အကြောင်းအရင်းက လူတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ အချိန်မှာ

ခန္ဓာကိုယ်ကနေပြီး ကြီးထွားမှုနဲ့ ပြန်လည်ကုသမှုတွေကို လုပ်ဆောင်တဲ့ အတွက်ကြောင့်ပါ။ ဒီတော့ ဘယ်လောက်ပဲ ပင်ပန်းပါစေ

နောက်တစ်နေ့မှာ လန်းလန်းဆန်းဆန်း နိုးထဖို့က အိပ်ရေးဝနေတဲ့ အတွက်ကြောင့်ပါပဲ။ နောက်ပြီး ခန္ဓာကိုယ်ရဲ့ ပျက်စီးနေတဲ့

အစိတ်အပိုင်းတွေကို ပြန်ကုသပေးတာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်ပျက်စီးမှုတွေ တဖြည်းဖြည်း နည်းလာတာ ဖြစ်ပါတယ်။

(2) စိတ်ဖိစီးမှု လျော့ကျလာမယ်

အိပ်ရေးမဝတဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာ cortisol ဟော်မုန်းတွေက မြှင့်တက်လာတဲ့အတွက် စိတ်ဖိစီးမှုတွေ ပိုဖြစ်လာစေတာပါ။

ဒီ cortisol ဓာတ်တွေအရမ်းများလာရင်တော့ စိုးရိမ်ကြောင့်မှုတွေ၊ စိတ်သောကဖြစ်မှုတွေ များလာပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

စောစောအိပ်ရာဝင်တဲ့အခါ နှစ်ခြိုက်စွာအိပ်ပျော်ဖို့ အချိန်ပိုရတဲ့အတွက် စိတ်ကိုပြန်လည်အားဖြည့်ပေးလို့ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။

(3) ရောဂါဖြစ်ပွါးမှုနှုန်း လျော့နည်းစေတယ်

လေ့လာချက်တွေအရ စောစောအိပ်တဲ့ သူတွေဟာ ညဘက်တော်ရုံနဲ့ မအိပ်တတ်တဲ့သူတွေထက် အများကြီး ကျန်းမာတယ်ဆိုတာကို တွေ့ရပါတယ်။

ကောင်းမွန်စွာ အိပ်စက်ခြင်းက ဆီးချို၊ နှလုံးနဲ့ သွေးတိုးစတဲ့ ရောဂါတွေကို အလွယ်တကူ မဖြစ်ပေါ်နိုင်စေပါဘူး။

နောက်ပြီး ကောင်းမွန်စွာ အိပ်စက်ဖို့အချိန်ဟာ ဆယ်နာရီနဲ့ နှစ်နာရီကြားဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

(4) စိတ်ခံစားချက်ကို ကောင်းမွန်စေတယ်

အိပ်ချိန်လုံလောက်မှုရှိတဲ့သူတွေဟာ ယေဘုယျအားဖြင့် သူတို့ရဲ့ စိတ်ပျော်ရွှင်မှုကို ပိုဖြစ်ပေါ်စေတယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။

အိပ်ရေးမဝတဲ့သူတွေကတော့ စိတ်မတည်ငြိမ်တာ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရခက်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။

ဒါကြောင့် လူတစ်ယောက်မှာ အိပ်စက်ချိန်က တကယ့်ကို အရေးကြီးတာ ဖြစ်ပါတယ်။

Khin