Zawgyi

အသင့္စား ေခါက္ဆြဲေတြဟာ ေဈးႏႈန္းသက္သာၿပီးေတာ့ ျပင္ဆင္ရတာ လြယ္ကူတာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက ႀကိဳက္ႏွစ္သက္ၾကပါတယ္။

ၿပီးေတာ့ အရသာကလည္း အမ်ိဳးမ်ိဳးရွိတာေၾကာင့္ လူအမ်ားစု ညစာ သို႔ မနက္စာအျဖစ္ စာသုံးေနၾကတယ္။

ဒါေပမယ့္ လူေတြသတိမထားမိၾကတာကေတာ့ အသင့္စားေခါက္ဆြဲေတြ စားျခင္းဟာ က်န္းမာေရးကို ထိခိုက္ေစတယ္ဆိုတာပါပဲ။

အစာေၾက ရခက္တယ္

အသင့္စားေခါက္ဆြဲေတြက ခႏၶာကိုယ္ရဲ႕ အာဟာရစုပ္ယူမႈကို အဟန႔္အတား ျဖစ္ေစ႐ုံတင္ မဟုတ္ဘဲ။ အစာေၾကခ်က္မႈ

လုပ္ငန္းစဥ္ကိုပါ အေႏွာင့္အယွက္ျဖစ္ေစတာပါ။ ေကာင္းမြန္တဲ့ အစာေၾကခ်က္မႈ လုပ္ငန္းစဥ္ ျဖစ္ေစဖို႔ အာဟာရဓာတ္ နဲ႔

သတၱဳဓာတ္မ်ားစြာ လိုအပ္ပါတယ္။ အမွ်င္ဓာတ္ လုံးဝမပါတဲ့ အသင့္စားေခါက္ဆြဲေတြက ဝမ္းခ်ဳပ္တဲ့ျပႆနာကို ခံစားရေစႏိုင္ပါတယ္။

ကင္ဆာ

တာရွည္ခံေစဖို႔ နဲ႔ အရသာျပည့္ဝေစဖို႔ အသင့္စားေခါက္ဆြဲမွာ ဓာတုပစၥည္းေတြ ထည့္သြင္းျပဳလုပ္ရပါတယ္။

ဒီဓာတုပစၥည္းေတြကို ၾကာရွည္စားသုံးမိေနမယ္ဆိုရင္ က်န္းမာေရးကို ထိခိုက္ေစ႐ုံသာမက ကင္ဆာေရာဂါပါ ျဖစ္ေစႏိုင္ပါတယ္။

အမ်ိဳးသားေတြမွာ ကေလးရႏိုင္စြမ္းက်ေစတယ္

အသင့္စားေခါက္ဆြဲမွာ ဓာတုေဗဒ ပစၥည္းေတြ မ်ားစြာပါဝင္ေနၿပီး အမ်ိဳးသားေတြမွာ ကေလးရရွိႏိုင္စြမ္း က်ဆင္းေစႏိုင္ပါတယ္။

ႏွလုံးေရာဂါ ခံစားရႏိုင္တယ္

အသင့္စား ေခါက္ဆြဲမွာ ဗီတာမင္ ပါဝင္မႈနည္းတာေၾကာင့္ မၾကာခဏ စားမယ္ဆိုရင္ ႏွလုံးေရာဂါ ျဖစ္ေစဖို႔ အားေပးရာေရာက္ပါတယ္။

Unicode

အသင့်စား ခေါက်ဆွဲတွေဟာ ဈေးနှုန်းသက်သာပြီးတော့ ပြင်ဆင်ရတာ လွယ်ကူတာကြောင့် လူတော်တော်များများက ကြိုက်နှစ်သက်ကြပါတယ်။

ပြီးတော့ အရသာကလည်း အမျိုးမျိုးရှိတာကြောင့် လူအများစု ညစာ သို့ မနက်စာအဖြစ် စာသုံးနေကြတယ်။

ဒါပေမယ့် လူတွေသတိမထားမိကြတာကတော့ အသင့်စားခေါက်ဆွဲတွေ စားခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာပါပဲ။

အစာကြေ ရခက်တယ်

အသင့်စားခေါက်ဆွဲတွေက ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူမှုကို အဟန့်အတား ဖြစ်စေရုံတင် မဟုတ်ဘဲ။ အစာကြေချက်မှု

လုပ်ငန်းစဉ်ကိုပါ အနှောင့်အယှက်ဖြစ်စေတာပါ။ ကောင်းမွန်တဲ့ အစာကြေချက်မှု လုပ်ငန်းစဉ် ဖြစ်စေဖို့ အာဟာရဓာတ် နဲ့

သတ္တုဓာတ်များစွာ လိုအပ်ပါတယ်။ အမျှင်ဓာတ် လုံးဝမပါတဲ့ အသင့်စားခေါက်ဆွဲတွေက ဝမ်းချုပ်တဲ့ပြဿနာကို ခံစားရစေနိုင်ပါတယ်။

ကင်ဆာ

တာရှည်ခံစေဖို့ နဲ့ အရသာပြည့်ဝစေဖို့ အသင့်စားခေါက်ဆွဲမှာ ဓာတုပစ္စည်းတွေ ထည့်သွင်းပြုလုပ်ရပါတယ်။

ဒီဓာတုပစ္စည်းတွေကို ကြာရှည်စားသုံးမိနေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေရုံသာမက ကင်ဆာရောဂါပါ ဖြစ်စေနိုင်ပါတယ်။

အမျိုးသားတွေမှာ ကလေးရနိုင်စွမ်းကျစေတယ်

အသင့်စားခေါက်ဆွဲမှာ ဓာတုဗေဒ ပစ္စည်းတွေ များစွာပါဝင်နေပြီး အမျိုးသားတွေမှာ ကလေးရရှိနိုင်စွမ်း ကျဆင်းစေနိုင်ပါတယ်။

နှလုံးရောဂါ ခံစားရနိုင်တယ်

အသင့်စား ခေါက်ဆွဲမှာ ဗီတာမင် ပါဝင်မှုနည်းတာကြောင့် မကြာခဏ စားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်စေဖို့ အားပေးရာရောက်ပါတယ်။