Sun. Nov 28th, 2021

Zawgyi

သစၥာမေဖာက္႐ုံနဲ႔ ၿပီးၿပီလား…?

သစၥာမေဖာက္႐ုံနဲ႔ ၿပီးၿပီလား? တခ်ိဳ႕ေတြက ေတြးတတ္ၾကတယ္။ ကိုယ္ဟာ သစၥာမေဖာက္ဘူး။

အေပ်ာ္အပါး လြန္လြန္ၾကဴးၾကဴး လိုက္စားေနတာမရွိဘူး။ အခ်ိန္တန္ရင္ ယူမယ္။ ဒီေလာက္ဆို ရၿပီ ..။

အေျခအေနေတြက ဒီတိုင္းပဲ ဆက္သြားေနၿပီး သူတစ္ေန႔က် ကိုယ့္ကို မလြဲမေသြ ယူမွာပဲ။ သူနဲ႔ကိုယ္ ေပါင္းစည္းရမွာပဲ လို႔ထင္တတ္ၾကတယ္ …။

တကယ္ေတာ့ သမီးရည္းစား၊ လင္မယား ဆက္ဆံေရးဆိုတာ ဒီ့ထက္ပို နက္နဲပါတယ္ …။

ဆိုးတာေတြ မရွိေနရင္ ၿပီးေရာမဟုတ္ပါဘူး။ ေကာင္းတာေတြပါ လုပ္ျပတတ္ရပါတယ္ …

လူႏွစ္ေယာက္ relationship တစ္ခုတည္ေဆာက္တယ္ဆိုတာ အခ်ိန္တန္ယူဖို႔ လူႀကိဳရွာထားတာမ်ိဳးခ်ည္းပဲ မဟုတ္ပါဘူး …။

သူဟာကိုယ့္အေပၚ ေကာင္းမြန္တဲ့စိတ္ထားနဲ႔ လုပ္ရပ္ ရွိ မရွိ …၊

ကိုယ့္အေပၚ ဘယ္ေလာက္စိတ္ထည့္ထားလဲ မထည့္ထားဘူးလား၊ ဘယ္ေလာက္ တန္ဖိုးထားသလဲ၊ ဘယ္ေလာက္ ဂ႐ုစိုက္သလဲ …၊

တစ္ဖက္လူက ေတာက္ေလွ်ာက္ အမွတ္ေပး အကဲျဖတ္ေနတာပါ …။

ေနာက္တစ္ေယာက္နဲ႔ မၾကဴဘူး။ ဒါေပမယ့္ ကိုယ့္ကိုလည္း ဂ႐ုမစိုက္ဘူး။

အျပစ္ေတြေတာ့ ဘာမွ သိပ္ မလုပ္ဘူး။ဒါေပမယ့္ တေနကုန္လို႔ ph တစ္ Call မဆက္ဘူး …။

ကိုယ့္ဘဝသာယာေနခ်ိန္ အတူ ရယ္ေမာေပမယ့္ အေမွာင္ဖုံးေနခ်ိန္က်ေတာ့ မားမားမတ္မတ္ ရပ္တည္မေပးႏိုင္ဘူး …။

ဘာအေရး ႀကဳံႀကဳံ သူရွိတာပဲဆိုတဲ့ အားကိုးယုံၾကည္မႈမ်ိဳး ကို မျဖစ္ေစဘူး …။

ေနမေကာင္းရင္လည္း သူနဲ႔သိပ္မဆိုင္သလို ဖာသိဖာသာပဲ။ ဘာ surprise ညာ surprise ဆိုလဲ ထိုနည္းလည္းေကာင္း …၊

ၾကာလာေတာ့ တစ္ဖက္လူက စိတ္ပ်က္ လာတတ္ပါတယ္။ သူဟာ ကိုယ့္ကို တန္ဖိုးမထားတတ္ဘူး …။

သူ႔ဘဝအတြက္ ကိုယ္ဟာ အေရးမပါဘူး။ ကိုယ့္ရဲ႕ ျဖစ္တည္မႈဟာ သူ႔အတြက္ ဘာမွမဟုတ္ဘူးလို႔ တိတ္တဆိတ္ ယူဆၿပီး ေနာက္လွည့္သြားတတ္ပါတယ္ …။

စိတ္ထဲကခ်စ္ေန႐ုံနဲ႔ မၿပီးပါဘူးခ်စ္ျပဖို႔ လိုကိုလိုပါတယ္။ ဆိုးမေန႐ုံနဲ႔ မၿပီးဘူးေကာင္းျပဖို႔ လိုကို လို ပါတယ္ေနာ္ …။ ။

Unicode

သစ္စာမဖောက်ရုံနဲ့ ပြီးပြီလား…?

သစ္စာမဖောက်ရုံနဲ့ ပြီးပြီလား? တချို့တွေက တွေးတတ်ကြတယ်။ ကိုယ်ဟာ သစ္စာမဖောက်ဘူး။

အပျော်အပါး လွန်လွန်ကြူးကြူး လိုက်စားနေတာမရှိဘူး။ အချိန်တန်ရင် ယူမယ်။ ဒီလောက်ဆို ရပြီ ..။

အခြေအနေတွေက ဒီတိုင်းပဲ ဆက်သွားနေပြီး သူတစ်နေ့ကျ ကိုယ့်ကို မလွဲမသွေ ယူမှာပဲ။ သူနဲ့ကိုယ် ပေါင်းစည်းရမှာပဲ လို့ထင်တတ်ကြတယ် …။

တကယ်တော့ သမီးရည်းစား၊ လင်မယား ဆက်ဆံရေးဆိုတာ ဒီ့ထက်ပို နက်နဲပါတယ် …။

ဆိုးတာတွေ မရှိနေရင် ပြီးရောမဟုတ်ပါဘူး။ ကောင်းတာတွေပါ လုပ်ပြတတ်ရပါတယ် …

လူနှစ်ယောက် relationship တစ်ခုတည်ဆောက်တယ်ဆိုတာ အချိန်တန်ယူဖို့ လူကြိုရှာထားတာမျိုးချည်းပဲ မဟုတ်ပါဘူး …။

သူဟာကိုယ့်အပေါ် ကောင်းမွန်တဲ့စိတ်ထားနဲ့ လုပ်ရပ် ရှိ မရှိ …၊

ကိုယ့်အပေါ် ဘယ်လောက်စိတ်ထည့်ထားလဲ မထည့်ထားဘူးလား၊ ဘယ်လောက် တန်ဖိုးထားသလဲ၊ ဘယ်လောက် ဂရုစိုက်သလဲ …၊

တစ်ဖက်လူက တောက်လျှောက် အမှတ်ပေး အကဲဖြတ်နေတာပါ …။

နောက်တစ်ယောက်နဲ့ မကြူဘူး။ ဒါပေမယ့် ကိုယ့်ကိုလည်း ဂရုမစိုက်ဘူး။

အပြစ်တွေတော့ ဘာမှ သိပ် မလုပ်ဘူး။ဒါပေမယ့် တနေကုန်လို့ ph တစ် Call မဆက်ဘူး …။

ကိုယ့်ဘဝသာယာနေချိန် အတူ ရယ်မောပေမယ့် အမှောင်ဖုံးနေချိန်ကျတော့ မားမားမတ်မတ် ရပ်တည်မပေးနိုင်ဘူး …။

ဘာအရေး ကြုံကြုံ သူရှိတာပဲဆိုတဲ့ အားကိုးယုံကြည်မှုမျိုး ကို မဖြစ်စေဘူး …။

နေမကောင်းရင်လည်း သူနဲ့သိပ်မဆိုင်သလို ဖာသိဖာသာပဲ။ ဘာ surprise ညာ surprise ဆိုလဲ ထိုနည်းလည်းကောင်း …၊

ကြာလာတော့ တစ်ဖက်လူက စိတ်ပျက် လာတတ်ပါတယ်။ သူဟာ ကိုယ့်ကို တန်ဖိုးမထားတတ်ဘူး …။

သူ့ဘဝအတွက် ကိုယ်ဟာ အရေးမပါဘူး။ ကိုယ့်ရဲ့ ဖြစ်တည်မှုဟာ သူ့အတွက် ဘာမှမဟုတ်ဘူးလို့ တိတ်တဆိတ် ယူဆပြီး နောက်လှည့်သွားတတ်ပါတယ် …။

စိတ်ထဲကချစ်နေရုံနဲ့ မပြီးပါဘူးချစ်ပြဖို့ လိုကိုလိုပါတယ်။ ဆိုးမနေရုံနဲ့ မပြီးဘူးကောင်းပြဖို့ လိုကို လို ပါတယ်နော် …။ ။